welcome

၈၈၈၈ ကို ဘယ်သူတွေ စခဲ့စခဲ့ ပြည်သူတွေရဲ့ စုပေါင်းပါဝင်မှုက အခရာကျသလို ဘယ်သူတွေပေးဆပ်ပေးဆပ် အဖြူအစိမ်းလေးတွေရဲ့ နီရဲတဲ့သွေး တွေ က အမြဲ သက်သေ တည်နေပါတယ် ။

ကိုဘမောင် နဲ့ စိုးမြတ်သူ ထံ သို့

Wednesday, June 15, 2011


အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ် ရဲ့ မရမ်းကုန်းလူငယ် တစ်ဦးဖြစ်တဲ့ ကိုဘမောင် ပါ ။ ကိုဘမောင် ရဲ့ကျမ်းမာရေး
အခြေအနေဟာ နောက်ဆုံးအခြေအနေမှန်း သူ့ ကိုယ်သူလည်း သိပေမဲ့ ကိုဘမောင်ရဲ့ မျက်နှာကို ကြည့်ကြည့်ပါ
သေမှာ မကြောက်ဘူး သူလုပ်ခဲ့တဲ့ သမိုင်း သူရဲ့ရပ်တည်ချက် သူကိုယ်တိုင် က ပြည်သူလူထုကို ကိုယ်စားပြုနေ
တဲ့ ပြည်သူ့ ပါတီ NLD မှာ နှစ်ပေါင်းများစွာရပ်တည်ခဲ့တာ ခု လူထုခေါင်းဆောင်ပြန်လွတ်တဲ့အခါမှာလည်းအန်တီ့
လုံခြုံရေးအတွက် သူ ခိုင်ခိုင်မာမာ လုပ်ဆောင်နေရင်းက ဝေဒနာတရပ် ပေါ်လာလို့ ဆေးရူံ တက်ကုသရာက
ကင်ဆာ တဲ့  --ကျမ သိသိချင်း အတော်ကို ကြေကွဲတယ် ကျမ တို့ လက်တွဲဖေါ် ရဲဘော် အကိုတွေ ဘဝ
ရဲ့ နောက်ဆူံးအချိန်မှာ ကျမ ပြေးတောင်မကြည့်နိုင်ဘူး ။။။ လမ်းခွဲရမှာ ကြိုသိကြရတဲ့ အခါ တွေ့ လိုက်ချင်တာ
ပေါ့နော် --အန်တီစု မှာလည်း အတော်စိတ်မကောင်းဖြစ်နေတဲ့ အခြေအနေပါ ။ သားတွေ ကို ခွဲခွါနေရသလို
သားသမီးလို အားထား၇တဲ့ လူငယ်တွေ ခုလို သောကဝေဒနာ အမျိုးမျိုးနဲ့ ခံစားနေကြရတဲ့ အခါ -ကြုံတွေ့ ရတဲ့
အခါ အန်တီလည်းအတော့ကို ကြေကွဲနေမှာပဲ။။ အော်--ကောင်းဆိုး နှစ်တန် လောကဓံ ပဲကိုးးးးးးးးးးးး

ဒီပုံကတော့ မောင်လေးစိုးမြတ်သူဆီအန်တီသွားရောက် အားပေးတာလေးပါ ပြီးခဲ့တဲ့ လဆန်းက စစ်ဗိုလ် နဲ့ အပေါင်းပါက
ဓါးနဲ့ ထိုးတာခံခဲ့ရတဲ့ အဖွဲ့ ချုပ်လူငယ်ပေါ့ --

0 comments: