welcome

၈၈၈၈ ကို ဘယ်သူတွေ စခဲ့စခဲ့ ပြည်သူတွေရဲ့ စုပေါင်းပါဝင်မှုက အခရာကျသလို ဘယ်သူတွေပေးဆပ်ပေးဆပ် အဖြူအစိမ်းလေးတွေရဲ့ နီရဲတဲ့သွေး တွေ က အမြဲ သက်သေ တည်နေပါတယ် ။

ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် (မန္တလေး) ဦးသိန်းဦးဧ။် သတင်းစာရှင်းလင်းပွဲ တွင်တင်ပြချက် MPU နှင့် မဆိုင်

Sunday, March 21, 2010

ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် (မန္တလေး) ဦးသိန်းဦးဧ။် သတင်းစာရှင်းလင်းပွဲ
တွင်တင်ပြချက် MPU နှင့် မဆိုင်

ပြည်ထောင်စု မြန်မာနိုင်ငံ အမျိုးသားကောင်းစီနှင့်အတူ အမျိုးသားဒီမိုကရေစီအဖွဲ့ ချူပ် လွတ်မြောက်နယ်မြေ ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ်များအဖွဲ့ ၊ လူငယ်-အမျိုးသမီး အဖွဲ့ အသီး သီး မှ ခေါင်းဆောင်များဧ။် အဖွဲ့ များနှင့် လူ့ ဘောင်သစ်၊ DAB၊ FDB စသော အဖွဲ့ များအပါအ၀င် အဖွဲ့  ပေါင်းစုံပါဝင်သော ၁၅ ကြိမ်မြောက် မဟာဗျူဟာ ညှိနှိုင်းပွဲတရပ်ကို ထိုင်း-မြန်မာ နယ်စပ်တနေရာတွင် ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။
၁၅ ကြိမ်မြောက် မဟာဗျူဟာ ညှိနှိုင်းဆွေးနွေးပွဲမှ ပြည်တွင်းရှိ အမျိုးသား ဒီမိုကရေစီအဖွဲ့ ချူပ် သည် ရွှေဂုံတိုင်ကြော်ငြာစာတမ်းနှင့် ဆန့် ကျင်လျှက် - ၂၀၀၈ ခုနှစ် ဖွဲ့ စည်းပုံ အခြေခံဥပဒေကို လိုက် နာပါမည်။ ထိန်းသိမ်းစောင့်ရှောက်ပါမည် ဟူသော ၀န်ခံကတိ လက်မှတ်ထိုးရမည်ဖြစ်သော မတရား သော ရွေးကောက်ပွဲ ဥပဒေအရ ပြုလုပ်သော ၂၀၁၀ရွေးကောက်ပွဲဝင်ရန်အတွက် ပါတီမှတ်ပုံတင်ခြင်း ကို လုံးဝ မလုပ်သင့်ကြောင်း ဘုံသဘောတူညီချက်တရပ် ရရှိဆုံးဖြတ်နိုင်ကြောင်းသိရသည်။
အထက်ပါ သဘောထားရပ်တည်ချက်ကို ၀င်ရောက်လာသော အဖွဲ့  ၁၀ဖွဲ့ အနက် NCGUB၊ NLD(LA) အဖွဲ့ ကသာလျှင် အမျိုးသားဒီမိုကရေစီအဖွဲ့ ချူပ်ဧ။် လာမည့် ၂၉ ရက်နေ့ မှ စသောမျက်နှာ စုံညီ ဆုံးဖြတ်ချက်ကို စောင့်သင့်ကြောင်း သဘောထားရှိသည်မှလွဲ၍ အားလုံး သဘောတူညီသော ဘုံ သဘောထားဖြစ်ပါသည်။
ယခု မတ်လ ၁၉ ရက်နေ့ တွင် ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် (မန္တလေး) ဦးသိန်းဦးဧ။် မှတ်ပုံတင်သင့်ကြောင်း ဆွေးနွေးချက်ကို တတ်ရောက်လာကြသော ဒီမိုကရေစီအဖွဲ့ အသီးသီးမှ ခေါင်း ဆောင်များက သဘောမတူကြောင်း သိရသည်။
MPU ဧ။် တာဝန်ရှိသူတဦးကမူ ပါတီမှတ်ပုံတင်သင့်ကြောင်း ဆုံးဖြတ်ချက်ကို MPU အမှု ဆောင်ကော်မတီမှ မည်သည့်အခါမျှ ချမှတ်ထားခြင်းမရှိကြောင်း မတ်လ ၁၉ ရက်နေ့  ဘန်ကောက် သတင်းစာရှင်းလင်းပွဲသို့  ဦးသိန်းဦး သွားရောက်ခြင်းမှာ BLC ကို ဖိတ်ကြား၍ သွားခြင်းဖြစ်ကြောင်း MUP အနေဖြင့် တတ်ရောက်ခြင်းမဟုတ်ကြောင်း ကြိုတင်ပြိး MPU သဘောထားရယူခြင်း မဟုတ် ကြောင်း ဦးသိန်းဦးတဦးတည်းဧ။် ပုဂ္ဂိုလ်ရေး သဘောထားဖြစ်ကြောင်းသိရသည်။
၁၅ ကြိမ်မြောက် မဟာဗျူဟာ အစည်းအဝေးသို့  အဖွဲ့ အစည်းအသီးသီးမှ ခေါင်းဆောင် (၃၀)ခန့်  တတ်ရောက်ပြီး ဘုံသဘောတူညီချက် (၉)ချက်ကို ချမှတ်ခဲ့ပြီး နက်ဖြန်မှစ၍ ဘုံလမ်းစဉ်သဘောထား များကို စုစည်းချမှတ်မည်ဖြစ်ကြောင်းသိရသည်။ ဘုံသဘောထား ရပ်တည်ချက်များ ချမှတ်ပြီးနောက် လာမည့်အမျိုးသားဒီမိုကရေစီအဖွဲ့ ချူပ် စုံညီအရေးပေါ်အစည်းအဝေးကို စဉ်းစားနိုင်ရန် သဘောထား ရပ်တည်ချက် စုစည်းမှုနှင့် လုပ်ငန်းလမ်းစဉ်များကို ပြည်သူများသို့  အသိပေးကြော်ငြာချက် ထုတ်မည် ဖြစ်ပါသည်။

အမတ်များ၏သဘောထား ဖြစ်သည်

0 comments: