welcome

၈၈၈၈ ကို ဘယ်သူတွေ စခဲ့စခဲ့ ပြည်သူတွေရဲ့ စုပေါင်းပါဝင်မှုက အခရာကျသလို ဘယ်သူတွေပေးဆပ်ပေးဆပ် အဖြူအစိမ်းလေးတွေရဲ့ နီရဲတဲ့သွေး တွေ က အမြဲ သက်သေ တည်နေပါတယ် ။

လူ့ အခွင့်အရေးဆိုတာ စစ်အုပ်စု တို့ မကြားလိုပါ--မကြားလိုပါ

Wednesday, December 9, 2009




ဒီကနေ့ ဟာအပြည်ပြည်ဆိုင်ရာ
လူ့ အခွင့်အရေးနေ့  ဖြစ်ပေမဲ့ 
စစ်အုပ်စု ရဲ့ လူ့ အခွင့်အရေး
အဆိုးရွားဆုံးချိုးဖောက်ခဲ့တဲ့နှစ်
ပတ်လည်တစ်ခုဖြစ်တယ်ပြောရင်
မှားမှာမဟုတ်ပါဘူး --အဲဒီလို
ဘာလို့ ပြောလဲ ဆိုရင် လွန်ခဲ့တဲ့
၁၉၉၁ မှာ လူထုခေါင်းဆောင်
ဒေါ်အောင်ဆန်းစုကြည်ကို ကမ္ဘာ့
နိုဘယ်(လ်) ငြိမ်းချမ်းရေးဆုပေး
ခဲ့တဲ့အပေါ် ရန်ကုန်တက္ကသိုလ်
ကျောင်းသားတွေ က ထောက်ခံ မှုပြုခဲ့ကြတယ် ။တက္ကသိုလ်ကျောင်းဝင်းထဲ မှာစုပေါင်းပြီး နိုဘယ်(လ်)ဆု
ထောက်ခံမှုကို စစ်အုပ်စု က နှိမ်နှင်းပြီး ဖမ်းဆီးထောင်ချပစ်လိုက်ပါတယ် ။ တစ်ချို့ ကျောင်းသားတွေဆို
ဒေါ်အောင်ဆန်းစုကြည်ကိုနိုဘယ်(လ်)ဆုပေးတာထောက်ခံမှု ကြောင့်ထောင် (၁၅) နှစ်အထိကျခံခဲ့ကြရပါ
တယ် ။ တက္ကသိုလ်ကျောင်းသား ရာနဲ့ ချီကို ဖမ်းဆီးစစ်ဆေးပြီး အများစု ထောင်နှစ်ကြီးကျခံခဲ့ကြရပါတယ်။
စစ်အုပ်စုဟာ လူ့ အခွင့်အရေးဆိုတာ သူ့ တို့ အတွက် သူရဲသစ္ဆေ အလားပါပဲ ။။ငြိမ်းချမ်းရေး လို့ ပြောသူကို
ထောင် ပါးစပ်ပိတ်ဖို့ ထောင်ထဲ ထဲ့ရင် ဘယ်လိုများ ကျမတို့ စစ်အုပ်စုကို ညှိနှိုင်းဆွေးနွေးနိုင်ပါ့ မလဲ လို့ 
စဉ်းစားမိပါတယ် အမေ အမာ က ဦးဝင်းတင်ကိုပြောသလို နင်တို့ မောရုံပဲ ရှိမှာ သေချာနေပါလားလို့ ပေါ့
(နိုဘယ်(လ်) ဆုကို ထောက်ခံခဲ့သည့်၁၉၉၁ကျောင်းသားထု လှုပ်ရှားမှု ကိုဆက်လက်ဖေါ်ပြပါမည်)
မေအိခင်(လယ်ဝေး)

1 comments:

Nge Naing said...

ဒီနေ့မှာ ဒီအကြောင်းကို ဖေါ်ပြပေးတာ ကျေးဇူးတင်ပါတယ် မမေအိခင်။ ကျွန်မ ဒီနေ့လည် လူ့အခွင့်အရေး နေ့အကြောင်း တင်ရင် အချက်အလက် တခုအနေနဲ့ ထည့်ဖေါ်ပြလိုက်မယ်။ နောက်ဆက်ဖေါ်ပြမယ်ဆိုတာကိုလည်း စောင့်ဖတ်နေပါတယ်။