welcome

၈၈၈၈ ကို ဘယ်သူတွေ စခဲ့စခဲ့ ပြည်သူတွေရဲ့ စုပေါင်းပါဝင်မှုက အခရာကျသလို ဘယ်သူတွေပေးဆပ်ပေးဆပ် အဖြူအစိမ်းလေးတွေရဲ့ နီရဲတဲ့သွေး တွေ က အမြဲ သက်သေ တည်နေပါတယ် ။

ပြည်ထောင်စုဝန်ကြီး သုံးဦးဖြစ်သော ဦးစိုးသိန်း ဦးအောင်မင်းနှင့် ရဲချုပ်ဟောင်း ၀န်ကြီးဦးခင်ရီတို့ မှ မိမိတို့  အလုပ်သမားရေးဆောင်ရွက်သူများ ၊အခြေခံ အလုပ်သမားအဖွဲ့ တို့ နှင့်တွေ့ ဆုံ

Sunday, February 24, 2013



၂၃ ရက် ဖေဖေါ်ဝါရီ တွင် ပြည်ထောင်စုဝန်ကြီး သုံးဦးဖြစ်သော  ဦးစိုးသိန်း ဦးအောင်မင်းနှင့် ရဲချုပ်ဟောင်း ခင်ရီတို့ မှ ကျွန်ုတို့  အလုပ်သမားရေးဆောင်ရွက်သူများ နှင့် အခြေခံ အလုပ်သမားအဖွဲ့ တို့ အား ခေါ်ယူတွေ့ ဆုံခဲ့သည်။ အလုပ်သမားဌါန ညွှန်ချုပ်ဦးဝင်းရှိန်လည်းပါဝင်ပါသည်။ မိမိမှ LRDP အနေနှုင့် လက်ရှိ အလုပ်သမားအဖွဲ့ ဖွဲ့ စည်းခွင့်ရပြီးနောက် အစိုးရ ဌါနဆိုင်ရာဖက်မှ နှောက်ယှက်မှုမရှိ ပူးပေါင်းဆောင်ရွက်မှု ရှိသောလည်း အလုပ်၇ှင် များမှ ဖွဲ့ စည်းခွင့် ဥပဒေအပေါ်ချိုးဖောက်၍ အလုပ်သများများကို အလုပ်ထုတ်ပစ်ခြင်းများအပေါ် အစိုးရမှ အလုပ်ရှင် များအား နည်းလမ်းများပေးရန် စေ့စပ် နိုင်ရန် အလုပ်ရှင် အလုပ်သမားအစိုးရ သုံးဦးသုံးဖလှယ် ပူးပေါင်း ဆက်ဆံ နိုင်ရန် အတွက် တင်ပြခဲ့သည် . ထို့ အတူ အလုပ်သမားခေါင်းဆောင်အသီးသီး မှလည်း ၄င်းတို့ အဖိနှိပ် ခံရမှုများနှင့် လက်၇ှိ အခြေအနေများအား အစိုးရ ၀န်ကြီးအား တင်ပြခဲ့ကြသည်။ ၀န်ကြီးများမှလည်း တစ်ဦးချင်း၏ တင်ပြမှုများအား အလေးထား တုန့် ပြန် ပြောဆိုခဲ့ကြပြီး
အလုပ်ရှင် များနှင့် ထပ်မံ တွေ့ ဆုံပြီး ညှိနှိုင်းနိုင်၇န် နည်းလမ်းများကြီုးပမ်းပေးသွားမည်ဟု သိရသည်။

0 comments: