welcome

၈၈၈၈ ကို ဘယ်သူတွေ စခဲ့စခဲ့ ပြည်သူတွေရဲ့ စုပေါင်းပါဝင်မှုက အခရာကျသလို ဘယ်သူတွေပေးဆပ်ပေးဆပ် အဖြူအစိမ်းလေးတွေရဲ့ နီရဲတဲ့သွေး တွေ က အမြဲ သက်သေ တည်နေပါတယ် ။

ထောင်ကျဆဲ ကျဆုံးသွားတဲ့ နိုင်ငံရေးအကျဉ်းသူရဲ့ ဈာပန နက်ဖန် ရေဝေးမှာ

Thursday, December 24, 2009

ကျဆုံးသူ - မတင်တင်ထွေး
အသက် -၃၈ နှစ်
၂၅ -၁၂-၂၀၀၉ နေ့ ခင်း (၂) တွင်ရေဝေးသုဿန်တွင် သဂြိုလ်မည်ဖြစ်ပါသဖြင့်
ရဲဘော်များအားလုံး လိုက်ပါပို့ ဆောင်နိုင်ရန်

နေအိမ်တွင် ၁၂း၀၀ နှင့် ၁း၀၀ အတွင်း ကားများ ထွက်မည် ဖြစ်သည်

အိမ်လိပ်စာ -- အမှတ် ၄၈ B
အုဒ်လမ်း
ရွှေနံ့ သာရပ်ကွက်


မနက်ဖန် အာဏာရှင် ကို ဆန့် ကျင်ရင်း ထောင်ဒဏ် နဲ့  ကျဆုံး သွားခဲ့တဲ့ မတင်တင်ထွေး ရဲ့
ဈာပန မီးသဂြိုလ် မှာမို့  တော်လှန်ရေးအင်အားစုတိုင်း ၀ိုင်းဝန်းပို့ ဆောင်ကြဖို့ တိုက်တွန်းနိုး
ဆော်လိုက်ပါတယ် ။။ ၁၉၈၈ ကစ ယနေ့ အထိ ယုံကြည်ချက်ကြောင့်အကျဉ်းကျခဲ့သူတွေထဲ
မှာ အမျိုးသမီးတွေ အမြောက်အများရှိပြီး အကျဉ်းထောင် ရဲ့ ဒဏ်တွေ ကြောင့် အပြင်ရောက်မှ
ပုံစံ မျိုးစုံနဲ့ သေဆုံးသွားခဲ့တဲ့ နိုင်ငံရေးအကျဉ်းသူတစ်ချို့ ရှိခဲ့ပေမဲ့လည်း မတင်တင်ထွေး က
တော့ ထောင်ထဲမှာဝေဒနာခံစားရင်း အပြင်ဆေးရုံ ထုတ်ကုရာမှ (ထောင်ကျရင်းပဲကွယ်လွန်)
သွားခဲ့ရပါတယ် ။ကျမ နိုင်ငံရေးအကျဉ်းသူဟောင်းတစ်ဦးအနေနဲ့ အင်မတန်မှကြေကွဲခံစားရ
ပါတယ် ။ ထောင်ဒဏ်ဆိုတာ ကိုယ်တိုင်ခံစားဖူးသူတိုင်း ပိုပြီး စာနာတက်ကြမှာပါ။ ကျမ သူမ
ကို မမြင်ဘူးပါဘူး ပါတီလူငယ်တွေ က သူကပါတီဝင် အမရေ ကင်းကွာမှုတော့ရှိခဲ့တယ်ပေါ့တဲ့-
၂၀၀၇ သံဃာထုရဲ့မေတ္တာပို့ ဆန္ဒပြုမှုမှာပါဝင်ခဲ့တဲ့ ကျမ နဲ့  အသက်တူ အမျိုးသမီးတစ်ဦး
ပြီးတော့ ကျမတို့ နဲ့ ယုံကြည်ချက် ထပ်တူကျခဲ့တဲ့သူ သူဟာ မသေသင့်ပဲသေခဲ့ရတယ်ဆိုတာ
တော့ မမှားတဲ့ ကျမယုံကြည်ချက်ပဲ ။။ပြတ်ပြတ်သားသားစွပ်စွဲ ရရင် တင်တင်ထွေး ကို စစ်အုပ်
စု သတ်တယ်လို့ ပဲ ကျမ စွဲချက်တင်ချင်ပါတယ် ။ ကျမတို့ ကိုယ်တိုင်သေလုမျောပါးဝေဒနာတွေ
ထောင်ထဲမှာခံစားခဲ့ရလို့  ကျမ ပိုနာကျဉ်းပါတယ် ။ သူဘာတွေ အခက်အခဲဖြစ်တယ် ဘာတွေ
လိုတယ် ဘယ်လို သီးခံခဲ့ရတယ် ဘယ်လို မျိုသိပ်ခဲ့ရတယ် ဘယ်လောက်ကြေကွဲခဲ့ရတယ် ဆို
တာတွေ ပြောသွားချင်မှပြောသွားနိုင်မှာဖြစ်ပေ မဲ့ -နိုင်ငံရေးအကျဉ်းသူတိုင်း ရဲ့ ထောင်ထဲဘဝ
ကြုံဆုံရမှုတွေဟာ ခြားနားမှာမဟုတ်ပါဘူး ။ ပို လို့ ဆိုးတာက ကျမ တို့ လည်း နေခဲ့ရဖူးတဲ့
အင်မတန်မှ ရာသီဥတုဆိုး ဆရာဝန်ဆိုးရှိတဲ့ သာယာဝတီထောင်မှာသူမနေခဲ့ရလို့ ပါပဲ။ခုတော့
န အ ဖရဲ့စနက်ကြောင့် အမျိုးကောင်းသမီး တစ်ဦးကျဆုံးသွားခဲ့ရပါပြီ ။ နိုင်ငံရေးအကျဉ်းသူဟောင်း
တစ်ဦးအနေနဲ့  မတင်တင်ထွေး ကျဆုံးသွားခဲ့ရတဲ့အပေါ် အင်မတန် မှ စစ်အုပ်စုကို ပိုလို နာကျဉ်း
ပါတယ် ။ မတင်တင်ထွေး ကွယ်လွန်ခြင်းအတွက် ကျမ ၀မ်းနည်းကြေကွဲပါကြောင်းနဲ့  ကမ္ဘာကြေ
သော်လည်း စစ်အုပ်စုကို ကျဆုံးကွယ်လွန်သွားသူတွေ အတွက် ဥဒါန်းမကြေပါဘူး ဆိုတာတင်ပြ
ရင်း မိသားစုနဲ့ ထပ်တူ ခံစားရပါကြောင်း

မေအိခင် (လယ်ဝေး)

1 comments:

ကိုအောင် said...

စာတွေ လာဖတ်တယ် အမ၊ နှစ်သစ်မှာ ပျော်ရွှင်ပါစေ။