welcome

၈၈၈၈ ကို ဘယ်သူတွေ စခဲ့စခဲ့ ပြည်သူတွေရဲ့ စုပေါင်းပါဝင်မှုက အခရာကျသလို ဘယ်သူတွေပေးဆပ်ပေးဆပ် အဖြူအစိမ်းလေးတွေရဲ့ နီရဲတဲ့သွေး တွေ က အမြဲ သက်သေ တည်နေပါတယ် ။

ဒို့ ကျောင်းသားတွေညီရဲ့လားဟေ့  --ညီတယ်ဟေ့ ဆိုတဲ့အသံ တစ်ဖန် ပြန်ကြားချင်မိ

Tuesday, March 3, 2009

ဒီအချိန် ဒီလရောက်ရင် ကျမတို့  တော်လှန်ရေးတစ်ခုလုံးရဲ့ အစ ဟော့ဒီ့ မတ် လ ပေမို့  ကျမ အတိတ်ကိုပြန်သတိရ
မိတယ်ကိုဖုန်းမော် ကျခဲ့တဲ့ မတ်လ(၁၃) ရက် နေ့  မှာ ကျမ ကအင်းစိန် အထက(၁)ကန၀မတန်းကျောင်းဘ၀ ပဲရှိပါ
သေးတယ် ။ အင်းစိန် စက်မှုတက္ကသသိုလ်နဲ့  အင်းစိန် အ ထ က (၁) (၂) က နီးစပ်လေတော့ အခြေခံပညာ အထက်
တန်းကျောင်းသားတွေဟာ ဒီမတရားမှုကြီးကိုဆန့် ကျင်ကြဖို့  တက္ကသိုလ်ကျောင်းသားကြီးတွေအတွက်ခွန်အား တွေ
ဖြစ်လာခဲ့တယ် ။မတ်လ ကိုဖုန်းမော် ကျဆုံးခဲ့ရတဲ့ ကိစ္စဟာလည်း မတရားတာ ကိုမတရားဘူးလို့ ပြောရဲ ဆိုရဲတဲ့
ကျောင်းသားတွေကြားမှာ မားမားမတ်မတ်ရပ်ခဲ့တဲ့ အတွက်ဖြစ်တာမို့ ကိုဖုန်းမော်ဟာကျောင်းသားအာဇာနည် ဖြစ်ခဲ့
တယ်အဲဒီ့နေ့ မှာ ကိုဖုန်းမော်နည်းတူ ကိုစိုးနိုင် လည်း ကျဆုံးခဲ့ပါတယ်။။

အဲဒီနေ့ ဟာကိုဖုန်းမော်နေ့  မြန်မာနိုင်ငံလူ့ အခွင့်အရေးနေ့ ပေါ့။
ဒီစစ်တပ်ကကျောင်းသားတွေကို ခေတ်အဆက်ဆက်သတ်ခဲ့တာကြောင့်ရန်ကုန်တက္ကသိုလ်ကျောင်းသူကျောင်းသားတွေ
ဟာ ဆန္ဒပြမှုတွေ ဖြစ်ပေါ်လာခဲ့ပါတယ်စစ်တပ်ဟာကျောင်းသားဆို သိတ်ကိုကြောက်တာကြောင့် မတ်လ (၁၆)ရက်မှာပဲ
တံတားနီ မှာ စုရုံးချီတက်ဆန္ဒပြနေတဲ့ကျောင်းသား/သူ တွေကို ရက်ရက်စက်စက်သတ်ဖြတ် ဘတ်နတ်နဲ့ထို့  အချုပ်ကား
တွေ ထဲစုပြုံထဲ့သွင်းဖမ်းဆီး ခဲ့ပြီး ထောင်ထဲပို့ ခဲ့ပါတယ် ။။ ဖမ်းဆီးသတ်ဖြတ်ရုံမကပဲ ကျောင်းသူလေးတွေကို မုဒိန်းကျင့်
မှုတွေပါပြုခဲ့ကြတာ မို့  အဲဒီ့တုန်းက ဘီဘီစီသတင်းထောက် ခရစ်စတိုဘာဂါးနက်(စ်)ကိုယ်တိုင် မုဒိန်း အကျင့် ခံ ရတဲ့
ကျောင်းသူကို အင်တာဗျူး ခဲ့ပါတယ် ။ဒီလို ကျောင်းသား/သူတွေကိုရက်ရက်စက်စက်ဖမ်းဆီးသတ်ဖြတ်ခဲ့ပြီး ၁၇ရက်နေ
့ ညမှာပဲ ကျောင်းတွေ ပိတ်ပစ်ခဲ့ပါတယ် ။အဲဒီ့ နေ့ မှာ ဖြူဖွေးနေတဲ့ အင်ယားကန် ဘောင်ဘေး က တံတားဖြူ ဟာ
ကျောင်းသားကျောင်းသူတွေရဲ့သွေးတွေ နဲ့လွှမ်းခဲ့ရလို တံတားနီ လို့ တောင် အမည်တွင်ခဲ့ပါတယ် ။။

အဲဒီ့နေ့ ဟာတံတားနီနေ့ ပေါ့ ။။

စစ်တပ်ရဲ့လူမဆန်တဲ့အပြုအမူတွေ ဟာ ခု မှ လုပ်ခဲ့တာမဟုတ်ပါဘူး နေ၀င်းအာဏာရကတည်းကပညာမတက်တဲ့နေ၀င်း
ဟာပညာတက်တွေ ကိုသူသိတ်မုန်းတာကြောင့် တိုင်းပြည်အတွက်အနာဂတ်ကောင်းတွေ တည်ဆောက် ပေးနိုင်မဲ့ ပညာ
တက် ကို ဦးချိုး ဖို့ အကြိမ်ကြိမ်ကြိုးစားခဲ့တာပါပဲ။ ပြည်သူတွေပိုင်တဲ့ငွေစက္ကူတွေကို တရားမ၀င် ကြေညာတဲ့အခါစစ်တပ်
ကိုဘယ်သူ ကပြောရဲတုန်း --ကျောင်းသားပဲ ပြောခဲ့တာ -- ၈၈၈၈ ကို ဘယ်သူက ဦးဆောင်ခဲ့တုန်း ကျောင်းသား ပဲ
ဦးဆောင်ခဲ့တာ --၁၉၉၆ ဒီဇင်ဘာ လှုပ်ရှားမှုကို ဘယ်သူဦးဆောင်ခဲ့တုန်း ကျောင်းသားပဲဦးဆောင်ခဲ့တာ -- လက်ရှိဖြစ်
ပေါ်နေတဲ့ ဒဂုန်တက္ကသိုလ်ကျောင်းသားမတရားအရိုက်ခံရမှု ကို ဒို့ ကျောင်းသားတွေ ငြိမ်နေဦးမလား -- ခေတ်အဆက်
ဆက် ပြည်သူ့ ရှေ့ ကရပ်ခဲ့တဲ့ကျောင်းသားတွေ ဟာ ကိုယ့်ကျောင်းသားတွေကို အာဏာပိုင်က ဦးချိုး နေတာသိသိကြီးနဲ့
ငြိမ်ခံနေလို့ တော့ မဖြစ်ဘူး ရှေ့ကနေ လမ်းခင်ပေးသွားတဲ့ ဗိုလ်အောင်ကျော် ဗိုလ်ချုပ်အောင်ဆန်း ကိုဖုန်းမော်
ကိုမင်းကိုနိုင် တို့ ရဲ့ ကျောင်းသားစိတ်ဓါတ်တွေနဲ့  ဒို့ ကျောင်းသားတွေညီရဲ့လားဟေ့ ညီတယ်ဟေ့ ဆိုတဲ့ အသံ မိုးထံယံ
မှာလွှင့်ပျံပြီး စစ်အာဏာရှင်စနစ်ဆိုး ကို လမ်းဆုံး ပို့ ပေးလိုက်ကြပါစို့  ။။

မေအိခင်(လယ်ဝေး)



အရိုက်ခံရတဲ့ ကျောင်းသားတွေ ကိစ္စ ကိုယ်နဲ့ မဆိုင်သလို ဘယ်ကျောင်းသားမှ နေမှာမဟုတ်ပါဘူး။။။

၂၂-ဖေဖေါ်ဝါရီ ၂၀၀၉ ဘူမိဗေဒ ဌာန၊ဒဂုံတက္ကသိုလ် ကျောင်းသား များ အရိုက်ခံရသည့် ကိစ္စ နောက်ဆက်တွဲ

တရာလို
ကိုပြည့်နိုင်ဖြိုး( တတိယနှစ် -ဘူမိဗေဒ)
ကိုနေလင်းထက်(သက်သေ)
ကိုအောင်ဖုန်း(သက်သေ)
ဆေးရုံတက် ၁
နည်ပြ-ဦးအောင်မင်းဦး
၆၄၅၈၁၉- အင်စိန်ရဲစခန်းဖုန်းနံပါတ်

တ၇ားခံ
ဇေယျာဖြိုး
ကျော်မျိုးချို
သက်ဝေဖြိုး
အမှုအမှတ် ပ၄၉၆/၂၀၀၉
အင်းစိန်ရဲစခန်း
ပုဒ်မ ၂၉၄။ ၃၂၅။ ၁၁၄

0 comments: