welcome

၈၈၈၈ ကို ဘယ်သူတွေ စခဲ့စခဲ့ ပြည်သူတွေရဲ့ စုပေါင်းပါဝင်မှုက အခရာကျသလို ဘယ်သူတွေပေးဆပ်ပေးဆပ် အဖြူအစိမ်းလေးတွေရဲ့ နီရဲတဲ့သွေး တွေ က အမြဲ သက်သေ တည်နေပါတယ် ။

ခွေးဖြစ်ပေါ့ဗျိုး ထက် ဆိုးမဲ့သူတွေ

Saturday, January 2, 2010

ကျမတို့ တိုင်းပြည်လွှတ်လပ်ေ၇းဆုံးရှုံးခဲ့ပြီးနောက် အင်္ဂလိပ်ကျွန်ဘ၀ကိုနှစ်ပေါင်းရာကျော်ရောက်ခဲ့ပေမဲ့လွှတ်လပ်ရေးဆိုတာ ပါးစပ်နဲ့တောင်းမရရင် တိုက်ယူရမယ်ဆိုတဲ့ နည်းလမ်းကို လွှတ်လပ်ရေးဖခင် ဗိုလ်ချုပ်အောင်ဆန်းက ဦးဆောင် ပြပေးခဲ့တယ် တိုက်ယူတဲ့နေရာမှာ တိုင်းတစ်ပါးအားကို လိုအပ်ရင်ချဉ်းကပ်ရမှာမို့  ဂျပန်ပေါင်းပြီးအင်္ဂလိပ်ကိုတိုက်ခဲ့တယ်။ ဂျပန် ကလည်းမြန်မာ့ဘ၀တန်ဖိုးတွေကိုလောဘတက်ပြီးဖက်စစ်စနစ်ဆိုးနဲ့ချယ်လှယ်လာပြန်တယ် ။ဒါတွေကိုလေ့လာသုံးသပ်ခြင်းအားဖြင့် ဗိုလ်ချုပ်အောင်ဆန်းကတော့ ဘယ် တိုင်းတစ်ပါးသားကိုမှယုံကြည်စိတ်ချပြီး တိုင်းပြည်လွတ်လပ်ရေးကို စွပ်ဖက်စေခဲ့တာမဟုတ်ပဲလိုအပ်ရင် အသုံးချပြီး ကိုယ့်တိုင်းပြည်မျက်နှာသာ ကြည့် ခဲ့တာပါ ။ဘယ်တိုင်းပြည်ရဲ့ပေါ်လစီမျိုးကိုမှ သူသယ်ဆောင်လာတာမရှိလို့  ခုထိမြန့်မာယဉ်ကျေးမှုကအစ မပျောက်ပျယ်သေးတာပါ ။ ဒါပေမဲ့ ခုတလောမြန်မာ့အရေးဆောင်ရွက်နေတဲ့ အန်ဂျီအို ဆန်ဆန် အဖွဲ့အစည်းတွေရဲ့ ပေါ်လစီလေးတွေက ပိုက်ဆံပေးတဲ့(ကူညီတဲ့နိုင်ငံ) တွေရဲ့အယူအဆ အစွဲအလန်းလေးတွေ ကိုယ့်အခွင့်အရေးထဲရောထွေးလာတာတွေ့ တော့ပြန်သတိထားစေ့ချင်ပါတယ် ။ လွှတ်လပ်ချင်ရင် ကိုယ့်ယဉ်ကျေးမှု ဒေသ ကိုယ့်လူမျိုးတွေရဲ့စရိုက် နဲ့ကိုက်ညီတာလေးတွေကိုတော့ သယ်ဆောင်သင့်ပါတယ် ။ လင်္ကာတစ်ပုဒ်သတိရတာနဲ့ 

မြန်မာတွေစည်းကမ်းဖောက်လို

့ထီးနန်းပျောက်ဖြစ်ပြီ

မှီးငြမ်းထောက် အသစ်မှီသည်

ညစ်ပလီလူမျိုး

မိပြစ်လို့ ဖရှောင်သွေသည်

ဂွ ကောင်တွေ ခွေးဖြစ်ပေါ့ ဗျိုး --တဲ့ရှေးစာဆိုတစ်ပုဒ်ပါ စာသား အမှားပါရင်ခွင့်လွှတ်ပါကျမနားထဲတော့
ငယ်ငယ် ထဲက ဒီလိုပဲစွဲမြဲခဲ့ပါတယ် ။။ခုသတိတရ ရွတ်လိုက်မိပေမဲ့သိတက်နားလည်တဲ့အ၇ွယ်မှာပဒေသရာဇ်စနစ်ကို မနှစ်သက်တော့ပါဘူး ကလေးဘ၀ကနားမလည်သေးတဲ့အခါ ကိုယ်နိုင်ငံကျတော့ ဘုရင် မရှိလို့ ဆိုပြီးဝမ်းနည်းသလိုလိုပါပဲ ။ကျမရေးချခဲ့တဲ့ကဗျာ ကိုရံခါတော့ သိတ်ကိုနှစ်သက်ပါတယ် ဘယ်လိုအချိန်မျိုးလည်းဆိုရင်ကျမတို့ ပြည်သူတွေစည်းကမ်းမဲ့တာ အနောက်တိုင်း ပုံစံလွန်ကဲတာ ဥပမာ -ကြံ့ဖွံ့  လို စွမ်းအားရှင် ဆိုတဲ့ လက်ကိုင်ဒုတ်လိုက ပြည်သူအရေးကြွေးကျော်နေတဲ့ သူတွေကို စစ်ခွေးအကြိုက်ရိုက်ပုတ်နေတာမျိုးမြင်ရင် ခွေး ဖြစ်ချင်တဲ့ကောင်တွေလို့ အတွေးဝင်ပြီး ဒီကဗျာနဲ့တန်တယ်ရယ် လို့ ပေါ့ ဒါပေမဲ့ လွှတ်လပ်ခြင်း ကိုပြောကြမယ်ဆိုရင် ပဒေသရာဇ်စနစ်ဟာလည်း တိုင်းတစ်ပါးက မအုပ်စိုး တာသာတာရှိပြီး ကန့်သတ်ထားမှုတွေ ထိမ်းချုပ်ခံထားရမှုတွေအများကြီးပါပဲဒီတော့ပဒေသရာဇ်စနစ်မှာလွှတ်လပ်သလားမေးရင် မလွှတ်လပ်ဖူးပေါ့ ။ဒါပေမဲ့ခေတ်မမှီတဲ့ကမ္ဘာကြီးမှာ မလွှတ်လပ်တာသိတ်မသိသာပေမဲ့ခေတ်မှီလာရင်တော့မလွှတ်လပ်ရတဲ့ ဆုံးရှုံးမှုဟာလူဖြစ်ရှုံးတယ်လို့ တောင်ပြောနိုင်ပါတယ် ။ ခုချိန်ထိ မြန်မာတွေစိတ်ထဲကိန်းဝပ်နေတဲ့ အကြောက်တရားဟာ ပဒေသရာဇ် အမွေဆိုး လို့ ကျမ က
ယိုးစွတ်ချင်ပါတယ်။ကိုယ်ကသစ္စာမခံချင်ပေမဲ့ ဓါးမိုးပြီးသစ္စာရည်တိုက်တာမျိုးကိုလည်း မကြေမနပ် နေတက်ခဲ့ကြရတာ ရှေးကတည်းက မြန်မာတွေဘ၀ပါ မင်းဧကရာဇ်တွေက သူတို့ ကိုမော်ဖူးစေ ဆိုမှမော်ဖူးခွင့်ရခဲ့တာမျိုးဟာလည်း အာဏာရှင် လက်ဟောင်းတွေပဲပေါ့ ။ဒါကိုအသက်သွင်းလိုသည်ဖြစ်စေ ရူးလို့  ကြောင်လို့ ဖြစ်စေ ဗိုလ်သန်းရွှေတို့ လုပ်နေပုံကတော့ အာဏာပါးကွက်သား အတွေးအခေါ်သာသာပါပဲ ။ဒါပေမဲ့ မြင်ယောင်မိသားတာက စစ်အုပ်စု လုပ်နေတာ ကော ပြည်သူ့ အတွက်အမည်ခံ စစ်ကျွန်တစ်ဖန်
ဖြစ်ချင်သေးတဲ့ သူတွေလုပ်နေတာရော လဒ်မျော်ကိုးတဲ့ တိုင်းတစ်ပါးအကြိုက် ခွေးဖြစ်ပေါ့ဗျိုး ဆိုတာထက်
ပိုဆိုးဦးမှာ မို့ ရင်လေးမိပါတယ် ။။

သွယ်ဝိုက်ရေးရတဲ့အတွက် နားမလည်သူများခွင့်လွှတ်ပါ ကာယကံရှင်များ ဖတ်မိလျှင်သိကြပါလိမ့်မည်။။

1 comments:

Dream said...

နှစ်သစ်မှာ ထာဝရ ငြိမ်းချမ်းမှုကို ရရှိပါစေ တီတီမေရေ...

အရာအားလုံး ပျော်ရွှင်စိတ်ချမ်းသာစရာများနှင့်သာ ကြုံဆုံရပါစေ တီတီမေ....

တီတီမေ့ကို သတိရပါတယ်.... မတွေ့တာကြာပြီ..နေကောင်းကျန်းမာပါစေ...း)