welcome

၈၈၈၈ ကို ဘယ်သူတွေ စခဲ့စခဲ့ ပြည်သူတွေရဲ့ စုပေါင်းပါဝင်မှုက အခရာကျသလို ဘယ်သူတွေပေးဆပ်ပေးဆပ် အဖြူအစိမ်းလေးတွေရဲ့ နီရဲတဲ့သွေး တွေ က အမြဲ သက်သေ တည်နေပါတယ် ။

ခေါင်းဆောင်အပေါ်ဘယ်လိုသစ္စာရှိမလဲ (၂)

Saturday, September 25, 2010

၉၆ ကျောင်းသားတွေဟာ လူထုခေါင်းဆောင်ရဲ့နေအိမ် ခြံဝင်း တွင်း ကို ရဲရဲရင့်ရင့် ပဲ ၀င်ထွက် ခဲ့ကြပြီး ဘဘဦးကြည်မောင်
ဦးဆောင်တဲ့ ကျမတို့ စာဖတ်ဝိုင်းမှာ ပါဝင်ခဲ့ကြတယ်။ အန်တီနဲ့ လည်း ထိတွေမှု တွေရှိခဲ့တယ် ဒေါ်အောင်ဆန်းစုကြည် က
၁၉၉၆ ကျောင်းသား တွေ သမဂ္ဂတောင်းနေပြီ ဆိုတဲ့ အခါ ကျောင်းသားတွေက နိုင်ငံရေးမပါဘူးဆိုတဲ့ ကြွေးကျော်မှုအပေါ်
သူနားလည်မှုပေးနိုင်ခဲ့ပြီး ပါတီလူငယ်တွေ ကို တော့ ဗိုလ်ချုပ်တို့ လက်ထက်က လူမိုက်အလိုရှိသည် ဆိုတဲ့ ဆောင်ပုဒ်လေး
ကိုပြောပြခဲ့တယ်။ ပြီးတော့ ဒီကျောင်းသားလှုတ်ရှားမှုမှာ လူငယ်တွေ ပါသင့်လားမပါသင့် ဘူးလားဆိုတာ ကို လူငယ်တွေ
ကိုယ်တိုင်ကိုယ့်ဖာသာဆုံးဖြတ်စေတယ် ။ ကဲ နင်တို့ သွားဆန္ဒပြချေ လို့ ခေါင်းဆောင်က မပြောခဲ့ပါဘူး သူ့ နောက်လိုက်
တွေရဲ့ အရည်အချင်း ကိုလည်း မညံ့ဖျင်းစေခဲ့ပါဘူး ။ ဒေါ်အောင်ဆန်းစုကြည် ပြောလိုက်တဲ့ စကားပေါ်မှာ လူငယ်တွေလည်း
သဘောထားကွဲခဲ့ကြပါတယ် ။ဗိုလ်ချုပ် တို့ ခေတ်က သမိုင်းကြောင်းတောင်မသိတဲ့ ကျမတို့ ထက် အသက်ကြီးတဲ့ တိုင်း
လူငယ် တချို့ ဆို လူမိုက်အလိုရှိတယ် ဆိုတာ ငါတို့ ကို လူမိုက်မလုပ်နဲ့ ပြောတာကွ ဆိုပြီး အရေးအကြောင်းရှိရင် ရှောင်
တိမ်းချင်တဲံသူတွေ တလွဲတွေးပြီး တလွဲ ယူဆခဲ့ကြပါတယ် ။အလုပ်မလုပ်ချင်ရင် ညွှန်ကြားချက် တောင်းကြတယ် ဆိုတဲ့ 
စကားကိုလည်း ညွန်ကြားချက် ရှိမှလုပ်ရမယ် လို့ ယူဆပြီး ၁၉၉၆ ဒီဇင်ဘာ ကျောင်းသားအရေးကို ၀န်းရံခဲ့တဲ့ ပံ့ပိုးခဲ့တဲ့
ရန်သူနဲ့ ထိပ်တိုက်တွေ့ တဲ့ မှောင်မဲ တဲ့ ညနက်ထဲ မှာ ကျောင်းသားတွေ ကို ရောနှောပြီး အားဖြည့်ပါဝင်ခဲ့တဲ့ ကျမ
တို့ ကို အပစ်တင်ခဲ့ကြပါတယ် ။
ခေါင်းဆောင်ကို နေရာတကာ ခေါင်းပုံချချင်သူတွေ က ကိုယ်ပိုင် အစွမ်းအစမရှိသူ လို့ ကျမတို့ ယူဆပြီး ကျမတို့ လုပ်သင့်
တာတွေ ကျမတို့ လုပ်လာခဲ့ကြပါတယ် ။
ကျမတို့ ဟာ ခေါင်းဆောင်ကိုချစ်ရုံသက်သက် ကြည်ညိုလေးစားရုံသက်သက် နဲ့ တော့ ကျမတို့ ရည်မှန်းတဲ့ ပန်းတိုင်ကိုမရောက်
နိုင်ဘူးလို့ ကျမ ကနားလည်တယ် ။သူမျှော်မှန်းတဲ့ ပန်းတိုင်ကို သူကိုယ်တိုင်က ချီတက်ဖို့ ခက်ခဲနေတဲ့အချိန် ပိတ်ပင်တားဆီးခံ
ထားရတဲ့အချိန်မှာ ကျမတို့ က အိုက်ပန်းတိုင်ကို အရောက်သွားရလိမ့်မယ် ဒါဟာခေါင်းဆောင်အပေါ်သစ္စာရှိတာပဲ ။
သူမ မှလုပ်နိုင်တာကိုး တို့ က ဘာမှ မှ မဟုတ်တာလို့  ခေါင်းဆောင်ကိုမြှောက်သယောင်နဲ့  ပုံချချင်သူတွေလည်း ဒုနဲ့ ဒေးပါ။
ဒီမှာ သတိရလို့  ဖြစ်စဉ်လေးတစ်ခု တင်ပြချင်ပါတယ် ၁၉၉၆ အစောပိုင်း ကာလမှာ NLD ညီလာခံခေါ်ဖို့ ပြင်ဆင်မှုအပေါ်
နက်ဖန် ညီလာခံ ခေါ်မယ် ဆိုတာ နဲ့  ညဖက်မှာပဲ ကျမ ကိုလာဖမ်းပါတယ် အင်းစိန်ရဲစခန်းကပါပဲ ။ ကျမကလည်း အပြင်က
အပြန် အိမ်ထဲဝင်ပြီး အခြေအနေမကောင်းဘူး ဒီနေ့ ည လာခေါ်နိုင်တယ်လို အိမ်သားတွေ ကို စကားပြောလို့ မဆုံးခင်မှာ
ရဲကား အိမ်ရှေ့ရပ်တော့ တာပါပဲ ။ ကြိုတင် သိနေတဲ့ ကျမလိုက်သွားပါတယ် ညီမတွေကတော့ အမ ကိုဖမ်းသွားပြန်ပြီဆိုပြီး
ညီမ အလတ်မ ဆို အရူးလိုပဲ ကားနောက်ပြေးလိုက်တာ -
ဖမ်းသွားတာ ရဲစခန်း ကျမတို့  တော်လှန်ရေးအင်အားစုတွေအနေနဲ့ ထောင်ကို မကြောက်ပေမဲ့ ရဲစခန်းကိုတော့ လန့်ပါတယ်
ဘာ့ကြောင့် လဲ ဆို ရာဇ၀တ် သားတွေ နဲ့ ရောနှော ထားလို့ ပါ ။ ကျမကို ကျားပါးစပ် ကနေတဆင့် အချုတ် ထဲ သူတို့ သွင်းလိုက်
တော့ အင်းစိန်မြို့ နယ် က အမျိုးသမီးအဖွဲ့ ဝင် ဒေါ်ခင်မြင့်မြင့် ကရောက်နှင့်နေပါတယ် ။ ရဲစခန်း အချုတ်ဆိုတော့ ယောင်္ကျားလေး
မိန်းမလေး နံရံက ကပ်ရပ်မဟုတ်လား ။ ယောင်္ကျားလေးဘက်မှာ မြို့ နယ်စည်း ၆ယောက် လူငယ်တာဝန်ခံ ကိုသက်လွင်(ကွယ်လွန်)
တို့  က ဟေးးးးး----------နင်ရောက်ပြီလားလို့  အော်မေးကြတယ် ကျမ လည်း ထုံးစံအတိုင်းပေါ့ လို့ အော်ပြောလိုက်ပါတယ်။
ပြောချင်တာ က အဲ ဒီ အဖမ်းခံရတဲ့ မြို့ နယ်စည်း လူကြီး ၇ယောက် နဲ့  လူငယ်တာဝန်ခံ ၂ယောက် စုစုပေါင်း ကိုးယောက်ထဲမှာ
တောင် စစ်အုပ်စု က လိုသလို သွေးခွဲစည်းရုံးပြီး အချုတ် ကနေ ထုတ်သွားပါတယ် ။ နာမည်တော့ မပြောလိုပါဘူး တစ်ယောက်
ဆို ကျမကို ခေါက်ဆွဲကြော်ထဲ စာထဲ့ပြီး မြို့ နယ်မှုးဆွေးနွေးမှု ကို စိတ်ပါပါ မပါပါ လက်ခံ ဖို့  ပြောဖူးပါတယ် ။ အဲဒီ့ အချုပ်အနှောင်
ကိစ္စ ကတော့ တစ်တိုင်းပြည်လုံးမှာ လှုပ်ရှားနေတဲ့  NLD မှန်သမျှ အချုတ် ခံရတဲ့ ကာလပါ ။ကာလက တိုပေမဲ့ ဒေါ်အောင်ဆန်းစု
ကြည် ခေါင်းဆောင်တဲ့  ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ်တွေ ညီလာခံ ခေါ်မဲ့ အရေး ကို လက်လွတ်ဆုံးရှုံးခဲ့ရပါတယ် ။
ဒီလို အချုတ်အနှောင် ကာလတိုလေး ခံရတာတောင် ဘက်ပြောင်းသွားတဲ့ သူတွေ ရှိသေးတာပဲ ဆိုတော့ ခေါင်းဆောင်အပေါ်သစ္စာ
မထားနိုင်ကြလို့ ပေါ့ လို့  ကျမ နားလည်ခဲ့ပါတယ် ။
ဟော ခု ကျော်ဖြတ် ရမဲ့  စစ်အုပ်စုအဓမ္မ လုပ်မဲ့  ရွေးကောက်ပွဲ ကိုကျတော့ရော --------

ဆက်လက်ဖေါ်ပြပါမည် (သီးခံပြီးစောင့်ဖတ်ပေးပါ တကယ်မအားတဲ့ အပြင် သမီးငယ်လေးလည်းအရမ်းဖျားနေလို့ ပါ)

မမာမာဦး အဖေဆုံးပြီ တဲ့ 

Thursday, September 23, 2010


မမာမာဦး ဆို နိုင်ငံရေးအသိုင်းအ၀န်း က ရဲရဲတောက် ကျောင်းသားတိုင်း သိမည် ထင်သည် ။ ကျောင်းသူတွေထဲ မှာ
ဘ၀ကြတ်ကြတ်တည်းတည်းနှင့် ယုံကြည်ချက် ခိုင်မာသူ ထောင်ထဲမှာ ရိက္ခါ ငတ်နေလည်း ယုံကြည်ရာကို ကိုင်စွဲသူ
ထောင် ထဲ ကို အကြိမ်ကြိမ်ဝင် ခဲ့ရသူ ပထမ အကြိမ် ( နှစ် မမှတ်မိပါ) ဒုတိယ အကြိမ် ကျမတို့ နဲ့ တူတူ (၁၉၉၆) မှာ
၁၄ နှစ် တတိယအကြိမ် စက်တင်ဘာ ၂၀၀၇ မှာ နှစ် ၇၀ - ထောင်ဝင်စာ ကျမတို့ နဲ့ နေတည်းက ပုံမှန် မရှိခဲ့သူ ဒါပေ
မဲ့ အမြဲ ရယ်မောစရာတွေ တစ်ဖက်ခန်း ကနေပြောပြီး ကျမတို့ ကို ညီမငယ်တွေ မို့  နစ်သိမ့်ပေးတက်သူပါ။
ခု ကွယ်လွန်သွားတဲ့ သူ့ ဖခင် ဦးအုန်းမောင်အကြောင်းဆို သူ ပိုပြောတာပေါ့ အဖေတစ်ခု သမီးတစ်ခု အပြင် အပျို
ကြီး ဘ၀နဲ့  တော်လှန်ရေးမှာ အချိန်တွေကုန်ခဲ့ရတဲ့ သူပါ။ မမာမာဦး အဖေဆုံးတယ်ကြားတော့ ကျမဖြင့် ရင်ထဲ နင့်
သွားတာ - အသုဘကိုလည်းချက်ချင်းချလိုက်ကြတယ်တဲ့  ပုံထဲမှာတော့ NLD က လူငယ်ဟောင်းတွေ တွေ့ ရပါ
တယ် ။





ကွယ်လွတ်သူ ဦးအုန်းမောင်
၂၂.၉.၁၀ နေ့ည ၁၁း၄၅ ကွယ်လွန်ခဲ့ပါတယ်
၂၃.၉.၁၀ နေ့လည်၁နာရီမှာ သဂြိုလ်ပြီးစီးခဲ့ပါတယ်
၂၈.၉.၂၀၁၀ နေ့မှာရက်လည်ဆွမ်းသွတ် ပါလိမ့်မယ် ရပ်ဝေးရပ်နီး က ရဲဘော်များ နိုင်ငံရေးအကျဉ်းသူဟောင်းများ ၈၈ ညီအကိုမောင်နှမ
များ အရပ်ရပ်မှ သိရှိနိုင်ရန် သတင်းပို့ ပေးခြင်းဖြစ်ပါတယ် ။
ယခုနေရပ် ကတော့
လှိုင်မြို့နယ်၊(၁၃ရပ်ကွက်) သီရိမြိုင်(၃)လမ်း၊အိမ်အမှတ် (၁၉) ဖြစ်ပါတယ် ။
နိုင်ငံရေးအသိရှိသူတွေ စွန့် လွှတ်ပေးဆပ်နေရသူ နဲ့ ထပ်တူခံစားချက်ရှိသူတွေ မမာမာဦးထပ်တူ ခံစားကြရလိမ့်မယ်လို့ ကြေကွဲ
စွာနဲ့  တင်ပြလိုက်ပါတယ် ။

