welcome

၈၈၈၈ ကို ဘယ်သူတွေ စခဲ့စခဲ့ ပြည်သူတွေရဲ့ စုပေါင်းပါဝင်မှုက အခရာကျသလို ဘယ်သူတွေပေးဆပ်ပေးဆပ် အဖြူအစိမ်းလေးတွေရဲ့ နီရဲတဲ့သွေး တွေ က အမြဲ သက်သေ တည်နေပါတယ် ။

ကျမတို့ အရင်းတွေနဲ့ သူတို့ အမြတ်ထုတ်သွားတာ

Monday, February 23, 2009


ဟေး တို့ နိုင်ငံရေးအကျဉ်းသားတွေတော့ ဘယ်ထောင်က ရာဇ၀တ်အကျဉ်းသားဘယ်နှစ်ယောက်
လွတ်တာ ဘယ်လောက်ပါတယ် ဟေ့ ဆိုပြီး မီဒီယာတွေ ဘလော့ကာတွေ ဂရုမေး(လ်)တွေကနေ
ချက်ချင်းဖြန့်  ဦးဝင်းတင်ဖြင့် ကိုယ်ချင်းစာတရားကြီးမားပြီးထောင်ဗူးဝကတောင်သွားစောင့်ရှာနေ
တာ မိသားစုတွေခမျာမှာလည်း ကိုယ် ဖခင်ကိုယ့်သား ကိုယ်မယားကိုယ့်ခင်ပွန်းများ ပါလေမလား
ပေါ့ ။မိသားစုတွေကိုရော အကျဉ်းကျခံနိုင်ငံရေးအကျဉ်းသားတွေကိုရော ကျမ ကိုယ်ချင်းစာနာမိ
ပါတယ် ။ နှစ်ကြီးလာတာနဲ့ အမျှ အပြင်လောက ကို လူတိုင်းတမ်းတကြရတာပဲလေ တစ်ချို့ တိုက်
ခန်း တွေဆို လရောင် ကြယ်ရောင်လေးတွေကိုတောင်မှမမြင်ရပဲကိုး ခဏ တဖြုတ်ပဲနေရနေရ နှစ်
ကြီးကြီးပဲကျရကျရ နိုင်ငံရေးအကျဉ်းကျမှန်သမျှ မှာ အပြစ်ဆိုတာ စိုးစဉ်းမရှိခဲ့ကြပါ ။။ မိမိယုံကြည်
ချက်ကိုမိမိဆောင်ရွက်တဲ့အတွက် စနစ်ဆိုးအောက် မှာ စစ်သုန့် ပန်းတွေ တဖြစ်လဲ နိုင်ငံရေးအ
ကျဉ်းသားအဖြစ်ခံစားနေကြရတာပါ ။ တစ်ရက် တစ်နာ၇ီ တစ်မိနှစ်တစ်စက္ကန့် မျှ ဒီလူတွေဟာ
ထောင်ဒဏ်နဲ့ ထိုက်တန်သူတွေမဟုတ်ကြပါဘူး ဒါကို စစ်အုပ်စု ဟာ သူတို့ နိုင်ငံရေးအမြတ်ထုတ်
နိုင်ဖို့  နှစ်ကြီးတွေ ကြိုတင်ပြင်ဆင်ပြီးချခဲ့ကြတာပါ။။


ကျမတို့ ဘာကိုဝမ်းသာရမှာလဲ ဘာကိုကြေနပ်ရမှာလဲ ကျမတို့ အရင်းတွေနဲ့ သူတို့ အမြတ်ထုတ်သွား
ကြပြန်ပြီကော
- ကျမတို့ ရဲဘော်တွေဆန္ဒတူတွေ မဟာမိတ်တွေ ။ဒီမိုကရေစီရရှိရေးမှာရှေ့တန်း
ကပါဝင်ရဲတဲ့ကျမတို့ ပြည်သူတွေ ကို ရက်ရက်စက်စက် ဆယ်ကဏန်းတွေရာဂဏန်းတွေ တကျွန်း
ဒဏ်တွေ နဲ့  ထောင် ဒဏ်ပြင်းပြင်းထန်ထန်ချခဲ့တယ် ရှေ့ ကနေ ရာချီချပြလို့ ပိုကြောက်မယ် ထင်
ပေမဲ့ အာဇာနည်တွေနေတဲ့ တိုင်းပြည်မှာ သူရဲကောင်းအာဇာနည် အညတြ အာဇာနည်တွေ မရပ်
မဆဲထပ်တလှဲလှဲပေါ်ခဲ့တယ် ။အဲဒီ့ သူတွေ ကပြည်သူအတွက်ပေးဆပ်နေတဲ့ အရင်းအနှီးတွေကို
မတရားသဖြင့်အာဏာတွေနဲ့  ဒီစစ်ခွေးတွေက သူတို့ နိုင်ငံတစ်ကာကို အပြ မျက်နှာလှဖို့  လွှတ်ပြ
လိုက်တာကိုပဲ ကျမတို့ တစ်တွေက ကြေနပ်ရမလိုဖြစ်နေတယ် ။အမှန်တကယ်ဆန်းစစ်ကြည့်ပါ ။။


