welcome

၈၈၈၈ ကို ဘယ်သူတွေ စခဲ့စခဲ့ ပြည်သူတွေရဲ့ စုပေါင်းပါဝင်မှုက အခရာကျသလို ဘယ်သူတွေပေးဆပ်ပေးဆပ် အဖြူအစိမ်းလေးတွေရဲ့ နီရဲတဲ့သွေး တွေ က အမြဲ သက်သေ တည်နေပါတယ် ။

၁၂ ကြိမ်မြောက်ဥရောပရောက်မျိုးချစ်မြန်မာများညီလာခံ

Sunday, February 15, 2009

Free Burma, Free Aung San Suu Kyi

Forum of Burmese in Europe
BE, CZ, DE, DK , FIN, FR, NL, NO, PL, SE ,UK

၁၂ ကြိမ်မြောက်ဥရောပရောက်မျိုးချစ်မြန်မာများညီလာခံ

ရက်စွဲ။ ၇/ ၈ ဖေဖေါ်ဝါရီ ၂၀၀၉ ခုနှစ်

စပိန်နိုင်ငံ၊ ဘာစီလိုနာမြို့တွင်၂၀၀၉ခုနှစ်၊ဖေဖေါ်ဝါရီလ(၇)ရက်နှင့်(၈)ရက်နေ့များတွင်ကျင်းပခဲ့ သည့်ညီလာခံမှဆုံးဖြတ်ချက်များ။

၁။ စစ်အာဏာရှင်နအဖမှတဖက်သတ်ပြည်သူအပေါ်တွင်အနိုင်ကျင့်၍ပြုလုပ်ခဲ့သော၂၀၀၈ခုနှစ် အတုအယောင်တရားမ၀င်သည့်အခြေခံဥပဒေအား လုံးဝအသိအမှတ်မပြုနိုင်ကြောင်းနှင့်ဆက်
လက်၍ဆောင်ရွက်ကျင်းပမည့်အားလုံးပါဝင်နိုင်ခြင်းမရှိသည့်ရွေးကောက်ပွဲအားလည်းလုံးဝအသိအမှတ်ပြုခြင်းမရှိသည့်အပြင်ပြင်း
ထန်စွာကန့်ကွက်၍အတတ်နိုင်ဆုံးအင်တိုက်အားတိုက်နည်းမျိုးစုံဖြင့် ဆန့်ကျင်ဆောင်ရွက်တိုက်ခိုက်သွားမည်ဖြစ်ကြောင်း။

၂။ ကမ္ဘာ့ကုလသမဂ္ဂ၏လုံခြုံရေးကောင်စီနှင့်ပတ်သက်၍လန်ဒန်မြို့”BBC World Service” မှဖေဖေါ်ဝါရီလ(၇)ရက်နေ့တွင်တင်ဆက်ခဲ့သည့်” Intellegence Square Debate ” အားကိုးကား ချက်အရယင်းလုံခြုံရေးကောင်စီပြန်လည်ဖွဲ့စည်းရေးနှင့်ပတ်သက်၍ဒီမိုကရေစီနိုင်ငံများပိုမိုတိုးချဲ့ပါဝင်သောပြန်လည်ပြင်ဆင်ဖွဲ့စည်းမှု
အားပြုလုပ်ပေးရန်နှင့်စစ်အာဏာရှင်မှပြည်သူများအပေါ်တွင် ”Crime Against Humanity ”ခေါ်လူသားများအပေါ်တွင်ရာဇ၀တ်မှုကျူးလွန်ခြင်းအတွက်
” International Criminal Court” (ICC) ဖြစ်သည့်နိုင်ငံတကာရာဇ၀တ်မှုတရားရုံးသို့ ဖမ်းဆီးခေါ်ဆောင်၍အရေးယူပေးရန်ကုလသမဂ္ဂ၏ ”Responsiblity To Protect (R2P)”နည်းဥပဒေအရအမြန်ဆုံးဆောင်ရွက်ပေးရန်နှင့်အဝေးရောက်ပြည်ထောင်စုမြန်မာနိုင်ငံအ မျိုးသားညွန့်ပေါင်းအစိုးရ(NCGUB)အားလည်းကုလသမဂ္ဂတွင်ပိုမို၍ပြင်းထန်သည့်တင်ပြဆောင် ရွက်ချက်များပြုလုပ်ပေးရန်။

၃။ ပြည်ထောင်စုမြန်မာနိုင်ငံအမျိုးသားကောင်စီ(NCUB)၏လူထုတရပ်လုံးသို့အဆိုပြုတင်ပြချက် (Concept Paper)အရညွန့်ပေါင်းအစိုးရအားပိုမိုတိုးချဲ့ဖွဲ့စည်းရေးတွင်တိုင်းရင်းသားခေါင်းဆောင် များ၊အတတ်ပညာရှင်များနှင့်ဥရောပရောက်မျိုးချစ်မြန်မာများ၏ကိုယ်စားလှယ်များပါဝင်လျှက်(၃)လအချိန်ပိုင်းအတွင်းအပြီးသတ်
ဖွဲ့စည်းပေးရန်၊ ယင်းလူထုတရပ်လုံးသို့အဆိုပြုတင်ပြချက်တရပ် လုံးတွင်ပါဝင်သောအသေးစိတ်အချက်အလက်များကိုဥရောပနိုင်ငံတခုချင်းစီမှမိမိတို့၏သဘော
ထားကိုပြည်ထောင်စုမြန်မာနိုင်ငံအမျိုးသားကောင်စီ(NCUB)သို့သတ်မှတ်ထားသောအချိန်ကာလ ပိုင်းဖြစ်သည့်မတ်လ ၁၅ ရက်နေ့နောက်ဆုံးထား၍တင်ပြပေးရန်။

၎။ ပြည်ထောင်စုမြန်မာနိုင်ငံအမျိုးသားကောင်စီ (NCUB) ၏ Credentials Challenge ကိစ္စ နှင့်ပတ်သက်၍စစ်အာဏာရှင်နအဖအားမိမိတို့တတ်နိုင်သရွေ့နည်းမျိုးစုံဘက်ပေါင်းစုံဖြင့်ဆန့်ကျင်တိုက်ခိုက်ရန်လိုအပ်သည်နှင့်
အညီကုလသမဂ္ဂ၏အထွေထွေညီလာခံတွင်ပြည်ထောင်စုမြန်မာနိုင်ငံတော်နှင့်နိုင်ငံတော်သူ၊နိုင်ငံတော်သားအားလုံး၏ကိုယ်စား
တရားဝင်တင်ပြဆွေးနွေးဆုံးဖြတ်ခွင့်ကို ပြည်သူလူထု၏အချုပ်အချာအာဏာကိုအလွဲသုံးစွဲလုပ်ထားသည့်နအဖမှရရှိပြီးလျှင်၁၉၉၀ခုနှစ်အ ထွေထွေရွေးကေက်ပွဲကြီးမှပြည်သူများလွတ်လပ်စွာရွေးချယ်မဲပေး၍တင်မြှောက်လိုက်သည့်ပြည် ထောင်စုမြန်မာနိုင်ငံအမျိုးသားညွန့်ပေါင်းအစိုးရမှာလေ့လာသူများအဆင့်တွင်တက်ရောက်နေရ ခြင်းကိုထောက်ရှု၍
Credentials Challenge အစီအစဉ်အားဆောင်ရွက်နိုင်မည့်အဖွဲ့ အစည်းမှဆက်လက်ဆောင်ရွက်သွားရန်။

၅။ နိုဗယ်ဆုချီးမြှင့်ခြင်းနှင့်ပတ်သက်၍နိုဗယ်ဆုရွေးချယ်ရေးကော်မီတီသို့ ၂၀၀၇ ခုနှစ်စက်တင်ဘာ လတွင်ပေါ်ပေါက်ခဲ့သည့်ုငြိမ်းချမ်းစွာဆောင်ရွက်ခဲ့သောရွှေဝါရောင်လှုပ်ရှားမှုကြီးအတွင်းပါဝင်ခဲ့ကြသည့်မြန်မာရဟန်းတော်များနှင့်
သီလရှင်များအားထည့်သွင်းစဉ်းစားပေးရန်တင်ပြခြင်း။

၆။ ဥရောပသမဂ္ဂမှစစ်အာဏာရှင်နအဖအပေါ်တွင်ပိုမိုတိကျပြင်းထန်သည့်စီးပွားရေးပိတ်ဆို့မှုများ
(Targeted Sanctions) ချမှတ်ပေးရေးနှင့်လူသားခြင်းဆိုင်ရာထောက်ပံ့ခြင်း (Humanitarian Aid) ကိစ္စတွင်အောက်ခြေလူထုနှင့်နယ်စပ်ဒေသရှိတိုင်းရင်းသားများထံသို့ရောက်ရှိလျှက်တိကျပြတ်သားသောတာဝန်ယူမှုနှင့်
ရှင်းလင်းပြတ်သားခြင်း ( Accountability & Transparency) ရှိမှသာစစ်အာဏာရှင်နအဖ၏ အလွဲသုံးစားပြုမှုကိုကာကွယ်နိုင်မည်ဖြစ်ကြောင်းတင်ပြရန်။

ဆက်လက်ဆောင်ရွက်မည့်ကိစ္စများ။ (Working Plan)

အင်္ဂလန်နိုင်ငံ၊လန်ဒန်မြို့တွင် ၁၃ ကြိမ်မြောက် FBE ညီလာခံအား ၂၀၀၉ ခုနှစ် ဂျွန်လ ၁၉၊ ၂၀ ၊ ၂၁ ရက်နေ့တို့တွင်ကျင်းပရန်ပထမဦးစားပေးနှင့်ဒုတိယဦးစားပေးအဖြစ်ဂျာမဏီနိုင်ငံတွင်ကျင်းပရန်
ယင်းကာလအတွင်းစီစဉ်ဆောင်ရွက်နိုင်မည့် FBE အလုပ်အမှုဆောင်အဖွဲ့အားအောက်ပါအတိုင်း ရွေးချယ်လိုက်သည်။

(က)နော်ဝေးနိုင်ငံ
• ဦးကျော်သွင်
• ဦးဗိုလ်သောင်း
• ကိုသက်ထွန်းဦး
(ခ)ဂျာမဏီနိုင်ငံ
• ဦးနွယ်အောင် နှင့် မြန်မာ့ရေးရာအဖွဲ့မှ ၂ ဦး
(ဂ)ဒိန်းမတ်နိုင်ငံ
• ကိုမြင့်ဝေ
• ကိုတေဇသူရ
(ဃ)ပိုလန်နိုင်ငံ
• ဒေါက်တာသန်းထိုက်
(င)အင်္ဂလန်နိုင်ငံ
• ဆရာတော်ဦးဥတ္တရ
• ဒေါက်တာဝင်းနိုင်
• ကိုမြင့်ဆွေ
(စ)ဆွီဒင်နိုင်ငံ
• ကိုမင်းကျော်

ဤညီလာခံသို့မတက်ရောက်နိုင်ကြသည့်နယ်သာလန်နိုင်ငံ၊ဖင်လန်နိုင်ငံ၊ချက်သမ္မတနိုင်ငံ၊ပြင်သစ်နိုင်ငံ၊ဘယ်လ်ဂျီယံနိုင်ငံများမှ
အလုပ်အမှုဆောင်အဖွဲ့အတွက်မိမိတို့၏ကိုယ်စားလှယ်စါရင်းကို FBE အလုပ်အမှုဆောင်အဖွဲ့သို့ရက်သတ္တ ၄ ပတ်အတွင်းပို့ပေးရန်။
FBE ညီလာခံအတွက်အထွေထွေမတည်ရန်ပုံငွေကောက်ခံရာတွင်စုစုပေါင်းယူအက်စ်ဒေါ်လာ နှစ်ထောင်နှစ်ရာသုံးဆယ်ငါး
(၂၂၃၅) ရရှိလျှက်၎င်းမှပဏာမရရှိသောငွေသားဒေါ်လာခြောက်ရာ ရှစ်ဆယ်ငါး(၆၈၅) အား Woman of Burma Org. UK မှ ယာယီထိန်းသိမ်းထားပါသည်။

FBE ဘဏ္ဏာရေးကော်မီတီအဖြစ်
၁။ဆရာတော်ဦးဥတ္တရ
၂။ဒေါက်တာဝင်းနိုင်
၃။ဦးနွယ်အောင် တို့အားရွေးချယ်ခဲ့ပါသည်။


FBE ညီလာခံ၏လုပ်ငန်းဆောင်တာများပိုမိုစောလျှင်တိကျစွာဆောင်ရွက်နိုင်ရေးနှင့်အဖွဲ့ဝင်နိုင်ငံ များအချင်းချင်းပိုမိုကောင်းမွန်စွာဆက်ဆံနိုင်ရေးအတွက် Skype Meeting ကိုဖေဖေါ်ဝါရီလ ၂၂ ရက်(တနင်္ဂနွေ)နေ့
ညနေ ၅ နာရီ (လန်ဒန်စံတော်ချိန်)မှစ၍အပတ်စဉ်တနင်္ဂနွေနေ့ညနေ ၅ နာရီ (လန်ဒန်စံတော်ချိန်)တိုင်းတွင်ပြုလုပ်မည်ဖြစ်ကြောင်း။
စစ်အာဏာရှင်နအဖ၏၂၀၁၀ ခုရွေးကောက်ပွဲအားဆန့်ကျင်သည့်ဆောင်ရွက်မှု (Anti-Election Campaign) ကိစ္စအားအပတ်စဉ် Skype Meeting တွင်အသေးစိတ်ညှိနှိုင်းရန်ဆုံးဖြတ်လိုက်သည်။































The Forum of Burmese in Europe (FBE) represents a net work of Burmese people across Europe and is advocating for democracy, social justice and human rights in Burma. The FBE strongly rejects the military dictatorial rule in Burma and has been working closely together with the democratic forces around the world.

0 comments: