welcome

၈၈၈၈ ကို ဘယ်သူတွေ စခဲ့စခဲ့ ပြည်သူတွေရဲ့ စုပေါင်းပါဝင်မှုက အခရာကျသလို ဘယ်သူတွေပေးဆပ်ပေးဆပ် အဖြူအစိမ်းလေးတွေရဲ့ နီရဲတဲ့သွေး တွေ က အမြဲ သက်သေ တည်နေပါတယ် ။

ပြည်ပတွင် ခွဲစိတ်အထူးကုဆရာဝန်ကြီး ဖြစ်နေသည့် ABSDF မှ ဒေါက်တာအေးမင်း ယနေ့ မြန်မာပြည်သို့ ပြန်ခဲ့သည် ။ ABSDF အမှတ်တံဆိပ်ပါ လွယ်အိပ်ကိုစလွယ်သိုင်း၍ လေယာဉ်ပေါ်မှဆင်းလာသည့် ဒေါက်တာအေးမင်းမှာ ၈၈၈၈ တွင် နောက်ဆုံးနှစ်ဆေးကျောင်းသားဖြစ်သည် စစ်အာဏာရှင်ကိုတော်လှန်ရင်း လက်နက်ကိုင် တိုက်ပွဲဝင်ရန်ယုံကြည်ချက်ဖြင့် တောခိုခဲ့သည်။ လက်နက်ကိုင်တိုက်ပွဲတွင်လည်းကောင်း ဆရာဝန်ပညာဖြင့် စစ်သည်ကျောင်းသားများကို ပြုစုစောင့်ရှောက်ရာတွင် လည်းကောင်း လူအလေးအစားအကြည်ညိုခံရသော် ABSDF မှစစ်သည်ကောင်းဖြစ်သည်။ ယနေ့ ထိ သူတက်မြောက်ထားသောဆရာဝန်ပညာဖြင့်ရရှိခဲ့သည့် လုပ်ခ လစာကို တော်လှန်ရေး ရဲဘော်ရဲမေများကို ထောက်ပံ့ ကူညီနေသူဖြစ်သည်.အေးဆေးရိုးရှင်းစွာနေထိုင်တက်ပြီး လူအသိခံချင်သူမဟုတ်ပဲ ယုံကြည်ချက် ခိုင်မာ ပြတ်သားသူဖြစ်သဖြင့် အများကြည်ညိုလေးစားခံရသူဖြစ်ပါသည်။

Monday, September 10, 2012


0 comments: