မြန်မာနိုင်ငံဖွံဖြိုးရေးကို ဆောင်ရွက်မဲ့ နိုင်ငံအတော်များများရဲ့ အစိုးရ အဖွဲ့ တွေ ထဲ မှာ ပါတဲ့အမျိုးသမီး ၁၃ဦး နဲ့  ကျမတို့ 
တိုင်းပြည်မှာ နောက်ပြန်လှည့်နိုင်တဲ့ အခြေအနေတွေ ဖြစ်နေ
Posted by LRDP at 8:17 AM 0 comments
မြန်မာပြည်သို့  Gender လာပြီ
Friday, November 9, 2012
အလုပ်သမားရေးကို အဖွဲ့ မတူပဲ တသဘောထဲ ဆောင်ရွက်နေတဲ့  နိုင်ငံရေးလောကက ထောင်ထွက် မိန်းမ သုံးယောက်ဖြစ်တဲ့ မမာမာဦး (၈၈ အဖွဲ့ ) မစုစုနွေး (ကိုယ်တိုင် ForceLabour အခိုင်းစေခံရတဲ့အတွက် အာဏာပိုင်ကို အံတုခဲ့သူ) နဲ့ ကျမ မအိရွှေစင်ညွန့်  တို့  ဒီ၂ရက်Posted by LRDP at 8:30 AM 1 comments
တော်ဝင် သစ်အချောထည်စက်ရုံထဲ ကို အလုပ်သမားလက်ခံပြီးမှ အပြင်ပန်းရံ ဆိုဒ် ပုံစံ အလုပ်လုပ်ရတဲ့ ကိစ္စ
Wednesday, November 7, 2012
တော်ဝင်သစ်အချောထည် စက်ရုံ က အလုပ်သမားတွေ ဘာ့ကြောင့် ပေါက်ကွဲမှု ကြီးမားလာလဲ -- အခြေခံ နေ့  လုပ်ခ ၂၀၀၀ ကျပ် ၃၀၀၀ကျပ်နဲ့  နေ့ စား အပတ်ရှင်း နဲ့  အလုပ်သမားတွေ ခေါ်ပါတယ် တချို့ ဆို လုပ်သက် ၁၅ နှစ်ရှိပြီ ဖြစ်ပေမဲ့ ပါမစ်နစ်မရှိ တနေ့ လုပ်မှ တနေ့ စPosted by LRDP at 7:53 AM 0 comments
သြစတေးလျာ မှ ရောက်ရှိလာသော အလုပ်သမားဝန်ကြီး နှင့် မိမိ ဆွေးနွေး ခဲ့
Friday, October 26, 2012
Posted by LRDP at 8:55 AM 0 comments
ကုန်တင်ကုန်ချအလုပ်သမားများနှင့် ကျမတို့  LRDP အလုပ်သမားအခွင့်အရေးကာကွယ်မြှင့်တင်သူများ
Posted by LRDP at 9:24 AM 0 comments
မကွေးတိုင်း ပခုက္ကူ က အလုပ်သမားတွေ ဖိတ်ကြားမှုကြောင့်  ၂၇-၉-၂၀၁၂
Monday, October 1, 2012
အလုပ်သမားအဖွဲ့ ရဲ့ ကျပြီးသားမှတ်ပုံတင် ကို မြို့ နယ်ရဲမှုး က မှတ်ပုံတင် စာရွက် အတုကြီးပါဆိုပြီး အလုပ်သမား အဖွဲ့ ဥက္ကဌ ကို ခေါ်ယူ ခြိမ်းခြောက်တာကြောင့် ရယ် ILO တံဆိတ် ခပ်နှိပ်ထားတဲ့ စာကို တွေ့ လို့ ထောင် ၅နှစ် ချမယ် ဆိုတာကြောင့် ပခုက္ကူဒေသ ကို ကျမ တို့အမြန်သွားရောက် ခဲ့တယ် ။Posted by LRDP at 1:01 AM 0 comments
အညာမြေက ကုန်တင်ကုန်ချအလုပ်သမားများနဲ့ ကိုယဉ်ထွေး
