welcome

၈၈၈၈ ကို ဘယ်သူတွေ စခဲ့စခဲ့ ပြည်သူတွေရဲ့ စုပေါင်းပါဝင်မှုက အခရာကျသလို ဘယ်သူတွေပေးဆပ်ပေးဆပ် အဖြူအစိမ်းလေးတွေရဲ့ နီရဲတဲ့သွေး တွေ က အမြဲ သက်သေ တည်နေပါတယ် ။

လွဲနေတဲ့ တလွဲတွေ နဲ့ အတူ တူနေတာတွေက (တ၀က်မကျိုးသေးတာ)

Sunday, January 24, 2010

မိမိ တို့ ဥက္ကဌအား ထိခိုက်စေလိုသောရည်ရွယ်ချက်မရှိပါ လူငယ်များ၏အတွေးကို ထင်ဟပ်စေလိုသောကြောင့်
ဖြစ်သည် မည်သို့ ပင်ဆိုစေ ဦးအောင်ရွှေ သည် ဖက်ဆစ်ဂျပန်တော်လှန်ရေးတွင် ထိပ်တန်းက ပေးဆပ်တိုင်ပွဲ
ဝင်သူဖြစ်ကြောင်း ခေါင်းခေါက်ပြီးမှ ရှစ်မခိုးပဲ ၇ှစ်ခိုးပြီး ------- ရေးလိုက်ပါသည်။။။။။။။