ကျနော့သဘောထား

Saturday, September 18, 2010




ကိုလွဏ်းဆွေဘလောက်မှာ တင်ထားတဲ့ အက်စစ်ဆိုသူရေးတဲ့  ဆောင်းပါးကို ဘယ်လို သဘောထားပါသလဲ လို့ မိတ်ဆွေတချို့ က မေးလာတယ်။ ဒီတော့မှရှာဖတ်ကြည့်မိတယ်။ အတွေးအ ခေါ်ရော တင်ပြပုံပါ လက်မခံနိင်ပါဘူး ။
ဒီဆောင်းပါးနဲ့ ပတ်သက်လို့  တချို့ က ကျနော်ရေးတယ်လို့ စွပ်စွဲပြီးအခွင့်ကောင်းယူပြီး တိုက်ခိုက်သူတွေ ရှိလာတယ်။ သခွပ်ပင်မီးတကျီကျီဖြစ်နေတယ်။

ပေါ်လစီ ပိုင်းဆိုင်ရာတွေပါ ရှုပ်ထွေးအောင်တချို့ က ရည်ရွယ်ပြီး တိုက်ခိုက်လာတဲ့အတွက် ရှင်းလင်းဖေါ်ပြလိုက်ပါတယ်။


ပထမဆုံးပြောချင်တာကတော့ ဒီဆောင်းပါးမျိုးကျနော်မရေးဘူး။သူရေးတာတွေကို ကျနော်သဘောမတူဘူး။ ကျနော်တို့  အဖွဲ့ တွင်း မေးလ်မှာလည်း ရေးတဲ့သူကို သိလားလို့ ကိုလွဏ်းဆွေကို ကျနော်မေးခဲ့တယ်။ သူကလည်းမသိဘူးလို့ ပြောတယ်။ သိရဲံင်ဖေါ်ထုတ်ပေးပါလို့  သူကို မေတ္တာရပ်ခံခဲ့တယ်။ ဒါကြောင့်ဒီဆောင်းပါးဟာ ရေးတဲ့သူအနေနဲ့  တာဝန်ပဲဖြစ်တယ်။ ဒီလူဟာဘာလို့ များ နာမည်မခံရဲ ပါသလဲ လို့  စိတ်ပျက်မိတယ်။

ဒုတိယ ပြောချင်တာကကျနော်ရော ကျနော်တို့လူထုတိုက်ပွဲကော်မတီကော ဒေါ်အောင်ဆန်းစုကြည်၊ဦးတင်းဦး၊ဆရာကြီးဦးဝင်းတင်တို့ ကို ရာနှုန်ူြး့ပည့် ထောက်ခံနေတာ ထက်ကိုပိုပါတယ်။ မြတ်နိုးလေးစားမှု၊ ယုံကြည်မှုနဲ့  ပါထောက်ခံနေကြတယ်။ ဒေါ်စုရွေးကောက်ပွဲကိုမ၀င်တဲ့ဆုံးဖြတ်ချက်ကိုထောက်ခံခဲ့တယ်။ ဘူးလှုပ်ရှားမှုကို လုပ်ပြီး သူ ကို ၀ိုင်းရံပေးခဲ့တယ်။

ဒါပေမဲ့ တချို့ က ဒါတွေကိုလစ်လျူ ရှုနေ တယ်။ တနွေလုံး ကျနော်တို့  ရဲဘော်တွေ က ဒေါ်စုရဲ့ ဘူးလှုပ်ရှားနေတာတွေ လုပ်နေတုံးက ဒီလူတွေ ဘယ်ရောက်နေပါသလဲ။ ဒေါ်စုကို ကျနော် တို့ ချတယ် ဆိုပြီး သူဖါသာသူအဆိုတင်၊ သူဖါသာသူထောက်ခံပြီး ပွဲဆူအောင်လုပ်ပြီး အချောင်အသားယူနေတာ ကို လုည်း ယိုသူမရှက်မြင်သူရှက်တွေ့ နေရတယ်။ သူပြောနေတဲ့  လေသံက ခုမှ နိင်ငံရေးထလုပ်တဲ့ကလေးဆို
ရင် အထင်ကြီးစရာ ဦးအောင်ရွှေကိုတောင်ဆဲပြီးထွက်ခဲ့ဘူးတယ်ဆိုပဲ။ တွေ့ ဘူးခြင်လိုက်စမ်းတယ်။ ဦးထုတ်ချွတ်ပြီး အလေးပြုခြင်လို့ ပါ။

တကယ်က တချို့ သော သူတွေက ကျနော်ဘာလုပ်လုပ် မနာလိုမှုတွေဖီဆီးခံနေရသူတွေပါ။ ဒါကြောင့် ကျနော်သဘောထားကို တင်ပြလိုက်ရတာပါ။ ဦးအောင်ကြီးကိုမဆလ ကဖမ်းတုံးက ဦးအောင်ကြီးနဲ့  ဦးစိန်ဝင်းတို့ လွတ်မြောက်ရေးအတွက် ကျနော်ကိုယ်တိုင် ဗါးကရာခြောက်မှာ ဦးအောင်ကြီးနဲ့ ဦးစိန်းဝင်းတို့ ကိုလွတ်ပေး လို့ ရေးခဲ့တယ်။တောင်းဆိုတိုက်ပွဲဝင်ခဲ့တယ်။ အခု ကိုယ်တကယ်လေးစားတဲ့ချစ်ခင်တဲ့ ခေါင်းဆောင်တွေ အလှည့် ကြမှာ သူတို့ လွတ်မြောက်အောင် ကိုယ်ထိလက်ရောက်မလုပ်နိင်တာကိုရှက်မိတယ်။
ကျနော်အမေရိကန်မှာ နေတယ်။ ဒါပေမဲ့  နိင်ငံရေးလှုပ်ရှားမှုနဲ့ မဝေးဘူး။မလုပ်တဲ့ နေ့ မရှိဘူး။ နယ်စပ်ကို အခွင့်အရေးရတာနဲ့ ကျနော်တို့ ပြန်လာလှုပ်ရှားနေတယ်။ ခင်ဗျားတို့  အားပေးမှုလိုတယ်။ ခင်ဗျားတို့ က ကျနော်ထက်ပိုလုပ်နိင်တဲ့သူတွေရှိမယ်။ နောက်ကလိုက်ဖို့ အသင့်ရှိတယ်။ ကျေးဇူးပြုပြီးခေါင်းဆောင်မှုပေးတော်မူပါ။ တတ်လို့ တော်လို့ မဟုတ်ပါ။ မတရားဘူးထင်လို့ ၀င်ချနေတာပါ။
ခေါင်းဆောင်ကောင်းဆိုတာနောက်လိုက်ကောင်းကနေဖြစ်လာကြတာပါ။ကျနော်နောက်လိုက်ကောင်းဖြစ်အောင်အမြဲတမ်းကြိုးစားနေတယ်။

သတ္တိရှိကြပါ။


ဒီမိုကရေစီ လှုပ်ရှားမှုမှာ လူတိုင်းမှာလွတ်လပ်စွာ ဖေါ်ထုတ်ပြောဆိုခွင့်ရှိပါတယ်။ ဝေဖန်မှုလည်းလိုအပ်တယ်။ မော်စီတုန်းက ဝေဖန် မှု မရှိရင် စီးဆင်းမှုမရှိတဲ့ရေလို ပဲ ပုတ်တယ်။ လည်ပတ်မှုမရှိတဲ့ဒလက်လို ပဲ ပိုစားနိင်တယ်လို့ ထောက်ပြဘူးတယ်။ ဝေဖန်ပါ။ မိုးသီးကိုပဲ ဖြစ်ဖြစ်၊ ဒေါ်စုကိုပဲဖြစ်ဖြစ် ။ ခင်ဗျားတို့ ဖင်ကုန်းပြီးကတော့နေတဲ့  ဘုရားကိုဝေဖန်လို့ လည်းရတယ်။ ဒါပေမဲ့ နာမည်ခံပြီး ဝေဖန် ပေါ့။ သတ္တိရှိပါ။ နာမည်ခံပြီး ရိုးရိုးသားသား ဝေဖန် ကြ၊ ရေးကြပါ။အက်စစ်လို့ ရေးလိုက် ၊ တခါအက်စစ်ကို မုန်းတိုင်းဆိုသူက ပြန်ရေးလိုက်နဲ့  အမှန်တရား ကို ဆွေးနေတယ်ဆိုတာတောင်မှာ သူတို့ နှစ်ယောက်စလုံးကို ဘယ်လောက်ယုံကြည်နိင်မလဲ ။ ယုံကြည်လက်ခံနိင်မှု (Cridibility) မရှိဘူးပေါ့။ ငါမိုးသီး၊ ငါသံဒုတ် စသဖြင့် ကိုယ် မှာ နာမည်တွေရှိနေတာပဲ။

၈၈ - ဇွန်လ ကျောင်းသားလှုပ်ရှားမှု ကတည်း မျက်နာဖုံးချွတ်ပြီး ငါ မိုးသီးလို့ တရားဟောလာခဲ့တာကနေအထိ မျက်နှာဖုံးစွပ်ခဲ့ ဘူး။ ကိုယ်ကအမှန်တရား အတွက်တိုက်နေတာလေ။
နာမည်ခံ ရေးရဲ ကြစမ်းပါ။ ကိုယ်နံမည်ခံရေးရင်ကြွေးရှင်တွေ လိုက်လာမှာ စိုးနေကြလို့ လား။ ဒီထက်စိုးရိမ်စရာတွေရှိနေလို့ လား။ ကိုယ်နာမည်ခံရေး ပါ။ မကြောက်ပါနဲ့ ။ သူတို့  ဒီလိုရေးနိင်ဖို့ 
ခင်ဗျားတို့ နာမည်ခံပြီး သတ္တိရှိရှိရေးနိင်ဖို့  ကျနော်တိုက်ပွဲဝင်နေတာပါ။ တလောက ဦးအေးမြင့်က အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ် ခေါင်းဆောင်မှုအပေါ်မှာ ဝေဖန် ဆွေးနွေးထားတာကို ဖတ်ရတယ်။ လက်မခံနိင်တာ လက်ခံနိင်တာထား သူ က အမည်ခံပြီးရေးတာကို တော့ ချီးကြူးတယ်။
ဒါဟာသတ္တိကို ပြတာ။ ရန်သူကိုသေနပ်နဲ့  ပြစ်တာ ၊ လူထုတိုက်ပွဲမှ ရှေ့ ဆုံးက ချီတက်တာ လွယ်တယ်။
ကိုယ်အချင်းအချင်း ထဲမှာ ပေါ်လစီတခုကို ဝေဖန်ရတာ ဟာ အလွန်ခက်တယ်။ အလွန်လည်း သတ္တိရှိဖို့ လိုတယ်။ ဘာဖြစ်လို့ လည်း ဝေဖန်ရေးဟာ နှစ်ဖက်သွားဒါးလို ကိုယ်ကို ပြန် ထိနိင်လို့ ဖြစ်တယ်။ နောက်တခုက ကိုယ်ရဲ့  အနုမာန (ရင့်ကျက်မှု ) ကို စာဖတ်သူ (၀ါ) ပြည်သူက တွေ့ ခွင့် သွားတယ်။ ကိုယ်က
လေ့လာ အဆင့်အတန်း နဲ့ အကဲဖြတ်ချက်တွေက မှတ်တမ်းအဖြစ် ကျန်ခဲ့တာကိုး။ ဒါကို လူတော်တော်များက သိတယ်။ မသိစိတ်မှာ ဒီအခြေအနေကိုမရင်ဆိုင်ရဲ ဘူး ဒီတော့ အမည်ခံပြီးမရေးဝံကြဘူး။ ကျနော်အနေနဲ့ ကတော့ ဟောပြောပွဲတွေမှာ ၊ စာတန်းတွေမှာ ကိုယ်အမြင်ကို
ထုတ်ဖေါ်ဖို့  ၊ရေးသားဖို့  မေးခွန်းတွေကိုမေးရဲ ဖို့  တိုက်တွန်းလေ့ရှိတယ်။ ရေးပါ။ မေးပါ လို့  ပြောချင်တယ်။


ဒီလိုရေးရင် ခင်ဗျားတို့  အတွေးအမြင်တွေကို ကျနော်တို့  လေ့လာခွင့် ရနိင်တယ်။ အလေးအနက်ထားနိင်မယ်။ အကြံညဏ်တွေကိုရနိင်တယ်။ လှုပ်ရှားမှုအတွက် အကျိုးရှိနိင်တာပေါ့။ ခုတော့ ပြစ်စာ လိုမျိုးရေးနေရင် ကျနော်တို့ က မှန်နေတာတောင် လက်ခံရ ခက်တာပေါ့။ အလကား နေရင်းပွဲဆူအောင်လုပ်နေတာနဲ့ မတူပေဘူးလား။ရန်သူက အသုံးချတတ်တယ်။ သတိထားပါ။
ခင်ဗျားတို့ နာမည်ခံပြီး သတ္တိရှိရှိရေးနိင်ဖို့  ကျနော်တိုက်ပွဲဝင်နေတာပါ။ မကြောက်နဲ့ ။

ခေါင်းဆောင်အပေါ် ဘယ်လိုသစ္စာရှိမလဲ

Thursday, September 16, 2010

အဖွဲ့ ချုပ်ဟာဘယ်သူမှန်းမသိတဲ့ ကျောင်းသူ ကျမ ထောင်ကျမှာကို ထောင်နဲ့ ရင်းပြီးကယ်ခဲ့တယ်။
မြို့ နယ်လူကြီး (၃)ယောက် ထောင်ကျခံခဲ့ရတယ် ။ ဧဒင် ကွန်စတက်ရှင် (ဧဒင် ဥယာဉ် ပိုင်ရှင် ဦးချစ်ခိုင်နဲ့  ရှေ့နေ ဦးဝင်းရွှေ ကို ကျမတို့ ဆုံးရှုံးခဲ့ရတယ်) ဒီလိုပေးဆပ်မှုတွေ ခုချိန်မှာ နမဲကစ ပစ်တင်နေသူတွေ မသိခဲ့မကျော်လွှားခဲ့ကြဘူး ပန်းတိုင်မရောက်တာကိုပဲ စော်ကား
ပြောဆိုကြတယ်။

(၁)
လူထုခေါင်းဆောင် အမျိုးသားခေါင်းဆောင် ကျမတို့ ခေါင်းဆောင် ကို ကျမ တို့ လေးစာချစ်ခင်တာ အားကိုးတာ ဟာ ဗိုလ်ချုပ်သမီးဖြစ်ရုံသက်သက်ကြောင့် မဟုတ်ပါဘူး သူ့ ရဲ့ပေးဆပ်မှုစွန့် လွှတ်အနစ်နာခံမှု နဲ့  ခိုင်ကြည်တဲ့ဇွဲလုံးလကြောင့် ဖြစ်ပါတယ် ။

အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ် ကို တည်ထောင်ကာစက ကျမ က မျိုးချစ်တပ်ဦးလူငယ်အဖွဲ့ ချုပ် မှာရှိနှင့်ပြီးသားပါ။ ကျမတို့ တပ်ဦးက ရှစ်လေးလုံးကဖြစ်ပေါ်လာတဲ့ တပ်ဦးပါ ။ ဗိုလ်ချုပ်ကြီး တင်ဦး(NLDဒုဥက္ကဌ) အကူအညီယူပြီး ဗိုလ်မှုးကြီးကျော်ဆန်းသားငယ်
ရဲ့ဦးဆောင်မှုနဲ့ အဲဒီ့မျိုးချစ်တပ်ဦးမှာ ကျမတို့ မဆလနဲ့ မဆလအလွန်စစ်အာဏာရှင်စနစ်ကိုတော်လှန်ခဲ့တယ်။ ကျမတို့ တပ်ဦးကနိုင်ငံရေး
ပါတီအဖြစ် မှတ်ပုံတင်ကြရမယ် ဆိုတော့ မြေအောက်ရောက်သွားခဲ့ပါတယ် ။

မြေအောက်လှုပ်ရှားမှုမှာ လိုအပ်ရင် လက်နက်ကိုင် ဖို့ ကျမတို့ မျိုးချစ်လူငယ် ၁၀၀ ထဲ က ၅၀ကျော်လောက်ကကိုယ်ခံပညာတွေ
သင်ကြာခဲ့ကြတယ်။ အဲဒီ့အချိန်မှာ ပါတီက စတင်ရှင်သန်နေပါပြီ ကျမ ပါတီနဲ့ ခပ်ဝေးဝေးပဲ လူငယ်စိတ်ကြောင့်လားမသိ စစ်အာဏာရှင်အောက် က ရွေးကောက်ပွဲလုပ်ပေးမှာကိုသံသယရှိနေခဲ့တယ် ။ ၁၉၈၉ မတ်လ လည်မှာတော့ ကိုယ့်တပ်ဦးရဲ့ လုပ်ငန်း
စဉ်တခုဖြစ်တဲ့ ပျောက်ကျားဆန္ဒပြမှု နဲ့  ပြည်သူကြားပြောလွှားပြီး တရားဟောဖို့ ကို ကျမ နဲ့ အတူ ကျမတို့ တပ်ဦးရဲ့ ဥက္ကဌ နဲ့ ဒုဥက္ကဌ
တို့ က တာဝန်ယူခဲ့ကြတယ်။ အဲဒီမှာ ကျမနဲ့ ဒုဥက္ကဌ ထောင်ထဲရောက်ခဲ့တယ်ပေါ့- ဥက္ကဌ ကိုတော့ ကျမတို့  က အကာအကွယ်ပေးပြီး
အမှုက လွှတ်စေခဲ့တယ်။

ကျမကို စစ်ခုံရုံးမှာ ပုဒ်မ ၅(ည) နဲ့ ရုံးတင်စစ်ဆေးနေဆဲ ရုံးထုတ်ရက် တရက်အပြန်မှာ ထောင်ထဲပြန်အသွင်းထောင်ဗူးဝ မှာအသက် (၄၀) ၀န်းကျင် လူကြီးသုံးယောက်က လက်ထိတ်တွေနဲ့  ကျမနာမည်လည်း ပြောနေတယ် အဲဒါ ---------ပေါ့ တဲ့ ကျမ က ဘယ်က လူဆိုးတွေ ငါ့နာမည်ခေါ်လည်းဆိုပြီး ဂျို ကြည့် ကြည့်လိုက်သေးတယ် ။ လူရည်သန့် တွေ မှန်းတော့သတိထားမိပေမဲ့ အင်းစိန်ထောင်
ဗူးအ၀င်မှာမဟုတ်လား ?
နောက်တပတ်ရမန် ယူတဲ့ နေ့ မှာတော့ တရားသူကြီးက ကျမနဲ့  ဒုဥက္ကဌ ကိုဇော်ဇော်ရှိန် ကို ဆင့်ခေါ်ပြီး အမှု ကိုရုတ်သိမ်းကြောင်း နဲ့  တရားခံ(၁) ဖြစ်တဲ့ မြို့ လည်လမ်းမပေါ်အလံကိုင်ပြီးတရားဟောတဲ့ ကျမဟာအသက်မပြည့်သေးတဲ့ သူဖြစ်ပြီးကျမကို ကြိုးကိုင်သူ
တွေကိုတော့ ဖမ်းမိတဲ့ အတွက် ကျမနဲ့ အတူဒုဥက္ကဌ က ဒီအမှုမှာ လွှတ်ငြိမ်းခွင့် နဲ့ လွှတ်လိုက်ပါတယ် ဆိုတာပြောတော့ ကျမ
ဝမ်းမသာပဲ ရင်ထဲစို့ သွားတယ် ကြိုးကိုင်သူတွေ တဲ့  ဟိုတပတ်က ထောင်ဗူးဝမှာ တွေ့ တဲ့  သုံးယောက် သူတို့ ကို ကျမသိလည်းမသိ မြင်လည်းမမြင်ဖူး --ဘုရားရေ ဒီတော့ တရားသူကြီးဆီက လွှတ်လိုက်တာနဲ့  ကျမကိုထမင်းလာကျွေးတဲ့ မိသားစုတွေ ကျမတို့ရုံးထုတ်တာကို ၀န်းရံစောင့်ကြည့်တဲ့ ပင်နီဝတ် ထားတဲ့ ပါတီဝင်တွေကို ကျမ ဘယ်လိုဖြစ်တာလဲ မေးတဲ့အခါ
ကျမထောင်မကျအောင် ကျမတို့ အင်းစိန်မြို့ နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ် က အဖွဲ့ ချုပ်ထူထောင်ကာစ မြို့ နယ် စည်း တွေ က ထောင်ကျခံပြီးကယ်ခဲ့တာပါ။ကျမ -----------အသက် (၁၆) နှစ် ကို အိမ်မှာဝိုင်းဖမ်းသွားတယ်လို့  အင်းစိန်မြို့ နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ် ရဲ့ အတွင်းရေးမှုး ရှေ့နေ ဦးဝင်းရွှေ(သေဆုံး) က ကြားကြားခြင်း အဖွဲ့ ချုပ် မြို့ နယ် ဥက္ကဌ ဦးချစ်ခိုင်(ယခု ဧဒင် ကွန်စတက်ရှင်) ဒုဥက္ကဌ ဦးသိန်းထွန်း တို့ နဲ့ တိုင်ပင်ပြီး အင်းစိန် မ၀တ ဥက္ကဌ ဗိုလ်မှုးဆီစာတင်တယ် စာပါအကြောင့း်အရာက အသက်မပြည့်တဲ့ ကျောင်းသူ -------------ကိုပြန်လွှတ်ပေးပါ ပြန်မလွှတ်ပေးရင် နောင်ဖြစ်လာမဲ့ အကျိုးဆက် က မ၀တ တာဝန်သာဖြစ်တယ် လို့  ရှေ့နေဦးဝင်းရွှေ ရဲ့ရေးသားမှုကို ဦးချစ်ခိုင်နဲ့ ဦးသိန်းထွန်း တို့ က လက်မှတ်ထိုး လိုက်ကြပါတယ် ။ ဒီလိုတင်ပြတောင်းဆိုမှု ကြောင့် အဲဒီ့ မြို့ နယ် စည်း (၃) ဦးလုံးဟာ ကျမကိုထောင်ထဲက ဆွဲ ထုတ်ပြီး သူတို့ ထောင်ထဲ ၀င်သွားရတယ် ထောင်ကျရုံမက ဘ၀တွေယုံကြည်ချက် နဲ့ သွေဖီတဲ့ လမ်းကို မိသားစုအရေး ကြောင့် ပြောင်းပစ်ခဲ့ရတဲ့ ဧဒင် ကွန်စတက်ရှင် က သူဌေးဦးချစ်ခိုင် နဲ့  သေရွာ သွားတဲ့ အထိ ထောင်ထဲ ကဒဏ်ရာရင်ထဲဒဏ်ရာမပျောက်သွားခဲ့ရတဲ့  ရှေ့နေ ဦးဝင်ရွှေ တို့  ရဲ့ ကျမလို ကျောင်းသား လူငယ်ကို ကယ်တင်ခဲ့ တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ် မြို့ နယ် စည်း တွေရဲ့ ရပ်တည်ပေးဆပ် မှူတွေ ဟာ ကျမ မေ့လို့ ရနိုင်ပါ့မလား
အဲဒီလို နဲ့ ပဲ ----စာရေးတောင်းသူ ရှေ့နေ ဦးဝင်ရွှေက ထောင်တစ်နှစ်ခွဲ လက်မှတ်ထိုးသူ ဧဒင် ဦးချစ်ခိုင်နဲ့ ကျောင်းဆရာဦးသိန်းထွန်းတို့ 
က ထောင်ဒဏ် ၁ နှစ်စီ ကျခံလိုက်ရပြီး ကျမ ကတော့ လွတ်မြောက်ခဲ့ရပါတယ်။ ဒါ ကျမအကြောင်းကျမပြောပြချင်တာထက် အမျိုးသား
ဒီမိုကရေစီအဖွဲ့ ချုပ် ဟာ စတင် တည်ထောင်စက စပြီး ကျောင်းသားပြည်သူအပေါ် အနစ်နာခံပြီးရပ်တည်ခဲ့တဲ့ ပါတီပါ -ကျမပါတီဝင်မ
ဟုတ်ပေမဲ့  မဲထဲ့ခွင့်ရဖို့ အသက်မပြည့်သေးပေမဲ့ NLD အောင်နိုင်ရေးအတွက် အဖွဲ့ ချုပ် ဖက်က ကြိုးစားဆောင်ရွက်ပေးခဲ့ပါတယ် ။
ဒါပေမဲ့ အဲလို ကိုယ်ကျိုးစွန့် ခဲ့တဲ့ သူတွေ က အမတ်မလုပ်ပဲ ဦးစိန်လှဦး လို လူမျိုးတွေ အတွက် ကျမတို့ မဲဆွယ်ပေးခဲ့ရတော့ ကောင်းကျိုး
ဆိုးကျိုး ကို ကျမတို့ သုံးသပ်လေ့လာလိုက်ရင် ကျောင်းသားပြည်သူဖြစ်တဲ့ ကျမတို့ ကိုယ်တိုင် အားနည်းခဲ့တယ်လို့ ပဲ ဆိုရပါလိမ့် မယ် ။

အဖွဲ့ ချုပ် ကနေ ဘယ်သူတွေ ပေါ်ထွက်လာလဲ မေးရင်း ကလေးဘ၀ထဲ က ထောင်ထဲတူတူတွဲဝင်ပြီး ၁၉၉၅ မှာ အမျိုးသားဒီမိုကရေစီ
အဖွဲ့ ချုပ် မှာကျမမြို့ နယ်လူငယ်တာဝန်ယူစဉ်မှာပဲ သူငယ်ချင်း ကိုပါတီအလုပ်တွေ တွဲလုပ်ဖို့ ကျမသွားခေါ်ခဲ့တယ် သူက ခု ၂၀၀၇ မှာ
ကမ္ဘာသိဖြစ်ခဲ့တဲ့ သင်းသင်းအေး(ခ) မီးမီး ပါပဲ ။ ပြီးတော့ စုစုနွေး ပြီးတော့ ဖြူဖြူသင်း ပြီးတော့ ကိုထင်ကျော်ပြီးတော့ နေဘုန်းလတ်
ဒီလူငယ်တွေ ကတော့ကမ္ဘာသိပေါ့ အတိုင်းအတာတစ်ခုထိ လူသိသူသိ ရှိသလို လူလုံးဝမသိတဲ့ အငြိမ်ရွှေ့နေတဲ့ လူငယ်ကလေးတွေ
အများကြီး ရဲရဲရင့်ရင့် လှုတ်ရှားနေဆဲပါပဲ ။
ကျမကော ဘယ်လို ကြောင့် အဖွဲ့ ချုပ်ရောက်လဲ ဆို စောစောက ထောင်ကျသွားတဲ့ သုံးဦးထဲ လုံးက ထောင်ကပြန်လွှတ်တဲ့အခါ ကျမ
အပေါ်သူတို့ သမီးလေးလို တူမလေးလို ခင်မင်လေးစားကြပါတယ် ။မိသားစုနဲ့ သမီးတွေ သိတ်အလွှမ်းမိုးခံရတဲ့ ဧဒင်ဦးချစ်ခိုင် ဆိုရင်
နိုင်ငံရေးသာမလုပ်ရဲရှိတော့တယ် ကိုယ့်အပေါ်တော့ ခင်မင်လေးစာဆဲ ပါ ။ ၁၉၉၅ မှာ လူထုခေါင်းဆောင် ပြန်လွှတ်တော့ ကျမ ကို မြို့ 
နယ်လူငယ်အဖြစ်တောင် မရပ်တည်ခိုင်းပဲ မြို့ နယ်လူယ်ခေါင်းဆောင်အဖြစ်တာဝန်တန်းပေးခဲ့တာ အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ် ဥက္ကဌ
တစ်ဦးကပါ ။ဘယ်လိုအမျော်အမြင်နဲ့ လဲ ဆိုရင်ကျောင်းသာလှုတ်ရှားမှုမှာသတ္တိရှိတာနဲ့ ဇတ်ဇတ်ကြဲ အမှန်ကိုပြောရဲတာ သူတို့  လိုအပ်
လို့ပေါ့လေ --တဲ့
ဒီလိုနဲ့ ကျမ ဟာအဖွဲ့ ချုပ် ရဲ့ သစ္စာကိုစောင့်သိရမဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ် လူငယ်ဖြစ်ခဲ့ပါတယ် ။ သစ္စာစောင့်သိတယ်ဆိုရာမှာ
ခေါင်းဆောင် ကိုနောက်လိုက်ကောင်းတစ်ယောက်သဖွယ် ကျိုးကြောင်းဆင်ခြင်ပြီးထောက်ပြပြောဆိုနေတာ လို့ ကျမနားလည်တဲ့အ
တွက် အဖွဲ့ ချုပ် မှာ အန်တီ အားနည်းတဲ့ အချက်ရှိရင်တောင် တင်ပြဖို့ ရာ ကျမ၀န်မလေးခဲ့ပါဘူး(မကြာခင်ကမှထောင်က လွှတ်လာတဲ့ အန်ကယ်(လ်)ဦးဝင်းထိန်တို့ ပိုသိကြပါတယ်)
၁၉၉၅ ၁၉၉၆ ကာလ လွန် အကြတ်အတည်းတွေ မှာ ကျမတို့ ဟာ မျက်ရည်တွေ အကြိမ်ကြိမ်ကျရပြီး ခေါင်းဆောင်ရဲ့ လူငယ်ထုအပေါ်
ထားတဲ့ စိတ်စေတနာ တွေ ကို ဘယ်လို တုန့်ပြန်ရမှန်းမသိရအောင် ကိုယ့်ကိုယ်ကိုယ်မကြေမနပ်ဖြစ်ခဲ့ပါတယ် ။
ဂွတ်တလိပ်လမ်းဆုံ(ဦးချစ်မောင်လမ်း)ကို အရထွက်ခဲ့တယ် ကျမတို့ တွေ ရိုက်နှက်ခံခဲ့ရတယ် အဖွါးအိုတွေ တင်ပါးတွေ ကျော်တွေမှာ
ရာဘာ ဒုတ်ရာတွေ နဲ့  ဒါကို အန်တီ မြင်ပြီး သူ့ မျက်ဝန်းက ၀ိုင်းနေပြီးကျလုမတက် မျက်ရည်တွေ ကို ပြန်သိမ်းနေရတာတွေ ကျမ
ရင်ထဲမချိခဲ့ပါဘူး ။
၁၉၉၆ ဒီဇင်ဘာကျတော့ ကျောင်းသားထု က ခပ်ရင့်ရင့် နဲ့  ဘယ်ပါတီနိုင်ငံရေးမှမပါရဘူး ကျောင်းသားသမဂ္ဂပဲ တောင်းမယ် ဆိုပြီး
၁၉၉၆ ဒီဇင်ဘာပွဲ ကို ကျမလို နိုင်ငံရေးပါတီက လူမြင်တာနဲ့ တောင် ကြိုးဝိုင်းထဲပေးမ၀င်တဲ့ အချိန်မှာ အန်တီ က အမျိုးသားဒီမိုကရေစီ
အဖွဲ့ ချုပ် ဟာ ဘယ်သူ့ အတွက်ထူထောင်တာလဲ ဘယ်သူတွေ ရှေ့ မားမားမတ်မတ်ရပ်ရမလဲ ဆိုတဲ့မေးခွန်း ကိုသာမေးခဲ့ပါတယ် ။။
ဘာလုပ် --ဘာလုပ်ပါလို့  မညွန်ကြားခဲ့ပါဘူး အညွှန်ကြားခံချင်သူဟာအလုပ်မလုပ်ချင်တဲ့သူတွေပဲလို့ လည်းအန်တီပြောခဲ့ပါတယ်။
ဒီတော့ အန်တီ က ဘာကိုညွှန်ကြားရမှာလဲ ကိုယ်လုပ်ရမှာကိုယ်သိရမှာပေါ့ အန်တီ့ လို့ ကမ္ဘာ့ဒီမိုကရေစီခေါင်းဆောင်ကို ညွှန်ကြား
ခိုင်းနေသူက နိုင်ငံရေးနဲ့ အတော်ဝေးနေသူ နိုင်ငံရေး အသိမရှိသူ နိုင်ငံရေးမှာဘယ်သူ့အကျိုးကိုမှမစွမ်းဆောင်ဖူးသူပဲဖြစ်ပါလိမ့်မယ်။

ဆက်လက်တင်ပြသွားပါမည်

၁၉၉၀ ရွေးကောက်ပွဲကိုအကောင်အထည်ဖေါ်ဖို့ ပြည်သူ့ အစိုးရဖွဲ့ ဖို့  နဲ့ ---လူထုလှုပ်ရှားမှု

Tuesday, September 14, 2010

လူထုတိုက်ပွဲကော်မတီ (၂၀၁၀)

နအဖ၏ ၁၉၉၀ ပြည့်နှစ် ရွေးကောက်ပွဲအနိုင်ရ နိုင်ငံရေးပါတီများကို ဖျက်သိမ်းလိုက်ခြင်းအပေါ် တုံ့ပြန်ကြေညာချက်

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အပါအ၀င် ၁၉၉၀ ပြည့်နှစ် ရွေးကောက်ပွဲအနိုင်ရပါတီများသည် လွတ်လပ်၍ တရား မျှတသော ရွေးကောက်ပွဲမှတဆင့် ပြည်သူလူထု ၏ သဘောဆန္ဒများနှင့်အညီ ရွေးကောက်တင်မြှောက်ခြင်းခံထား ရသည့် တရားဝင် နိုင်ငံရေးပါတီများဖြစ်သည်။ နိုင်ငံတကာဥပဒေအရဖြစ်စေ၊ မည်သည့်နိုင်ငံတွင်မဆို ကျင့်သုံး လျက်ရှိသည့် ဥပဒေများအရဖြစ်စေ ရွေးကောက်ပွဲရလဒ်ကို အကောင်အထည်ဖော် ဆောင်ရွက်ပေးခြင်းမရှိသေး သမျှကာလပတ်လုံး ၄င်းအနိုင်ရ နိုင်ငံရေးပါတီများသည် ဥပဒေအရ တရားဝင်မှုရှိသည်။ ထို့ပြင် နိုင်ငံတကာဥပ ဒေ ဥပဓိရုပ်ရှိသည့် နိုင်ငံရေးပါတီများဖြစ်ကြောင်း နအဖ သိစေအပ်သည်နှင့်အညီ ကျွန်ုပ်တို့ လူထုတိုက်ပွဲကော်မ တီ (၂၀၁၀) ၏ ၉၀ ရွေးကောက်ပွဲရလဒ်နှင့်စပ်လျဉ်းသော အမြင်သဘောထားများကို နိုင်ငံတကာအဖွဲ့အစည်း များ၊ မြန်မာ့ဒီမိုကရေစီအင်အားစုများနှင့် မြန်မာပြည်သူလူထုတရပ်လုံး သိရှိနိုင်ရန်အတွက် အောက်ပါအတိုင်း ကြေညာချက်ထုတ်ပြန်လိုက်သည်။

၁။ ၁၉၉၀ ပြည့်နှစ် ရွေးကောက်ပွဲရလဒ်ကို တရားဝင် အကောင်အထည်ဖော် ဆောင်ရွက်ပေးနိုင်ခြင်းမရှိသမျှကာ လပတ်လုံး ယင်းရွေးကောက်ပွဲရလဒ်ကို မည်သည့်အစိုးရ၊ မည်သည့်အသင်းအဖွဲ့၊ မည်သည့်အာဏာရှင်ကမှ ပယ် ဖျက်၍ မရကြောင်း နအဖ သိစေအပ်သည်။

၂။ ကျွန်ုပ်တို့လူထုတိုက်ပွဲကော်မတီ (၂၀၁၀) သည် ၉၀ ရွေးကောက်ပွဲရလဒ်ကို ဆက်လက်အသိအမှတ်ပြု၍ ယင်းရွေးကောက်ပွဲရလဒ် အကောင်အထည်ဖော်ရေး လုပ်ငန်းစဉ်များကို အစဉ်တစိုက် လုပ်ဆောင်သွားမည်ဖြစ် သည်။

၃။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နှင့် ၉၀ ရွေးကောက်ပွဲအနိုင်ရ နိုင်ငံရေးပါတီများအနေဖြင့်လည်း ရွေးကောက် ပွဲရလဒ်ကို အကောင်အထည်ဖော်နိုင်သည်အထိ မမှိတ်မသုန် လှုပ်ရှားဆောင်ရွက်နေဆဲဖြစ်သည်ဟု ယနေ့ထိ တိုင် ယုံကြည်သည်။

၎။ ယနေ့ကာလ နိုင်ငံရေးအင်အားစုများ၏ စုစည်းညီညွတ်မှုသည် ၉၀ ရွေးကောက်ပွဲရလဒ်ကို အကောင်အထည် ဖော် ဆောင်ရွက်နိုင်မှုလုပ်ငန်းစဉ်ဖြင့်သာ ရရှိနိုင်မည်ဖြစ်သည်။

၅။ မြန်မာ့ပြည်သူလူထုတရပ်လုံးအနေဖြင့်လည်း ဒီမိုကရေစီဖော်ဆောင်ရေးလုပ်ငန်းစဉ်တွင် အရေးကြီးသောအ ခန်းကဏ္ဍမှ ပါဝင်သည့်အားလျော်စွာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နှင့် ၉၀ ရွေးကောက်ပွဲအနိုင်ရ နိုင်ငံရေးပါတီ များ၏ ဒီမိုကရေစီဖော်ဆောင်ရေးလုပ်ငန်းစဉ်များတွင် အားကြိုးမာန်တက် ၀ိုင်းဝန်းပါဝင်ကြပါရန် မေတ္တာရပ်ခံ လိုက်သည်။

၆။ အပိုဒ် (၅) ပါ မေတ္တာရပ်ခံချက်နှင့်အညီ လူထုတိုက်ပွဲကော်မတီ၏ ချမှတ်ထားသည့် မူဝါဒ၊ လုပ်ငန်းစဉ်များဖြစ် သည့် …
(က) ၉၀ ရွေးကောက်ပွဲရလဒ် အကောင်အထည်ဖော်ရေး၊ ပြည်သူ့အစိုးရတရပ်ပေါ်ပေါက်ရေး

(ခ) လူထုလှုပ်ရှားမှုများပေါ်ပေါက်လာရေး

… စသည်တို့ကို အရှိန်မြှင့်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း နအဖအား တုံ့ပြန်ကြေညာလိုက်သည်။

လူထုတိုက်ပွဲကော်မတီ (၂၀၁၀)
ထိုင်း-မြန်မာနယ်စပ်တနေရာ

ဆက်သွယ်ရန် - ကိုမိုးသီးဇွန် - ၀၈၄၄၅၉၁၁၈၆
- ကိုသံဒုတ် - ၀၈၆၁၁၉၈၀၉၁
- ဒေါက်တာလွဏ်းဆွေ - ၀၈၁၂၈၄၁၄၁၈

အာရှနေ၀န်းအသျှင်ဥတ္တမ နေ့  (၇၁) နှစ်ပြည့်

Thursday, September 9, 2010

ထိုင်းနိုင်ငံမဲဆောက် မြို့ တွင် ဦးဥတ္တမနေ့  ကိုရခိုင်လူငယ်များက ဦးဆောင်ပြီး ကျင်းပကြစဉ်


ရခိုင်လူမျိုးအတွက်သာမက မြန်မာတစ်ပြည်ထောင်လုံးအတွက်သာမကပဲ အာရှတိုက်
တ၀န်းလုံးအတွက် နိုင်ငံရေးမျက်စိဖွင့်ပေးခဲ့တဲ့ သံဃာ့ သူရဲကောင်း တို့ ပြည်မှာ ရှိခဲ့ဖူး
တယ် ။ ကိုလိုနီနယ်ချဲ့ ကို ရဲရဲတောက် မောင်ထုတ်ခဲ့တယ် ''ဂရက်ဒေါက်ထွက်သွား''
ဒါ့ပြင် လိပ်ကိုအခွံခွါမယ် ဆိုပြီး မျက်နှာဖြူတွေကို ခြိမ်းခြောက်ရဲတဲ့ သတ္တိ သူ့ မှာရှိတယ်။
အစိုးရမကောင်းရင်မကောင်းဘူး လို့ ဝေဖန်ခွင့်ရှိတယ် ဆိုတာ ကို အဲဒီ့အချိန်ထဲက
ရဲရဲတောက် မိန့် ခွန်းတွေ ပြောခဲ့တယ် ဒီ လို တိုင်းပြည်နဲ့ လူမျိုး အကျိုး အဖိနှိပ်ခံတွေ
ရဲ့အကျိုးကိုရှေးရှုတဲ့  ဥတ္တမ ပေါင်း မြောက်များစွာ ငါတို့ ပြည်မှာ ရှိဖို့ လိုတယ် ။