ဒေါက်တာဇော်မြင့်မောင်ဟာ ထောင်သက် ၁၉ နှစ်ပါ သူ့ ကို စွတ်ဆွဲထားတဲ့ပုဒ်မတိုင်းဟာမတရား
တွေကြည့်ပါပဲ ကိုသက်ဝေ (ခ) ကိုပေါက် သူဆိုလည်း လွတ်နီးတစ်ယောက်ပါပဲ ဒီလို ထောင်ထဲကို
အပြစ်မရှိပဲဝင်ရစစ်အုပ်စုတို့ အမြတ်ထွက်ဖို့ အတွက်တော့ကိုယ်တွေ ရဲ့ မွေးရာပါ လွတ်လပ်ခွင့်တွေကို
သူတို့ ကပဲ ပြန်လည်ပေးသလိုလို (ကျေးဇူးတင်နေရဦးမဲ့အနေအထား)နဲ့  မင်းသားကြီးလုပ်ပြလိုက်
လေတော့ ကုလ နဲ့  ဘုမသိဘမသိ နိုင်ငံတစ်ချို့ က သြဘာ ထပေးလိုက်ကြပုံများဖြင့် ကျမ ကြား
ရ အင်မတန်မှ စက်ဆုတ်လှပါတယ် ။။


စစ်အုပ်စုဟာ သူတို့ အမြတ်ထွက်ဖို့  ကို လူ့ အခွင့်အရေးတွေ အလုပ်သမားအခွင့်အရေးတွေကျောင်း
သားအခွင့်အရေးတွေ ကုန်ဈေးနှုန်းကျဆင်းရေးဆိုတဲ့ ပြည်သူတွေထမင်းနပ်မှန်ရေးတွေ တိုင်းရင်း
သားအခွင့်အရေးတွေ ပြည်သူ့ အာဏာရရှိရေးတွေ အဲဒီ့အရေးတွေကို နှလုံးသားတွေ ဘ၀တွေ
အသက်တွေ နဲ့ ပေးဆပ် နေတဲ့ သူတွေကို စတေးပြီး ---
ဒီမိုကရေစီသမားတွေလွှတ်လိုက်ပြီဗျာ ကဲ --စီပွါးရေး ပိတ်စို့ ထားတာဖွင့်ပေးတော့ လို
ပြောနေတဲ့အတိုင်း ပဲ -- ခုလို ဖမ်းထောင်နှစ်ကြီးချ
နည်းနည်းပြန်လျော့ နှစ်စေ့နီးတွေကို လွှတ် နဲ့  ဖဲကစားဂျင်ကစား သလို ကုလားဖန်အမျိုးမျိုးထိုးပြီး
ကိုယ်ကျိုးအတွက် အကွက်ဆင်နေကြတာပါပဲ ။ဒီ့အတွက် ခု လွတ်မြောက်မှုတွေဟာ သူတို့ စေတနာ
ပါလို့  သူတို့ ပြည်သူတွေ နဲ့ ငြိမ်းချမ်းရေး.ယူချင်လို့  လုံးဝ မဟုတ်ပါဘူး ။။


ဒီ့အပြင် နိုင်ငံရေးသမားတွေကို ၄၀၁ ဆိုတဲ့ပုဒ်မကြီး နဲ့ လွှတ်လိုက်သေးတယ် ။၄၀၁ ဆိုတာ ဒီလူဟာ
သူယုံကြည်တဲ့အလုပ်ကိုဆက်လုပ် ရင် ပဲ ပြီးခဲ့တဲ့ နှစ်တွေပါထောင်ဒဏ်ပြန်ခံစားစေ ဆိုတဲ့
သဘောပါ ။ ကျမကိုယ်တိုင်လည်း ထောင်သက်စေ့လို့ ကျော်မှလွှတ်ပေမဲ့ ဒီပုဒ်မကြီးကို လက်မှတ်
ထိုးခဲ့ရပါသေး တယ် ။။
အခု ရဲဘော်တွေလည်းဒီ့အတိုင်းပါပဲ ဒီတော့ ဘာလွတ်ငြိမ်းချမ်းသာခွင့်လဲ ? ရူးနေတဲ့သူ ကို
သွားပြောရင်တော့ယုံပေမပေါ့ ပြည်သူတွေနဲ့ ကျမတို့  နိုင်ငံရေးအကျဉ်းသားတွေ အနေနဲ့ ကတော့
ကျမတို့ အရင်းထဲကနေသူတို့ အမြတ်ထုတ်သွားတာသိနေတော့ ဒီထက်ပိုနာတယ် ဒါ့ထက်ပိုတိုက်
မယ် ။ မ ရ ရတဲ့ နည်းနဲ့ ဘယ်နည်း နဲ့ မဆို စစ်အုပ်စု ကိုပြုတ်အောင်တိုက်ရမယ် ။စစ်အုပ်စု
အလျောပေးသားပဲလို နိုင်ငံတစ်ချို့ က မြင်နေတာတွေကိုလည်း ကျမတို့ ခြေဖျက်ပစ်ရမယ် ။


