welcome

၈၈၈၈ ကို ဘယ်သူတွေ စခဲ့စခဲ့ ပြည်သူတွေရဲ့ စုပေါင်းပါဝင်မှုက အခရာကျသလို ဘယ်သူတွေပေးဆပ်ပေးဆပ် အဖြူအစိမ်းလေးတွေရဲ့ နီရဲတဲ့သွေး တွေ က အမြဲ သက်သေ တည်နေပါတယ် ။

မတ်လ၂၂ တွင် တိုင်းပြည်အတွက် တန်ဖိုးကြီးသူတစ်ဦး ဆုံးရှုံးရပြန်

Sunday, March 31, 2013

ဒုတိယဗိုလ်မှုးကြီးကျော်ဆန်း(အငြိမ်းစား)ကြည်း/၇၆၁၉ ၊ OTS အပါတ်စဉ် (၁၈)
အသက်(၈၁) နှစ်
ကိုယ်ရေးအကျဉ်း
- ဒုတိယဗိုလ်မှုးကြီးကျော်ဆန်းသည် စစ်ကိုင်းတိုင်း စစ်ကိုင်းမြို့ နယ် ကျားမင်းကြီးကျေးရွာနေ
အဘ (ဦးလာမြ)+အမိ(ဒေါ်အုန်းခင်) တို့ မှ ၁၉၃၂ ဇွန်လ ၁၇ ရက် တွင် ဖွါးမြင်ခဲ့သည်။
မွေးချင်း (၅)ယောက် အနက် ဒုတိယမြောက် သားဖြစ်သည်။
- ၁၉၃၂ မှ ၁၉၄၇
ကျားမင်းကြီးကျေးရွာတွင် မိဘများနှင့်တူပညာများသင်ယူခဲ့သည်။
- ၁၉၄၇
- နှစ်လည်ပိုင်းတွင် ကျောင်းမှ ထွက်ပြီး စစ်ကိုင်းခရိုင် ဖဆပလ အဖွဲ့ ချုပ်တွင် လွတ်လပ်ရေး ရချိန်အထိပါဝင်ဆောင်၇ွက်ခဲ့သည်။
- ၁၉၄၈ မှ ၁၉၆၂
၁၉၄၉ ဇွန်လတွင် ဗမာ့ သေနတ်ကိုင် တပ်ရင်း တွင်ဝင်ရောက်ခဲ့ပြီး သာမာန်တပ်သားဘ၀မှစ
၍ တာဝန်ထမ်းဆောင်ခဲ့သည်၊ ၁၉၅၁ ခုနှစ်တွင် ဒုတပ်ကြပ်အဆင့်ရရှိပြီး ၁၉၅၂ တွင် တိုက်ပွဲ
ဝင် သူရဲကောင်းမှတ်တမ်းဝင်ဆု ရရှိခဲ့သည်။
- ၁၉၅၄ မှ ၁၉၅၇
ဘုရင့်နောင် စစ်ဆင်ရေး ရန်ကြီးအောင် စစ်ဆင်ရေး တို့ တွင်ပါဝင်ခဲ့ပြီး ၁၉၅၇ တွင် တပ်ကြပ်
အဆင့်နှင့်ဗိုလ်သင်တန်း တက်ရောက်ခဲ့ရသည်။၁၉၅၈ တွင် ပြန်တမ်းဝင်အရာရှိ(ဗိုလ်)ဖြစ်ခဲ့ပြီး
ခလရ (၁) နေပြည်တော် စစ်ဌါနချုပ် ခမရ (၁၀၂) တွင် တာဝန် ထမ်းဆောင်ခဲ့ပါသည်။
- ၁၉၆၂ မှ ၁၉၈၆
၁၉၆၂ -၆၆ ခှုနှစ်တွင် ဗိုလ် ၊ဗိုလ်ကြီး အဆင့် နှင့်တပ်စုမှုး ၊တပ်ခွဲမှုးအဖြစ် ကရင်ပြည်နယ်
သထုံ ခရိုင်တွင် လည်းကောင်း ၁၉၆၆ -၆၈ ခုနှစ်တွင် ရကခ တွင် ဦးစီး(က) အဖြစ်
လည်းကောင်း ၁၉၆၈-၇၁ ခုနှစ်တွင် လကရ(၁) တွင်လည်းကောင်း ခလရ (၂၁)တွင် ဗိုလ်ကြီး
အဆင့် နှင့် တပ်ခွဲမှုး (ဗိုလ်မှုး)တာဝန် ကို ထမ်းဆောင်ခဲ့ပါသည်။
- ၁၉၇၄ -၈၀
ခမရ (၁၁) တွင် တပ်ရင်းမှုး တာဝန် ထမ်းဆောင်ခဲ့ပြီး ၆-၄-၈၁ တွင် ဒုတိယဗိုလ်မှုးကြီးအဆင့်
တပ်ရင်းမှုးတာဝန်နှင့် တပ်ရင်း စည်းရုံးရေး ကော်မတီ ဥက္ကဌ အဖြစ် ၁၉၈၆ တွင် ဒုတ်ယဗိုလ်
မှုးကြီးအဆင့်ဖြင့် ၁၉၈၆ ဇန်န၀ါရီလ (၂၆)တွင် တပ်မတော်မှ အငြိမ်းစားယူခဲ့သည်။
- ၁၉၈၈-၁၉၉၀
အမျိုးသားလှုပ်ရှားမှုကြီးကိုဝန်ကြီးချုပ်ဟောင်း ဦးနု ဗိုလ်မှုးချုပ်အောင်ကြီး(အငြိမ်းစား)
ဦးတင်ဦး (ဗိုလ်ချုပ်ကြီး သူရတင်ဦး ကာကွယ်ရေး ဦးစီးချုပ်နှင့် ကာကွယ်ရေး ၀န်ကြီးဟောင်း)
နှင့် ဒေါ်အောင်ဆန်းစုကြည်တို့ မဖြစ်မနေ ပူးပေါင်းပြီး နိုင်ငံရေးဦးဆောင်မှုပေးရန် ဦးတင်ဦး
အားအကြံပြုခဲ့သည်ဖြစ်သည်။
ဗိုလ်ချုပ်ကြီး ဦးတင်ဦးအား အနီးကပ် အကြံပြုတင်ပြခဲ့သော ပထမဆုံး အနီးကပ် ရဲဘော်ဖြစ်
သည်။
မျိုးချစ်၇ဲဘော်ဟောင်းအဖွဲ့ တွင် တပ်မှုးဟောင်း (၈၅) ဦးတွင်ပါဝင်ခဲ့သည် မျိုးချစ်ရဲဘော်
ဟောင်း ဌါနချုပ်တွင် ဗဟိုကော်မတီဝင်တစ်ဦးဖြစ်ပြီူ အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ် စစ်ကိုင်း
တိုင်းတွင် စည်းရုံးရေးတာဝန်များကိုထမ်းဆောင်ခဲ့သည်။မကွေးတိုင်း အမျိုးသားဒီမိုကရေစီ
အဖွဲ့ ချုပ် တိုင်းစည်းရုံးရေးအဖွဲ့ ဝင်အဖြစ် တာဝန် ထမ်းဆောင်ခဲ့ပါသည်။
- ၁၉၉၀ ရွေးကောက်ပွဲတွင် အမျိုးသားဒီမိုကရေစီ အဖွဲ့ ချုပ်ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ်
အဖြစ်စစ်ကိုင်းတိုင်း တည့်ဆည် မြို့ နယ် အမှတ်(၁) မဲဆန္ဒနယ် တွင်ဝင်ရောက်ယှဉ်ပြိုင်ခဲ့ရာ
ရွေးကောက်တင်မြောက်ခြင်းခံခဲ့ရသည်။ အမျိုးသားဒီမိုကရေစီ အဖွဲ့ ချုပ် ၏ စစ်ကိုင်းတိုင်း
ဥက္ကဌ အဖြစ် လည်းကောင်း အဖွဲ့ ချုပ် ဗဟိုဦးစီး အဖွဲ့ ဝင်အဖြစ်လည်းကောင်း တာဝန်ထမ်း
ဆောင်ခဲ့သည်။
- ၁၉၉၁ - ၂၀၁၃
၁၉၉၁ တွင် အမျိုးသားဒီမိုကရေစီ အဖွဲ့ ချုပ် ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် နိုဗယ်ငြိမ်း
ချမ်းရေးဆု ရရှိသည်ကို ထောက်ခံ သည့် အတွက် အာဏာပိုင် မှ ဖမ်းဆီးပြီး ထောင်(ရ)နှစ်
ချမှတ်ခဲ့သည်။
ဆက်လက်၍ ပုဒ်မ ၁၀(က) နှင့် အင်းစိန် ထောင်ထဲ တွင်ပင် ဆက်လက် ထိမ်းသိမ်းခဲ့သည်။
၂၀၀၄တွင် လွတ်ငြိမ်းချမ်းသာနှင့် လွှတ်ပေးခဲ့သော်လည်း ၂လအကြာတွင် မတရားပုဒ်မတပ်
၍ ထောင် (ရ)နှစ် ထပ်မံ ချခဲ့သည်။ ၂၀၁၀ တွင် လွတ်ငြိမ်းချမ်းသာနှင့် ထောင်မှလွှတ်ခဲ့သည်။
ထောင်တွင်း ကျမ်းမာရေး ချို့ ယွင်းမှု များစွာ နှင့် ရင်ဆိုင်ခဲ့ရသော်လည်း ယုံကြည်ချက် အတိုင်း ပါတီတာဝန်များကို ဆက်လက် ထမ်းဆောင်ရန် တာဝန်ကျရာ စစ်ကိုင်းတိုင်း သို့ သွား
ရောက်၍ ပါတီအရေး လူထုအရေးများကို ဆက်လက် ဆောင်ရွက်ခဲ့သည်။နိုင်ငံရေးတာဝန်များ
ကို မကျမ်းမာသည့်ကြားမှ သေဆုံးသည်ထိ စွမ်း စွမ်း တမံ ကြိုးစားဆောင်ရွက်သွားခဲ့သည်။

0 comments: