welcome

၈၈၈၈ ကို ဘယ်သူတွေ စခဲ့စခဲ့ ပြည်သူတွေရဲ့ စုပေါင်းပါဝင်မှုက အခရာကျသလို ဘယ်သူတွေပေးဆပ်ပေးဆပ် အဖြူအစိမ်းလေးတွေရဲ့ နီရဲတဲ့သွေး တွေ က အမြဲ သက်သေ တည်နေပါတယ် ။

သတိ -NLD အားလုပ်ကြံရန် ရှိ

Tuesday, June 7, 2011


စစ်ဗိုလ်အုပ်စုက ဓါးနဲ့အထိုးခံရတဲ့NLD လူငယ်စိုးမြတ်သူ(ခ)ကိုမြတ်

အဖွဲ့ ချုပ်အားထားရတဲ့ လူငယ်တွေ



သတင်း က ရင်ကို နင့်စေပါတယ် ရင်းနှီးခဲ့ကြတဲ့တော်လှန်ရေးမောင်နှမ ထဲက မောင်ငယ်လေး
ကို စစ်ဗိုလ် အုပ်စုက ဓါးနဲ့ ထိုးလို့ တဲ့ အဆုတ် ထိတဲ့အတွက် စိုးရိမ်ရတယ် ရန်ကုန်ဆေးရုံ
ကြီးအရေးပေါ်ခန်း ခုပဲတင်လိုက်ရတယ်တဲ့ ။ဘုရားတ ပြီး ကျမ မျက်ရည်တွေစီးကျခဲ့ပါတယ်။

တစ်ပြိုင်နက်ကျမ ခေါင်းထဲကို ၀င်လာတာတခုက သက်နိုင်ဦး ကိစ္စ။။ လွန်ခဲ့တဲ့ဆယ်စုဝက်
က ဖြစ်ပျက်ခဲ့တဲ့ ရဲဘော်သက်နိုင်ဦးကိစ္စ မေ့မရခဲ့ပါဘူး စစ်တပ် စစ်သား စစ်ဗိုလ်များ နဲ့  ဒီမိုကရေစီလိုလားတဲ့ အတွေးအခေါ်မြင့်မားတဲ့ တိုင်းပြည်ကို ချစ်တဲ့ လူငယ်လေးများ က
ရန်သူများလားရယ်လို့ ရင့်နင့်စွာခံစားရပါတယ် ။

စစ်တပ်နဲ့  NLD ဟာ ဘက် နှစ်ဖက် လုံးဝမဟုတ်ပါဘူး ဒါကို တပ်မတော်သားတွေ အထူး
သတိထားကြဖို့ လိုပါတယ်။ မြှောက်စားတိုင်းလည်းမရမ်းကားမိဖို့  တပ်မတော်သားတွေကို
သတိပေးချင်ပါတယ်။ NLD လူငယ်အများစုဟာ ပွင့်လင်းရိုးသားပြီး မိမိယုံကြည်ချက်ပေါ်မှာ
သစ္စာရှိရှိ နဲ့ အပွန်းအပဲ့ အထိအရှများစွာနဲ့  အန္တယယ်ကြားကဒီခရီးကိုလျောက်နေကြရတာပါ။

ဓါးထိုးခံရတဲ့ NLD လူငယ် စိုးမြတ်သူ ဆိုရင် တကယ့် ပျော်တက် တဲ့လူငယ်ပွင့်လင်းမှုရှိ
တယ်။ မိခင်ကြီးကို လုပ်ကျွေးနေတယ် သူတက်တဲ့ပညာရပ်လေးကစလောင်းတွေလိုက်
တပ်ဆင်တယ်ရတဲ့ ငွေလေးနဲ့  မိခင်သူနာပြုဆရာမ ကို စောင့်ရှောက်နေတာဖြစ်ပါတယ် ။
အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်ကို နှစ်ထောင်ခုနှစ်နောက်ပိုင်းမှာ တာမွေ မြို့ နယ်လူငယ်
အဖြစ်ဝင်ရောက်လုပ်ကိုင်ပြီး သူနိုင်တဲ့ဝန်နဲ့ ဒီမိုကရေစီ တော်လှန်ရေးထဲပါဝင်နေတဲ့ကလေးပါ
လက်ရှိ ဗဟိုလူငယ်အထောက်အကူပြု လုပ်ငန်းတွေလုပ်နေပြီး အဖွဲ့ ချုပ်မှာ အားကိုးအားထား
ရတဲ့လူငယ်တစ်ယောက်လည်းဖြစ်ပါတယ်။

ခေတ်လူငယ်တွေ သူတို့ ခေတ် ပဲ ဆိုပြီး အနောက်တိုင်းပုံစံလေးတွေနဲ့ လေလွင့်နေတဲ့ မြန်မာ
လူငယ်အများစုကြားက ခေတ်ကိုလည်းမြင် မြန်မာပြည်ရဲ့စစ်အုပ်ချုပ်ရေး စနစ်ကိုလည်းချဉ် ပြီး
ကိုယ်ယုံကြည်တဲ့ဒီမိုလမ်းကို ရဲရဲရင့်ရင့်လျောက်နေတဲ့လူငယ်တွေထဲက စိုးမြတ်သူ(ခ) ကိုမြတ်
ဟာလည်းတိုင်းပြည်အနာဂတ်ကောင်းဖို့ အတွက်ဘ၀ရဲ့ အချိန်တွေပေးဆပ်နေရတဲ့လူငယ်
တစ်ယောက်ပါ ။

စစ်အုပ်စုရဲ့ အာဏာစက် အောက်က ဥပဒေ ဆိုတာကို ကျမမယုံကြည်ပါဘူး ။ လူငယ်တွေ
ရန်ဖြစ်တယ် စကားများတယ် နောက်ဆုံး သောက်စား တယ်ပဲ ထားပါဦး တဖက်က စစ်ဗိုလ်
နှစ်ယောက် နဲ့ ကြေးစားလူမိုက် ရာဇ၀တ်ကောင် တဖက်က NLD မှာ တာဝန်ရှိတဲ့ လူငယ်
ပါတဲ့ လူငယ်သုံးယောက် -- ဒီရန်ပွဲ ဟာ တိုက်ဆိုင်မှုလို့ ကျမ လုံးဝ လက်မခံပါဘူး ။

တဖက်သတ် အစီစဉ်တကျ ရန်စပြီး လူတစ်ယောက်ကို သေလောက်အောင် လုပ်ကြံတာ
အသေအချာပါပဲ ။ စစ်တပ်ကြီးစိုးနေတဲ့ မြန်မာပြည်မှာ စစ်ဗိုလ် စစ်သား အနိုင်ကျင့်သမျှ
NLD လူငယ်ကတော့ ဘယ်နည်းနဲ့ မှ ခေါင်းငုံ့ ခံမှာ မဟုတ်ပါဘူး ဒီလို ငုံ့ မခံတဲ့အတွက်လည်း
ရက်ရက်စက်စက် အသေထိုးသတ်လိုက်တာပဲလို့ ကျမနားလည်ပါတယ် ။

ကံကောင်းလို့  စိုးမြတ်သူ အခြေအနေ မသေဆုံးနိုင်ဘူးလို့ ကြားနေရပေမဲ့ ဒီကိစ္စကို ကျမတို့ 

ဒီမိုကရေစီအင်အားစု တွေက လက်ပိုက်ကြည့်လို့ မရပါဘူး ။ လက်၇ှိတာဝန်ထမ်းဆောင်ဆဲ
ဖြစ်တဲ့ စစ်ဗိုလ် ကော ကျန် နှစ်ဦးကို ပါ ထိရောက်တဲ့အရေးယူမှု လုပ်ဖို့ တောင်းဆိုကြရပါမယ်
မြန်မာပြည်ရဲ့ ဥပဒေက အစိုးရအောက်မှာရှိနေတဲ့အတွက် နိုင်ငံတကာဥပဒေ ခုံရုံးတွေအထိ
ဒီကိစ္စကို လိုအပ်ရင် တင်သွင်းကြရပါမယ် ။ ကျမအနေနဲ့ ဒီလိုတိုက်တွန်းတာ နောင် ဒီလို လုပ်
ကြံမှုမျိုး ထပ် မပြုမူနိုင်အောင်ပညာပေးဖို့ ရယ် နဲ့  လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်
မကြာခင် ထွက်မဲ့ ခရီးစဉ် အတွက်လည်း ကာကွယ်ပြီးသားဖြစ်အောင်လို့ ပါ။

ကျမ အထူးပဲ စိုးရိမ်ပူပန်မိပါတယ် စိုးမြတ်သူလို လူငယ်တစ်ယောက် သူမှာ နဂိုဗီဇ စိတ်ကိုက
ရန်လိုတဲ့အကျင့်မရှိ သူများကိုအတော်သီးခံတက်တဲ့ လူငယ်တစ်ယောက်ရဲ့အသက်ကိုတောင် နုတ်ယူဖို့ ကြိုးစားခဲ့တဲ့ စစ်အုပ်စုအသိုင်းအ၀န်းရဲ့ရမ်းကားမှုဟာ နောက် လူငယ်တွေ အတွက်
သက်နိုင်ဦး လို အလုပ်ကြံခံရနိုင်မှုများရှိလာဦးမလား ဒါသတိထားရတော့မဲ့ အချက်ပါ ။
NLD များ အထူး သတိရှိကြပါ ။။။။။။။။

ဒါ့အပြင် စစ်အုပ်စု အထူးသဖြင့် သန်းရွှေ သိန်းစိန် တို့ လူတစ်စု အင်မတန် ကြောက်ရွံ နေတဲ့
ဒေါ်အောင်ဆန်းစုကြည် အတွက်လည်း လုံခြုံရေး ပိုလို့ စိုးရိမ်မိပါတယ် ။ ဒီဖြစ်ရပ်တွေကို
ကျမတို့  လေ့လာပြီး အစစအရာရာ လျော့မတွက်ကြဖို့  အဖွဲ့ ချုပ်အဖွဲ့ ဝင်တွေကိုလည်း
အကြံပြုချင်ပါတယ် ။ ဒေါ်အောင်ဆန်းစုကြည် နယ်ခရီးစဉ် ထွက်မယ်ဆိုတာ တရားဝင်ကြေ
ညာထားတဲ့အခြေအနေမှာ အဖွဲ့ ချုပ်အဖွဲ့ ဝင် လူငယ် တစ်ယောက်ကို ခုလိုရန်ရှာပြီး လူသတ်
မှုကျူးလွန်တာဟာ ရိုးသားတဲ့ ပြဿနာ မတော်တဆဖြစ်တဲ့ အခြေအနေတစ်ရပ် မဟုတ်ဘူး
ဆိုတာ တင်ပြလိုက်ပါတယ် ။

ရဲဘော်အချင်းချင်း ရိုင်းပင်းစောင့်ရှောက်နိုင်ကြပါစေ

မင်းထက်မြတ် (မျိုးချစ်တပ်ဦးလူငယ်-၈၈)

3 comments:

Anonymous said...

ကိုမင်းထက်မြတ် ခင်ဗျား။ ကျနော်တို့ တွေဟာ ဒေါ်အောင်ဆန်းစုကြည်ကို အသက်ပေးပြီး ယုံကြည်စွာနဲ့ ခေါင်းဆောင်အဖြစ် အသိအမှတ်ပြုနေကြတာပါ။ တခါတခါကျတော့ ဒေါ်အောင်ဆန်းစုကြည်က သူ့လူငါ့ဘက်သားလားလို့ တွေးမိတောမိ ပါတယ်။ ဒေါ်စု အပြင်မှာရှိတဲ့အချိန် လူငယ်တွေက ခေါင်းဆောင်မှု့ကို ခံဖို့ အတွက် ဒေါ်စုဆီ သွားတယ်။ ရန်သူက သွားတဲ့သူတွေကို မှတ်ထားပြီး ရန်ပြုတယ် ဖမ်းဆီးတယ် လုပ်ကြံတယ်။ အနှစ် 20 ကျော် ကာလအတွင်းမှာ ဒေါ်စု ဒါတွေကို သတိမထားမိတာလား။ အရေးမထားတာလားဆိုတာက တော့ ဒေါ်စုကိုယ်တိုင်ပဲ သိပါလိမ့်မယ်။ ကျနော်တို့ တွေကတော့ စစ်အုပ်စုလက်အောက်က ပြည်သူတွေ ကျနော်တို့ မျိုးဆက်တွေ လွှတ်မြောက်ဖို့ ဆက်ပြီး စတေးနေရအုံးမှာပါ။ မှားခဲ့ရင် ခွင့်လွှတ်ပါခင်ဗျာ။

မေအိခင်(လယ်ဝေး) said...

သုံးသပ်မှု က မှားတာလုံးလုံးဗျ - အသက်ပေးပြီးယုံကြည်စွာနဲ့ ခေါင်းဆောင်အဖြစ် အသိအမှတ်ပြူတယ် ဆိုပြီး ဒေါ်စုဟာ သူ့ လူငါ့ဘက်သားလား တွေးတောတယ် ဆိုကတည်းက ခင်ဗျားယုံကြည်ချက်က အချည်းအနှီးပဲ -ဒေါ်စုက ပျော့မယ် မာမယ် နှေးတယ် မြန်တယ် (အလုပ်ပိုင်းဆိုင်ရာကိုပေါ့) ဝေဖန်နိုင်ပါတယ် သူလူငါ့ဘက်သားလုပ်တယ်ဆိုတဲ့သူက လိုအပ်ချက် မပြည့်စုံမှု နဲ့  အကြောက်တရား တခုခု လွမ်းမိုးခံရမှုမျိုးပေါ့ ဒါမျိုးရှိတဲ့ သာမာန် ပုဂိုလ်မျိုးသာ လုပ်တာပါ ။ ဒါ့ထက် ပိုပြီး ဝေဖန်ချင်ရင် နာမည်ရင်းလေးနဲ့ ပြောရဲရင်တော့ ဝေဖန်သူရဲ့ အဆင့်အတန်းကို သိရတာပေါ့ -- လမင်းခင်

Anonymous said...

မင်း တို့ NLDအချင်းချင်း ဖြစ်တာ ကရော???