welcome

၈၈၈၈ ကို ဘယ်သူတွေ စခဲ့စခဲ့ ပြည်သူတွေရဲ့ စုပေါင်းပါဝင်မှုက အခရာကျသလို ဘယ်သူတွေပေးဆပ်ပေးဆပ် အဖြူအစိမ်းလေးတွေရဲ့ နီရဲတဲ့သွေး တွေ က အမြဲ သက်သေ တည်နေပါတယ် ။

မယုံစားနှင့်သူကကျား

Tuesday, December 8, 2009

သားစားသည့်ကျား၊သင်ယုံစား၍

မုသားမာယာ၊ပျားသကာကို

သာယာယစ်မူး၊သင်မရူးနှင့်၊

သေနေသည့်ကျား၊အတတ်မှားဖြင့်

ရွတ်ပွားမန္တန်၊ထ ရှင်ပြန်သော်

တဖန်ရန်လုပ်၊အစွယ်ထုတ်၍

ကျားကုတ်ကျားခဲ၊သင့်ပြန်မဲမှာ

မလွဲဧကန်၊ဖြစ်ရပ်မှန်မို့

အကြံကောက်ကျစ်၊မင်းဆိုးညစ်၏

နှစ်ထောင့်တစ်ဆယ်၊ပြည်ပျက်လွယ်မည့်

တွေ့ ဖွယ်မလွဲ၊ရွေးကောက်ပွဲကို

အမြဲမှတ်သား၊သင်ယုံစားက

မှောက်မှားမဆုံးရှိလိမ့်မည်။ ။

ရန်နိုင်ထွန်း
လွတ်မြောက်နယ်မြေ၊ကိုရီးယား

1 comments:

ခေါင်ခေါင် said...

မမ မေ.....
အမြဲသတိရနေတာပါ....
မမမေ တို့မိသားစု အားလုံး စိတ်ချမ်းသာ ကိုယ်ချမ်းသာ ကြပါစေ.. အန္တရာယ် အပေါင်းမှ ကင်းဝေးပါစေ... သူရဲကောင်းအပေါင်းတို့ရဲ့.. ပန်းတိုင် အမြန်ဆုံး ရောက်နိုင်ပါစေလို့.. ညီမလေး အမြဲ ဆုတောင်းနေပါတယ်..