welcome

၈၈၈၈ ကို ဘယ်သူတွေ စခဲ့စခဲ့ ပြည်သူတွေရဲ့ စုပေါင်းပါဝင်မှုက အခရာကျသလို ဘယ်သူတွေပေးဆပ်ပေးဆပ် အဖြူအစိမ်းလေးတွေရဲ့ နီရဲတဲ့သွေး တွေ က အမြဲ သက်သေ တည်နေပါတယ် ။

၁၉၉၀ ရွေးကောက်ပွဲကိုအကောင်အထည်ဖေါ်ဖို့ ပြည်သူ့ အစိုးရဖွဲ့ ဖို့  နဲ့ ---လူထုလှုပ်ရှားမှု

Tuesday, September 14, 2010

လူထုတိုက်ပွဲကော်မတီ (၂၀၁၀)

နအဖ၏ ၁၉၉၀ ပြည့်နှစ် ရွေးကောက်ပွဲအနိုင်ရ နိုင်ငံရေးပါတီများကို ဖျက်သိမ်းလိုက်ခြင်းအပေါ် တုံ့ပြန်ကြေညာချက်

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အပါအ၀င် ၁၉၉၀ ပြည့်နှစ် ရွေးကောက်ပွဲအနိုင်ရပါတီများသည် လွတ်လပ်၍ တရား မျှတသော ရွေးကောက်ပွဲမှတဆင့် ပြည်သူလူထု ၏ သဘောဆန္ဒများနှင့်အညီ ရွေးကောက်တင်မြှောက်ခြင်းခံထား ရသည့် တရားဝင် နိုင်ငံရေးပါတီများဖြစ်သည်။ နိုင်ငံတကာဥပဒေအရဖြစ်စေ၊ မည်သည့်နိုင်ငံတွင်မဆို ကျင့်သုံး လျက်ရှိသည့် ဥပဒေများအရဖြစ်စေ ရွေးကောက်ပွဲရလဒ်ကို အကောင်အထည်ဖော် ဆောင်ရွက်ပေးခြင်းမရှိသေး သမျှကာလပတ်လုံး ၄င်းအနိုင်ရ နိုင်ငံရေးပါတီများသည် ဥပဒေအရ တရားဝင်မှုရှိသည်။ ထို့ပြင် နိုင်ငံတကာဥပ ဒေ ဥပဓိရုပ်ရှိသည့် နိုင်ငံရေးပါတီများဖြစ်ကြောင်း နအဖ သိစေအပ်သည်နှင့်အညီ ကျွန်ုပ်တို့ လူထုတိုက်ပွဲကော်မ တီ (၂၀၁၀) ၏ ၉၀ ရွေးကောက်ပွဲရလဒ်နှင့်စပ်လျဉ်းသော အမြင်သဘောထားများကို နိုင်ငံတကာအဖွဲ့အစည်း များ၊ မြန်မာ့ဒီမိုကရေစီအင်အားစုများနှင့် မြန်မာပြည်သူလူထုတရပ်လုံး သိရှိနိုင်ရန်အတွက် အောက်ပါအတိုင်း ကြေညာချက်ထုတ်ပြန်လိုက်သည်။

၁။ ၁၉၉၀ ပြည့်နှစ် ရွေးကောက်ပွဲရလဒ်ကို တရားဝင် အကောင်အထည်ဖော် ဆောင်ရွက်ပေးနိုင်ခြင်းမရှိသမျှကာ လပတ်လုံး ယင်းရွေးကောက်ပွဲရလဒ်ကို မည်သည့်အစိုးရ၊ မည်သည့်အသင်းအဖွဲ့၊ မည်သည့်အာဏာရှင်ကမှ ပယ် ဖျက်၍ မရကြောင်း နအဖ သိစေအပ်သည်။

၂။ ကျွန်ုပ်တို့လူထုတိုက်ပွဲကော်မတီ (၂၀၁၀) သည် ၉၀ ရွေးကောက်ပွဲရလဒ်ကို ဆက်လက်အသိအမှတ်ပြု၍ ယင်းရွေးကောက်ပွဲရလဒ် အကောင်အထည်ဖော်ရေး လုပ်ငန်းစဉ်များကို အစဉ်တစိုက် လုပ်ဆောင်သွားမည်ဖြစ် သည်။

၃။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နှင့် ၉၀ ရွေးကောက်ပွဲအနိုင်ရ နိုင်ငံရေးပါတီများအနေဖြင့်လည်း ရွေးကောက် ပွဲရလဒ်ကို အကောင်အထည်ဖော်နိုင်သည်အထိ မမှိတ်မသုန် လှုပ်ရှားဆောင်ရွက်နေဆဲဖြစ်သည်ဟု ယနေ့ထိ တိုင် ယုံကြည်သည်။

၎။ ယနေ့ကာလ နိုင်ငံရေးအင်အားစုများ၏ စုစည်းညီညွတ်မှုသည် ၉၀ ရွေးကောက်ပွဲရလဒ်ကို အကောင်အထည် ဖော် ဆောင်ရွက်နိုင်မှုလုပ်ငန်းစဉ်ဖြင့်သာ ရရှိနိုင်မည်ဖြစ်သည်။

၅။ မြန်မာ့ပြည်သူလူထုတရပ်လုံးအနေဖြင့်လည်း ဒီမိုကရေစီဖော်ဆောင်ရေးလုပ်ငန်းစဉ်တွင် အရေးကြီးသောအ ခန်းကဏ္ဍမှ ပါဝင်သည့်အားလျော်စွာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နှင့် ၉၀ ရွေးကောက်ပွဲအနိုင်ရ နိုင်ငံရေးပါတီ များ၏ ဒီမိုကရေစီဖော်ဆောင်ရေးလုပ်ငန်းစဉ်များတွင် အားကြိုးမာန်တက် ၀ိုင်းဝန်းပါဝင်ကြပါရန် မေတ္တာရပ်ခံ လိုက်သည်။

၆။ အပိုဒ် (၅) ပါ မေတ္တာရပ်ခံချက်နှင့်အညီ လူထုတိုက်ပွဲကော်မတီ၏ ချမှတ်ထားသည့် မူဝါဒ၊ လုပ်ငန်းစဉ်များဖြစ် သည့် …
(က) ၉၀ ရွေးကောက်ပွဲရလဒ် အကောင်အထည်ဖော်ရေး၊ ပြည်သူ့အစိုးရတရပ်ပေါ်ပေါက်ရေး

(ခ) လူထုလှုပ်ရှားမှုများပေါ်ပေါက်လာရေး

… စသည်တို့ကို အရှိန်မြှင့်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း နအဖအား တုံ့ပြန်ကြေညာလိုက်သည်။

လူထုတိုက်ပွဲကော်မတီ (၂၀၁၀)
ထိုင်း-မြန်မာနယ်စပ်တနေရာ

ဆက်သွယ်ရန် - ကိုမိုးသီးဇွန် - ၀၈၄၄၅၉၁၁၈၆
- ကိုသံဒုတ် - ၀၈၆၁၁၉၈၀၉၁
- ဒေါက်တာလွဏ်းဆွေ - ၀၈၁၂၈၄၁၄၁၈

0 comments: