welcome

၈၈၈၈ ကို ဘယ်သူတွေ စခဲ့စခဲ့ ပြည်သူတွေရဲ့ စုပေါင်းပါဝင်မှုက အခရာကျသလို ဘယ်သူတွေပေးဆပ်ပေးဆပ် အဖြူအစိမ်းလေးတွေရဲ့ နီရဲတဲ့သွေး တွေ က အမြဲ သက်သေ တည်နေပါတယ် ။

(၆)လကြာ ခွဲခွါခဲ့ရတဲ့ ဦးမိုးသီးနဲ့ စုထိတာ ရွှေတိဂုံဘုရားမှာ ပြန်ဆုံတဲ့အခါ

Sunday, September 2, 2012

အိမ်မှာ သမီးလေးကို ပြောတယ် နက်ဖန် ကိုမိုးသီး မြန်မာပြည်ပြန်လာမှာ လို့ ပြောတော့ သူတွေ့ ရမှာလား
တဲ့  -သမီးဖေဖေ သွားကြိုလိမ့်မယ် ဆိုတော့ သူလည်း လိုက်မှရမယ် တဲ့ ။အတင်းဂျီကျတာနဲ့  ခေါ်ခဲ့ရ
တယ်။ ကိုမိုးသီး မဲဆောက် လာရင် ကျမတို့ ဆီ ၀င်ထွက်စားသောက်ခဲ့တော့ ကလေးက သိတ်ခင်တွယ်ပါ
တယ် ။ကိုမိုးသီးကို ကျမ က တချို့ ကိစ္စမှာ ပြစ်တင်ဝေဖန်ရင် ကိုမိုးသီး လာရင် တိုးတိုးပြေးတိုင်လေ့ရှိပါ
တယ်။ ကိုမိုးသီးက ကလေးတွေ စိတ်ကို တော်တော် အလို လိုက်တက်သူမို့  ကလေး ဗိုလ်လို့ တောင် ပြော
ရမယ် ။ ခု လေဆိပ်မှာ တိုးဝှေ့နေတဲ့ ၈၈ ထဲက နိုင်ငံရေးကျောင်းသားရေးလုပ်ခဲ့တဲ့ ၈၈ မျိုးဆက်တွေ ၊ NLD အဖွဲ့ ဝင်တချို့ ၊ ပြည်သူ ထဲက အဖိုးအိုတွေ၊ လူ့ ဘောင်သစ် တွေ အပြင် မိုးသီး ဆိုတာ ရင်ထဲ ကျန်နေ နေတဲ့ ပြည်သူ အားလုံး ၉၀၀နဲ့ ၁၀၀၀ ကြားက ကြိုဆို ကြတော့ ကျမသမီးလေး လူကြားညက်နေ
ပါရော ။ကိုမိုးသီး ကားအမိုးပေါ်တက်မှာ ကိုမိုးသီး ကို ဦးမိုးသီး ဦးမိုးသီးဆိုပြီး အားကုန်အော်ခေါ်နေတော့
အင်း --ဒီသမီးလေးတော့ နိုင်ငံရေးလုပ်၇င်ကောင်းမှာပဲ လို့ တွေးမိတယ် ။။
ရွှေတိဂုံရောက်တော့ သူတို့  တွေ့ ကြရပါတယ် ။။ ဘာပဲဖြစ်ဖြစ် မြန်မာပြည်မှာ မိုးသီးဇွန် ဟာ ပထမဆုံး ကျောင်းသားထု နဲ့  လူထု ရဲ့ အိမ်မက်ဖြစ်ခဲ့တာပဲ ကိုးးးးးးးးးးး

0 comments: