welcome

၈၈၈၈ ကို ဘယ်သူတွေ စခဲ့စခဲ့ ပြည်သူတွေရဲ့ စုပေါင်းပါဝင်မှုက အခရာကျသလို ဘယ်သူတွေပေးဆပ်ပေးဆပ် အဖြူအစိမ်းလေးတွေရဲ့ နီရဲတဲ့သွေး တွေ က အမြဲ သက်သေ တည်နေပါတယ် ။

၆၁ နှစ်မြောက်ကရင့်တော်လှန်ရေးနေ့ နှင့် တော်လှန်ရေးကျေးဇူး

Friday, January 29, 2010














၃၁-၁-၁၉၄၉ တွင် ဖ ဆ ပ လ အစိုးရမှာ အင်းစိန်ရှိ KNDOဗဟိုဌါနချုပ် ကိုဝန်းရံပြီးအင်းစိန်တွင်နေထိုင်
သောကရင်တိုင်းရင်းသားများအားစတင်တိုက်ခိုက်
ရုံသာမကKNDO အားမတရားအသင်း အဖြစ် ကြေညာ
ခဲ့ရာမှစ၍ ကရင်တိုင်းရင်းသားများမခံမရပ်နိုင်ဖြစ်ကာ
ဇန်န၀ါရီလ(၃၁)ရက်တွင်လက်နက်ဆွဲကိုင်တော်လှန်
ခဲ့ရမှုကိုဂုဏ်ပြုသောအားဖြင့်ဇန်န၀ါရီ (၃၁) အား
ကရင့်တော်လှန်ရေးနေ့ အဖြစ် သတ်မှတ်ခဲ့ရာ ယခု
ကရင့်တော်လှန်ရေး(၆၁)နှစ်ပြည့်ခဲ့ပါပြီ ။။

အဲဒီအချိန်တိုင်းပြည်ဦးဆောင်နေသူတွေရဲ့တွေးခေါ်မှု ဆုံးဖြတ်မှုနိုင်ငံရေးမကျွမ်းကျင်မှု စတဲ့အားနည်းချက်
တွေကြောင့်တိုင်းရင်းသား လူမျိုးစုတွေဟာလက်နက်ဆွဲကိုင်ပြီးသူတို့ ကြမ္မာ သူတို့ ဖန်တီးနိုင်ဖို့ တိုက်ပွဲဝင်
ခဲ့ကြရတယ် ။။

မည်သို့ ပင်ဆိုစေကာမူ ယနေ့ ထိ ကျမတို့ တိုင်းပြည်ရဲ့ တိုင်းရင်းသား အားလုံး တန်းတူအခွင့်အရေး ရပိုင်ခွင့်တွေ
ဆုံးရှုံးနေကြရဆဲပါ ။။
ဒီထဲမှာလက်နက်ဆွဲကိုင်တော်လှန်မှုကိုစခဲ့တဲ့ အကြီးမားဆုံးသော လူမျိုးစု ကြီးတရပ်ဟာ ကရင် တိုင်းရင်းသား
တွေဖြစ်ပါတယ်။ ကျမတို့ ဗိုလ်ချုပ်အောင်ဆန်းသာရှိခဲ့ရင် ဒီပြဿနာတွေကို ဒီလောက် နှစ်တွေ မကုန်ဆုံး
လောက်ခင်ကတည်းက ဖြေရှင်းနိုင်ပြီပဲ လို့ ကျမ အနေနဲ့ ယုံကြည်နေပါတယ် ။
ဒါပေ မဲ့ ကျမတို့  တိုင်းရင်းသားပြည်သူတွေရဲ့ ကြမ္မာလို့ ပဲပြောရမလားအာဏာမက်သူတွေရဲ့ ရက်စက်တဲ့စနက်
ကြောင့် လို့ ပဲ ပြောရမလား ခုထိကို ဗမာတိုင်းရင်းသားအပါအ၀င်ဘယ်တိုင်းရင်းသားမှလွတ်လပ်ခွင့် ကိုယ့်ကြမ္မာ
ကိုယ်ဖန်တီးခွင့်မရှိကြရသေးပါဘူး ။
ဒါကို ဘာကြောင့်လဲ အဖြေရှာရင် မခက်ပါဘူး အာဏာ နေရာ ယစ်မူးတက်တဲ့ အရှက်မဲ့ လူ့ အန္တ တွေကြောင့်ပါ
ဗမာက လူမျိုးအရေအတွက် များလေတော့ ဗမာလူမျိုးကြီးဝါဒဆွဲတွေကြောင့် လို့ ယိုးစွပ် ကြပေမဲ့စနစ်ဆိုးနဲ့
စိတ်ဆိုး စိတ်ရိုင်းတွေရှိတဲ့ အဟိတ်စိတ်လောက်နဲ့ သာ ပဠိသန္ဓေ ဖြစ်တည်ခဲ့ကြတဲ့ လူ့ ငနွါးတွေကြောင့်ပါ ။

ကရင့်ခေါင်းဆောင်တွေမှာကျမ ကြားသိဘူးတဲ့ စောဘဦးကြီး ။ ကွယ်လွန်ချိန်မှာဈာပနကိုပို့ ခွင့်ရခဲ့တဲ့ ဗိုလ်ချုပ်မြ
စည်းဝေးပွဲ ဆွေးနွေးပွဲတွေ မှာ တွေ့ဆုံလေ့၇ှိပြီး ကျမတို့ အပေါ်ကိုပင်ပြန်လည် အသိအမှတ်ပြု ဆက်ဆံ တက်တဲ့
ဖဒိုမန်းရှာလဘန်း အသက်အရွယ်ကြီးရင့်သော်လည်းတော်လှန်ရေးအတွက်မနေမနားကြိုစားနေဆဲဖြစ်တဲ့
ဗိုလ်ချုပ်ကြီးတာမလာဘော သူ့ တို့ တွေရ့စေတနာ သူတို့ တွေရဲ့ ကရင့်တိုင်းရင်းသားတွေ အပေါ်မြန်မာ
ပြည်သူလူထုတစ်ရပ်လုံးအပေါ်ထားတဲ့စေတနာ - အနီးကပ် တွေ့ ရှိ ကြားသိတဲ့အခါမှာ ကျမ ပိုလို့ ကိုလေးစား
လာပါတယ် ။။

တစ်ကိုယ်ကောင်းစိတ်ရှိရင် ဒီတော်လှန်ရေး မဟာမိတ်အင်အားစုတွေကိုပစ်ပြီးဗိုလ်ခင်ညွန့် လက်ထက်ကတည်း
ကအလင်းဝင်တာကြာပြီပေါ့ ။။ ခုတော့ စစ်အုပ်စု ရဲ့ ခိုင်းစေမှုကြောင့် တိတ်တဆိတ် လုပ်ကြံသတ်ဖြတ်ခံရ ---
NGO တွေဆိုတာက လည်း ကို ယ်လာတဲ့နိုင်ငံဘာလုပ်နေတယ်ဆိုတာသိလျက် နဲ့လက်နက်ဆွဲ ကိုင်လို့ ဆိုပြီးလေထဲကတော်လှန်ရေးအုပ်စုလောက်သာထောက်ပံ့ ----လက်နက်ကိုင်တွေကို ရှောင်လွဲ ---အဲဒီ့ဒုက္ခ တွေကြားမှာမားမားရပ်နေတာ ကရင့် တော်လှန်ရေးခေါင်းဆောင်တွေပါ ။။

ပြီးခဲ့တဲ့အတိတ်သမိုင်းတွေမှာအထင်အမြင်လွဲမှားမှုတွေ နဲ့ အဆုံးအဖြတ်တင်းမာတာတွေရှိခဲ့သော်လည်း
တကယ်တန်း (၈၈) လူထု တော်လှန်ရေးကြီးပေါ်ပေါက်လာတော့ တောထဲထွက်ပြေးလာသူ ကျောင်သား
အလုပ်သမား လူထုလူတန်းစားမှန်သမျှ နွေးထွေးစွာကြိုဆိုပြီး ကျောင်းသားတပ်မတော်ကြီးကိုလည်းရအောင်ဖွဲ့ 
ပေးခဲ့တယ် ။။
အစိုးရအဖွဲ့ ဆိုတာလည်း ဖြစ်အောင် အသင့် တည်ဆောက်ပေးခဲ့တယ် ။။ ဒီသမိုင်း တွေကို NGO ပေးငွေတွေ
နဲ့ဖုန်းကွယ်လို့ မရပါဘူး။ ဖျက်လို့ မရဘူး ကရင့်ခေါင်းဆောင်တွေ ကရင်တိုင်းရင်းသားတွေမှသိတာ မဟုတ်ဘူး
အာဏာရှင် နေရာမက် သူ ကိုရွံ့မုန်းတဲ့ ဗမာလူမျိုးစုတွေ ကလည်းသိနေတယ်။။
ဥပမာ --သက်သေတစ်ရပ် အနေနဲ့ ကိုမိုးသီဇွန် တို့ လို လူမျိုးရှိနေ တယ် ပေါ့ --