ကျမ ဘလော့ ပီပီပြင်ပြင်မရေးဖြစ်တာကြာပေမဲ့ ပြန်လည် ၇ှင်သန်လာတဲ့ ဘလော့ဟောင်းလေးရယ် ညီမလေး
ဒရင်းအိမ်ဂျယ်ဖွင့်ပေးတဲ့ ဘလော့သစ်လေးရယ် နှစ်ခုလုံးက၇ှင်သန်နေတယ် ကျမ ပို့ (စ်)တွေ ရေးပြီး တင်တင်
မတင်တင် အဲဒီ့ဘလော့လေးတွေကရှင်သန်နေတယ်ဒါတင်ပဲလားဆိုတော့ မဟုတ်သေးဘူး ကျမကိုခင်တဲ့မိတ်
ဆွေ တွေက မကြာမကြာအလည်လာနေဆဲပဲ သတင်းတွေ တင်လည်း အင်းးဆိုပြီးကြည့်ပြီးပြန်သွားခဲ့ကြတယ်။
အဲ သူတို့ အတွက် ဒီနေ့  ကျမ ပြုံးမိတာလေးတွေလက်ဆင့်ကမ်းမယ်လေ - ကျမ က တော်လှန်ရေးအတွက် ဒီ
စာပေ ဒီဘလော့ ကိုရေးဖြစ်တော့ ဒီအကြောင်းလေးတွေ ပဲနွယ် ပါလိမ့်မယ် ဟာသတော့မဟုတ်ဘူးပေါ့ ။။
သဘောပေါက်သူတွေတော့ ပြုံး ရပါလိမ့်မယ် --ဒီနေ့  ကျမနဲ့အတူ ၈၈ တော်လှန်ရေးရဲ့ထိပ်သီးခေါင်းဆောင်
တစ်ယောက် ရယ် တိုင်းရင်းသားလူကြီးလူငယ်တွေရယ် ရခိုင်မွန် ကရင်၇ှမ်း ပါတယ်ပေါ့ -စကားဝိုင်းပြောဖြစ်
တယ် ။ကျမ ကတော့ကွန်ပျူတာခုံမှာထိုင်ပြီးပေါ့ --တချို့ မောင်နှမတွေကလည်း ကျမ ကွန်ပျူတာကနေ စကိုက်
ဂျီတော့ နဲ့ နားစွင့်နေ ကြတယ် -- ကျမတို့ မျော်လင့်ထားတဲ့ခေါင်းဆောင်တယောက်ပါဝင်နေတဲ့စကားဝိုင်းလေး
အပေါ်ကိုပေါ့လေ -- သူက ခေတ်အဆက်ဆက် မျိုးဆက်သစ်တွေကို ဘယ်ခေတ် ဘယ်ခေါင်းဆောင်က ဘယ်
လို လက်ဆင့်ကမ်းတာဝန်တွေပေးခဲ့တယ် ပြောနေတယ် --ကျမ ကလည်း ကျမ ချက်တင်နဲ့ ကျမ ကျမကွန်ပျူ
တာကနေ သူ့ အသံနားထောင်သူလည်းနားထောင်ပေါ့ -- ကျမ နဲ့ ချက်နေတဲ့ ကလေးက အမ အသံဖွင့်ပေးလေ သူ့ သဘောထားတွေ ကျနော်တို့ သိချင်တယ်တဲ့  ကျမကနေပါဦးဟ နင့်လို ပဲ တနေရာက ကလေး လေးငါး
ယောက် နားထောင်နေတယ် ။ဆိုတော့ ကျမနဲ့ ချက် နေတဲ့ကောင်လေး ရိုက်လိုက်တာက ကျနော် ၃၀ကျော်ပြီဗျ
ခုထိ အမ က တွေ့ရာလူကလေး ခေါ်နေတုန်း ဆိုပြီး ကောပြော ပြောတော့ ကျမကပြန်ပြောလိုက်ပါတယ် ဟုတ်
ပါတယ်မောင်လေးရယ် အမတောင် ၄၀ နီးပြီ မောင်လေးတို့ အသက် က မြန်မာလူမျိုးတွေရဲ့ သက်တမ်းနဲ့ ဆို
တ၀က် ကျိုးနေပါပြီလို့  ကျမပြောလိုက်တဲ့ အခါ ကောင်လေး က တ၀က်မကျိုးတာ - သန်းရွှေ နဲ့ ဦးအောင်ရွှေ
ပဲ ရှိတယ်တဲ့ လေ--(အသက်ကိုပြောတာနော့) သူ့ ချက်တင်စာလေးနဲ့အတူ နားထဲတစ်သံတည်းဝင်လာတာက
တော့ ကျောင်းသားခေါင်းဆောင်ဆိုသူက ဦးအောင်ရွှေ တို့ က မျိုးဆက်သစ်တွေကို လွှဲပေးသင့်ပြီတဲ့ -
ဟော ခုည ကျတော့ အလုပ်တွေ ရီပို့ ရေးမယ် မေး(လ်)လေးတော့ ဖွင့်ထားမယ်ပေါ့ စာကလည်းရေးချင်တယ်
တွေးလိုက်ရင် ကိုယ်တော်မှိုင်း ဗိုလ်ချုပ်အောင်ဆန်း အပြင် ကျေးတောရွာ ကဗျာလေးတွေလည်း စိတ်ထဲဝင်ဝင်
လာသေးရဲ့ အဲ အ၀င်ဆိုးတာကတော့ လီနင် ကိုမပြစ်ပယ်နိုင်သေးတဲ့အတွေးပဲ ဥက္ကဌ မော်ကို သိတ်မကြိုက်ပေ
မဲ့ ပိန့် ကျင်း ၊ လီလျောက်ချီနဲ့  ၊ ချူအင်လိုင်း ကိုတော့ ခုထိ (စာဖတ်ခဲ့တာကိုယ်နဲ့ တွေ့ ဖူးသလို) သတိတရ၇ှိနေ
တုန်းပဲ -ဒါပေမဲ့ ကျမလိုချင်တာကတော့ ဒီမိုကရေစီပဲပေါ့ ဒီတော့ စောစောကဖွင့်ထားတဲ့ဂျီတော့မှာ နိုင်ငံရေး
အကျဉ်းသားဟောင်းကိုယဉ်မင်းဦးနော်ဝေးကနေ ဘာတွေ တွတ်ထိုးထားမလဲ သူ့ မေး(လ်)လေးကို ထောက်
်ကြည့်တော့ စောစောက ကျမရေးရင်ကောင်းမလားတွေးနေတာ နဲ့  ခပ်တည့်တည့် တိုးတာကတော့
လက်နက်နဲ့ဖြေ၇ှင်းတာကငြိမ်းချမ်းရေး
လိုချင်တာကို တောင်းဆိုတဲ့သူတွေကတော့ အကြမ်းဖက်
တကယ် မော်ဒန် အတွေးအခေါ်တွေပဲ လို့ သူကရေးထား
လေရဲ့ အင်း ကျမလည်း ကိုယ်ကြိုက်နစ်သက်ခဲ့တာတော့ ကွန်မြူနစ် ဘိုးအေ တွေ ခုတကယ်လိုချင်နေတာတော့
ဒီမိုကရေစီ --ဒီမိုကရေစီရှေ့မှာ ဘာမှမပါ (တော်လှန်ရေးတကယ်မလုပ်ခဲ့ပဲ တော်လှန်ရေးစကားပြောသူတွေ ကတော့ ဘုရားစူးမဲ့ ဒီမိုကရေစီမို့  သူတို့ ကို ဘုရားစူး ဒီမိုကရေစီဆိုတဲ့ ဘွဲ့ ကျမပေးထားပါတယ်)မှတ်ချက် ဘုရားစူး
ဒီမိုကရေစီများ၏နာမည်စာရင်းကိုအီးမေး(လ်)ဖြင့် လျို့ ဝှက် လူသိရှင်ကြားတောင်းနိုင်သည်)
နောက်ဆုံး ပြုံးမိတာလေးကတော့ ကျမ ရေးရင်းလက်စဆောင်းပါးတစ်ခု ကို သမိုင်းကြောင်းလေးပါမှာမို့ မှန်
မမှန် ပြန်စစ်နေတုန်း (အိုက်ဆောင်းပါးလေးကဘယ်တော့တင်ဖြစ်မယ် မသိဘူး မျက်စိရှေ့မှာမြင်နေရတဲ့အမြင်
မတော်မှု လက်နှီးကို ပေညစ်နေမှန်းသိလျှက်နဲ့ သူ့ လက်နဲ့ ဆုတ်နှယ်နေသလို ၊ အပေါင်းကြောင့်ဂုဏ်ပျက်
တာကို သိလျက်နဲ့ မရှောင်ရက်နိုင်တဲ့သူတစ်ယောက်အတွက် ငဇင်ကာနဲ့ ပေါင်းမိလို့  ဘ၀ပျက်ပြည်ပျက်ရတဲ့
တောင်ငူဘုရင် နတ်ရှင်နောင် နဲ့ ငဇင်ကာဖြစ်စဉ်တနေ့တင်ဖြစ်ပါလိမ့်မယ်)သေချာမှန်ကန်ဖို့ က ပညာရှင်မေး
လိုက်ဦးမယ်ရယ်လို့  ချက်တင် ကနေ နိုင်ငံရေးအကျဉ်းသားအဖွဲ့ တခု ရဲ့ အတွင်းရေးမှုးဟောင်း အင်မတန်
မှရိုးသားတဲ့ တက္ကသိုလ်ကျူတာတစ်ယောက် ကို ကျမ လှမ်းမေးလိုက် ပါတယ် ။။ သူအားရပါးရ ဖြေလိုက်တာ
တော့ တောင်ငူဘုရင် ဘုရင့်နောင် ပါတဲ့ -ကျမကအချိန်ပြည့်နောက်နေတော့ အမြန်ပြန်ပြင်ပြောပါတယ် ရတု
ဘုရင်နတ်ရှင်နောင် ရယ်လို့  အဲဒီတော့ ဒီကနေ့ ပြသနာရှာသမျှပြုံးရတာကြည့်ပဲမို့ လက်ဆင့်ကမ်းလိုက်ပါတယ် ။

မှတ်ချက် ။။ ။။နိုင်ငံေ၇းအကျဉ်းသားဟောင်း နောင်တော်နှစ်ဦးအား ချစ်ခင်သည့်စိတ်ဖြင့် နောက်ပြောင်ထဲ့သွင်းရေးသားခြင်းဖြစ်သည်။

မေအိခင်(လယ်ဝေး)

2 comments:

Unknown said...

သို့၊ မေအိခင်(လယ်ဝေး)
လူနာကိုတမံတလင်းပေါ်မှာထားတဲ့အဓိကတာဝန်ရှိသူဟာ၊ဆရာဝန်တွေလား?။ခင်ဗျားအဲဒီလိုဆေးရုံတွေမှာလုပ်ဖူးပါသလား?။လုပ်နိုင်မယ်လုပ်ရဲမယ်လို့ထင်ပါသလား?။ကူစက်ရောဂါလူနာကိုဝမ်းတွေသွေးတွေပေကျံနေတဲ့ကြားကဆေးသွင်းဆေးပေးလုပ်ဖူးပါသလား။ လူနာတယောက်ရဲ့စအိုထဲကဝမ်းတွေကိုနှိုက်ထုတ်ပေးဖူးပါသလား?။ဒါတွေမလုပ်ဘူး။မတွေ့ဘူး။ရှိမှန်းမသိဘဲနဲ့ဆရာဝန်တွေရဲ့နှလုံးသားကိုခင်ဗျားဝေဖန်တာတရားမျှတမှုမရှိဘူး။

ဒီရေ said...

အစ်မရေ!!! စာတွေ လာဖတ်သွားပါတယ်..