welcome

၈၈၈၈ ကို ဘယ်သူတွေ စခဲ့စခဲ့ ပြည်သူတွေရဲ့ စုပေါင်းပါဝင်မှုက အခရာကျသလို ဘယ်သူတွေပေးဆပ်ပေးဆပ် အဖြူအစိမ်းလေးတွေရဲ့ နီရဲတဲ့သွေး တွေ က အမြဲ သက်သေ တည်နေပါတယ် ။

ကျန်စစ်သားငါ့ ကိုခိုးပြီ

Wednesday, December 23, 2009


ငရန်မာန်ကန်းလက်ထဲရောက်ချင်တဲ့ ခေတ်သစ်
စောလူး များကို သတိပေးရာရောက်သလို သူခိုး
ဓါးရိုးကမ်း နေသည့် သင့်ထိုက်နဲ့သင့်ကံ မခံရခင်
အမှန်ကိုမြင်ပါစေတော့ရယ် လို့ ရည်ရွယ်ပြီးကဗျာ
ပိုင်ရှင် ရဲရင့်သက်ဇွဲ ရဲ့ လင်္ကာလေးကိုနှစ်သက်စွာ
ထပ်မံဖေါ်ပြလိုက်ပါတယ် ။။
မေအိခင်(လယ်ဝေး)





၁။
နေ့တွေ ညတွေ
နေတွေ လတွေ
တရွေ့ရွေ့တိုက်စား
လှိုက်စားလာတဲ့ ဝေဒနာမှာ
ဘာကို ယုံလို့ 
ဘာတွေ ပုံအပ်ရမှာတဲ့လဲ ။
၂။

ဘယ်လိုခေတ်ဆိုးကြီးပါလိမ့်
ဟောဒီ အမှောင်ထုထဲမှာပဲ
အကြောက်တရားနဲ့ ချောက်ချားနေကြတော့မှာလား
အကြောက်တရားနဲ့  ဖောက်ပြားသွားတော့မှာလား။
ဇာတ်တူသားစားတဲ့ လူတန်းစားတရပ်
အမြစ်ဖြတ်ဖို့ လိုပြီ ။

မာယာများတဲ့ ကစားပွဲထဲ
ကံစမ်းမဲများ ပါလေမလား
အရောင်ပြောင်းလွယ်တဲ့
ဦးဆွေးဆံမြေ့ အမှုထမ်းလိုသူများရဲ့
အလိုရမ္မက်ဟာ
ပြိုကွဲပျက်စီးခြင်းနဲ့  အဆုံးသတ်ရလိမ့်မယ်။

၃။

ကံကိုယုံပြီး ဆူးပုံမနင်းနဲ့ 
ဆူးစူးတာပဲ ခံရမယ်။
အသက်ကို ဉာဏ်စောင့်တယ်
အောင်ပွဲနဲ့ အနာဂတ်ကို အမှန်တရားစောင့်တယ်
အဲဒီကြားက မင်းစောလူးရဲ့
ကျန်စစ်သား ... ငါ့ကို ခိုးပြီ ဆိုစကား
မင်းတို့နှုတ်ဖျားက ထွက်ကျလာရင်
မင်းတို့ထိုက်နဲ့  မင်းတို့ကံ
ခွေးသေဝက်သေ ကျန်ခဲ့ပေတော့
အဖန်ဖန်အခါခါ ကျွန်ပြုခံကြပေတော့။

၎။
အယုတ် အလတ် အမြတ် မရွေး
သမိုင်းပေးတာဝန်အရေးကို
ကိုယ့်အရေးလိုတွေး
နှစ်ထောင့်ရှစ် ဖွဲ့စည်းပုံအခြေခံဥပဒေကို
ဖျက်သိမ်းပေး
နှစ်ထောင့်တဆယ် ရွေးကောက်ပွဲကို
ဖျက်သိမ်းပေး
ဖျက်သိမ်းပေး ဖျက်သိမ်းပေး အရာများစွာ
ရွှေဂုံတိုင် ကြေညာစာတမ်းသာ
တတိုင်းပြည်လုံးရဲ့ အသက်ဖြစ်တယ်။ ။

ရဲရင့်သက်ဇွဲ
၂၀၀၉ ဒီဇင်ဘာ ၁၄

0 comments: