welcome

၈၈၈၈ ကို ဘယ်သူတွေ စခဲ့စခဲ့ ပြည်သူတွေရဲ့ စုပေါင်းပါဝင်မှုက အခရာကျသလို ဘယ်သူတွေပေးဆပ်ပေးဆပ် အဖြူအစိမ်းလေးတွေရဲ့ နီရဲတဲ့သွေး တွေ က အမြဲ သက်သေ တည်နေပါတယ် ။

အခုကျွန်လိုခိုင်းခံနေ ရာက နောင်ဆို နွါးလို အခိုင်းခံရမယ်ဆိုတာ

Tuesday, January 19, 2010

အပြည်ပြည်ဆိုင်ရာအလုပ်သမားအဖွဲ့ ချုပ်မှကိုယ်စားလှယ်အဖြစ် ရန်ကုန်မြို့ ကိုရောက်ရှိနေတဲ့မစ္စတာ
ကာ၇ီတာပီရိုလာ ဒီတစ်ခေါက်ရောက်ရှိလာပုံကတမူထူးခြားနေပါတယ် ။မြန်မာစစ်အုပ်စုကမည်သို့ 
မည်ပုံ လိမ်လည်လှည့်ပတ်ဦးမယ် မသိပေမဲ့ အိုင်အယ်အို ကိုယ်စားလှယ် ကတော့တကယ်ပဲ မတရား
ထောင်ချအရေးယူခံနေရတဲ့ သူတွေရဲ့မိသားစုတွေ မြန်မာ့အလုပ်သမားအခွင့်အရေးလယ်သမားအခွင့်
အရေးတွေအတွက်ရပ်တည်သူတွေ နဲ့ တွေ့ ဆုံသွားမှာဖြစ်ပါတယ်။
အိုင်အယ်အို နဲ့  မြန်မာစစ်အုပ်စု နားလည်မှုစာချွန်လွှာတွေ နှစ်စဉ် ဖေဖေါ်ဝါရီလတိုင်းရေးထိုးခဲ့ပေမဲ့
အဲ ဒီ့ထဲက အဓမ္မလုပ်အားစေခိုင်းမှုတွေ ပပျောက်အောင်ပူးပေါင်းဆောင်ရွက်ကြမယ် ။။
အဓမ္မစေခိုင်းမှုတွေ ကို ရန်ကုန်အိုင်အယ်အိုရုံးကို တိုင်ကြားတဲ့အခါ မဖမ်းဆီးဘူး (ဥပဒေအရ အကာအကွယ်ပေးမယ်) ဆိုတဲ့ အချက်ကို အဓိက လက်မှတ်ရေးထိုးပေမဲ့  စစ်အုပ်စုဟာ လက်မှတ်သာထိုးတာ၇ှိပြီးပေါ်ပေါ်တင်တင်ကြီးပဲ
လယ်သမားတွေ ကိုဖမ်းဆီးခြင်း နဲ့ အတူ ရန်ကုန်အိုင်အယ်အိုရုံးနဲ့ ဆက်သွယ်ဆောင်ရွက်သူတွေ ကို
နည်းမျိုးစုံသုံးပြီး ခြိမ်းခြောက် နေဆဲပါ ။။ ဒါကို အပြည်ပြည်ဆိုင်ရာအလုပ်သမားအဖွဲ့ ချုပ်ကြီးအနေနဲ့ 
သိရှိနေတာကြောင့် ခုလို လာရောက်ဖြေရှင်း ပြီးကူညီဖို့ ကြိုးစားတာလို့ ယုံကြည်ပါတယ် ။။
ဒါ့အပြင် ၂၀၀၆ မေဒေးနေ့  ကို ဂုဏ်ပြုသောအားဖြင့် အလုပ်သမား တွေ ကိုယ့်အခွင့်အရေးဘာလဲ
ဆိုတာသိရအောင် ဥပဒေလမ်းကြောင်းအရ ပညာပေးမဲ့  အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ် မြို့ နယ်ခေါင်း
ဆောင် နှစ်ဦးဖြစ်တဲ့ ဥပဒေကျောင်းတက်နေတဲ့ သူရိန်အောင် နဲ့ ရှေ့နေ ကျော်ကျော် တို့ ဦးဆောင်တဲ့
အမေရိကန်စင်တာမှာပြုလုပ်မဲ့ မေဒေးပွဲကိုစစ်အုပ်စုက အကြမ်းဖက်ဖမ်းဆီးထောင်ချ ခံခဲ့ရပါတယ်။။

အဲဒီလိုအလုပ်သမားရေးဆောင်ရွက်သူတွေကိုမတရားထောင်ဒဏ်နှစ်နှစ်ဆယ်ကျော်ထောင်ချမှုအပေါ်
အပြည်ပြည်ဆိုင်ရာအလုပ်သမားအဖွဲ့ ချုပ်ကြီးကပြင်းထန်စွာချုံ့ ချ ပြီး ပြန်လွှတ်ပေးဖို့ တောင်းဆိုနေပေမဲ့
ကိုယ်လက်အဂါင်္အားနည်းနေသူတစ်ယောက်က လွှဲ ရင် ကျန် (၅)ယောက် ကို မိသားစုနဲ့ ဝေးတဲ့ဝေးလံတဲ့
ထောင်တွေဆီပို့ ထားပါတယ်။မစ္စတာကာရီတာပီရိုလာကိုယ်တိုင်၎င်းတို့ မိသားစုနဲ့ တွေ့ ဆုံမှာဖြစ်ပါတယ် ။
စစ်အုပ်စုအနေနဲ့ ဘယ်လို ဘယ်ပုံစံတွေ့ ဆုံပေးမယ် မသိပေမဲ့  ဒီတစ်ခေါက် အိုင်အယ်အို အထူးကိုယ်စား
လှယ်ရဲ့ ကြိုးပမ်းမှု ကတော့ အလုပ်သမားတွေ အပေါ် ပိုမိုအားတက်စေပြီး အဓမ္မစေခိုင်းမှုတွေ လျော့ပါး
ပျောက်ပျက်စေဖို့ ၊ အလုပ်သမားအခွင့်အရေးနဲ့ ပတ်သတ်ပြီးဖမ်းဆီးထောင်ချထားသူတွေ ကို အမြန်ဆုံး
လွတ်နိုင်စေဖို့ အကျိုးရလဒ်တွေ ၇ှိလာမယ် လို့ မျော်လင့်ရပါတယ်။။
ဒါပေမဲ့ စစ်အုပ်စုအဓမ္မရေးဆွဲ အဓမ္မအတည်ပြုထားတဲ့ ၂၀၀၈ အခြေခံဥပဒေမှာ အဓမ္မလုပ်အားပေးခိုင်စေမှု
ကို ပိုမို ခိုင်မာတဲ့ ဥပဒေတစ်ရပ်အဖြစ် (အားပေးအားမြောက်ဖြစ်စေတဲ့) ရေးဆွဲထားတယ် ဆို တာမြန်မာ
အလုပ်သမားထုအားလုံးသတိချပ် ဖို့ လိုပါတယ်။။
အကယ်၍သာ ဒီ အခြေခံဥပဒေ အတည်ဖြစ်သွားခဲ့ရင် အလုပ်သမားထုတစ်ရပ်လုံး အခုကျွန်လိုခိုင်းခံနေ
ရာက နောင်ဆို နွါးလို အခိုင်းခံရမယ်ဆိုတာ သေချာနေတာမို့  ကိုယ့်အခွင့်အရေးအတွက် အိုင်အယ်အို
နဲ့ပူးပေါင်းပြီးတောင်းဆို တိုက်ပွဲဝင်ကြပါလို့ မြန်မာအလုပ်သမားထုတစ်ရပ်လုံးနဲ့ အတူ အပြည်ပြည်ဆိုင်
ရာအလုပ်သမားအဖွဲ့ ချုပ်( ILO) ၇ှိနေတယ်ဆို ခုရောက်ရှိနေတဲ့ ကိုယ်စားလှယ်တွေရဲ့ ရပ်တည်မှုကိုကြည့်
ခြင်းဖြင့် သိနိုင်ပါတယ် ဆိုတဲ့အကြောင်း တင်ပြလိုက်ရပါတယ် ။။

0 comments: