welcome

၈၈၈၈ ကို ဘယ်သူတွေ စခဲ့စခဲ့ ပြည်သူတွေရဲ့ စုပေါင်းပါဝင်မှုက အခရာကျသလို ဘယ်သူတွေပေးဆပ်ပေးဆပ် အဖြူအစိမ်းလေးတွေရဲ့ နီရဲတဲ့သွေး တွေ က အမြဲ သက်သေ တည်နေပါတယ် ။

အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ် ခေါင်းဆောင်များဖြစ်သော - ဘဘဦးတင်ဦး ဘဘဦးဝင်းတင်တို့  ထံ ဦးမိုးသီးဇွန်၊ဒေါက်တာအေးမင်း၊ဦးကိုကိုအောင်နှင့် ဦးရွှေစင်ထွန်း တို့ မှ ယနေ့  နေ့ လည် ၁၁း၃၀ တွင် သွားရောက် ဂါရ၀ပြုတွေ့ ဆုံခဲ့သည်။

Tuesday, September 11, 2012

အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ် ခေါင်းဆောင်များဖြစ်သော - ဘဘဦးတင်ဦး ဘဘဦးဝင်းတင်တို့  ထံ ဦးမိုးသီးဇွန်၊ဒေါက်တာအေးမင်း၊ဦးကိုကိုအောင်နှင့် ဦးရွှေစင်ထွန်း တို့ မှ ယနေ့  နေ့ လည် ၁၁း၃၀ တွင် သွားရောက် ဂါရ၀ပြုတွေ့ ဆုံခဲ့သည်။ ခေါင်းဆောင်များမှ နွေးထွေးစွာကြိုဆိုပြီး ၈၈ကျောင်းသားခေါင်းဆောင် ကိုမိုးသီးနှင့် အဖွဲ့ ၏ လာရောက်တွေ့ ဆုံမှုအပေါ် ၀မ်းမြောက်စွာကြိုဆိုကြောင်းနှင့် အောက်ခြေ ပုဂိုလ်များက မည်သို့ ပင် ဆက်ဆံစေ ဘဘတို့ အနေနှင့် ယခုကဲ့သို့  ဆက်စပ် တွေ့ ဆုံဆွေးနွေးနိုင်ကြခြင်းအပေါ်ဝမ်းမြောက်ကြောင်းနှင့် တစ်ဖွဲ့ တည်းမဟုတ်သော်လည်း ထိဆက် ဆက်ဆံ လုပ်ကိုင်သွားကြမည်မည်ဖြစ်ကြောင်းကို အဖွဲ့ ချုပ် ခေါင်းဆောင်နှစ်ဦးမှ ပြောကြားခဲ့သည်။ ဘဘဦးတင်ဦး ဘဘဦးဝင်းတင်တို့ မှ ကိုမိုးသီးတို့  သိလိုသည့် မေးခွန်းများကို အချိန် ၂း၀၀ ကြာသည့်တိုင် ဖြေကြားပေးခဲ့ပြီး တိုင်းပြည်အနာဂတ်တိုးတက်နိုင်ရန် နည်းလမ်းများဆွေးနွေးခဲ့ကြသည်။ လူထုခေါင်းဆောင်နှင့်တွေ့ ဆုံ နိုင်ရန်မှာ ဒေါ်စု၏ အမေရိကန် ခရီးစဉ်နှင့် နီးကပ်နေသဖြင့် စောင့်ရဦးမည်ဖြစ်သည်.။ ဦးထွန်းအောင်ကျော် ၊ ဦးယဉ်အေး၊ဦးမူးသာနှင့် ဦးကိုကိုလေးတို့ မှာ သာယာဝတီသုံးဆယ် ခရီးစဉ်အားပြင်ဆင်ပြီး ဖြစ်သဖြင့် -နောက်တစ်ကြီမ် ဂဦးလုံးတွေ့ ဆုံဂါရ၀ပြုသွားမည်ဖြစ်သည်.

0 comments: