welcome

၈၈၈၈ ကို ဘယ်သူတွေ စခဲ့စခဲ့ ပြည်သူတွေရဲ့ စုပေါင်းပါဝင်မှုက အခရာကျသလို ဘယ်သူတွေပေးဆပ်ပေးဆပ် အဖြူအစိမ်းလေးတွေရဲ့ နီရဲတဲ့သွေး တွေ က အမြဲ သက်သေ တည်နေပါတယ် ။

ပြည်ထောင်စုနေ့ ကိုဂုဏ်ပြုသောအားဖြင့်

Wednesday, February 11, 2009

ပြည်ထောင်စုစစ်စစ် ဖြစ်ဖို့ ရာ
/>



















(ပြည်ထောင်စုဖွါးပအို့ တိုင်းရင်းသားအမျိုးသာဒီမိုကရေစီအဖွဲ့ ချုပ်ရဲ့လွတ်တော်ကိုယ်စားလှယ်ခွန်မြင့်ထွန်းဖြစ်ပါတယ်)
သူကတော့ ဖယ်ဒရယ် စနစ် နဲ့ NCGUB က (၆) လ ပြည့်တဲ့အထိ (သူဝန်ကြီးဖြစ်ပြီးတဲ့အချိန်ကစ) မဆောင်ရွက်ဖူး
ဆိုရင် ၀န်ကြီးကနေနုတ်ထွက်မယ်ဆိုတဲ့ ပြည်သူ့ လွတ်တော်ကိုယ်စားလှယ်တစ်ဦးပါ။။

ပြည်ထောင်စုမြန်မာနိုင်ငံ ဟုဆိုရာဝယ် ပြည်ထောင်စု ဖွါးတိုင်းရင်းသားအားလုံးပိုင်ဆိုင်သည့်နိုင်ငံပင်ဖြစ်ပေသည်။။
မြန်မာနိုင်ငံအား ပြည်ထောင်စုဖွါးတိုင်းရင်းသားအားလုံးပိုင်ဆိုင်နိုင်ခွင့်ရှိရန် ဗိုလ်ချုပ်အောင်ဆန်းက ပြည်ထောင်စု
ဖွါးတိုင်းရင်သားအများစုသဘောတူသည့်ပင်လုံစာချုပ်ကိုချုပ်ဆိုခဲ့သည်။။ ပင်လုံစာချုပ်လက်မှတ်ထိုးချုပ်ဆိုခဲ့သည့်
ထိုနေ့ ကို အထိမ်းအမှတပြုကာပြည်ထောင်စုနေ့ ဟု သတ်မှတ် ဂုဏ်ပြုခဲ့ကြသည်။ထိုနေ့ ကဖေဖေါ်ဝါရီလ(၁၂)
ရက်နေ့  ယခု (၆၂) နှစ် ကာလသို့ ပင်ရောက်ခဲ့ပေပြီ။သို့ သော် တိုင်းရင်းသားများတန်းတူညီတူအခွင့်အရေး
ကိုယ်ကြမ္မာကိုယ်ဖန်တီးခွင့်တွေ ရအောင်ဦးစီးဦးဆောင်ပေးမည့်လွတ်လပ်ရေးဖခင်ကြီးဗိုလ်ချုပ်အောင်ဆန်း အား
တိုင်ရင်းသားလူနည်းစုများကိုကြီးစိုးချယ်လှယ် လိုသည့် ကိုလိုနီလက်ပါးစေ များ၏ လုပ်ကြံသတ်ဖြတ်ခြင်းကိုခံခဲ့
ရသည့်အခါ ကျံရစ်ခဲ့သော နိုင်ငံရေးအကြီးအကဲများ၏တာဝန်မယူနိုင်မှုအဆုံးအဖြတ်မှားမှုကြောင့်တိုင်ရင်းသား
များ၏ အခွင့်အရေးများဆုံးရှုံးခဲ့ရပါတယ်။
ဗိုလ်ချုပ်အောင်ဆန်း ၏ စေတနာနှင့်ရည်ရွယ်ချက်ဟာ လူများစုဖြစ်သော ဗမာတိုင်းရင်းသားများမှ လူနည်းစု
ဖြစ်သော ကချင် ကယား ကရင် ချင်း မွန် ရခိုင် ရှမ်း တို့ အပေါ် အကိုကြီးမှညီငယ်များကိုလက်တွဲ
ညီညီဖြင့် ဗမာတစ်ကျပ် -ကရင်တစ်ကျပ် --ရှမ်းတစ်ကျပ် ဟု တန်းတူ အခွင့်အလမ်းများ မျှတ အောင်
်ကြံစည်ခဲ့ခြင်းဖြစ်ပါတယ်။ ခွဲထွက်ခွင့်ဆိုသည်မှာလည်းဗမာတိုင်းရင်းသားများမှ တိုင်းရင်းသားငယ်များခွဲမထွက်ချင်
အောင် သူတို့ အခွင့်အလမ်းတွေအပြည့်အ၀ ပေးဖို့ လိုတယ် ခွဲထွက်မယ်လို့ ဖြစ်ခဲ့၇င်သူတို့ ဘာလို့ ခွဲထွက်ချင်
မလဲ တန်းတူသာတူညီမျှတဲ့အခွင့် ရရင် ဘယ်သူမှ ခွဲ ထွက်ချင်မှမဟုတ်ဘူး မရ လို့ သာဖြစ်မယ် ဒီတော့
ဗမာတိုင်းရင်းသားတွေက သဘောထားကြီးဖို့  သာတူညီမျှ ရှိဖို့ တော့ လိုတယ် ဆိုတဲ့ဗိုလ်ချုပ်ရဲ့ စိတ်စေတနာ
သဘောထား ကျမတို့ လည်း သိရှိနားလည်ပြီးသားဖြစ်ပါတယ်။။

အဲဒီ့မှာ ကျမတို့ ဗိုလ်ချုပ် ကျဆုံးသွားခဲ့တဲ့နောက်ပိုင်း တိုင်းရင်းသားပြဿနာတွေ ပိုကြီးထွားခဲ့တာကိုပြန်စန်းစစ်
မယ်ဆို ရင် မြေပြန့် တောင်ပေါ် နဲ့ ဒေသ အနေအထားတွေ အပေါ်မှာ တိုင်းရင်းသား လူနည်းစုတွေရဲ့အခွင့်
အရေးတွေ အင်မတန်မှ နည်းပါးခဲ့တယ် ။။ ရန်ကုန်မန္တလေးဆိုတဲ့ ဗမာအများစုရှိတဲ့မြို့ ကြီးတွေလောက်မှာသာ
ကောလိပ်တွေ တက္ကသိုလ်တွေ ဆေးရုံတွေ ဖွံ့ဖြိုးမှု အစုစုတွေ တည်ဆောက် လာခဲ့တယ်။ ဝေးလံခေါင်သီတဲ့
ဒေသတွေမှာကတော့ လမ်းပန်းဆက်သွယ်မှု အကြောင်းပြချက် ပြည်တွင်းမတည်ငြိမ်မှုအကြောင်းပြချက်တွေနဲ့ 
့ဖွံ့ ဖြိုးရေးကိုမလုပ်ဆောင် ပေးခဲ့ဘူး ။။ကျမ ဗမာ ဖြစ်ပေမဲ့ သိတက်စအချိန်ထဲက ကျမတိုင်းရင်းသားငယ်တွေ
အပေါ်ကိုယ်ချင်းစာမိခဲ့တယ် ။။ အတိတ်သမိုင်းလေးတွေသိထားတဲ့အခါကျတော့ သူတို့ တစ်တွေခံပြင်းခဲ့တာကို
လက်ခံနိုင်ခဲ့တယ် ။

အင်္ဂလိပ်ကိုလိုနီမကျူးကျော်စဉ်ကာလမှာတိုင်းရင်းသားကြီးငယ်တွေဟာကိုယ်ထီးကိုယ့်နန်းကိုယ့်ကြငှါန်းနဲ့ ဘုရင်
စော်ဘွါး စေါဖျာ ဒူးဝါး ရမ်အုပ် စော်ကဲ စသည် နာမ များဖြင့်တထီးတနန်းစိုးစံခဲ့ကြသူတွေပါ အင်္ဂလိပ် က
ပြည်မ နဲ့ တောင်တန်းကိုခွဲခြားအုပ်ချုပ်ကာမှပြည်မ မှာတစ်ပေါင်းတည်းရှိတဲ့ ကရင် မွန် ဗမာ ရခိုင် တို့ ဟာ
တိုက်ရိုက်အုပ်ချုပ်ခံနယ်မြေတွေဖြစ်ပြီး တောင်ပေါ်နဲ့ ကရင်နီ ဒေသတွေကိုတော့ ခွဲခြားအုပ်ချုပ်ခဲ့ပါတယ် ။။

လွတ်လပ်ရေးရယူရတော့မယ်ဆိုတဲ့အခါကျတော့ဗိုလ်ချုပ်ဟာပြည်မကိုပဲလွတ်လပ်စေပြီးကျန်ဒေသတွေကျန်ခဲ့မှာ
စိုးရိမ်တာကြောင့် ပင်လုံစာချုပ်ကြီးကို ရအောင်ချုပ်ဆိုခဲ့တာပါ ။။ပင်လုံဟာသိတ်တန်ဖိုးကြီးမားပါတယ် တစ်စု
တစ်စည်းတည်းပေါင်းစည်းပေးနိုင်ခဲ့တဲ့ပင်လုံကိုကျမတို့ တန်ဖိုးထားရမှာပါ ။။

ဒါပေမဲ့ အင်္ဂလိပ် ကိုလိုနီခေတ် က စက္ကူဖြူ စာတန်း လို
စက္ကူဖြူ စက္ကူဖြူ
ဗလာကြီးစက္ကူဖြူ
စက္ကူဖြူဗလာကြီး
ဘာလုပ်ရမည်နည်း ----- ဆိုသလိုတော့မဖြစ်စေနဲ့ ပေါ့ တကယ်ဗိုလ်ချုပ်ကတိုင်းရင်းသားတွေအတွက်တန်းတူ
အခွင့်အရေးပေးဖို့ ကြိုးပမ်းခဲ့သလို ကျမတို့ တစ်တွေ ကျမတို့ တော်လှန်ရေးတစ်ခုလုံးမှာခေါင်းဆောင်လို့ အမည်ခံ
ထားတဲ့ပုဂိုလ်များကရော တိုင်းရင်းသား တန်းတူညီမှုရစေမဲ့ ဖယ်ဒရယ် စနစ် ကိုဘာ့ကြောင့်များတွန့် ဆုတ်နေကြ
ပါသလဲ -- ဗမာတွေ တရားခံ လို့ ယိုးစွပ်ခံခဲ့ရတာမျိုးကိုသိတ်ပီတိဖြစ်နေရော့သလားကျမဖြင့်တော့၇ှက်မိပါတယ်။
ဒီနေ့ အခါသမယကိုပြည်ထောင်စုအလှအတုတွေနဲ့ စစ်အုပ်စုကခင်းကျင်း နေတာကိုကျမတို့ က ကဲ့ရဲ့ချုံ့ ချနေရုံနဲ့ 
စစ်မှန်တဲ့ပြည်ထောင်စုသားတွေ တိုင်းရင်းသားခေါင်းဆောင် တိုင်းရင်းသားတွေကိုကိုယ်စားမပြုပါဘူးကွာ ပြောနေရုံ
နဲ့  NGO တွေကို ဒါတွေမတရားပါဘူးပြောပြနေရုံ နဲ့ ကျမတို့ ရဲ့တိုင်းပြည်ဟာပြည်ထောင်စုစစ် ဘယ်နည်းနဲ့ မှဖြစ်
မလာနိုင်ပါဘူး ။

အဲဒီ့ခေတ်အဲဒီ့အခါကဗိုလ်ချုပ်ကို တိုင်းရင်းသားခေါင်းဆောင်ကြီးတွေကိုးစာယုံကြည်ခဲ့သလို ကိုယ်တွေခေတ်မှာလည်း
ဒေါ်အောင်ဆန်းစုကြည်အပေါ်တိုင်းရင်းသားခေါင်းဆောင်တွေကယုံကြည်ထားမှု ကို တိုးတက်လာအောင်မကြိုးစားနိုင်
ရင်တောင်မှ လျော့ပါးမသွားဖို့  ဒီမိုကရေစီအင်အားစုတွေ အထူးသဖြင့်ဗမာခေါင်းဆောင်ကြီးများ( အကြီးအကဲများ)
က ထူးကဲစွာသဘောထားပိုကြီးနိုင်ကာမှထူးကဲစွာကိုယ်ကျိုးပိုစွင့်ပေးကာမှထူးကဲစွာအနစ်နာခံပေးကာမှ ပြည်ထောင်စု
စစ်စစ်မူ နဲ့  ကျမတို့ တိုင်းပြည် ကိုတည်ဆောက်သွားနိုင်မှာပါ ။။

ဒီတော့အချိန်ရှိတုန်းပြင်သင့်တာတွေပြင် ဆင်သင့်တာတွေဆင်ဖို့ (ဆင်သင့် ဆိုတာဆင်ခြင်သင့်တာကိုဆိုလိုပါတယ်)
ပြည်ထောင်စုဖွါးဗမာတိုင်းရင်းသူတစ်ယောက်အနေနဲ့  တိုက်တွန်းလိုက်ပါတယ် ။။

ပြည်ထောင်စုစစ်စစ်အမှန်တကယ်ဖြစ်နိုင်ပါစေ
မေအိခင် (လယ်ဝေး)

1 comments:

ဒေါင်းမင်း said...

ဒီစာထဲမှာရေးထားသလိုပြည်ထောင်စုစစ်စစ်တကယ်လိုချင်တယ်..
နောက်ပြီးပြည်တွင်းမှာအမျိုးမျိုးကွဲပြီးလက်နက်ကိုင်တော်လှန်နေတာတွေ
လဲမမြင်ချင်တော့ဘူး.အိမ်ကြက်ခြင်းခွပ်ရင်..အိမ်ပဲနာတာပဲ..
အခုအခြေအနေမှာမြန်မာပြည်က..အိမ်ကြက်ခြင်းခွပ်နေကျတာ..ဒါကြောင့်
မြန်မာပြည်ဆိုတဲ့..အိမ်ကြီးက...နာနေတာ..ယိုင်နေတာ...အဲဒါကိုပြန်လည်
မာတောင့်အောင့်မယိုင်နဲ့အောင့်လုပ်ဆောင်ဖို့..ပြည်ထောင်စုတွေ..အား
လုံးစည်းလုံးညီညွတ်ဖို့လိုတယ်..
ပြည်ထောင်စုစစ်စစ်ကိုလဲအမှန်တကယ်ကိုလိုလားတောင့်တမိတယ်...