တကယ်လွှတ်မှာအကျဉ်းသား ၆၀၀၀ - တဲ့ ကိုယ့်လူမျိုးလူသား အသက်ရှိတဲ့လူတွေထောင်
ခြောက်ထဲကလွတ်တယ်ဆိုရင် ပဲ လူဆန်တဲ့လူတိုင်းဟာ ပီတိလေးတော့ ဖြစ်မိမှာပါပဲ ။။
ဒါပေမဲ့စစ်အုပ်စုရဲ့ စိတ်ရင်းက တော့ ကြိတ်ရယ်နေဦးမှာပါ ငါတို့ အကွက် ထဲ ဂန်ဘာရီ ၀င်
သွားပြီ ဘန်ကီမိုး ၀င်သွားပြီလို့ ပေါ့ ဘာ့ကြောင့်လဲ ဆိုရင် ရာဇ၀တ်အကျဉ်းသားတွေ လွတ်ငြိမ်း
ဆိုပြီးလွှတ်တိုင်း လွတ်နီးတွေ ကြည့်ပါပဲ -- နိုင်ငံတော် လာမလား ဆိုတဲ့ ရိုးရိုးအကျဉ်းကျ
တွေရဲ့ မျော် နေတဲ့အရာကို နိုင်ငံတော် လို့ (ထောင်အခေါ်) လွှတ်ငြိမ်းချမ်းသာပြီးတိုင်း ရိုးရိုး
အကျဉ်သားတွေဟာ သက်ပြင်းချပြီးမျက်ရည်လည်ပြီးကျန်ခဲ့ကြတာကြည့်ပါပဲ -- တကယ်
လွှတ်တာ လွတ်နီးတွေ ကိုကြည့်ပါပဲ ၀ရန်တွေ ကို ၀ါဒါ တွေက စစ်ဆေးတဲ့အခါတိုင်းလွတ်နီး
တွေကိုသာ ထဲ့လေ့ရှိတာပါ .. သိတ်ရီစရာကောင်းတာ တစ်ခု ၇ှိပါသေးတယ်။ ဆေးမှုနဲ့ ၁၀
နှစ်ကျတဲ့အမျိုးသမီးတစ်ယောက်ဟာ သူ့ နေသား(ထောင်ကျနှစ်) ပြည့်တာ မလွှတ်သေးလို့ 
မေးမြန်းတဲ့အခါ လျော့ရက် တွေ လိမ်လည်တွက်ပြီး မကြာမှီနိုင်ငံတော်လာရင် သူ့ ကိုပါစာရင်း
ပါအောင် စောင့်စေခဲ့တာမျိုးလည်းရှိခဲ့ပါတယ် ။။
ဒီတော့ နိုင်ငံရေးသမား ဒီမိုကရေစီအင်အားစုတွေကို အညိုးအတေးထားပြီး အသုံးချတာမပြော
နဲ့  ရာဇ၀တ်ဘေး နဲ့  သူတွေတောင် ဘာလွတ်ငြိမ်းခွင့်မှ မဟုတ်ပဲ နှစ်စေ့တွေ လွှတ်နီးတွေကို
တစ်ပြိုင်နက်စုပုံပြီး အလွှတ်ပြ ကုလသမဂ္ဂ ကိုညာချတာတော့ ကမ္ဘာပေါ်မှာအထူးချွန်ဆုံးသော
မြန်မာနိုင်ငံက ကလိမ်ခြုံစစ်အစိုးရပဲ လုပ်တက်ပါတယ် ထူးထူးခြားခြား ဘယ်နိုင်ငံမှာမှ ဒီလောက်
မျက်နှာပြောင်တိုက်လွန်းတဲ့ စစ်အုပ်စု က သန်းရွှေရဲ့မျက် နှာ ဆီသုတ်ထားလေသလားတောင်
မှတ်ယူရပါတယ်။ဒါကို အလိမ်ခံချင်လွန်တဲ့ ဂန်ဘာရီ ဘယ်လိုပုံစံနဲ့ များ ၂၀၁၀ ကိုစိတ်ဝင်စားရ
ပါသလဲ သူ့ ကိုလည်းဝေခွဲမရတော့ပါဘူး --- ဗိုလ်ချုပ်စကားနဲ့ ပြောရရင်တော့ ကျမတို့ ကိုယ်
တိုင်တိုက်ယူမှရ မှာပါပဲ ။ကျမတို့ အရင်းတွေနဲ့ သူတို့ အမြတ်ထုတ်နေတာတွေ ဆက်မဖြစ်ဖို့ 
နည်းဗျူဟာကောင်းတွေ နောက်ကို အခိုင်အမာရပ်တည်ပြီးဝိုင်းဝန်းတိုက်ကြပါစို့ ။။


မေအိခင်(လယ်ဝေး)

0 comments: