welcome

၈၈၈၈ ကို ဘယ်သူတွေ စခဲ့စခဲ့ ပြည်သူတွေရဲ့ စုပေါင်းပါဝင်မှုက အခရာကျသလို ဘယ်သူတွေပေးဆပ်ပေးဆပ် အဖြူအစိမ်းလေးတွေရဲ့ နီရဲတဲ့သွေး တွေ က အမြဲ သက်သေ တည်နေပါတယ် ။

ပန်းပန်လျှက်ပါပဲ

Friday, February 6, 2009

ရဲဘော် မိတ်ဆွေနဲ့  ကျမဘလော့လေးကို အမြဲအားပေးတဲ့ညီအစ်ကိုမောင်နှမများ ဒီကနေ့ ညနေမှာ ကျမရဲ့ ဘလော့ ကို မသမာတဲ့သူတွေကဖျက်ဆီးလိုက်ကြပါတယ် ကျမ ၀မ်းနည်းဝမ်းသာဖြစ်မိပါတယ် ၀မ်းနည်းတာကတော့ တစ်နေ့ ကို စာဖတ်
ပရိတ်သတ် ရာကျော် ရဲ့ လာရောက်အားပေးခြင်းကို ဒီကနေ့ တစ်ရက်တာ ဆုံးရှုံးနစ်နာသွားတာကြောင့်ရယ်နောက်တစ်ခုက
စီဘောက်ထဲက ဘယ်လိုပင်ကောင်းခြင်းဆိုးခြင်းဝေဖန်ရေးသားနေပါစေ သူတို့ ဖတ်ဖြစ်အောင်တင်ဖြစ်ခဲ့တဲ့ ကျမပို့ (စ်)တွေ
ကို ဖတ်ပြီး ရေးသားသွားတဲ့ စာလေးတွေပျောက်ဆုံးသွားလို့ ပါ ။ လူကို ချီးမွမ်းသည်ဖြစ်စေ ကဲ့ရဲ့သည်ဖြစ်စေ ကျမတင်ပြ
တဲ့စာတွေကို ဖတ်လိုက်ကြလို့ပဲဆိုတဲ့အသိနဲ့  ဒီစီဘောက် က ပီတီဖြစ်ကိုဖြစ်လောက်ခဲ့တာပါ ။။ ဒါကတော့ ဆုံးရှုံးသွား လို့ 
ဝမ်းနည်းတာပေါ့နော် ။။ ၀မ်းသာတယ် ဆိုတာကတော့ ကျမ၇ဲ့ရေးသားတင်ပြမှု ကျမ စိတ်ကလက်ခံနိုင်တာတွေကို ကူးယူ
တင်ပြခဲ့မှုတွေဟာ ရန်သူ ဒါမှမဟုတ် မသမာသူတွေ အပေါ် ဘယ်လောက် ထိခိုက်သွားသလဲဆိုရင် ကျမ ဘလော့ တစ်ခု
လုံးကိုဖျက်ပစ်ရလောက်အောင် သူတို့ ကိုခံစားချက်ပြင်းထန်သွားစေလို့ ပါ ။။ အဲလောက်သူတို့ စိတ်ဝင်စားလိမ့်မယ်လို့ ကျမ
မထင်ခဲ့ဘူးပေါ့ ။ ဒါလည်းတော်လှန်ရေးစကားနဲ့ပြောရင် အောင်နိုင်ခြင်းတစ်ခုပါပဲ ။။
ရန်သူကစိတ်ဝင်စားလို့ လာတိုက်တာပဲ သူတို့ ထိခိုက်နစ်နာလို့ လာတိုက်တာပဲ ဒါလည်း ကျမရဲ့ တင်ပြမှုတွေရဲ့အကျိုးသက်
ရောက်မှုပေါ့နော် ။။ ကျမဘလော့လေးကို ဟခ် လိုက်ပြီဆိုတော့ ဘလော့ကာမောင်နှမတွေ ဘာကူညီရမလဲ ဘာလုပ်ပေးရ
မလဲ ဆိုပြီး ၀န်းရံလာတဲ့ ဒီညနေ ဟာ လည်း ကျမ ရဲ့စိတ်ကိုပီတိတွေ ထပ်တိုးပွါးစေပါတယ်။ကိုယ်ဘာသာစာတွေရေးတင်
နေတုန်းကတော့ကိုယ့်အာ၇ုံနဲ့ကိုယ် ဘလော့လုပ်တာမိတ်ဆွေရင်း တွေဒီလောက်တိုးလာမယ်လို့ မထင်ခဲ့မိဘူး။ ခုပဲကြည့်လေဘလော့ကာညီမလေး တစ်ယောက်ဆို ညတွင်းချင်းပဲ ကျမ ပို့ (စ်) ချက်ချင်းတင်နိုင်ဖို့ ဒီဘလော့အသစ်လေး
ကို သူမပဲ တည်ဆောက်ပေးလိုက်တယ်။ အခက်အခဲ နဲ့ ကြုံလာအောင် ဖျက်ဆီးလိုက်တဲ့သူများကျေးဇူးတင်စရာကောင်းပါ့။
မဟုတ်ဘူးလား၇ှင် ။။ လောကမှာအဆိုးဖက်ကပါရမီဖြည့်တဲ့ ရာဇ၀င်တွေကလည်းရှိခဲ့ပေတာကိုး ဘာပဲဖြစ်ဖြစ် ကျမက ကျမ
လျောက်တဲ့လမ်း ဖြောင့်ဖြောင့်လျောက်မှာပါ ကျမ ဘယ်သူ့မှဘာကိုမှမကြောက်ပါဘူး ခုလို ကြွက်မနိုင်ကျီမီးနဲ့ရှို့ တဲ့အဟိတ်
လူတွေကိုပိုမကြောက်ပါဘူး သနားမိတာပါ သူတို့ ဟာကျမကို ပြစ်တင်ပြောဖို့  လုပ်ဇာတ်တွေနဲ့ အပုတ်ချလာတဲ့အခါစာဖတ်
ပရိတ်သတ်အစစ်တွေက ကျမအပေါ်ပိုယုံကြည်ကိုးစားလာကြတာပါပဲ ။။ ဘာမှမလုပ်နိုင်တဲ့အဆုံး ဘလော့ကိုဖျက်ဆီးပစ်ကြ
တာ ကျမရဲ့အောင်မြင်မှု ထင်ပေါ်ကျော်ဇော်မှုကိုပိုရအောင် တွန်းတိုက်ပေးလိုက်သလိုပါပဲ ။။ မည်သို့ ပင်ဆိုစေကာမူ ကျမ
မေအိခင် ကတော့ ပန်းပန်လျှက်ပါပဲ ။။။။

လူဆန်သောလူသားအားလုံးကိုချစ်ခင်လေးစားတဲ့

မေအိခင်(လယ်ဝေး)

13 comments:

ဒေါင်းမင်း said...

အန်မဂျီးရေ..ဘလော့ကိုသူတို့ဝင်ဖျက်လို့ရလား..
ကျွန်တော်ကိုလဲမဖိတ်ဘူး..အသစ်ပြန်လုပ်တာ..ကိုဖိုးတရုတ်ဆီကလိုက်
လာတာ..ဘာပဲပြောပြော..အားပေးနေတယ်..စီးပုံးပြန်ဆင်အုံးမဂျီးရေ

LRDP said...

ရလို့ ဖျက်သွားပြီကောကွယ် ညကတအားအိပ်ချင်လို့  အကုန်မဖိတ်ဖြစ်သေးတာ အသစ်လုပ်နေတယ်ဆိုပေမဲ့ဖြစ်ရုံပဲမို့ပါ
ကိုမိုးသီးကတော့ ပြန်ရနိုင်တယ် ဂူဂယ် ကအမြဲ အလုပ်လုပ်နေတယ်
ပြောတာပဲ -- ကျေးဇူးပဲ ဒေါင်းမင်း ရေ့

ကိုအောင် said...

လင့်ခ် ပြန်ထည့်ပြီးဘီ အမရေ။

လူလ said...

မင်္ဂလာပါ အမ

လာလည်သွား၏။ လခ့်လဲ့ တင်ပေးထားပါတယ်။

ရွှင်လန်းချမ်းမြေ့ပါစေ...

ကေမောင်ငြိမ်း said...

ဟုတ်ကဲ့ပါခင်ဗျာ၊ စိတ်မကောင်းပါဘူး၊ ကျွန်တော်အခုချက်ချင်း ပြန်လင့်ထားပါတယ်ခင်ဗျာ :)

ATN said...

စိတ်မကောင်းပါဘူး မအိ...

ကျနော့် Google Reader မှာတော့ မအိ blog ကို Feed ယူထားတာ ၂၀၀၈ ဇွန်လ ၂၀ ကနေ စပြီး မနေ့ကအထိ ပို့စ်တွေ မြင်နေရပါသေးတယ်... ပြန်ပြီး Retrieve လုပ်လို့ ရမရတော့ မသိဘူးပေါ့လေ...

ဘလော့ကို ဖျက်ခံလိုက်ရတာဆိုရင် G-mail account ရဲ့ password ကို သိနေလို့ (သို့) hack လို့ ရသွားလို့ပေါ့...

အကြံပေးချင်တာကတော့ နောက်တခါ account အသစ် ဖွင့်ပြီး သုံးရင်လည်း password ကို auto-save လုပ်ထားတာမျိုး မလုပ်သင့်ပါ... ကိုယ်တိုင် လက်နဲ့ ရိုက်ထည့်ပါ...

ပြီးတော့ password ကို အလွယ်တကူ hack လုပ်လို့ မရအောင် စာလုံးရေ များများ သုံးပါ (၂၂ လုံးထိ ရိုက်ထည့်လို့ရပါတယ်) ....
စာလုံးတွေမှာလည်း ရိုးရိုးစာလုံး (a, b, c, d.... ) တွေအပြင် Capital Letter (A, B, C, D.... ) တွေရယ်၊ ဂဏန်းတွေရယ် ရောသုံးရမယ့်အပြင် သီးသန့် စာလုံးတွေ (special character - >, #, *, ^, &, ~.... စသည်) နဲ့ပါ ရောပြီး password ကို တည်ဆောက်ပါ...
ဥပမာ - a{Z:9#/$q%W~7=>@*y6X_?
ဒီ ဥပမာမှာ စာလုံး ၂၂ လုံးပါပါတယ်...
ဒါဆို အလွယ်တကူ hack လို့ မရတော့ပါဘူး...

ပြီးတော့ UG တယောက်လို password ကို အလွတ် မရရအောင် ကျက်ထားပါ... ဘယ်နေရာမှာမှ ရေးမထားပါနဲ့...

ပြီးတော့ blog ကို backup လုပ်သင့်တယ်... blog မှာ setting Tab မှာ ရှိတဲ့ Export blog ကိုသုံးလို့လည်း ရပါတယ်...

ဒါကတော့ ကျနော် စဉ်းစားမိသလောက် အကြံပေးတာပါ...

ဘာပဲဖြစ်ဖြစ်ဗျာ blog တခုဆိုတာကလည်း သားသမီးတယောက် မွေးသလို မွေးလာရတာပဲလေ... ဆုံးရှုံးသွားရတာကတော့ တကယ် စိတ်မကောင်းစရာပါပဲ...

နောက်တခါတော့ ထပ် မဖြစ်ပါစေနဲ့ဗျာ...

ကူညီနိုင်တာရှိရင်လည်း ကူညီပေးပါရစေ...
ဒီမှာ ကျနော့် မေးလ်ပါ - augustine1703@gmail.com

အစစ အရာရာ အဆင်ပြေပါစေဗျာ...

ခွပ်ဒေါင်းမြေ said...

အစ်မမေရေ!... ကျွန်တော်လဲ ထိုနည်း၎င်း ပါပဲဗျာ... စစ်ခွေးတွေ တော်တော် သောင်းကြမ်း သွားပါတယ်... ဒီရေ ပါဗျာ... အခုတော့ ခွပ်ဒေါင်းမြေပေါ့... အရာရာ အောင်မြင်ပါစေ...

ဖြိုးဝေတိုး said...

အမတော်ရေ
အားပေးလျှက်ပါပဲ..
အိမ်အသစ်လေးက လှတယ်နော် ဗျ..
အနောက်ကိုမကြည့်တော့နဲ့ဗျာ အရှေ့သာဆက်လျှောက်တော့လို့နော်

ဖြိုးဝေတိုး said...

အမရေ ကိုအောင်သာငယ်ပြောသလို bakup လုပ်ထားပါ.
blogger dashboard>setting>basic>export ကိုကလစ်ပါ
ပြီးရင် download blog လုပ်ပြီး ကိုယ့်ကွန်ပြူတာမှာ save ထားပါ
ပြီးရင် web တနေရာမှာ တင်ထားလိုက်ပါ gmailထဲဖြစ်ဖြစ်ပေါ့

မုတ်ဆိုး .. said...

တောင့်ထားပါဗျာ..

Myo Win Zaw said...

အမရေလင့်သိသွားပါပြီ အားပေးလျက်ပါ

LRDP said...

တော်တော်မလွယ်တဲ့လူတွေနော့ သူခိုးကလူဟစ်ပြီး ဘလော့ကာစည်းမျဉ်း
ဖောက်တယ် တိုင်ရတယ် လို့  ရီလည်းရီချင် ဒေါလည်းပွ ကိုယ့်ရဲ့ ရိုက်
ချက်က အဲလောက်ပြင်းသွားမှန်းမသိပါဘူး --အားဖြည့်နေတဲ့ ဘလော့ကာ
ရောင်းရင်းတွေ ကို ပိုလေးစားခင်မင်ပါတယ် ။။
မေအိခင်

Unknown said...

ပြန်လည်ရ သွားလို့ ၀မ်းသာပါ၏
ကိုအောင်သာငယ်ပြောသလို အကျင့်လုပ်ထားလိုကပေါ့