welcome

၈၈၈၈ ကို ဘယ်သူတွေ စခဲ့စခဲ့ ပြည်သူတွေရဲ့ စုပေါင်းပါဝင်မှုက အခရာကျသလို ဘယ်သူတွေပေးဆပ်ပေးဆပ် အဖြူအစိမ်းလေးတွေရဲ့ နီရဲတဲ့သွေး တွေ က အမြဲ သက်သေ တည်နေပါတယ် ။

ဖထီးဖဒိုမန်းရှာ ခြေရာနင်းမဲ့ ဇိုရာဖန်း

Tuesday, November 17, 2009

ကျမလည်း ဇိုရာဖန်း လေး ကို တော်တော်လေးစားချစ်ခင်မိပါတယ် သူမ ကို ပြီးခဲ့တဲ့ကရင့်တော်လှန်ရေးနေ့မှာမြန်မာပြည်တစ်နေရာ
မှာဆုံ တွေ့ ခဲ့တာ သူမရဲ့ ရဲရင့်ထက်မြတ်ပြီး သြဇာညောင်းလှတဲ့ အသံကို ကျမ ကြက်သီးတောင်ထမိပါတယ် ကျမထက်အများကြီးကို
ငယ်မဲ့ကလေးမလေးပါ ခုတော့ သူ့ ဘ၀ တော်လှန်ရေး ထဲမှာ ကိုမိုးသီးပြောသလိုကရင့်တော်လှန်ရေးအလံတစ်ဖက်ခွပ်ဒေါင်းအလံက
တစ်ဖက်နဲ့ သူမလည်း ပြည့်သူ့အတွက် ရပ် နေရပြန်ပါပြီ --မေအိခင်(လယ်ဝေး)




မာနယ်ပုလောမကျခင် မန်းရှာအိမ်က ကျနော်တို့ အားလုံးအတွက် စားအိမ်သောက်အိမ်၊နိင်ငံရေးပြသနာပေါင်းများစွားကိုအဖြေရှာတဲ့နေရာဖြစ်ခဲ့ဘူးတယ်။ ကျနော်တို့ နိင်ငံရေးအကြောင်းတွေကို အပြင်အထန်ဆွေးနွေးနေရင် ဆရာမန်းရှာဇနီး က ချက်ပြုတ်နေရင် နားစွင့်နေတယ်။ ဒီအချိန်မှာ မီးဖိုချောင် အပေါက်ဝ က ကုတ်ကုတ်လေးထိုင်ပြီးကြည့်နေတဲ့အသက် ၁၀ နစ်ခန့် ရှိတဲ့ ကလေးတယောက်ကိုလည်းသတိပြုမိတယ်။ ခုတော့ဒီကလေးက ကရင့်အမျိုးသားအလံတဖက်၊ ခွပ်ဒေါင်းအလံတဖက်ကိုကိုကိုင်ပြီး ကျနော်တို့ နဲ့ အတူတိုက်ပွဲဝင်လာရမယ်လို့ ကျနော် မထင်ထားမိခဲ့ပါဘူး။ သူကတော့ဇိုရာဖန်းပါ။


-----------------------------

ကျနော် အင်္ဂလန် သို့ ရောက်စဉ် ဇိုရာဖန်း နဲ့ တွေ့ ဆုံခဲ့တယ်။ ကျနော်တို့  တည်းနေရာ ဒက်ကနန် ဟိဝေး ရပ်ကွက်သို့ သူလာခဲ့သည်။ သူကိုမတွေ့ တာ ၁၀ နစ်နီးပါးကြာခဲ့ပြီဖြစ်ပါတယ်။ မနပုလောမကျခင်မှာသူကိုနောက်ဆုံးတွေခဲ့တယ်။ သူရယ်၊သူအဖေမန်းရှာရယ်၊သူမိခင်ကြီး နန်းရွေကျင်ရယ်။ သူအကို စေးစေးရယ်။သူအဖေသည်ကရင်တော်လှန်ရေးတွင်ကျဆုံးခဲ့ပြီ၊သူမိခင်ကြီးသည်လည်း တော်လှန်ရေးရဲဘော်တဦးဖြစ်ခဲ့သည်။ စက်သွယ်ရေးရဲဘော်တဦး၊၁၉၇၀၀န်ကျင်းကာလ မဆလခေတ် ဖြတ်လေးဖြတ်ကာလတွင် ရိုင်ဖယ်သေနပ်ကိုလွယ်ပြီး ရေစီးကြမ်းသော စစ်တောင်းမြစ်ကိုဖြတ်ကူးခဲ့သည့် အကြောင်းကိုကျနော်တို့ နားထောင်လို့ မရိုးခဲ့ဘူး။ ကရင်အမျိုးသားလှုပ်ရှားမှုမှာ သူ့ မိဘ နစ်ပါးစလုံးအသက်ပေးခဲ့ကြပါပြီ။ သူဟာငယ်သေးတယ်။ လူငယ်တယောက်ရဲ့ ပျှော်ရွှင်မှုတွေအပူအပင်ကင်းမှုတွေ သူခံစားသင့်ပါတယ်။

--------------------------------

သူဘ၀မှ ဒီအခြေအနေမရှိခဲ့ပါဘူး။ ကရင့်အမျိုးသားလှုပ်ရှားမှုက သူဘ၀ကို နက်ရှိုင်းစွာတည်ရှိနေတယ်။
စစ်အစိုးရကြောင့် ဒုက္ခအထွေထွေခံစားနေရတဲ့ ရင့်အမျိုးသားတွေ၊အမျိုးသမီးတွေ၊ကလေးသူငယ်တွေ
အတွက် သူဟာ မျက်မြင်သက်သေဖြစ်နေရ ပါပြီ။

သူမျက်နာကိုတွေ့ တော့ သူအဖေကိုသတိရလာမိတယ်။ သူမျက်နာသိပ်မပြောင်း၊ အလွန်းအမင်းရှက်တဲ့ပုံတော့မရှိတော့ဘူး ။ ကိုယ်ကိုကိုယ်ယုံကြည်မှုတွေရှိနေတယ်။ သူဖခင်ကြီးလိုပဲ ယုံကြည်မှုရှိတယ်။ ခင်မင်စရာကောင်းတာတွေရှိနေတယ်။ သူလုပ်နေတဲ့ လှုပ်ရှားမှု၊ နိင်ငံတကာ လှုပ်ရှားမှုအတွေ့ အကြုံတွေကို သူပြောပြတယ်။ သူရဲ့ ပြောင်းလဲတိုးတက်လာမှုတွေကို ကျနော် ၀မ်းသာမိတယ်။ သူရေးထားတဲ့သဘ၀အကြောင်းစာအုပ်ကိုကျနော်ကိုလက်ဆောင်ပေးတယ်။

အတုံးအရုံးပြုလဲမှုတွေကြားမှာ ရုမ်းကန်ထနိင်စွမ်းရှိနေတဲ့သူကို ဂုဏ်ပြုတဲ့အနေနဲ့  ခွပ်ဒေါင်းအလံတလက်အမှတ်တရပေးခဲ့တယ်။ဒီအလံကိုသိမ်းထားပါ။ခွပ်ဒေါင်းအလံဆိုတာအဖိနပ်ခံပြည်သူတွေဖက်ကအမြဲရပ်တည်နေမယ်ဆိုတဲ့သဘောပါ။ ကရင်အမျိုးသားတွေအတွက်ကရင်ပြည်နယ် ရပါစေ သမီး။

- မိုးသီးဇွန် -
မြန်မာပြည်လွတ်မြောက်ရေးအဖွဲ့ ချုပ်- FBF

0 comments: