welcome

၈၈၈၈ ကို ဘယ်သူတွေ စခဲ့စခဲ့ ပြည်သူတွေရဲ့ စုပေါင်းပါဝင်မှုက အခရာကျသလို ဘယ်သူတွေပေးဆပ်ပေးဆပ် အဖြူအစိမ်းလေးတွေရဲ့ နီရဲတဲ့သွေး တွေ က အမြဲ သက်သေ တည်နေပါတယ် ။

ဖဒိုမန်း၇ှာလာဖန်း ကျဆုံးခြင်းတစ်နှစ်ပြည့် ဂါရ၀အခမ်းအနား

Friday, February 13, 2009


ဖဒိုမန်းငြိမ်းဖြစ်ပါတယ် ဖဒိုမန်းငြိမ်းနဲ့ ဖဒိုမန်း၇ှာ ဟာ ပန်းတနော်သား ကျောင်းနေဖက် အနောက်ပိုးကရင်
များဖြစ်ကြပါတယ်။ကရင်ဗမာ ကိုဖ -ဆ-ပ-လ ကသွေးထိုးရန်တိုက်ခဲ့တဲ့အခါ ကရင်ရွာ ဗမာ၇ွာတွေပျက်
ဆီးပြီး ဖဒိုမန်း၇ှာ တို့ မိသားစု လည်း ရန်လွတ်၇ာပြေးရာကနေ ဖဒိုမန်းရှာက ပြင်းထန်တဲ့ နိုင်ငံရေး ရိုက်
ခတ်မှုဒဏ်တွေခံခဲ့ရ ပါတယ် ဖဒိုမန်းရှာ နဲ့ ဖဒိုမန်းငြိမ်း တို့ အထက်တန်းကျောင်းအတူတက်ခဲ့ပြီး
ဖဒိုမန်းရှာ က သမိုင်းမေဂျာနဲ့ ရန်ကုန်တက္ကသိုလ် ကို ကရင့်တော်လှန်ရေးရဲ့တာဝန်ယူမှု နဲ့ ကျောင်းတက်
ခဲ့ပါတယ် ဦးသန့်အရေးအခင်းမှာလည်း ဖဒိုမန်းရှာ ပါဝင်ခဲ့ပြီး ဘွဲ့ ရပြီးပဲခူးရိုးမကိုပြန်လာခဲ့တယ်။။
၁၉၆၈ မှာ တရုတ်ဗမာ အထိကရုန်း ကို မ ဆ လ က ဖန်တီး ခဲ့ပါတယ် တရုတ်ကကြွေးကျော်ထား
တာကလည်း နိုင်ငံတစ်ကာတော်လှန်ရေးကိုအလုပ်အကျွေးပြုမယ် အဖိနှိပ်ခံတွေကိုကူညီမယ်။ဆိုတဲ့အခါ
၁၉၆၈ မှာ KNU ကိုကူညီဖို့  ဗမာပြည်ကွန်မြူနစ်ပါတီထံသွားရောက်တောင်းဆို ခဲ့တယ် ။။
မြန်မာပြည်မြောက်ပိုင်းမှာ အဲဒီ့လိုအင်အားကြီးနေချိန်မှာတောင်ပိုင်းမှာလည်း NDF က နိုင်ငံရေးစစ်ရေးသြဇာ
ကြီးမားနေချိန်ဖြစ်တယ်။ မြောက်ပိုင်းကို ချီတက်ပြီးသွားရောက်ဆွေးနွေးမဲ့ တာဝန်ခံတွေထဲမှာ ဖဒိုမန်းရှာ
ဟာ (၄)ယောက်မြောက်ဖြစ်တယ်။ တကယ်တန်းဆွေးနွေးတဲ့အခါ ဗမာပြည်ကွန်မြူနစ်ပါတီရဲ့ပေါ်လစီနဲ့
KNU ပေါ်လစီကညှိမရခဲ့ပါဘူး ။ တိုင်းရင်းသားတွေလိုချင်တာကဖယ်ဒရယ် တိုင်းရင်းသားတန်းတူရေးပါ
ကွန်မြူနစ် ကဒါတွေ နဲ့ ညှိမရခဲ့ဘူး ဒါပေမဲ့စစ်ရေးအရသဘောတူညီချက်တော့ရယူခဲ့တယ် ။။
ဒီလိုစစ်ရေးအရသဘောတူညီခဲ့ရပါ့ မလားဆိုပြီး ဖဒိုမန်းရှာ ကို ဗဟိုကော်မတီကနေ တပ်သားအဖြစ်ရာ
ထူးချခဲ့တဲ့အပြင် သေဒဏ်ပေးဖို့ ထိတောင်ရှိခဲ့ပါတယ် ။ဒါကိုလေ့လာခြင်းအားဖြင့်တော်လှန်ရေးမှာအကွေ့ 
အကောက်အတက်အကျ ရှိတယ်ဆိုတာသိရမယ် ဒီဒဏ်တွေကိုဖဒိုမန်းရှာ ခံခဲ့ရပေမဲ့ သူ့ ရဲ့ရည်ရွယ်ချက်
နဲ့ ရဲရဲတောက်တော်လှန်ရေးစိတ်ဓါတ်တွေ ပျောက်မသွားခဲ့ဘူး။ ဒါကတော့ ဖဒိုမန်းငြိမ်းပြောတဲ့ ဖဒိုမန်းရှာ
နဲ့ ပတ်သတ်တဲ့ တစ်စိတ်တစ်ပိုင်းဖြစ်ပါတယ်။။

NCUB ရဲ့ သဘာပတိ ဦးခိုင်စိုးနိုင်အောင်ဖြစ်ပါတယ် ဖဒိုမန်း၇ှာ ဟာ ကမ္ဘာကြီးဖြစ်ပေါ်ပြောင်းလဲမှုအပေါ်
ယုံကြည်တဲ့ဆိုတဲ့အကြောင်း နဲ့ ဖဒို ရဲ့ နိုင်ငံရေးကျော်ဖြတ်မှု တွေကို လက်ဆင့်ကမ်းပြောပြနေတာ ဖြစ်ပါတယ်။။

ပြည်သူ့ လွတ်တော်ကိုယ်စားလှယ် ကိုခွန်မြင့်ထွန်း ဖြစ်ပါတယ်။ကိုခွန်မြင့်ထွန်းဟာ ပြည်ပကို မထွက်ခင်
ကတည်းက ဖဒိုမန်းရှာ နဲ့ ချိတ်ဆက်ပြီး ဖယ်ဒရယ်အစိုးရဖွဲ့ ဖို့ ပြည်ပကို ထွက်လာတယ်ဆိုတာခွန်မြင့်
ထွန်း ကိုယ်တိုင်ပြောခဲ့ပါတယ်။ ဒါဖဒိုမန်း၇ှာရဲ့ရည်ရွယ်ချက် ကြီးမား ခဲ့တာမြင်သာပါလိမ့်မယ် ။။
ဒီကနေ့ အခမ်းအနား မှတြော့ကိုခွန်မြင့်ထွန်းက ဖဒိုမန်း၇ှာ ရဲ့ မျိုးဆက်သစ် သမီးလေး ဇိုရာဖန်း အ
တွက် ဖဒိုမန်းရှာ ၇ဲ့ယုံကြည်မျော်လင့်ထားခဲ့ပုံ ဖဒိုရဲ့ခြေရာ ကိုနင်းမဲ့ သမီးလေးဆိုတဲ့ အကြောင်းကို
ခွန်မြင့်ထွန်း၇ှင်းပြသွားသလို နှစ်(၆၀) ပြည့်ကရင့်တော်လှန်ရေးနေ့  ပွဲ ကိုသွားရောက်သူတိုင်းဟာလည်း
ဇိုရာဖန်း ဘယ်၍ ဘယ်မျှ ထက်မြတ်ပြီး ခေါင်းဆောင်ကောင်းတစ်ယောက် မုချဧကန်ဖြစ်လာမှာကို ကျမ
အပါအ၀င်တော်လှန်ရေးအင်အားစုတွေလည်းသဘောပေါက် နားလည် ပြီးသားပါ ။။ ကိုခွန်မြင့်ထွန်းကဒီနေ့ 
ဒီလို ပြောခဲ့ပါတယ် ဖဒိုမန်းရှာဟာ သေဆုံးသွားတာမဟုတ်ဘူး တော်လှန်ရေးရဲ့လမ်းခုလတ်မှာကျဆုံးသွား
ခဲ့တာဖြစ်တယ်။။

ဖဒိုမန်းရှာကောင်းရာသုဂတိလားပါစေ

မေအိခင် (လယ်ဝေး)

0 comments: