welcome

၈၈၈၈ ကို ဘယ်သူတွေ စခဲ့စခဲ့ ပြည်သူတွေရဲ့ စုပေါင်းပါဝင်မှုက အခရာကျသလို ဘယ်သူတွေပေးဆပ်ပေးဆပ် အဖြူအစိမ်းလေးတွေရဲ့ နီရဲတဲ့သွေး တွေ က အမြဲ သက်သေ တည်နေပါတယ် ။

ခေါင်းဆောင်အပေါ်ဘယ်လိုသစ္စာရှိမလဲ (၂)

Saturday, September 25, 2010

၉၆ ကျောင်းသားတွေဟာ လူထုခေါင်းဆောင်ရဲ့နေအိမ် ခြံဝင်း တွင်း ကို ရဲရဲရင့်ရင့် ပဲ ၀င်ထွက် ခဲ့ကြပြီး ဘဘဦးကြည်မောင်
ဦးဆောင်တဲ့ ကျမတို့ စာဖတ်ဝိုင်းမှာ ပါဝင်ခဲ့ကြတယ်။ အန်တီနဲ့ လည်း ထိတွေမှု တွေရှိခဲ့တယ် ဒေါ်အောင်ဆန်းစုကြည် က
၁၉၉၆ ကျောင်းသား တွေ သမဂ္ဂတောင်းနေပြီ ဆိုတဲ့ အခါ ကျောင်းသားတွေက နိုင်ငံရေးမပါဘူးဆိုတဲ့ ကြွေးကျော်မှုအပေါ်
သူနားလည်မှုပေးနိုင်ခဲ့ပြီး ပါတီလူငယ်တွေ ကို တော့ ဗိုလ်ချုပ်တို့ လက်ထက်က လူမိုက်အလိုရှိသည် ဆိုတဲ့ ဆောင်ပုဒ်လေး
ကိုပြောပြခဲ့တယ်။ ပြီးတော့ ဒီကျောင်းသားလှုတ်ရှားမှုမှာ လူငယ်တွေ ပါသင့်လားမပါသင့် ဘူးလားဆိုတာ ကို လူငယ်တွေ
ကိုယ်တိုင်ကိုယ့်ဖာသာဆုံးဖြတ်စေတယ် ။ ကဲ နင်တို့ သွားဆန္ဒပြချေ လို့ ခေါင်းဆောင်က မပြောခဲ့ပါဘူး သူ့ နောက်လိုက်
တွေရဲ့ အရည်အချင်း ကိုလည်း မညံ့ဖျင်းစေခဲ့ပါဘူး ။ ဒေါ်အောင်ဆန်းစုကြည် ပြောလိုက်တဲ့ စကားပေါ်မှာ လူငယ်တွေလည်း
သဘောထားကွဲခဲ့ကြပါတယ် ။ဗိုလ်ချုပ် တို့ ခေတ်က သမိုင်းကြောင်းတောင်မသိတဲ့ ကျမတို့ ထက် အသက်ကြီးတဲ့ တိုင်း
လူငယ် တချို့ ဆို လူမိုက်အလိုရှိတယ် ဆိုတာ ငါတို့ ကို လူမိုက်မလုပ်နဲ့ ပြောတာကွ ဆိုပြီး အရေးအကြောင်းရှိရင် ရှောင်
တိမ်းချင်တဲံသူတွေ တလွဲတွေးပြီး တလွဲ ယူဆခဲ့ကြပါတယ် ။အလုပ်မလုပ်ချင်ရင် ညွှန်ကြားချက် တောင်းကြတယ် ဆိုတဲ့ 
စကားကိုလည်း ညွန်ကြားချက် ရှိမှလုပ်ရမယ် လို့ ယူဆပြီး ၁၉၉၆ ဒီဇင်ဘာ ကျောင်းသားအရေးကို ၀န်းရံခဲ့တဲ့ ပံ့ပိုးခဲ့တဲ့
ရန်သူနဲ့ ထိပ်တိုက်တွေ့ တဲ့ မှောင်မဲ တဲ့ ညနက်ထဲ မှာ ကျောင်းသားတွေ ကို ရောနှောပြီး အားဖြည့်ပါဝင်ခဲ့တဲ့ ကျမ
တို့ ကို အပစ်တင်ခဲ့ကြပါတယ် ။
ခေါင်းဆောင်ကို နေရာတကာ ခေါင်းပုံချချင်သူတွေ က ကိုယ်ပိုင် အစွမ်းအစမရှိသူ လို့ ကျမတို့ ယူဆပြီး ကျမတို့ လုပ်သင့်
တာတွေ ကျမတို့ လုပ်လာခဲ့ကြပါတယ် ။
ကျမတို့ ဟာ ခေါင်းဆောင်ကိုချစ်ရုံသက်သက် ကြည်ညိုလေးစားရုံသက်သက် နဲ့ တော့ ကျမတို့ ရည်မှန်းတဲ့ ပန်းတိုင်ကိုမရောက်
နိုင်ဘူးလို့ ကျမ ကနားလည်တယ် ။သူမျှော်မှန်းတဲ့ ပန်းတိုင်ကို သူကိုယ်တိုင်က ချီတက်ဖို့ ခက်ခဲနေတဲ့အချိန် ပိတ်ပင်တားဆီးခံ
ထားရတဲ့အချိန်မှာ ကျမတို့ က အိုက်ပန်းတိုင်ကို အရောက်သွားရလိမ့်မယ် ဒါဟာခေါင်းဆောင်အပေါ်သစ္စာရှိတာပဲ ။
သူမ မှလုပ်နိုင်တာကိုး တို့ က ဘာမှ မှ မဟုတ်တာလို့  ခေါင်းဆောင်ကိုမြှောက်သယောင်နဲ့  ပုံချချင်သူတွေလည်း ဒုနဲ့ ဒေးပါ။
ဒီမှာ သတိရလို့  ဖြစ်စဉ်လေးတစ်ခု တင်ပြချင်ပါတယ် ၁၉၉၆ အစောပိုင်း ကာလမှာ NLD ညီလာခံခေါ်ဖို့ ပြင်ဆင်မှုအပေါ်
နက်ဖန် ညီလာခံ ခေါ်မယ် ဆိုတာ နဲ့  ညဖက်မှာပဲ ကျမ ကိုလာဖမ်းပါတယ် အင်းစိန်ရဲစခန်းကပါပဲ ။ ကျမကလည်း အပြင်က
အပြန် အိမ်ထဲဝင်ပြီး အခြေအနေမကောင်းဘူး ဒီနေ့ ည လာခေါ်နိုင်တယ်လို အိမ်သားတွေ ကို စကားပြောလို့ မဆုံးခင်မှာ
ရဲကား အိမ်ရှေ့ရပ်တော့ တာပါပဲ ။ ကြိုတင် သိနေတဲ့ ကျမလိုက်သွားပါတယ် ညီမတွေကတော့ အမ ကိုဖမ်းသွားပြန်ပြီဆိုပြီး
ညီမ အလတ်မ ဆို အရူးလိုပဲ ကားနောက်ပြေးလိုက်တာ -
ဖမ်းသွားတာ ရဲစခန်း ကျမတို့  တော်လှန်ရေးအင်အားစုတွေအနေနဲ့ ထောင်ကို မကြောက်ပေမဲ့ ရဲစခန်းကိုတော့ လန့်ပါတယ်
ဘာ့ကြောင့် လဲ ဆို ရာဇ၀တ် သားတွေ နဲ့ ရောနှော ထားလို့ ပါ ။ ကျမကို ကျားပါးစပ် ကနေတဆင့် အချုတ် ထဲ သူတို့ သွင်းလိုက်
တော့ အင်းစိန်မြို့ နယ် က အမျိုးသမီးအဖွဲ့ ဝင် ဒေါ်ခင်မြင့်မြင့် ကရောက်နှင့်နေပါတယ် ။ ရဲစခန်း အချုတ်ဆိုတော့ ယောင်္ကျားလေး
မိန်းမလေး နံရံက ကပ်ရပ်မဟုတ်လား ။ ယောင်္ကျားလေးဘက်မှာ မြို့ နယ်စည်း ၆ယောက် လူငယ်တာဝန်ခံ ကိုသက်လွင်(ကွယ်လွန်)
တို့  က ဟေးးးးး----------နင်ရောက်ပြီလားလို့  အော်မေးကြတယ် ကျမ လည်း ထုံးစံအတိုင်းပေါ့ လို့ အော်ပြောလိုက်ပါတယ်။
ပြောချင်တာ က အဲ ဒီ အဖမ်းခံရတဲ့ မြို့ နယ်စည်း လူကြီး ၇ယောက် နဲ့  လူငယ်တာဝန်ခံ ၂ယောက် စုစုပေါင်း ကိုးယောက်ထဲမှာ
တောင် စစ်အုပ်စု က လိုသလို သွေးခွဲစည်းရုံးပြီး အချုတ် ကနေ ထုတ်သွားပါတယ် ။ နာမည်တော့ မပြောလိုပါဘူး တစ်ယောက်
ဆို ကျမကို ခေါက်ဆွဲကြော်ထဲ စာထဲ့ပြီး မြို့ နယ်မှုးဆွေးနွေးမှု ကို စိတ်ပါပါ မပါပါ လက်ခံ ဖို့  ပြောဖူးပါတယ် ။ အဲဒီ့ အချုပ်အနှောင်
ကိစ္စ ကတော့ တစ်တိုင်းပြည်လုံးမှာ လှုပ်ရှားနေတဲ့  NLD မှန်သမျှ အချုတ် ခံရတဲ့ ကာလပါ ။ကာလက တိုပေမဲ့ ဒေါ်အောင်ဆန်းစု
ကြည် ခေါင်းဆောင်တဲ့  ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ်တွေ ညီလာခံ ခေါ်မဲ့ အရေး ကို လက်လွတ်ဆုံးရှုံးခဲ့ရပါတယ် ။
ဒီလို အချုတ်အနှောင် ကာလတိုလေး ခံရတာတောင် ဘက်ပြောင်းသွားတဲ့ သူတွေ ရှိသေးတာပဲ ဆိုတော့ ခေါင်းဆောင်အပေါ်သစ္စာ
မထားနိုင်ကြလို့ ပေါ့ လို့  ကျမ နားလည်ခဲ့ပါတယ် ။
ဟော ခု ကျော်ဖြတ် ရမဲ့  စစ်အုပ်စုအဓမ္မ လုပ်မဲ့  ရွေးကောက်ပွဲ ကိုကျတော့ရော --------

ဆက်လက်ဖေါ်ပြပါမည် (သီးခံပြီးစောင့်ဖတ်ပေးပါ တကယ်မအားတဲ့ အပြင် သမီးငယ်လေးလည်းအရမ်းဖျားနေလို့ ပါ)

3 comments:

Anonymous said...

ပါတီဝင်တွေကို ဘာမှမညွှန်ကြားရင် ပါတီ ဘာလို့ဖွဲ့ထားသလဲ။ ဒါခေါင်းဆောင်တာ မဟုတ်ဘူး။ ခေါင်းရှောင်တာ။

မေအိခင်(လယ်ဝေး) said...

Anonymous ရေ နာမည်ရင်းနဲ့ သတ္တိရှိရှိဝင်ဝေဖန်ပါကွယ် ညွန်ကြားတယ် ဆိုတဲ့နေရာမှာ ဘ၀နဲ့ အသက်နဲ့ ရင်းရတာမျိုးကို ကျမတို့ ခေါင်းဆောင်က မညွန်ကြားဖူးလို့ ဆိုလိုတာပါ သာမာန်ပါတီရဲ့လုပ်ငန်းစဉ်တွေဟာ ပါတီ အီးစီတွေ ဆုံးဖြတ်ပြီး ချမှတ် လေ့ရှိတာပါ ။ ပါတီတွင် နိုင်ငံရေးနဲ့  လူထုအတွက် တော်လှန်ရေးတရပ် ရဲရဲ မလုပ် ဖူးသူ လှေကြုံစီး နေသူ က ၀င်ဝေဖန် လိုက်တယ် လို့ သဘောထားပါတယ် ။ဒေါ်အောင်ဆန်းစုကြည်ဟာ ကမ္ဘာက အသိအမှတ်ပြုထားတဲ့ ကမ္ဘာ့ဒီမိုကရေစီခေါင်းဆောင်ပါ ။ နာမည်ရင်းနဲ့ ပြောနိုင်ဖို့  ကြိုးစားလိုက်ပါဦး ဟုတ်လား
မေအိခင်(လယ်ဝေး)

သန်းဝင်း said...

ဆက်ဖတ်နေမယ်။သမိုင်းတွေကို ဖြတ်သန်းခဲ့သူတွေရေးတာ တန်ဘိုးထားပါတယ်။
အဖွဲ့တိုင်းနေရာတိုင်းမှာ၊ ထက်မြက်တဲ့သူတွေရှိမယ်။
အချောင်သမားတွေပါမယ်။ ကိုယ့်ကိုမလိုတဲ့သူတွေပါမယ်။ အားပေးတဲ့သူတွေရှိမယ်။
ခံနိုင်ရည်ရှိဖို့နဲ့ ကိုယ့်အိပ်မက်ကို ဆက်လက်ရွက်လွှင့်ဖို့ပါပဲ။ မေအိခင်မှာ အဲ့ဒီစိတ်အပြည့်ရှိတယ် လို့ ယုံတယ်။