welcome

၈၈၈၈ ကို ဘယ်သူတွေ စခဲ့စခဲ့ ပြည်သူတွေရဲ့ စုပေါင်းပါဝင်မှုက အခရာကျသလို ဘယ်သူတွေပေးဆပ်ပေးဆပ် အဖြူအစိမ်းလေးတွေရဲ့ နီရဲတဲ့သွေး တွေ က အမြဲ သက်သေ တည်နေပါတယ် ။

NCGUB ရဲ့ ဘယ်ဆီဘယ်ဝယ် ရက် (၁၂၀)

Friday, February 6, 2009

NCGUB ရဲ့ ဘယ်ဆီဘယ်ဝယ် ရက် (၁၂၀)

တော်လှန်ရေးကြီးတစ်ခုလုံးမှာယုံလို့ ပုံအပ်ခဲ့တဲ့ ယုံကြည်ခဲ့မှုအမှားကို ဒီကနေ့ တော်လှန်ရေးခေါင်းဆောင်တစ်ဦးက ရင်ဖွင့်ပြီးပြောပြခဲ့တယ်။ အဲဒီ့ခေါင်းဆောင်ဟာ နောင်တတွေ အဖန်တလဲလဲရပြီး ၀န်ခံသင့်တဲ့သူတွေကို သူဝန်ခံပြီး ပြောပြနေတယ်။ ကျမတို့ မျိုးဆက်သစ်တွေ သိထားရအောင်ဆိုပြီး ကျမအပါအ၀င် လူငယ်တွေကို သူအခြေအနေမှန် တွေပြောပြကာမှ --ကျမပြည်သူ့ လွတ်တော်ကိုယ်စားလှယ် ဒေါ်စန်းစန်းပြောသလို မြန်မာပြည်ရဲ့ အနာဂတ် နိုင်ငံရေး ကိုပိုလို့ ပင်ရင်လေးမိပါတယ် ။။ရေးသင့်မရေးသင့်ချိန်ဆမိပေမဲ့ ကျမတို့ ဟာတော်လှန်ရေးအသိမရှိသေးတဲ့သူတွေကို သိအောင်လက်ဆင့်ကမ်းနေတယ် ။မတရားတာတွေကိုတရားအောင် အဓမ္မကိုဓမ္မ နဲ့ တိုက်ပွဲဝင်နေတယ် ။။ဒီအလုပ်တွေ အတွက် ဘ၀တွေကို နှစ်နစ်ဆယ်ကျော်ပေးဆပ်ပြီးကာမှ ခုလို့ အမှန်တရားရေးသားရမှာကို တွန့် ဆုတ်နေရင် ကျမတို့ လည်း တာဝန်မကျေပေဘူးပေါ့ ။။တာဝန်ကျေချင်လို့  ဒီအဖြစ်သနစ်အမှန်ကို အသိပေးတင်ပြလိုက်ပါတယ်။။လွန်ခဲ့တဲ့ နှစ်ပေါင်း (၃၀)ကျော်က တိုင်းရင်းသားလူမျိုးစုတွေနဲ့ ချဉ်းဖွဲ့ စည်းခဲ့တဲ့ NDF ဟာယှဉ်ပြိုင်အစိုးရတစ်ရပ်ဖွဲ့ စည်းဖို့  ကြိုးစားနေတုန်း ရှစ်လေးလုံးလူထုလှုပ်ရှားမှုကြီးပေါ်ပေါက်ပြီးစစ်အုပ်စုက အပြစ်မရှိတဲ့ပြည်သူတွေ ကျောင်းသားတွေ ရဟန်းရှင် လူအပေါင်းတို့ ကိုရက်ရက်စက်စက် သတ်ဖြတ်ခဲ့တယ်တစ်ချိန်တည်းမှာပဲ ကျောင်းသားပြည်သူ ရဟန်းရှင်လူ အများအပြားဟာ KNU အပါအ၀င် တိုင်းရင်းသားဒေသတွေကို ရောက်လာကြတယ်။။NDF က ယှဉ်ပြိုင်အစိုးရဖွဲ့ ရင် တိုင်းရင်းသားအင်အားစုပဲ ပါဝင်ပြီး ကျောင်သားနဲ့ အထွေထွေ အင်အားစုမပါဝင်နိုင်မှာ မို့ ကျယ်ပြန့် တဲ့ ယှဉ်ပြိုင်အစိုးရဖွဲ့ ဖို့ NDF ကဦးဆောင်ပြီး DAB ကိုဖွဲ့စည်းပေးခဲ့တယ် ။။DAB ဖွဲ့ စည်းရတဲ့အဓိကရည်ရွယ်ချက်(၄) ခုကတော့

(၁) စစ်အာဏာ၇ှင်စနစ်ဖြုတ်ချရေး

(၂) စစ်မှန်တဲ့ဒီမိုကရေစီစနစ်တည်ဆောက်ရေး

(၃) ငြိမ်းချမ်းရေးတည်ဆောက်ရေး

(၄) စစ်မှန်တဲ့ဖယ်းရယ်ပြည်ထောင်စုတည်ဆောက်ရေး တို့ ဖြစ်ပါတယ် ။။

DAB ကိုဖွဲ့ စည်းပြီး စစ်အုပ်စုကို အနိုင်တိုက်နိုင်မဲ့ယှဉ်ပြိုင်အစိုးရ ဖွဲ့ စည်းဖို့ ပြင်ဆင်နေချိန်မှာလက်ရှိ NCGUB ကအသုံးပြုနေတဲ့ စည်းတံစိတ် ကိုပင်DAB ကဖွဲ့ စည်းမဲ့ ယှဉ်ပြိုင်အစိုးရ တံဆိတ်အဖြစ် အသင့်ဖြစ်ပြီးချိန်တွင် န၀တ ၁၉၉၀ခု မေလ ၂၇ မှာအထွေထွေရွေးကောက်ပွဲကျင်းပပေးမယ်။ တရားမျှတ သန့် ရှင်းစွာကျင်းပပေးမယ်လို့ ကြေညာခဲ့တယ်။။ပါဝင်ချင်တဲ့အဖွဲ့ အစည်းတွေရွေးကောက်ပွဲဝင်နိုင်တယ်လို့ လဲကြေညာခဲ့တယ်။။

မာနယ်ပလောမှာ အဲဒီ့  န ၀ တ ရဲ့ ကြေညာချက် ကိုဆွေးနွေးကြတဲ့ အခါ တစ်ချို့ ခေါင်းဆောင်တွေက န ၀ တ ပြုလုပ် ကျင်းပမဲ့ အထွေထွေရွေးကောက်ပွဲ ကိုစောင့်ကြည့်ကြပါဦးလို့ အကြံပေးတယ်။ ဒီလိုနဲ့ စောင့်လိုက်တာ ရွေးကောက်ပွဲမှာ ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်က အနိုင်ရလိုက်တယ် ။။ဗိုလ်ချုပ်အောင်ဆန်း သမီးဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့  NLD ကအစိုးရများဖွဲ့ ဖြစ်မလားဆိုပြီး ခနစောင့်ကြပြန်ပါတယ် ဒါပေမဲ့ စစ်အုပ်စုက အစိုးရ ဖွဲ့ ခွင့်မပြုခဲ့ပါဘူး ။။ ဒါကြောင့် DAB က စင်ပြိုင်အစိုးရဖွဲ့ ဖို့  ဆုံးဖြတ်လိုက်ကြတယ်DAB က စင်ပြိုင်အစိုးရဖွဲ့ ရင် ဗိုလ်ချုပ်ကြီးစောဘိုမြ ကသမ္မတ ဦးဘရင်ဆိုင်းက၀န်ကြီးချုပ် နိုင်ရွှေကျင် ဗိုလ်ချုပ်သွင်တို့ က ဒုတိယ၀န်ကြီးချုပ် စသည်ဖြင့်ပေါ့-အဲဒီ့လို ဆုံးဖြတ်လိုက်ကြတဲ့အချိန်မှာပဲ DAB ခေါင်းဆောင်တွေဆီကိုမွန်ပြည်သစ် ပါတီရဲ့ ဥက္ကဌ နိုင်ရွှေကျင် ဆီကကြေးနန်းစာရောက်လာတယ် ဘုရားသုံးဆူလမ်းကနေပြည်သူ့ လွတ်တော် ကိုယ်စား လှယ်(၇)ဦးလာနေပြီ တဲ့--အဲဒီ့လိုပြည်သူ လွှတ်တော်ကိုယ်စားလှယ်တွေလာနေပြီးဆိုတာသိတဲ့အခါDAB ခေါင်းဆောင် များ စင်ပြိုင်အစိုး၇ဖွဲ့ ဖို့ နည်းလမ်းနှစ်ခုကိုအကြံပြုခဲ့ပါတယ်။

အဲဒီ့နည်းလမ်း ၂ ခုကတော့

(၁) DAB ခေါင်းဆောင်တွေချဉ်းပါတဲ့ ယှဉ်ပြိုင်အစိုးရဖွဲ့ ဖို့ နောက်တစ်ခုကတော့

(၂) ရောက်လာတဲ့ ပြည်သူ့ ကိုယ်စားလှယ်တွေနဲ့ ပူးပေါင်းပြီးစင်ပြိုင်အစိုးရဖွဲ့ ဖို့ ဖြစ်ပါတယ် ။

မှတ်ချက်မှာတော့ DAB ခေါင်းဆောင်တွေနဲ့ ပြည်သူ့ ကိုယ်စားလှယ်တွေပူးပေါင်းပြီးယှဉ်ပြိုင်အစိုးရဖွဲ့ ရင်ပိုမို ထိရောက်တယ်လို့ အကြံပြုခဲ့တယ် ။။အကြံပြုစာကို ရတဲ့မွန်ပြည်သစ်ပါတီရဲ့ ဥက္ကဌကြီး နိုင်ရွှေကျင် ဟာ အချက် (၂) အချက်က သိတ်လေးနက်တယ် အမတ်တွေနဲ့ ပေါင်းပြီး စင်ပြိုင်အစိုးရဖွဲ့ ဖို့ ထောက်ခံပြီး မွန်ပြည်သစ် ပါတီရဲ့ အတွင်းရေးမှုး နိုင်ဟန်သာကိုချက်ချင်းပဲမာနယ်ပလောကိုစေလွတ်လိုက်တယ်။။

ရန်သူ့ စစ်ကြောင်းကို အမျိုးမျိုးရှောင်ရှားပြီး မွန်ပြည်သစ်ဌါနချုပ်ကိုေ ရာက်လာတဲ့ အမတ်တွေကို မာနယ်ပလောကိုခေါ်ယူခဲ့ကြတယ်။ အခက်အခဲများစွာကြားကရောက်လာတဲ့ပြည်သူ့ ကိုယ်စားလှယ်တွေရဲ့ စားဝတ်နေရေးအစစကို DAB ခေါင်းဆောင်တွေဝိုင်းဝန်းပံ့ပိုးခဲ့ကြတယ်။။မာနယ်ပလောမှာ DAB ခေါင်းဆောင်တွေနဲ့ အမတ်တွေ နဲ့  စင်ပြိုင်အစိုးရဖွဲ့ စည်းမဲ့ အစည်းအဝေး ပထမ နေ့ မှာ ဒေါက်တာစိန်ဝင်းဟာ အာဇာနည် ဦးဘ၀င်းသားလည်းဖြစ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ မောင်ဝမ်းကွဲလည်းဖြစ် ။လွတ်တော်ကိုယ်စားလှယ်လည်းဖြစ်တာကြောင့် ၀န်ကြီးချုပ် နေရာကိုပေး ဖို့ နဲ့  ဦးပီတာ လင်းပင် ကိုတော့ နိုင်ငံခြားရေးဝန်ကြီးအဖြစ်ပေးပြီး ကျန်တဲ့ နေရာတွေကို DAB ခေါင်းဆောင်တွေက ကောင်းသလို စီစဉ်နိုင်တယ်လို့ အမတ်ကြီးတွေက တောင်းဆိုခဲ့တယ်။။

ပထမနေ့ မှာဒီသဘောတူညီချက်တွေနဲ့ ပြီးစီးသွားတယ်။ပထမရက် မိုးချုပ်သွားတာကြောင့် နောက်နေ့ ဆွေးနွေးဖို့ ဆုံးဖြတ်ကြတယ်။နောက်နေ့ အစည်းအဝေးစတဲ့အခါဒေါက်တာစိန်ဝင်းဦးဆောင်တဲ့ အမတ်များက ကျနော်တို့ အလေးအနက်စဉ်းစားတယ် ကျနော်တို့ ပြည်သူ့ လွတ်တော်ကိုယ်စားလှယ်တွေချဉ်းပဲ (၆) လလောက်အစိုးရဖွဲ့ ခွင့်အရင်ပေးပါ (၆) လအတွင်းနိုင်ငံခြားသွားပြီးလောဘီလုပ်မယ် (၆) လပြည့်ရင် DAB ခေါင်းဆောင်တွေနဲ့ တိုးချဲ့ ဖွဲ့ မယ်လို့ တင်ပြလာတယ် ။။

အဲဒီ့အခါ အင်မတန်မှအံ့သြစရာကောင်းတာ သူ့ ခေတ်သူ့ အချိန်ကတော်လှန်ရေးကျားကြီးတွေလို့ ရည်ညွန်းလို့ ရတဲ့ ရန်သူကိုတိုက် တဲ့နေရာမှာ ရဲရင့်ပြတ်သားစွာကျားကုတ်ကျားခဲသဲသဲမဲမဲ တိုက်ရဲခိုက်ရဲတဲ့ဗိုလ်ချုပ်မြ ။ ဦးဘရန်ဆိုင်း။နိုင်ရွှေကျင်။ဗိုလ်ချုပ်သွင် တို့ ဟာ ဘာမှသံသယ မရှိ ပြန်မပြောပဲဒေါက်တာစိန်ဝင်းဦးဆောင်တဲ့အဖွဲ့ ကိုယုံယုံကြည်ကြည်နဲ့ မာနယ်ပလောဌါနချုပ်မှာတော်လှန်ရေးအင်အားစုထောင်ပေါင်းများစွာနဲ့ အခန်းအနားကျင်းပကာ ညွန့် ပေါင်းအစိုးရကိုဖွဲ့ စည်းပေးပြီးDAB ကထောက်ခံကြောင်းကြေညာပေးခဲ့ကြတယ်။ ပြီးတော့ NCGUB ၀န်ကြီးများအတွက်လိုအပ်သမျှကိုဖြည့်စည်းပေးပြီးတော်လှန်ရေးအကျိုး
အတွက် အမေရိကန်နှင့်ဥေ၇ာပတစ်ခွင် သွားလာ နိုင်အောင်ပံ့ပို ပေးခဲ့တယ်။။

(၆)လကြာသွားတဲ့အခါ NCGUB ညွန့် ပေါင်းအစိုးရကိုDAB ခေါင်းဆောင်တွေနဲ့ တိုးချဲ့ဖွဲ့ စည်းမယ်ဆိုတဲ့ဂတိလည်း ပျက်ပြားသွားခဲ့ကြပါတယ်။။ DAB ဥက္ကဌကြီးဗိုလ်ချုပ်မြက ပြောခဲ့ဆိုခဲ့ပြီးတဲ့ အခြေအနေတွေဘယ်လို ဆက်ဆောင် ရွက်မလဲ ဆိုပြီး NCGUB ၀န်ကြီးချုပ်ကို စာပို့ တဲ့ အခါ ဒေါက်တာစိန်ဝင်းရဲ့ပြန်စာကတော့ကျနော်တို့  အခု မြန်မာနိုင်ငံ ဒီမိုကရေစီရရေးအတွက်ကြိုးစားနေတယ်။အတင်းအဓမ္မမတိုက်တွန်းပါနဲ့  တိုက်တွန်းရင် ယိုးဒယား နိုင်ငံမှာ ဗိုလိချုပ်ကြီး ဆူချင်တာ စစ်တပ်နဲ့ အာဏာသိမ်းသလို DAB ကလည်း ကျနော်တို့ အစိုးရအဖွဲ့ ကို အာဏာသိမ်းသလိုဖြစ်သွားလိမ့်မယ် လို့ ပြန်စာပို့ ခဲ့ပါတယ်။။ တကယ်တော်လှန်ရေးမှာ ရန်သူစစ်ဝါဒီတွေကိုရဲရဲတောက်တိုက်ခိုက်ခဲ့တဲ့ တော်လှန်ရေး ခေါင်းဆောင်တွေ ဟာ ဒေါက်တာစိန်ဝင်းပြန်ရေးတဲ့စာအပေါ်သီးခံနိုင်ခဲ့ပုံကတော့ အတော်လေးအံ့သြစရာ ကောင်းပါ တယ်။။ဗိုလ်ချုပ်ကြီးမြ ဥက္ကဌကြီးနိုင်ရွှေကျင် ဘရန်ဆိုင်းတို့ ကတော့ ဒီလူတွေဒီလိုလိမ်မယ်လို့ မစဉ်းစားခဲ့ဘူး လို့ ပြောခဲ့ဘူးတယ် လို့ သိရတယ်။ဒါ့အပြင် လက်ရှိ ဒက်ဗလင် မှာပဲ ခုချိန် တာမလာဘောလာရင် လည်းအားလုံး ထမင်းငတ်မှာပဲ ဆိုတဲ့ဒေါက်တာစိန်ဝင်းရဲ့ သဘောထားအားလုံးကြားသိကြမှာပါ။။ ဒီတော်လှန်ရေးအင်အားစုကိုမှီခိုပြီး အစိုးရဖွဲ့ နိုင်ခဲ့ခွင့်ကိုမထောက်ထားပဲပြောရက်ခဲ့တာ NGO တွေဆီကဒေါ်လာတွေ ဘယ်လောက်မျှော်လင့်ပြီး တော်လှန် ရေး ခေါင်းဆောင်တွေ ကိုဘယ်လောက်ကျေးဇူးကန်းသလဲဆိုတာထင်ရှားနေပါတယ်။။

အဲဒီ့ကာလမှာ (၆)လပဲ ကျနော်တို့ ချည်းဖွဲ့ ခွင့်ပြုပါ။။။ (၆) လပြည့်ရင် DAB ခေါင်းဆောင်တွေနဲ့ ပါ ပူးပေါင်းဖွဲ့ ပါမယ် ဆိုတဲ့ ဂတိ ဟာ ၁၈ နှစ်ကြာသွားပြီမို့  အခု လည်းတိုင်းရင်းသားခေါင်းဆောင်တွေပါမဲ့ ဖယ်ဒရယ်စနစ်ကိုအကောင်အထည်ဖေါ်ဖို့  ရက်ပေါင်း ၁၂၀ ဆိုတော့အနည်းဆုံး နောက်ထပ် (၉) နှစ်တိတိ ဒေါက်တာစိန်ဝင်း ဦးဆောင်တဲ့ ညွန်ပေါင်းအစိုးရတိုင်းရင်းသား ပြည်သူတွေအပေါ်ထပ်လိမ်ဦးမယ် လို့  မြင်ပါတယ် ဆိုတဲ့အကြောင်း တော်လှန်ရေး နှစ် (၃၀)ကျော် လုပ်ခဲ့တဲ့ ခေါင်းဆောင်တစ်ဦးက ပြည်သူရောတော်လှန်ရေးတစ်ခုလုံးပါ နစ်နာ ခဲ့ပုံးကို ရှင်းပြခဲ့တဲ့အတွက် ပြည်သူအများစု နားလည်သဘောပေါက်အောင် ကျမ လက်ဆင့်ကမ်း တင်ပြလိုက်ပါတယ်။ ။
ကွယ်လွန်အနိစ္စရောက်ကြပြီးဖြစ်တဲ့တော်လှန်ရေးခေါင်းဆောင်ကြီးများ
ကောင်းရာသုဂတိလားပါစေ။

အာဏာရှင် မှန်သမျှ ကျဆုံးစေရမည် ။။

မေအိခင် (လယ်ဝေး)

3 comments:

ငြိမ်းစု said...

ချက်ချင်းလိုက်လာပါတယ်ဗျာ။
စီဘောက် မတွေ့လို့ ဒီကဘဲပြောလိုက်ပါ၇စေ။
ဒီ POST လေးကို ပြန်ပြင်ပီး တင်ပေးပါလား။
ဖတ်ရတာ တချို့စာတွေ ကျန်နေသလားလို့

laminkhin said...

ကျေးဇူးပဲငြိမးစုရေ ပြန်စစ်လိုက်ပါ့ မယ် ည ကလကတလော မို့ 

Canada Myanmar Group said...

အမှန်တရားကို ရဲရဲဝန့်ဝန့် တင်ပြ၇ဲတဲ့ ရဲမေ တဦးဆက်လက်ပန်းပန်နိုင်ပါစေ