Friday, September 21, 2012
အထက်မြန်မာပြည်က အလုပ်သမားအဖွဲ့ တွေ မှတ်ပုံတင် ကျပါပြီ ။ တချို့ ကျန်နေသေးပါတယ် ။Posted by LRDP at 9:54 AM 0 comments
စစ်တိုက်ခဲ့တဲ့ကျောင်းသားတွေ ဘဘတို့ ကို လက်အုပ်ချီမိုးရှစ်ခိုး ပြီးဂါရ၀ပြုခဲ့ကြတယ်
ပြည်ပမှ ပြည်သူလူထုဖွံ ဖြိုးရေး အတွက်ရောက်ရှိလာသော ကိုထွန်းအောင်ကျော် ဒေါက်တာအေးမင်း ကိုမိုးသီးဇွန် ကိုကိုအောင် ကိုယဉ်အေး ဦးကိုကိုလေး ကိုမူးသာနှင့် ကိုရွှေစင်ထွန်းတို့ မှအဖွဲ့ ချုပ်ခေါင်းဆောင်များနှင့် ဒုတိယအကြိမ်သွားရောက်တွေ့ ဆုံ နှတ်ဆက်၍ ရှစ်ခိုးဂါရ၀ပြုခဲ့ကြသည်
Posted by LRDP at 9:33 AM 0 comments
နာရေးကူညီမှုအသင်းမှ ECG စက်များအားလေ့လာ နေသော ဒေါက်တာအေးမင်း
အမေရိကန်တွင် ဆရာဝန် ဘွဲ နှင့် အထူးကုဘွဲ့ ကို ရရှိခဲ့သော ABSDF မှဒေါက်တာအေးမင်းသည်မြန်မာပြည်သို့  လာရောက်ရာတွင် အချည်းအနှီးမနေပဲ မိမိတက်သောပညာဖြင့် ပြည်သူ့ အကျိုးဆောင်ရွက်နေသူများထံ သွားရောက်လေ့လာခဲ့သည်။
Posted by LRDP at 9:33 AM 0 comments
ဒေါက်တာအေးမင်း မှဆရာဝန်ကြီး ဒေါက်တာတင်မျိုးဝင်း ထံ
Tuesday, September 11, 2012
ဒေါက်တာအေးမင်း မှ လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်၏ မိသားစု ဆရာဝန်ကြီး ဒေါက်တာတင်မျိုးဝင်း ထံ ယနေ့  သွားရောက်တွေ့ ဆုံပြီး ပြည်သူ့ ကျမ်းမာရေးဆိုင်ရာ သိလိုသည်ကို လေ့လာခဲ့သည်။Posted by LRDP at 9:53 AM 0 comments
အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ် ခေါင်းဆောင်များဖြစ်သော - ဘဘဦးတင်ဦး ဘဘဦးဝင်းတင်တို့  ထံ ဦးမိုးသီးဇွန်၊ဒေါက်တာအေးမင်း၊ဦးကိုကိုအောင်နှင့် ဦးရွှေစင်ထွန်း တို့ မှ ယနေ့  နေ့ လည် ၁၁း၃၀ တွင် သွားရောက် ဂါရ၀ပြုတွေ့ ဆုံခဲ့သည်။
အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ် ခေါင်းဆောင်များဖြစ်သော - ဘဘဦးတင်ဦး ဘဘဦးဝင်းတင်တို့  ထံ ဦးမိုးသီးဇွန်၊ဒေါက်တာအေးမင်း၊ ဦးကိုကိုအောင်နှင့်
ဦးရွှေစင်ထွန်း တို့ မှ ယနေ့  နေ့ လည် ၁၁း၃၀ တွင် သွားရောက် ဂါရ၀ပြုတွေ
့ဆုံခဲ့သည်။ ခေါင်းဆောင်များမှ နွေးထွေးစွာကြိုဆိုပြီး
၈၈ကျောင်းသားခေါင်းဆောင် ကိုမိုးသီးနှင့် အဖွဲ့ ၏ လာရောက်တွေ့ ဆုံမှုအပေါ်
ဝမ်းမြောက်စွာကြိုဆိုကြောင်းနှင့် အောက်ခြေ ပုဂိုလ်များက မည်သို့ ပင် ဆက်ဆံစေ ဘဘတို့ အနေနှင့် ယခုကဲ့သို့  ဆက်စပ် တွေ့ ဆုံဆွေးနွေးနိုင်ကြခြင်းအပေါ်ဝမ်းမြောက်ကြောင်းနှင့် တစ်ဖွဲ့ တည်းမဟုတ်သော်လည်း ထိဆက် ဆက်ဆံ လုပ်ကိုင်သွားကြမည်မည်ဖြစ်ကြောင်းကို
အဖွဲ့ ချုပ် ခေါင်းဆောင်နှစ်ဦးမှ ပြောကြားခဲ့သည်။ ဘဘဦးတင်ဦး
ဘဘဦးဝင်းတင်တို့ မှ ကိုမိုးသီးတို့  သိလိုသည့် မေးခွန်းများကို အချိန်
၂း၀၀ ကြာသည့်တိုင် ဖြေကြားပေးခဲ့ပြီး တိုင်းပြည်အနာဂတ်တိုးတက်နိုင်ရန်
နည်းလမ်းများဆွေးနွေးခဲ့ကြသည်။ လူထုခေါင်းဆောင်နှင့်တွေ့ ဆုံ နိုင်ရန်မှာ
ဒေါ်စု၏ အမေရိကန် ခရီးစဉ်နှင့် နီးကပ်နေသဖြင့် စောင့်ရဦးမည်ဖြစ်သည်.။
ဦးထွန်းအောင်ကျော် ၊ ဦးယဉ်အေး၊ဦးမူးသာနှင့် ဦးကိုကိုလေးတို့ မှာ
သာယာဝတီသုံးဆယ် ခရီးစဉ်အားပြင်ဆင်ပြီး ဖြစ်သဖြင့် -နောက်တစ်ကြီမ်
ဂဦးလုံးတွေ့ ဆုံဂါရ၀ပြုသွားမည်ဖြစ်သည်.
Posted by LRDP at 9:47 AM 0 comments
ABSDF က ဒေါက်တာအေးမင်း ဟာ မြန်မာပြည် ကပြည်သူတွေ ကျမ်းမာရေးအတွက် သူအမေရိကမှာဆည်းပူးခဲ့ ခွဲစိတ်အထူးကု ပညာရပ်ကို အသုံးပြုသွားမှာဖြစ်ပါတယ် ။
Posted by LRDP at 9:47 AM 0 comments
ပြည်ပတွင် ခွဲစိတ်အထူးကုဆရာဝန်ကြီး ဖြစ်နေသည့် ABSDF မှ ဒေါက်တာအေးမင်း ယနေ့ မြန်မာပြည်သို့ ပြန်ခဲ့သည် ။ ABSDF အမှတ်တံဆိပ်ပါ လွယ်အိပ်ကိုစလွယ်သိုင်း၍ လေယာဉ်ပေါ်မှဆင်းလာသည့် ဒေါက်တာအေးမင်းမှာ ၈၈၈၈ တွင် နောက်ဆုံးနှစ်ဆေးကျောင်းသားဖြစ်သည် စစ်အာဏာရှင်ကိုတော်လှန်ရင်း လက်နက်ကိုင် တိုက်ပွဲဝင်ရန်ယုံကြည်ချက်ဖြင့် တောခိုခဲ့သည်။ လက်နက်ကိုင်တိုက်ပွဲတွင်လည်းကောင်း ဆရာဝန်ပညာဖြင့် စစ်သည်ကျောင်းသားများကို ပြုစုစောင့်ရှောက်ရာတွင် လည်းကောင်း လူအလေးအစားအကြည်ညိုခံရသော် ABSDF မှစစ်သည်ကောင်းဖြစ်သည်။ ယနေ့ ထိ သူတက်မြောက်ထားသောဆရာဝန်ပညာဖြင့်ရရှိခဲ့သည့် လုပ်ခ လစာကို တော်လှန်ရေး ရဲဘော်ရဲမေများကို ထောက်ပံ့ ကူညီနေသူဖြစ်သည်.အေးဆေးရိုးရှင်းစွာနေထိုင်တက်ပြီး လူအသိခံချင်သူမဟုတ်ပဲ ယုံကြည်ချက် ခိုင်မာ ပြတ်သားသူဖြစ်သဖြင့် အများကြည်ညိုလေးစားခံရသူဖြစ်ပါသည်။
Posted by LRDP at 9:35 AM 0 comments
လှိုင်သာယာမှာ အလုပ်သမားတွေ ဆန္ဒပြတယ် ။တရားဝင် တောင်းဆိုပြီး ဆန္ဒထုတ်ဖေါ်တာဖြစ်တဲ့အတွက် အန္တယယ်တော့မရှိပါ ။
Posted by LRDP at 4:07 AM 0 comments
(၆)လကြာ ခွဲခွါခဲ့ရတဲ့ ဦးမိုးသီးနဲ့ စုထိတာ ရွှေတိဂုံဘုရားမှာ ပြန်ဆုံတဲ့အခါ
တဲ့  -သမီးဖေဖေ သွားကြိုလိမ့်မယ် ဆိုတော့ သူလည်း လိုက်မှရမယ် တဲ့ ။အတင်းဂျီကျတာနဲ့  ခေါ်ခဲ့ရ
တယ်။ ကိုမိုးသီး မဲဆောက် လာရင် ကျမတို့ ဆီ ၀င်ထွက်စားသောက်ခဲ့တော့ ကလေးက သိတ်ခင်တွယ်ပါ
တယ် ။ကိုမိုးသီးကို ကျမ က တချို့ ကိစ္စမှာ ပြစ်တင်ဝေဖန်ရင် ကိုမိုးသီး လာရင် တိုးတိုးပြေးတိုင်လေ့ရှိပါ
တယ်။ ကိုမိုးသီးက ကလေးတွေ စိတ်ကို တော်တော် အလို လိုက်တက်သူမို့  ကလေး ဗိုလ်လို့ တောင် ပြော
ရမယ် ။ ခု လေဆိပ်မှာ တိုးဝှေ့နေတဲ့ ၈၈ ထဲက နိုင်ငံရေးကျောင်းသားရေးလုပ်ခဲ့တဲ့ ၈၈ မျိုးဆက်တွေ ၊ NLD အဖွဲ့ ဝင်တချို့ ၊ ပြည်သူ ထဲက အဖိုးအိုတွေ၊ လူ့ ဘောင်သစ် တွေ အပြင် မိုးသီး ဆိုတာ ရင်ထဲ ကျန်နေ နေတဲ့ ပြည်သူ အားလုံး ၉၀၀နဲ့ ၁၀၀၀ ကြားက ကြိုဆို ကြတော့ ကျမသမီးလေး လူကြားညက်နေ
ပါရော ။ကိုမိုးသီး ကားအမိုးပေါ်တက်မှာ ကိုမိုးသီး ကို ဦးမိုးသီး ဦးမိုးသီးဆိုပြီး အားကုန်အော်ခေါ်နေတော့
အင်း --ဒီသမီးလေးတော့ နိုင်ငံရေးလုပ်၇င်ကောင်းမှာပဲ လို့ တွေးမိတယ် ။။
ရွှေတိဂုံရောက်တော့ သူတို့  တွေ့ ကြရပါတယ် ။။ ဘာပဲဖြစ်ဖြစ် မြန်မာပြည်မှာ မိုးသီးဇွန် ဟာ ပထမဆုံး ကျောင်းသားထု နဲ့  လူထု ရဲ့ အိမ်မက်ဖြစ်ခဲ့တာပဲ ကိုးးးးးးးးးးး
Posted by LRDP at 4:00 AM 0 comments
လူ့ ဘောင်သစ်ဒီမိုကရက်တစ်ပါတီ ဥက္ကဌ ကိုမိုးသီး ကို မြန်မာပြည်ထဲ အခိုင်အမာလူ့ ဘောင်သစ်တာဝန်တွေကို ထမ်းဆောင်နေတဲ့ ကိုဇေယျက ကြိုဆိုပုံ
Posted by LRDP at 3:30 AM 0 comments
ထောင်ထဲ အတူနေခဲ့တဲ့ ညီအမတွေ ရှစ်လေးလုံး အခန်းအနားမှာပြန်ဆုံကြတယ် ။မပြုံးပြုံးအေးရယ် ကျမရယ် မချိုနွယ်ဦးရယ်ထောင်မကျပေမဲ့ ပါတီမှာ ရပ်ခဲ့တဲ့ ရဲဘော်မိတ်ဆွေ ညီမလေး မြတ် ရယ်ပေါ့
Posted by LRDP at 9:14 AM 0 comments
ဝိညာဉ်များနှင့်အတူ
Friday, July 27, 2012
ရှစ်ဆယ့်ရှစ်ရဲ့ည
ကျမကလေးဘ၀ပါ--
အကျီ င်္အဖြူ စကက်အစိမ်းနဲ့ 
ကျမလည်း စွာရဲခဲ့သူပဲပေါ့
ထ(၁) အင်းစိန် စုရပ် က
ရှစ်ဆယ့်ရှစ် ညအတွက်
ထင်ရှားတဲ့မှတ်တိုင်ပေါ့
အင်းစိန် ဆူးလေထိ လမ်းလျောက်
ကျမအဲဒီည အိမ်ကပျောက်ခဲ့တယ်
ပူလောင်စပ်ဖျင်း မောပမ်းခြင်းနဲ့ အတူ
အာခေါင်ကွဲအက်အသံတွေမထွက်တော့တဲ့ညပေါ့
ဒါပေမဲ့ဘေးဝဲယာက ပြည်သူ့ အသံ
ပင်ပမ်းရဒဏ်ပြေပြီပဲလေ
ဆားသံပရာခွံ့ ကျွေးလာတဲ့ပြည်သူ
ဖြူဖြူမဲမဲ ကျမနုတ်ခမ်း ဟပေးမြဲပေါ့
ဘယ်သူဦးဆောင်ဦးဆောင်
အားလုံးဟာတစ်သံတည်းပါ
အရေးတော်ပုံအောင်ရမည်
တဖြောင်းဖြောင်းလက်ခုတ်သံတွေရဲ့ကြား
မြို့ တော်ခမ်းမရှေ့ကိုရောက်သွားကြပြီ
ကျမကိုချီမရဲဘော်တစ်ဦးက
ငါ့ညီမငယ် ဒါဟောကွယ်တဲ့
ဘယ်သူဘယ်ဝါမသိ
ကျမစာရွက်ကိုင်ပြီးအသံကုန်ဟစ်တော့
လက်ခုတ်သံတွေမဆဲ
ဟုတ်တယ်ဟုတ်တယ်သြဘာပေး
ကျမ နထင်သွေးကြွ
အဲဒါကျမရဲ့တော်လှန်ရေးအစပါ
တက်နိုင်သူကလက်ကိုင်ပ၀ပလေးတွေဝေငှ
မျက်ရည်ယိုဗုံးသတင်းပျံ့လွင့်
အားလုံးဟာကြောက်ရွံ့ခြင်းအလျဉ်းမဲ့ညပေါ့
ခွန် ခွန် (၇၇) လာတယ်ဟေ့
ပစ် ခိုင်းလို့ ပြန်သွားတယ်တဲ့
ဟော -- ခုလာတာ နှစ်နှစ် (၂၂)
ချင်းတပ် အသစ်ဆိုပဲ
ပစ် ပစ် ကွာ ဒို့ ဆန္ဒကမ္ဘာသိစေရမယ်
ကျောင်းသားတစ်ဦးရဲ့အသံ
အဲဒီ့နောက် ဒိုင်း ဒိုင်း ဒိုင်း
ကျမကိုလူတစ်ယောက်ဆွဲပြေး
ဗန္ဓုလပန်းခြံဘေးကလက်မှတ်ရုံလေးကြားမှာ
ကျမတုန်ရီစွာနဲ့
ပစ်တယ်ဟပစ်တယ်ဟအသံကြားရာလှည့်ကြည့်
ကျမမျက်စိမမှားခဲ့ပါဘူး
ဖြူစိမ်း ရင်ဖုန်းနဲ့ကျောင်းဆရာမတစ်ဦး
သူနဲ့အတူကျောင်းသားနှစ်ဦးဝမ်းလျားမှောက်ကျ
သွေးအိုင်ထဲမှာ အဲဒီ့ညပေါ့
ကျမဒူးတုန်လို့ ရှေ့ဦးတည်ရာပြေး
လသာကပြည်သူဖေးမကူလို
အသက်ရှင်သန်ခွင့် ရခဲ့သေးပေမဲ့
ရှစ်ဆယ့်ရှစ်ညရဲ့ဝိညာဉ်များဟာ
ကျမတို့ နဲ့ အတူခုချိန်ထိ
တိုက်ပွဲဝင်နေဦးမှာအသေအချာပါ---
ခုလိုလ ရဲ့ ရှစ်ရှစ်(၈၈)ညတွေဟာ
အသစ်အသစ်သောဝေဒနာကိုရစေတာမို့ 
အာဏာရှင်မကျမချင်းအံကြိတ်အားခဲရင်းနဲ့ 
အမြဲထာဝရ သင်တို့ ဝိညာဉ်များ နဲ့ အတူတကွ--
မေအိခင်(လယ်ဝေး)
မိမိသည်ရှစ်လေးလုံးည တွင်မြို့ တော်ခန်းမရှေ့အထိပါဝင်ခဲ့ပြီး စစ်အာဏာသိမ်းပြီးချိန်ထိ ဆက်လက်
ဆန္ဒပြသည့်အတွက် ၁၉၈၉ တွင်ထောင်တွင်းသို့ ပထမဆုံး အကျဉ်းကျခံခဲ့ရပြီး အချုပ်အဖြစ် အကြိမ်ပေါင်းများစွာ ခေါ်ယူစစ်ဆေးခြင်းခံခဲ့ရသည်။ ဒုတိယအကြိမ် ၁၉၉၆ တွင်
ဒီဇင်ဘာ ကျောင်းသားလှုပ်ရှားမှု နှင့်ပတ်သတ်ပြီး (အမျိုးသားီးမိုကရေစီအဖွဲ့ ချုပ် လူငယ်တာဝန် ယူ
စဉ်) ထောင် (ရ ) နှစ် ကျခံခဲ့ရသည်။။
ဤ ကိုယ်တွေ့ ဖြစ်ပျက် ခဲ့သည့် ဤကဗျာ အား နှစ်စဉ်ဖြန့် ဝေခဲ့သည့်အကြောင်းရင်းမှာမျိုးဆက်သစ်များခံစားနားလည်နိုင်ရန် နှင့်ထိုခေတ်ထိုအခါက အဖြူအစိမ်းကျောင်းသူများ၏ တိုင်းပြည်အတွက် ရပ်တည်ဆောင်၇ွက်မှုကို လက်ဆင့်ကမ်းလိုသောကြောင့်ဖြစ်သည် ။ကျောင်းသားနိုင်ငံရေး နှင့်ထောင်တွင်းတစ်ကြိမ် ပါတီနိုင်ငံရေးလုပ်စဉ်ထောင်တွင်းနောက်ထပ်တစ်ကြိမ်ကျခံခဲ့ရသည် ။ယခုအခါ တိုင်းပြည်၏ အပြောင်းအလဲကိုဦးတည်နေသည့်အခြေအနေတွင် လူထု နှင့်ထိဆက်သည့် လူထုကိုအကျိုးပြုစေမည့် အလုပ်သမားအခွင့်အရေးကာကွယ်မြှင့်တင်သူ တစ်ဦးအနေနှင့် လူထုကြားတွင် လှုတ်ရှားဆောင်ရွက်နေပါသည်။
Posted by LRDP at 9:51 AM 0 comments
အန်တီစုနဲ့  တွေ့ ဖြစ်ခဲ့တယ် အန်တီက အရင်လိုပဲ နွေးထွေးစွာဆက်ဆံပါတယ်
Wednesday, June 13, 2012
၆-၆-၂၀၁၂ ခုနှစ်က အလုပ်သမားရေးဆောင်၇ွက်သူတွေ နဲ့ အန်တီတွေ့ မယ်ဆိုတဲ့အခါ ကျမလည်း အပါအ၀င် တွေ့ ခွင့်ရပါတယ် ။ မြန်မာပြည်ပြန်ကာစ ၂ကြိမ်လောက်အန်တီ နဲ့ တွေ့ ရပေမဲ့ သီးခြားတွေ့ ဆုံရခွင့်မဟုတ်တဲ့ အခါ ပထမ တွေ့ တွေ့ ချင်း ကျမ အရမ်းဝလို့  ကျမ်းမာရေးဂရုစိုက်ခိုင်းတယ်။နောက်တကြိမ်တွေ့ တော့ ကျမ ကိုနေကောင်းလာကျမ်းမာအောင်နေတဲ့ ခု စကားအကြာကြီးပြောရတဲ့အခါ
အန်တီ က ကျမ ကို အလုပ်နဲ့ ပတ်သတ်ပြီး ကြိုဆိုမှုတွေ တွေ့ ရသလို ကျမ ငယ်စဉ်ထဲ က အန်တီတို့ နဲ့ အတူ
အလုပ်လုပ်ခဲ့တာ ကျမ က ဘယ်လိုဘယ်ကြောင်းဆိုတာ အတူတွဲတွေ့ တဲ့ အလုပ်သမားရေး လုပ်သူတွေ ကိုတောင် အန်တီက ဖွင့်ဟမိတ်ဆက်လိုက်ပါသေးတယ် ဂုဏ်ယူစကားတွေ နဲ့ အတူပေါ့ ။ ကျမတို့ ရဲ့ ရပ်တည်ချက်နဲ့  လူငယ်ဘ၀ တက်ကြွစွာ မိုးထဲရေထဲ လှုတ်ရှားခဲ့သမျှ အန်တီ မမေ့ဘူးဆိုတာ အခြားလူငယ်တွေ လည်း သတိထားကြည့်ကြစေလိုပါတယ် ။ခေါင်းဆောင်က ဘယ်တော့ မှကျမတို့ ကို ချန်မထားခဲ့ပါဘူး ကျန်မနေအောင်လုပ်ဖို့ က ကိုယ့်တာဝန်ပဲကိုး ။။။။။ နီညိုချိတ်နဲ့  ဘဘဦးသန်းထွန်းဘေးက ကျမပုံပါ။။
မေအိခင်(လယ်ဝေး)
Posted by LRDP at 7:57 AM 0 comments
လယ်ယာစိုက်ပျိုးရေး အလုပ်သမားများသမဂ`ဂ ကို နေပြည်တော် ဒက္ခိဏမြို့ နယ် ၇ဲတိရွာတွင် စိုက်ပျိုးရေးတောင်သူများ မှ ဖွဲ့ စည်းခဲ့သည် ကို လွတ်လပ်သောအလုပ်သမားသမဂ`ဂများဖြစ်မြောက်ရေးကော်မတီဝင်များမှ သွားရောက် ဆောင်ကျဉ်းပေးခဲ့သည်။ လမ်းခရီးသွားလာနေထိုင်စရိတ်များကို ပင်လယ်ပျော်များသမဂ`ဂ အတွင်းရေးမှုးဦးတင်ကိုကိုသက်မှ ကူညီပေးခဲ့သည်။ ဦးတင်ကိုကိုသက် မှ
Posted by LRDP at 8:31 AM 0 comments
လွတ်လပ်သောအလုပ်သမားသမမဂ္ဂများဖြစ်မြောက်ရေးကော်မတီဝင် ဦးထွန်းထွန်းနိုင် မှ လယ်ယာစိုက်ပျိုးရေးသမဂ္ဂ(ရဲတိကျေး၇ွာ) တွင်
Posted by LRDP at 8:29 AM 0 comments
လယ်ယာစိုက်ပျိုးရေး အလုပ်သမားများသမဂ`ဂ ကို နေပြည်တော် ဒက္ခိဏမြို့ နယ် ၇ဲတိရွာတွင် စိုက်ပျိုးရေးတောင်သူများ မှ ဖွဲ့ စည်းခဲ့သည် ကို လွတ်လပ်သောအလုပ်သမားသမဂ`ဂများဖြစ်မြောက်ရေးကော်မတီဝင်များမှ သွားရောက် ဆောင်ကျဉ်းပေးခဲ့သည်။ လမ်းခရီးသွားလာနေထိုင်စရိတ်များကို ပင်လယ်ပျော်များသမဂ`ဂ အတွင်းရေးမှုးဦးတင်ကိုကိုသက်မှ ကူညီပေးခဲ့သည်။
Posted by LRDP at 8:27 AM 0 comments
ဒက္ခိဏ မြို့ နယ် မှ စိုက်ပျိုးခွင့်ဆုံးရှူံးနေသော စိုက်ပျိုးရေး တောင်သူများ က ၄င်းတို့  သမဂ`ဂ ဖွဲ့ နိုင်ရန် အကူအညီတောင်းဆိုမှုကြောင့် လွတ်လပ်သောအလုပ်သမားသမဂ`ဂများပေါ်ပေါက်ရေးကော်မတီမှ သွားရောက် ခဲ့
Posted by LRDP at 8:26 AM 0 comments
လွတ်လပ်သောအလုပ်သမားသမဂ`ဂများဖြစ်ပေါ်ရေးကော်မတီမှဦးဆောင်၍ မြန်မာနိုင်ငံရှိအလုပ်သမားရေးစိတ်ဝင်စားသူများစုပေါင်း ကာ ကျင်းပသောမေဒေးနေ့ အခမ်းအနားကို၈၈ မျိုးဆက်မှ ဦးကိုကိုကြီး တက်ေ၇ာက် ဟောပြော
Wednesday, May 2, 2012
Posted by LRDP at 5:41 AM 0 comments
လွတ်လပ်သောအလုပ်သမားသမဂ`ဂများဖြစ်ပေါ်ရေး ကော်မတီမှ ဦးထွန်းထွန်းနိုင် ၈၈ မျိုးဆက်များ၏ သ၀ဏ်လွှာဖက်ကြား
Posted by LRDP at 5:39 AM 0 comments
အဖွဲ့ အစည်း အမည် မဖြစ်သင့် သမဂ`ဂသာဖြစ်သင့်သည် သမဂ`ဂ အမည်ကိုမစိုးရိန် ရန် အစိုးရထံ တိုက်တွန်း
Posted by LRDP at 5:38 AM 1 comments
မေေ၏းနေ့ သို့ တက်ေ၇ာက်လာသော SUB ပင်လယ်ပျော်များသမဂ`ဂမှ ဦးတင်ကိုကိုသက်
Posted by LRDP at 5:36 AM 0 comments
အစိုးရမှ ခွင့်ပြုလိုက်သောအလုပ်သမားသမဂ`ဂ
သို့ သော် မြန်မာနိုင်ငံပင်လယ်ကူးသဘောင်္သား
Posted by LRDP at 5:34 AM 0 comments
သမဂ္ဂဖွဲ့ စည်းပုံကိုဝိုင်းဝန်းရေးဆွဲ နေကြတဲ့ တက်ကြွတဲ့ အလုပ်သမားလေးတွေ
Posted by LRDP at 6:56 AM 1 comments
ယနေ့ ကျင်းပသော သမဂ္ဂမိတ်ဆက်မှအလုပ်သမား သမဂ္ဂနှစ်ခု တရားဝင်မှတ်ပုံတင်မည်
Posted by LRDP at 6:49 AM 0 comments
အလုပ်သမားထုထဲမှာပေါ်ထွက်လာမည့် အလုပ်သမားခေါင်းဆောင်များ --ခြည်မျှင်နှင့်အထည်ချုပ် အလုပ်သမားများသမဂ္ဂကို ခေါင်းဆောင်မည့် သူများ
Posted by LRDP at 8:03 AM 0 comments
ယနေ့  အလုပ်သမားသမဂ္ဂ နှစ်ခု ကို နှစ်နေရာတွင်တစ်ပြိုင်နက် ဖွဲ့ စည်း ခဲ့ကြသည် ။ မ၈င်္လာဒုံ မြို့ နယ် တွင်းတွင် အခြေခံဆောက်လုပ်ရေးအလုပ်သမားများသမဂ္ဂ နှင့် ရွှေပြည်သာမြို့ နယ်ထဲတွင် Excel Garment / Popular and Ever First Garment (Kittenish Knitting) စသော ခြည်မျှင် နှင့် အထည်ချုပ် စက်ရုံများမှ ခြည်မျှင်နှင့် အထည်ချုပ် အလုပ်သမားများသမ၈္ဂ ကို အလုပ်သမားထု များစုပေါင်း၍ ဒီမိုကရေစီ နည်းဖြင့် ဖွဲ့ စည်းခဲ့ကြသည် ။ ဤ သို ဖွဲ့ စည်း နိုင်ရန် လွတ်လပ်သောအလုပ်သမားသမ၈္ဂများဖြစ်ပေါ်ရေး ကော်မတီ ၀င်များမှ နေရာဒေသအလိုက် တာဝန်ခွဲဝေကာ အလုပ်သမားထုအား သမဂ္ဂဖွဲ့ စည်းနိုင်ရေး ၀ိုင်းဝန်းဆွေးနွေးပေးခဲ့ကြသည် ။
Posted by LRDP at 7:59 AM 0 comments