welcome

၈၈၈၈ ကို ဘယ်သူတွေ စခဲ့စခဲ့ ပြည်သူတွေရဲ့ စုပေါင်းပါဝင်မှုက အခရာကျသလို ဘယ်သူတွေပေးဆပ်ပေးဆပ် အဖြူအစိမ်းလေးတွေရဲ့ နီရဲတဲ့သွေး တွေ က အမြဲ သက်သေ တည်နေပါတယ် ။

UDP အတွင်းရေးမှုးရဲ့ စည်းရုံရေးမူ အထူးသတိပြု

Sunday, March 1, 2009

ခုတလော သတင်းမီဒီယာ တွေမှာ အွန်လိုင်းတွေမှာပွက်လောရိုက်နေတဲ့  UDP ကျော်မြင့်ကိစ္စရပ်ဟာ

ကျမတို့ တော်လှန်ရေးအင်အားစုတွေကို ခြိမ်းခြောက်နေတဲ့ကိစ္စရပ်တစ်ခုလို့ ဆိုနိုင်သလို ပိုပြီးတွန်း

အားပေးနေတဲ့ကိစ္စ လို့ လည်းယူဆလို့ ရပါတယ် ခြိမ်းခြောက်နေတယ် လို့ ကျမသုံးနှုန်းလိုက်တာက

တော့ အကယ်၍သာကျမတို့ ၂၀၁၀ ကိုပွဲသိမ်းအောင်မတိုက်နိုင်ဘူးဆိုရင် ဒီလို တောကြောင် တွေရဲ့

လက်ခမောင်းခတ်ပြီး တိုင်ပြည့်ရေးရာကို ၀င်စွတ်ဖတ်တော့မှာ အသေအချာမို့ ကျမတို့ တိုင်းပြည်

အတွက်အင်မတန်မှရင်လေးစရာကောင်းတဲ့ကိစ္စရပ်ပါပဲ ။ပိုပြီးတွန်းအားပေးနေတယ် လို့ ကျမသုံးနှုန်း

ဖြစ်ခဲ့တာတော့ ဒီလိုတောကြောင်တွေပါဝင်ပတ်သတ်လာရင် ဆိုတဲ့အတွေးနဲ့ကျမတို့ ပို ညီညွတ်လာ

ကြတယ်၂၀၁၀ ကို မပျက်ပျက်အောင်တိုက်ဖို့ ရာ ပိုခိုင်မာလာတယ်လို့  ဆိုလိုတာဖြစ်ပါတယ်။။

စစ်အုပ်စု ဟာအင်မတန်မှ ရက်စက်ယုတ်မာတာ ပြည်သူသိပါတယ် သူတို့ တစ်တွေဟာ ကမ္ဘာ့

ခုံရုံးမှာ တနေ့ ကြိုးစင်တက်ရမှာကို ကြောက်ပြီး အာဏာကိုစွန့် လွှတ်တော့မယ် ဆိုတာတောင် ရိုးရိုး

လေးပြည်သူထံမအပ်ပဲ အမြတ်ရအောင် အာဏာကို ရောင်းစားသွားမဲ့အနေအထားတွေ ခုထင်သာ

မြင်သာတွေ့ နေရပါပြီ ။ကျမကတော့ ကျော်မြင့် ဘာလဲ လို့ ပြောပြနေသူတွေကိုကျေးဇူးတင်တယ်

ပြည်သူတွေ နောင်လာမဲ့နိုင်ငံရဲ့ အနာဂတ် ကို ကြိုတွေးလို့ ရတယ် ဒါ့ကြောင့် ၂၀၁၀ ကို ကန့့်ကွက်

မှုတွေပိုအားကောင်းလာမယ်လို့ ယုံပါတယ် ။။

UDP ရဲ့ရပ်တည်ချက်မှာ ပိုကြောက်စရာကောင်းတာက အတွင်းရေးမှုးဆိုသူ ဦးကျော်မိုးပြောသွားတာပါ

UDP ပါတီကို ဖွဲ့စည်းပြီးနောက်ပိုင်းပါတီဝင်အသစ်တွေကိုစည်းရုံးတဲ့အခါမှာဒေါ်လာငွေ ထောင်သောင်း

ချီပေးပြီး စည်းရုံးနေတယ်ဆိုတဲ့ သတင်းတွေ အင်တာနက်စာမျက်နှာတွေပေါ်မှာတွေ့ခဲ့ရပါတယ်၊အတွင်း

ရေးမှူး ဦးကျော်မိုးကတော့ ပါတီအနေနဲ့ ကိုယ့်ဘာသာ ကိုယ်ရပ်တည်နေနိုင်အောင်ပါတီဝင် တွေကို

ကိုယ်ပိုင်လုပ်ငန်းတွေ ဖန်တီးပေးတာဖြစ်တယ်လို့။ ပြောပါတယ်၊

ဦးကျော်မိုး။တရားဝင်လူထုကြားမှာရပ်တည်နေနိုင်အောင်ကြိုးစားမယ်၊ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်တည်နေနိုင်အောင်၊ ရပ်တည်နေနိုင်အောင်ဆိုတာက နိုင်ငံရေးအင်အားစု တော်တော်

များများ က ငါနိုင်ငံရေးလုပ်မယ် ဟိုလူက ငါ့ကို ထောက်ပံ့ဆိုတဲ့ ပုံစံမျိုး၊ အဲလို မဟုတ်ဘဲနဲ့

နည်းနည်းချင်း နိုင်သလောက် ကိုယ်ပိုင် လုပ်ငန်းလေး တွေ ဖန်တီးပေးတာ။ စုစည်းပေးတာ၊

ဝိုင်းဝန်းကူညီတဲ့ အဲဒီလိုမျိုး ချဉ်းကပ် ပုံမျိုးလေးနဲ့ ဒီအဖွဲ့အစည်းကို တည်ထောင် မယ် ဆိုတဲ့

ရည်၇ွယ်ချက်နဲ့လုပ်ခဲ့တာ၊

သာမန်လူပိန်းတစ်ယောက် ကတော့ ဟ ဒါကောင်းတာပဲလို့ ထင်ကောင်းထင်သွားပါမယ်ဒါပေမဲ့ အင်မတန်

မှအန္တယယ်များတဲ့ ကိစ္စရပ် ပါ ။ပါတီတစ်ခု မှာ ပါတီရဲ့မူဝါဒ ကပါတီရဲ့အသက်ပါ -စဖွဲ့ စည်းစဉ်ကတည်းကချ

လိုက်တဲ့မူဟာအဖွဲ့ ဝင်သစ်တွေရဲ့ရပ်တည်ရေး ကို ငွေနဲ့ တည်ဆောက်ပေးမယ်ဆိုတော့ -- အဲဒီပါတီထဲကို

လူတွေအများကြီးဝင်လာတော့မှာပေါ့ ။တိုင်းချစ်ပြည်ချစ်စိတ်မရှိ .ပညာမတက် .နိုင်ငံရေးအသိမရှိ .စာရိတ္တ

မကောင်း တဲ့အချောင်သမားတွေ များလာမှာပေါ့ ။ဒီလိုလူတွေကသာတိုင်းပြည်အတွက် ကိုယ်စားပြုမယ်

ဆိုရင် ပြင်မရတဲ့လွန်ခဲ့တဲ့ ၆၂ ခုနှစ်က ကာလကြီးကို တစ်ပတ်ပြန်လည်သွားမှာအသေအချာပါပဲ ။။

ကျမနားလည်သလောက်တော့ဦးကျော်ဝင်းပြောသလိုနိုင်ငံရေးအင်အားစုတော်တော်များများက

ငါနိုင်ငံရေးလုပ်မယ် ဟိုလူက ငါ့ကို ထောက်ပံ့ဆိုတဲ့ ပုံစံမျိုး၊ မရှိပါဘူး ရှိရင်လည်း ဒီမိုကရေစီအင်

အားစုတော့ မဖြစ်နိုင်ပါဘူး ။

ဘာကြောင့်လဲဆိုရင် ဒီမိုကရေစီ တိုက်ပွဲဟာ ဘယ်သူကမှ ဘယ်သူ့ကို ဘာနဲ့မှ ဆွဲမခေါ်ပဲ

စိတ်ဓါတ်စွမ်းအားချင်းစုပေါင်းပြီးတိုက်ပွဲခေါ်ခဲ့ ကြတာ ။ အထောက်အပံ့ တွေရယူကြတယ်ဆိုတာလည်း

ဒီလမ်းကိုဖြောင့်ဖြောင့်လျောက်နိုင်ဖို့ ဒီမိုကရေစီလိုလားတဲ့သူတွေကကူညီကြတာပါ ။ဒီမိုကရေစီအင်အား

စုအားလုံးဟာ ဆင်းရဲလို့ ငတ်လို့ နိုင်ငံရေးပါတီတွေထဲ ၀င်လာ တော်လှန်ရေးလုပ်လာတာမှမဟုတ်ပဲ ။။

ငတ်နေ ဆင်းရဲနေတဲ့ပြည်သူလူထုကို ကယ်တင်ချင်လို့ လုပ်ခဲ့ကြတာပါ။။ လုပ်ငန်းတွေတည်ထောင်ပေး

တယ်ဆိုတဲ့အဆင့်ဟာ လဒ်ပေး တဲ့အဆင့်ဖြစ်တာမို့  တိုင်းပြည်အတွက် ခဲ တွေ သလဲ တွေ အမှိုက်တွေ

သာထပ်ပါလာဦးမှာပါပဲ ။။

ပြီးခဲ့တဲ့အတိတ်ကာလ ပါလီမာန်ဒီမိုကရေစီခေတ်ကိုပြန်ကြည့်မယ် ဆိုလည်း တည်မြဲ သန့် ရှင်းရဲ့ပြဿနာ

ဟာခုချိန်ထိပြောစမှတ်တွင်ကျန်ခဲ့တာပါပဲ ။ ခု UDP ကျော်မြင့်လိုလူမျိုးကျတော့ ဒါ့ထက် ပိုဆိုးနေပါတယ် ။

စစ်အုပ်စုက ဗိုလ်ချုပ်တို့ ကျခဲ့တဲ့အတွင်းဝန်ရုံးကို နိုင်ငံခြားကုမ္မဏီ ကိုရောင်းသလိုမျိုးပဲ UDP ကျော်မြင့် လို

လူမျိုး လက်ထဲထိုးထဲ့ပြီး ထွက်ပြေးဖို့ ဝန်လေးမှမဟုတ်ပါဘူး ။။ ၈၈ ကျောင်းသားအမည်ခံအေးလွင်တို့ လို

ဒေါက်တာဇာနည် တို့ လို UDP ကျော်မြင့်တို့ လူ လူမျိုး တွေ တိုင်းပြည်ရဲ့ ဦးဆောင် နေရာမှာ စိုးစဉ်း မျှ

လက်ခံလို့ မဖြစ်တာကြောင် ၂၀၁၀ ကို စစ်အုပ်စုထင်တိုင်း မလုပ်သွားနိုင်ဖို့  ကျမတို့ တစ်တွေ ပိုညီညွတ်

ကြဖို့  လိုပါတယ် ။သိတ်အရေးကြီးတဲ့ အချိန်ဖြစ်တာကြောင့် ထောင်ထဲမှာလိုပဲ အချင်းချင်းနေ့ စဉ်မြင်ရ

တွေ့ရ တဦးကျင်ကြီး တစ်ဦးတွေ့ လိုတွေရ အနံ့အသက်ပြင်းတဲ့အခန်းကျဉ်းထဲ က ဒဏ်တွေကြောင့်ဒေါသ

တွေ နဲ့ ရန်ဖြစ်စကားများ မကြေနပ်ရင် ထိုးနှပ် လိုက်ကြပေမဲ့ အာဏာပိုင် (ထောင်ပိုင် (၀ါဒါ)) တွေနဲ့

ထိပ်တိုက်ရင်ဆိုင်ရပြီဆိုရင် အချင်းချင်း ဝေါကနဲ ညီညွတ်လိုက်ကြ စုမိလိုက်ကြပြီး အာဏာပိုင် ကိုပြန်တိုက်

ကြတဲ့ပုံလေးတွေ အမှတ်ရပြီး -- အရေးကြီးပြီမို့ သွေးနီးလိုက်ကြရအောင် ။။ အတ္တတွေမာန်မာနတွေခ၀ါချ

ပြီး ထွက်ပေါ်လာမဲ့ တောကြောင် အချောင်သမားတွေကိုရော စစ်အုပ်စုကိုပါ အမြစ်ဖြတ်လိုက်ကြရအောင် ။။

ပြည်သူ့ ဒီမိုကရေစီမလွဲမသွေ ရ ကို ရ ရမည်။။

မေအိခင်(လယ်ဝေး)

0 comments: