welcome

၈၈၈၈ ကို ဘယ်သူတွေ စခဲ့စခဲ့ ပြည်သူတွေရဲ့ စုပေါင်းပါဝင်မှုက အခရာကျသလို ဘယ်သူတွေပေးဆပ်ပေးဆပ် အဖြူအစိမ်းလေးတွေရဲ့ နီရဲတဲ့သွေး တွေ က အမြဲ သက်သေ တည်နေပါတယ် ။

မွေးနေ့ အကြောင်းပြောဦးမယ်

Wednesday, November 4, 2009



မွေးနေ့ မှာ ကင်း ပုံကြီးတင်ထားပါလား မကဲ့ရဲ့ နဲ့ နော့
သဘောကိုတော်တော်ကျလို့ အိုက်ကောင်တွေသာယာဝတီ
ထောင်ထဲက အုပ်ပက်ကြားတွေမှာတစ်ပုံကြီးပဲသူ့ သွားထိ
မှပြန်တိုက်ခိုက်တာဗျသိတ်ကိုချစ်စရာကောင်းတဲ့ကောင်တွေ
အိမ်မှာရှိတဲ့ သေပြီးသားအလှဆင်ထားတာကို ဓါတ်ပုံရိုက်
ပြီး ကြွားလိုက်တာ--









ဒီကနေ့  နိုဝင်ဘာ (၅) မှာ ကျမ ၃၇ ပြည့်ပါပြီ တနှစ်ပိုကြီးသွားတော့ ယုံကြည်ချက်ပို ခိုင်မာလာတာပေါ့ မွေးနေ့ 
ဆိုရင် အမေ သိတ်နာကျင်ခံစားရမှာ သမီးလေးနှစ်ယောက် ကို မွေးခဲ့တဲ့ကျမ ပိုပြီး နားလည်လာတယ် မေမေကနုနယ်
တယ် ကျမလို့ အကြောတင်းမှမဟုတ်ပဲ ။ ဘလော့ကာ မိတ်ဆွေတွေ ကျမတို့ ဘ၀လေး ကြုံတုန်း -သိရအောင်

လယ်ဝေးမြို့ လယ်ဝေးဆေးရုံမှာ (၇)ရက် ဗိုက်နာ နေတဲ့ ကျမမိခင် ၀မ်းထဲကနေ ကျမ်းမာစွာပဲ ကျမ လူ့ လောကထဲ
ရောက်ခဲ့တယ် မေမေ ဗိုက်နာတာ တနင်္ဂနွေ တစ်ပတ်လည်သွား တယ်တဲ့  အဖိုး က သူ့ သမီး ကျမမေမေ ကိုသနား
လွန်းလို့  ကျမ ကိုတောင်စိတ်ဆိုးတယ်တဲ့ မေမေ့အဖွါး လယ်ဝေးသူ ဒေါ်စောခင် ကဆို ကျမ သိတက်စအရွယ်ထိကျမ
ကိုစိတ်ဆိုးကောင်းတုံးပဲ ။ဒီအဖြစ်သနစ်တွေ မေမေပြောပြခဲ့လို့ ခု ပြန်တွေးမိတိုင် ငါ မာကျောကျော ဖြစ်တာ ဒါ့ကြောင့်
လားပဲ လို့ တွေးမိပြန်တယ် ။ အဲ သူငယ်ချင်းတွေ နဲ့  ကိုယ့်မွေးရက် ကို ပြောမိကြပြန်ရင်လည်း သူတို့ က ကျမဖွါး
ဇာတာ က စကော်ပီယမ် ဖွါးမို့  ဆတ်ဆတ်ထိမခံ ဖြစ်တာတဲ့  လောကကြီးမှာ စကော်ပီယမ်ဖွါး လို့ သတ်မှတ်ခံရတဲ့ 
လူတွေ တစ်ပုံကြီးပါ ။ ထပ်တူဘယ်ကျပါ့မလဲ ဒါပေမဲ့ ကျမ ကကိုယ့်ကိုယ်ကိုယ် စကော်ပီယမ် လို့ ပြောရတာ သိတ်
သဘောတွေ့ နေတယ် ။ဘာ့ကြောင့်လဲ ဆိုရင်ကျမ ကို လူတွေ က မွေးနေ့ မေးတဲ့ အခါစကော်ပီယမ်ဖွါးလေလို့ ပြော
မိနေပြီးသားပဲ ။။ သူ့ ဖာသာသူများ ကို လိုက် စော်ကားတက်သူမဟုတ်ပေမဲ့ ကိုယ်ကို လာစော်ကားရင် ကင်းလိုပဲ
အဆိတ်ပြင်းတယ်ပေါ့ ။။ ဒါက ကိုယ့် မာန် ကလေးကို ရိုးသားစွာဖေါ်ပြတာပါ ။
မွေးနေ့ ရောက်တဲ့မနက် မိုးလင်းထဲ က မေမေ့ ကိုသတိရနေတယ် စိတ်ထဲ ငိုချင်သလိုပဲမေမေကဘယ်ဘ၀ မှာလဲလို့ 
တွေးမိတယ် ။ အဖေကို ပိုချစ်တဲ့သမီးက ဒီနှစ် အမေကိုပို မြင်ယောင်နေမိတယ် ။ကျမအတွက်တော့ထူးခြားတယ်ပေါ့
နံနက်ပိုင်း အုန်းနို့ ခေါက်ဆွဲချက် ရင်း စိတ်ထဲမှာ အမေ နဲ့  နေခဲ့ရတဲ့ ဘ၀ ကိုပဲ မြင်ယောင်နေမိတယ်။ ဒါ့ကြောင့်
မေမေ့အကြောင်းလေးရေးမယ်လို့  ရည်ရွယ်မိလိုက်တယ် ။ မေမေ က လယ်ဝေးမြို့ မျက်နှာဖုန်း တွေ ဖြစ်တဲ့  စိန်
မြင့်မြင့် ဆေးလိပ်ခုံပိုင်ရှင် တို့ ရဲ့ သမီးကြီးပါ သိတ်ပြီးသိမ်မွေ့ ပါတယ် (ကျမနဲ့ တစ်ခြားစီပါ) စကားပြောရင်ကျယ်
ကျယ်မပြောဘူး ။ အမိအဖကို သိတ်ရိုသေတယ် အိမ်ထောင်ပြုတာတောင် အဖွါးပေးစား သူကိုယူခဲ့တာပါ ။ မေမေက
အဲဒီ့ခေတ် က (၇)တန်း အောင် ပေါ့  ။။အနုပညာဗီဇလေး၇ှိတော့ ရန်ကုန်မြို့  ပန်တျာ ကျောင်း တက်ခဲ့တယ်။
အကနည်းပြဆရာမ ဖြစ်ခဲ့တယ် ။ လက်ကလေးတွေများ ပျော့ပြောင်းပြီး ကိုယ်လုံးလှလှလေးပေါ့ (ဒါလည်းကျမနဲ့ 
တခြားစီ)ဖြစ်ပြန်ရော ပြီးတော့ ကျမနဲ့ ခြားနားတာထပ်ပြောရရင် မေမေ ကသိတ်စိတ်ပျော့တာ ၀မ်းနည်းသိတ်လွယ်
တာ ခံစားချက်ကိုတော့ ဖေဖေ ဒုံမင်းတီးသံ ကြားက ထွက်လာတဲ့ မေမေ့သီချင်းသံတွေ ကသက်သေပါပဲ ။ခု ကျမ
မြန်မာသံစဉ်တွေ ဆိုမိလိုက်တိုင်း လူကြီးသူမတွေအံ့သြ ကြတာ မေမေ့ဆီက ကြားခဲ့ရတဲ့ နားရည်ဝမှုတွေပါပဲ ။
တိမ်တမံ တို့ နတ်ရှင်နောင်(ရတု) တို့  ငွလ၀န်းဘယ်ကျွန်းမှာသာ တမ်းတလို့ မေ့မှာမျော်ရတာ ဆိုတဲ့သံစဉ်တွေ
ဟာမသင်ပဲ ရခဲ့တဲ့  အမေ့အမွေပေါ့ ။ မေမေ့အကြောင်းပြောတော့ ဖေဖေ့ အကြောင်းချန်ထားလို့ မရပြန်ပါဘူး။။
ဖေဖေ ကတော့ ကျမသိတ်လေးစားအထင်ကြီးရတဲ့  ဘ၀ရှင် ကြီးပါပဲ ။ ကျိုထီးရိုးတောင်ကိုလှမ်းဖူးလို့ ရတဲ့ ကျိုက်
ထိုမြို့ ရွာငယ်လေးတစ်ရွာက လယ်လုပ်သူ သာမာန် မိသားစု ကမွေးလာပြီး လယ်မလုပ်ချင်လို့ ရန်ကုန် ပုရွက်ဆိတ်
ကုန်း က အဖိုးဘုန်းကြီး ဆီမှာ ဘုန်းကြီးကျောင်းသားလုပ်ပြီး ၁၀တန်း အောင်အောင် ပညာသင်ခဲ့ရသူပါ။ဖေဖေက
အမြင်သိတ်ကျယ်ပါတယ် ။ဆင်းရဲတာ ချမ်းသာတာ လူ့ အဆင့်မဟုတ်ဘူးသမီး - အသိတရားကြီးမားဖို့ ပဲကြိုးစား
ဖို့ ဖေဖေ လမ်းညွှန်ခဲ့ပါတယ် ။ ဖေဖေ ကအနုပညာသိတ်ဆန်တယ် လို့ ကျမ မထင်ဘူး ဒါပေမဲ့ ဒုံမင်း ပညာမှာ
ဖေဖေ့ ကိုတော်ရုံလူမယှဉ်နိုင်ခဲ့ပါဘူး ကြိုက်တဲ့ သီချင်းကြီးသီချင်းခံကို ဖေဖေ တီးနိုင်သလို ကျမ ကိုလည်းသီချင်း
ကြီးတွေ ပိုင်ပိုင်နိုင်နိုင်ဆိုတက်စေ့ချင်ပါတယ် ။ ကြည့်ပါဦး ကျမတို့ မိသားစု အမေ က BBI မှာအနုပညာနည်း
ပြဆရာမ အဖေ က လေကြောင်းပို့ ဆောင်ရေး (UBA) မှာ (ဘာအဆင့်လည်းကျမ မပြောတက်တော့ဘူး)သူ
တို့ ဟာ မဆလ လက်ထက်က ၀န်ထမ်းဆိုတော့ ကျမတို့ မိသားစုလေး က မရှိမရှား နေရတဲ့ဘ၀ပေါ့ ။ ဒါပေ
မဲ့ တမိသားစုလုံး အနုပညာ နဲ့  ထုံလွှမ်း နေပြီး ငြိမ်းချမ်းခဲ့တယ် လို့ ပြောရမှာပါပဲ ။ အဖေ စန္တယားခုံကြီး နဲ့ 
ဒုံမင်း တီး ကျမ ကဘေးကရပ် ဆိုရင် ရပ်ကွက်ထဲက လူတွေ အိမ်ေ၇ှ့မှာတန်းစီလို့ ကို နားထောင် ကြတာကျမ
မှတ်မိနေပါသေးတယ် ။ ဒါပေမဲ့  မေမေ က အသက် (၃၈) မှာ ကျမတို့ ကိုကျောခိုင်းသွားခဲ့တယ်။နိဂုံးသတ်
လိုက်ပါတော့မယ် ကျမ ကို လူလောကထဲ ကို မေမေ ပို့ ပေးခဲ့စဉ် က ဖြူဥနေလို့  ပိုးလိုမွေးသတဲ့ မေမေက
ကျမကို ပိုဟပ်ဖြူ ကြွေရုပ် လေး လို့ ခေါ်သတဲ့ ၊လယ်ဝေးကနေ ရန်ကုန်ကို အမြန်ရထားကြီး နဲ့ ရက်သမီးလေး
မှာပြန်ခေါ်လာတော့ ရထား ပေါ်မှာ ပုခက်ဆင်ပြီး ရထားတတွဲလုံးက ၀ိုင်းချစ်ကြတယ်တဲ့ အော်လိုက်တာ အသံ
ကိုပြဲနေတာပဲလို့  ကျမအဖွါးက ခုထိ ပြန်ပြန် ပြောပြတုန်း။ ခုတော့ အိုက်သမီးက စစ်အာဏာရှင်ကို ၁၅ နှစ်
သမီးထဲက တိုက်ခဲ့ရတဲ့သူပုန်မကြီး ဖြစ်နေတာ မေမေသိရင်ဖြင့် မျက်ရည်လေးတွေ နဲ့  ငါ့သမီး ဆိုပြီး ခုဖေဖေ
(ကျမ်းမာရေးယိုယွင်းနေတဲ့) သူများတွေကိုကြွားပြီးပြောနေသလို့  ငါ့ သမီးကွ လုပ် ချ သမီးလုပ်တာမှန်တယ်
လို့  ပြောပါ့မလား -- မြေးလေးတွေကိုတောင် ကောင်းကောင်းသိမသွားရှာတဲ့ ကွယ်လွန်သွာတဲ့ ကျမ မိခင်
ကို နောင်ဘ၀ကျရင် ပြန်ဆုံပြီး ကျွေးမွေးပြုစုချင်ပါဘိ ။ လို့  တွေးရင်း လူဖြစ်အောင်မွေးထုတ်ပေးခဲ့ရတဲ့မေမေ့
ကို ကာယကံဝစီကံမနော့ နဲ့ ပြစ်မှားမိခဲ့ရင်ခွင့်လွှတ်ဖို့  တောင်းပန်ရင်း မွေးဖွါးပေးခဲ့တဲ့ မိဘ နှစ်ပါးအတွက်ရည်
ရွယ်ပြီးသံဃာတော်တွေကို ဆွမ်းကပ် လေးစားကြည်ညိုရတဲ့လူကြီးမိဘ တွေ ကို မိမိ အသက်ရှည်ဖို့ သက်၇ှည်
အုန်းနို့ ခေါက်ဆွဲဆွမ်းလေး လှူဒါန်မှုပြုခဲ့ပါတယ် ။သာဓုခေါ်ဆိုနိုင်ကြပါစေ

မေအိခင်(လယ်ဝေး)

5 comments:

ကိုအောင် said...

happy birthday ပါ အမရေ၊ အသက်ရာကျော်
ရှည်ပြီး ပျော်ရွှင်ပါစေလို့ ဆုတောင်းပါတယ်။

Nge Naing said...

Happy birthday ပါ မမေအိခင်၊ အခုမှ ၃၇ နှစ်ပြည့်တာလား ငယ်လေးတာပဲ။ ကျန်းမာရွှင်လန်း ချမ်းမြေ့စွာဖြင့် မွေးနေ့ ၁၀၀ ကျော်အောင် ဖြတ်သန်းပြီး လိုရာဆန္ဒပြည့်ဝပါစေ။

Myo Win Zaw said...

ပျော်ရွှင်သောမွေးနေ့ပါ အမဖြစ်စေခြင်တဲ့ ဒီမိုကရေစီနိုင်ငံကြီး အမြန်ဖြစ်ပါစေ သားသမီးတွေနဲ့ ပြည်တော်ပြန်ကာ နိုင်ငံအကျိုးထမ်းဆောင်နိုင်ပါစေ

ဂျူနို said...

မွေးနေ့မှာ ပျော်ရွှင် ချမ်းမြေ့ပါစေ လို့ဆုတောင်းပေးပါတယ်။ အသက်ရာကျော်ရှည်ပါစေ။
လိုရာ ဆန္ဒတွေလည်း ပြည့်ဝပါစေ။

မိဘတွေ အကြောင်း ဖတ်ပြီး အိမ် လွမ်းသွားပါတယ်။

မအယ်

မေအိခင် said...

ကိုအောင် ၊ ညီမငယ်နိုင် ၊ ကိုမျိုးဝင်းဇော် နဲ့ ဂျူနီတို့ ရေ ကွန်မန့် တွေ အတွက်ကျေးဇူးတင်ပါတယ် ။
ပေးတဲ့ဆုတွေလည်းပြည့်ချင်ပါတယ် ။ သူသူငါငါ နယ်ခြားရောက်နေတဲ့ သူတွေ က ခံစားမှုတွေ ထပ်တူကျ ကြမှာပဲလို့ ယုံကြည်ပါတယ် ။
ချစ်ခင်လေးစားစွာ
မေအိခင်(လယ်ဝေး)