ဒီတော့ ကျမတို့ တစ်တွေတာဝန်မကြေနိုင်ခဲ့သေးတဲ့တိုင်းရင်းသားပြည်သူလူထုတစ်ရပ်လုံးတန်းတူအခွင့်အရေး
ရဖို့ ဘယ်လိုမူနဲ့ ဘယ်လို ပုံစံနဲ့  သွားသင့် သလဲဆိုတာ စစ်အုပ်စု မျက်စိ စုံ မှိတ်ထားသလို အလိုတူအလိုပါ
အာဏာရူးတွေလည်း မသိဟန်ဆောင်ထားမယ်ဆိုရင်တော့ ဟော --၈၈ ကာလ ကျော်က နေ ခုထိထားခဲ့တဲ့
သူတို့ စေတနာ သူတို့ ရဲ့ ကရင်လူမျိုးတွေ လွတ်လပ်စေ့ချင်တဲ့မျော်လင့်ချက် တွေကိုစော်ကားရာကျပါမယ် ။။

ကျမတို့ ဗမာတွေဟာဒီလိုပါပဲလားလို့  နောက်ထပ် သမိုင်းသစ်မှာထပ်မတွင်ရစ်စေ့ချင်ရင်တော့ ကျေးဇူးတရား
ဆိုတာသိတက်ဖို့ အောင့်မေ့ဖို့ နဲ့ ပြန်လည်ပေးဆပ်တက်ဖို့ လိုအပ်တယ်သိတ်အရေးကြီးတယ်ဆိုတာတင်ပြရင်း
ကရင့်ခေါင်းဆောင်များကို အလေးအမြတ်ဂုဏ်ပြု လိုက်ပါတယ် ။။ ကရင့်တော်လှန်ရေးအမြန်ဆုံးအောင်မြင်ပါစေ။။
မေအိခင်(လယ်ဝေး)



မိုင်းလား ထိပ်သီးခေါင်းဆောင် လုပ်ကြံခံရသည့်အပေါ် NDFမှအပြင်းအထန်ဆန့် ကျင်ကန့် ကွက်

Thursday, January 28, 2010


ဤသို့  လူမဆန်စွာ မတရားလုပ်ကြံသတ်ဖြတ်မှုများ အား ပြည်သူလူထုတစ်ရပ်လုံးဝိုင်းဝန်းချုံ့ ချ သင့်သည် ။။စစ်အုပ်စု
သည် တန်ဖိုးကြီးမား၍ ပြည်သူလူထုချစ်ခင်အားကိုးခံရသောသူများအား အမြဲမပြတ်စောင့်ကြည့်ပြီးနည်းလမ်းပေါင်းစုံဖြင့်
စနစ်တကျခြေမှုန်းလေ့ရှိသည် ။ဤဖြစ်စဉ်သည် လူတစ်ယောက်သာမာန် အသတ်ခံရ၍ သေဆုံးခြင်းမဟုတ်ပေ ။။
သူ့ အားယုံကြည်အားကိုးသူ သူ့ အားချစ်ခင်လေးစားသူ သူနဲ့ အတူ ဒီမိုကရေစီနှင့် လူ့ အခွင့်အရေးအား ပူးပေါင်း
ဆောင်ရွက်နေသူအာလုံးကို လုပ်ကြံခြင်းဖြစ်ပေသည်။ စစ်အုပ်စုသည် အများချစ်ခင်လေးစားသူ ခေါင်းဆောင်ကောင်း
ဟူသမျှ ကို ဤသို့ လုပ်ကြံသတ်ဖြတ်နေခြင်းမှာ ပြည်သူလူထု ထံ အာဏာမအပ်နှံလိုသည်မှာထင်ရှားလှပေသည်။။
ဖရိုမန်းရှာလာဘန်းအား လုပ်ကြံသတ်ဖြတ်ပြီးစဉ်က ဖထီး၏ ရုပ်အလောင်းကို မိမိ မြင်တွေ့ ခံစားခဲ့ရပြီး ယခုလည်း
တိုင်းရင်းသားခေါင်းဆောင်တစ်ဦး သတ်ဖြတ်ခံလိုက်ရမှုအပေါ်မမြင်လိုက်ရပေမဲ့  တရားခံများအား ပိုမိုနာကျဉ်းမိပါသည်။
သို့ အတွက်ကြောင် အမှန်တကယ် ပြည်သူနှင့် တိုင်းပြည်ကောင်းကျိုးလိုလားသူမှန်သမျှ စစ်အုပ်စု အားနည်းလမ်း
ပေါင်းစုံ နှင့်အမြစ်ဖြတ် ခြေမှုန်း ကြပါစို့  --
မေအိခင် (လယ်ဝေး)







လွဲနေတဲ့ တလွဲတွေ နဲ့ အတူ တူနေတာတွေက (တ၀က်မကျိုးသေးတာ)

Sunday, January 24, 2010

မိမိ တို့ ဥက္ကဌအား ထိခိုက်စေလိုသောရည်ရွယ်ချက်မရှိပါ လူငယ်များ၏အတွေးကို ထင်ဟပ်စေလိုသောကြောင့်
ဖြစ်သည် မည်သို့ ပင်ဆိုစေ ဦးအောင်ရွှေ သည် ဖက်ဆစ်ဂျပန်တော်လှန်ရေးတွင် ထိပ်တန်းက ပေးဆပ်တိုင်ပွဲ
ဝင်သူဖြစ်ကြောင်း ခေါင်းခေါက်ပြီးမှ ရှစ်မခိုးပဲ ၇ှစ်ခိုးပြီး ------- ရေးလိုက်ပါသည်။။။။။။။

ကျမ ဘလော့ ပီပီပြင်ပြင်မရေးဖြစ်တာကြာပေမဲ့ ပြန်လည် ၇ှင်သန်လာတဲ့ ဘလော့ဟောင်းလေးရယ် ညီမလေး
ဒရင်းအိမ်ဂျယ်ဖွင့်ပေးတဲ့ ဘလော့သစ်လေးရယ် နှစ်ခုလုံးက၇ှင်သန်နေတယ် ကျမ ပို့ (စ်)တွေ ရေးပြီး တင်တင်
မတင်တင် အဲဒီ့ဘလော့လေးတွေကရှင်သန်နေတယ်ဒါတင်ပဲလားဆိုတော့ မဟုတ်သေးဘူး ကျမကိုခင်တဲ့မိတ်
ဆွေ တွေက မကြာမကြာအလည်လာနေဆဲပဲ သတင်းတွေ တင်လည်း အင်းးဆိုပြီးကြည့်ပြီးပြန်သွားခဲ့ကြတယ်။
အဲ သူတို့ အတွက် ဒီနေ့  ကျမ ပြုံးမိတာလေးတွေလက်ဆင့်ကမ်းမယ်လေ - ကျမ က တော်လှန်ရေးအတွက် ဒီ
စာပေ ဒီဘလော့ ကိုရေးဖြစ်တော့ ဒီအကြောင်းလေးတွေ ပဲနွယ် ပါလိမ့်မယ် ဟာသတော့မဟုတ်ဘူးပေါ့ ။။
သဘောပေါက်သူတွေတော့ ပြုံး ရပါလိမ့်မယ် --ဒီနေ့  ကျမနဲ့အတူ ၈၈ တော်လှန်ရေးရဲ့ထိပ်သီးခေါင်းဆောင်
တစ်ယောက် ရယ် တိုင်းရင်းသားလူကြီးလူငယ်တွေရယ် ရခိုင်မွန် ကရင်၇ှမ်း ပါတယ်ပေါ့ -စကားဝိုင်းပြောဖြစ်
တယ် ။ကျမ ကတော့ကွန်ပျူတာခုံမှာထိုင်ပြီးပေါ့ --တချို့ မောင်နှမတွေကလည်း ကျမ ကွန်ပျူတာကနေ စကိုက်
ဂျီတော့ နဲ့ နားစွင့်နေ ကြတယ် -- ကျမတို့ မျော်လင့်ထားတဲ့ခေါင်းဆောင်တယောက်ပါဝင်နေတဲ့စကားဝိုင်းလေး
အပေါ်ကိုပေါ့လေ -- သူက ခေတ်အဆက်ဆက် မျိုးဆက်သစ်တွေကို ဘယ်ခေတ် ဘယ်ခေါင်းဆောင်က ဘယ်
လို လက်ဆင့်ကမ်းတာဝန်တွေပေးခဲ့တယ် ပြောနေတယ် --ကျမ ကလည်း ကျမ ချက်တင်နဲ့ ကျမ ကျမကွန်ပျူ
တာကနေ သူ့ အသံနားထောင်သူလည်းနားထောင်ပေါ့ -- ကျမ နဲ့ ချက်နေတဲ့ ကလေးက အမ အသံဖွင့်ပေးလေ သူ့ သဘောထားတွေ ကျနော်တို့ သိချင်တယ်တဲ့  ကျမကနေပါဦးဟ နင့်လို ပဲ တနေရာက ကလေး လေးငါး
ယောက် နားထောင်နေတယ် ။ဆိုတော့ ကျမနဲ့ ချက် နေတဲ့ကောင်လေး ရိုက်လိုက်တာက ကျနော် ၃၀ကျော်ပြီဗျ
ခုထိ အမ က တွေ့ရာလူကလေး ခေါ်နေတုန်း ဆိုပြီး ကောပြော ပြောတော့ ကျမကပြန်ပြောလိုက်ပါတယ် ဟုတ်
ပါတယ်မောင်လေးရယ် အမတောင် ၄၀ နီးပြီ မောင်လေးတို့ အသက် က မြန်မာလူမျိုးတွေရဲ့ သက်တမ်းနဲ့ ဆို
တ၀က် ကျိုးနေပါပြီလို့  ကျမပြောလိုက်တဲ့ အခါ ကောင်လေး က တ၀က်မကျိုးတာ - သန်းရွှေ နဲ့ ဦးအောင်ရွှေ
ပဲ ရှိတယ်တဲ့ လေ--(အသက်ကိုပြောတာနော့) သူ့ ချက်တင်စာလေးနဲ့အတူ နားထဲတစ်သံတည်းဝင်လာတာက
တော့ ကျောင်းသားခေါင်းဆောင်ဆိုသူက ဦးအောင်ရွှေ တို့ က မျိုးဆက်သစ်တွေကို လွှဲပေးသင့်ပြီတဲ့ -
ဟော ခုည ကျတော့ အလုပ်တွေ ရီပို့ ရေးမယ် မေး(လ်)လေးတော့ ဖွင့်ထားမယ်ပေါ့ စာကလည်းရေးချင်တယ်
တွေးလိုက်ရင် ကိုယ်တော်မှိုင်း ဗိုလ်ချုပ်အောင်ဆန်း အပြင် ကျေးတောရွာ ကဗျာလေးတွေလည်း စိတ်ထဲဝင်ဝင်
လာသေးရဲ့ အဲ အ၀င်ဆိုးတာကတော့ လီနင် ကိုမပြစ်ပယ်နိုင်သေးတဲ့အတွေးပဲ ဥက္ကဌ မော်ကို သိတ်မကြိုက်ပေ
မဲ့ ပိန့် ကျင်း ၊ လီလျောက်ချီနဲ့  ၊ ချူအင်လိုင်း ကိုတော့ ခုထိ (စာဖတ်ခဲ့တာကိုယ်နဲ့ တွေ့ ဖူးသလို) သတိတရ၇ှိနေ
တုန်းပဲ -ဒါပေမဲ့ ကျမလိုချင်တာကတော့ ဒီမိုကရေစီပဲပေါ့ ဒီတော့ စောစောကဖွင့်ထားတဲ့ဂျီတော့မှာ နိုင်ငံရေး
အကျဉ်းသားဟောင်းကိုယဉ်မင်းဦးနော်ဝေးကနေ ဘာတွေ တွတ်ထိုးထားမလဲ သူ့ မေး(လ်)လေးကို ထောက်
်ကြည့်တော့ စောစောက ကျမရေးရင်ကောင်းမလားတွေးနေတာ နဲ့  ခပ်တည့်တည့် တိုးတာကတော့
လက်နက်နဲ့ဖြေ၇ှင်းတာကငြိမ်းချမ်းရေး
လိုချင်တာကို တောင်းဆိုတဲ့သူတွေကတော့ အကြမ်းဖက်
တကယ် မော်ဒန် အတွေးအခေါ်တွေပဲ လို့ သူကရေးထား
လေရဲ့ အင်း ကျမလည်း ကိုယ်ကြိုက်နစ်သက်ခဲ့တာတော့ ကွန်မြူနစ် ဘိုးအေ တွေ ခုတကယ်လိုချင်နေတာတော့
ဒီမိုကရေစီ --ဒီမိုကရေစီရှေ့မှာ ဘာမှမပါ (တော်လှန်ရေးတကယ်မလုပ်ခဲ့ပဲ တော်လှန်ရေးစကားပြောသူတွေ ကတော့ ဘုရားစူးမဲ့ ဒီမိုကရေစီမို့  သူတို့ ကို ဘုရားစူး ဒီမိုကရေစီဆိုတဲ့ ဘွဲ့ ကျမပေးထားပါတယ်)မှတ်ချက် ဘုရားစူး
ဒီမိုကရေစီများ၏နာမည်စာရင်းကိုအီးမေး(လ်)ဖြင့် လျို့ ဝှက် လူသိရှင်ကြားတောင်းနိုင်သည်)
နောက်ဆုံး ပြုံးမိတာလေးကတော့ ကျမ ရေးရင်းလက်စဆောင်းပါးတစ်ခု ကို သမိုင်းကြောင်းလေးပါမှာမို့ မှန်
မမှန် ပြန်စစ်နေတုန်း (အိုက်ဆောင်းပါးလေးကဘယ်တော့တင်ဖြစ်မယ် မသိဘူး မျက်စိရှေ့မှာမြင်နေရတဲ့အမြင်
မတော်မှု လက်နှီးကို ပေညစ်နေမှန်းသိလျှက်နဲ့ သူ့ လက်နဲ့ ဆုတ်နှယ်နေသလို ၊ အပေါင်းကြောင့်ဂုဏ်ပျက်
တာကို သိလျက်နဲ့ မရှောင်ရက်နိုင်တဲ့သူတစ်ယောက်အတွက် ငဇင်ကာနဲ့ ပေါင်းမိလို့  ဘ၀ပျက်ပြည်ပျက်ရတဲ့
တောင်ငူဘုရင် နတ်ရှင်နောင် နဲ့ ငဇင်ကာဖြစ်စဉ်တနေ့တင်ဖြစ်ပါလိမ့်မယ်)သေချာမှန်ကန်ဖို့ က ပညာရှင်မေး
လိုက်ဦးမယ်ရယ်လို့  ချက်တင် ကနေ နိုင်ငံရေးအကျဉ်းသားအဖွဲ့ တခု ရဲ့ အတွင်းရေးမှုးဟောင်း အင်မတန်
မှရိုးသားတဲ့ တက္ကသိုလ်ကျူတာတစ်ယောက် ကို ကျမ လှမ်းမေးလိုက် ပါတယ် ။။ သူအားရပါးရ ဖြေလိုက်တာ
တော့ တောင်ငူဘုရင် ဘုရင့်နောင် ပါတဲ့ -ကျမကအချိန်ပြည့်နောက်နေတော့ အမြန်ပြန်ပြင်ပြောပါတယ် ရတု
ဘုရင်နတ်ရှင်နောင် ရယ်လို့  အဲဒီတော့ ဒီကနေ့ ပြသနာရှာသမျှပြုံးရတာကြည့်ပဲမို့ လက်ဆင့်ကမ်းလိုက်ပါတယ် ။

မှတ်ချက် ။။ ။။နိုင်ငံေ၇းအကျဉ်းသားဟောင်း နောင်တော်နှစ်ဦးအား ချစ်ခင်သည့်စိတ်ဖြင့် နောက်ပြောင်ထဲ့သွင်းရေးသားခြင်းဖြစ်သည်။

မေအိခင်(လယ်ဝေး)

အိုင်အယ်အို နှင့်မြန်မာစစ်အုပ်စု နားလည်မှုစာချွန် သက်တမ်း တစ်နှစ် ထပ်တိုး

Wednesday, January 20, 2010


















jrefrmppftpkd;&ESifh tdkift,ftdk qufvufyl;aygif;aqmif&Gufa&; oufwrf;wdk;

aexl; 20 Zefe0g&D 2010 - jrefrmjynfrSm t"rRcdkif;apr_yaysmufa&; qufvufaqmif&Gufzdk@ tkdif t,ftdk(tjynfjynfqkdif&mtvkyform;a&;&mtzGJ@) eJ@ jrefrmppftpkd;&wdk@ em;vnfr_pmc|ef v$m 12 v oufwrf;xyfwkd;vkdufw,fvkd@ tkdift,ftdku xkwfjyefa=unmygw,f? jrefrmjynfudka&muf&SdaewJh tdkift,ftdk tqifhjrifhukd,fpm;vS,ftzGJ@[m uGif;qif; avhvmzkd@twGuf aejynfawmfuae rauG;wkdif; atmifvH+rdK@udk c&D;qufae+yDjzpfygw,f? tdkift,ftdkeJ@ yl;aygif;aqmif&Gufa&; oufwrf;xyfwkd;wmudk ppftpkd;&owif;pm awGrSmvnf; 'Dae@azmfjyygw,f? tvkyform;0ef}uD;Xme0ef}uD; OD;atmif=unfeJ@ tdkift,f tdk tr_aqmif!ïef=um;a&;rSL; um&DwmyD,dkvmwdk@ aejynfawmfrSm wevFmae@rSmawG@qHk +yD; yl;aygif;aqmif&Gufa&;vkyfief;awGudpP aqG;aEG;w,fvdk@vnf; owif;rSmazmfjyygw,f? t"rRvkyftm;ay;ckdif;apr_awGeJ@ ywfouf+yD; jynfolawG&J@ wkdifwef;csufawGudk ppf tpkd;& tm%mykdifawGeJ@ tkdift,ftdk &efukef±Hk;cGJwdk@ yl;aygif;+yD; ta&;,laqmif&Gufzkd@twGuf 'Do abmwlnDcsufudk ppftpkd;&eJ@ tkdift,ftkdwdk@ oabmwlvufrSwfa&;xkd;cJhwmyg? tdkift,ftdkt}uD;tuJeJ@tzGJ@[m jrefrmppftpkd;& tm%mykdifawGeJ@ 'Dae@ wwd, ajrmufae@tjzpf tqifhjrihftpnf;ta0; jyKvkyf&mrSm ta&;}uD;wJhudpP&yfawG aqG;aEG;+yD; wefzdk;&SdwJhtpnf;ta0;jzpfygw,fvdk@ tdkift,ftdk &efukef±Hk; qufoG,fa&;t&m&Sd rpPwm pwdAf rm&S,fu 'DAGDbDudk ajym=um;ygw,f? “tkdift,ftdk tqifhjrifh ukd,fpm; vS,ftzGJ@[m jrefrmppftpdk;&eJ@ qufvufaqG; aEG;zdk@&Sdygw,f? tvGefta&;ygwJh udpPawGtygt0if ta&;}uD;wJh tpnf;ta0;wcsKd@ 'Dae@ usif;yjzpfygw,f? tjyKoabmaqmifwJh qHk;jzwfcsufawGvnf; cscJhygw,f? 'Dvkyfief;pOf[m a&S›quf oGm;aeygw,f? &v'faumif;awG ay:xGufvmzkd@twGuf ESpfzuf qufvuf yl;aygif;aqmif&GufoGm;Ekdifr,fvdk@ ar#mfvifhygw,f?” jrefrmppftpkd;&eJ@ aqG;aEG;cJhwJhtcsufawGeJ@ ywfoufvdk@awmh tao;pdwf xkwfazmf ajym=um;zkd@ tcsdefrwefao;ygbl;vdk@ pwdAfrm&S,fu jiif;qkdygw,f? tkdift,ftdk tqifhjrifhukd,fpm;vS,ftzGJ@[m rauG;wkdif; atmifvH+rdK@e,fu a'ocH awGeJ@ awG@qHkavhvmaqG;aEG;zdk@twGuf c&D;qufaeygw,fvdk@vnf; pwdAfrm&S,fu 'Dae@ rGef;vGJydkif;rSm ajymjyygw,f? “usaemfwkd@[m tck aejynfawmfuae atmifvHudktoGm; vrf;c&D;rSmyg? pDpOf xm;wJhtwkdif; atmifvHudk reufjzefa&mufygr,f? ta&;}uD;wJhtcsufuawmh tpkd;&eJ@ aqG;aEG; oabmwlnDcJhwmawGudk a&S›qufaqmif&GufrSmjzpf+yD; tjyKoabmaqmifwJh tajc cHay:rSm a&S›qufEdkifr,fvdk@ ar#mfvifhygw,f?” tm%mykdifawGu v,fajrodrf;r_eJ@ ywfoufvdk@ tkdift,ftdkudk wkdif=um;cJhwJh atmifvH+rdK@e,fu v,form;awGudk tm%mydkifawGbufu tr_trsKd;rsKd;eJ@ w&m;pGJvdk@ axmif'%fawG uscHae&ygw,f? 'Dv,form;awGtwGuf tusKd;aqmifcJhwJh a&S›ae OD;zdk;jzL udkvnf; rw&m;oif;zGJ@pnf;r_eJ@ w&m;pGJ+yD; axmif'%f 4 ESpf csrSwfxm;ygw,f? tdkift,f tdktzGJ@ atmifvHutjyefrSm b,fvdk&v'f xGufay:vmr,fqdkwm apmifh=unfh&rSmyg? Ð

အခုကျွန်လိုခိုင်းခံနေ ရာက နောင်ဆို နွါးလို အခိုင်းခံရမယ်ဆိုတာ

Tuesday, January 19, 2010

အပြည်ပြည်ဆိုင်ရာအလုပ်သမားအဖွဲ့ ချုပ်မှကိုယ်စားလှယ်အဖြစ် ရန်ကုန်မြို့ ကိုရောက်ရှိနေတဲ့မစ္စတာ
ကာ၇ီတာပီရိုလာ ဒီတစ်ခေါက်ရောက်ရှိလာပုံကတမူထူးခြားနေပါတယ် ။မြန်မာစစ်အုပ်စုကမည်သို့ 
မည်ပုံ လိမ်လည်လှည့်ပတ်ဦးမယ် မသိပေမဲ့ အိုင်အယ်အို ကိုယ်စားလှယ် ကတော့တကယ်ပဲ မတရား
ထောင်ချအရေးယူခံနေရတဲ့ သူတွေရဲ့မိသားစုတွေ မြန်မာ့အလုပ်သမားအခွင့်အရေးလယ်သမားအခွင့်
အရေးတွေအတွက်ရပ်တည်သူတွေ နဲ့ တွေ့ ဆုံသွားမှာဖြစ်ပါတယ်။
အိုင်အယ်အို နဲ့  မြန်မာစစ်အုပ်စု နားလည်မှုစာချွန်လွှာတွေ နှစ်စဉ် ဖေဖေါ်ဝါရီလတိုင်းရေးထိုးခဲ့ပေမဲ့
အဲ ဒီ့ထဲက အဓမ္မလုပ်အားစေခိုင်းမှုတွေ ပပျောက်အောင်ပူးပေါင်းဆောင်ရွက်ကြမယ် ။။
အဓမ္မစေခိုင်းမှုတွေ ကို ရန်ကုန်အိုင်အယ်အိုရုံးကို တိုင်ကြားတဲ့အခါ မဖမ်းဆီးဘူး (ဥပဒေအရ အကာအကွယ်ပေးမယ်) ဆိုတဲ့ အချက်ကို အဓိက လက်မှတ်ရေးထိုးပေမဲ့  စစ်အုပ်စုဟာ လက်မှတ်သာထိုးတာ၇ှိပြီးပေါ်ပေါ်တင်တင်ကြီးပဲ
လယ်သမားတွေ ကိုဖမ်းဆီးခြင်း နဲ့ အတူ ရန်ကုန်အိုင်အယ်အိုရုံးနဲ့ ဆက်သွယ်ဆောင်ရွက်သူတွေ ကို
နည်းမျိုးစုံသုံးပြီး ခြိမ်းခြောက် နေဆဲပါ ။။ ဒါကို အပြည်ပြည်ဆိုင်ရာအလုပ်သမားအဖွဲ့ ချုပ်ကြီးအနေနဲ့ 
သိရှိနေတာကြောင့် ခုလို လာရောက်ဖြေရှင်း ပြီးကူညီဖို့ ကြိုးစားတာလို့ ယုံကြည်ပါတယ် ။။
ဒါ့အပြင် ၂၀၀၆ မေဒေးနေ့  ကို ဂုဏ်ပြုသောအားဖြင့် အလုပ်သမား တွေ ကိုယ့်အခွင့်အရေးဘာလဲ
ဆိုတာသိရအောင် ဥပဒေလမ်းကြောင်းအရ ပညာပေးမဲ့  အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ် မြို့ နယ်ခေါင်း
ဆောင် နှစ်ဦးဖြစ်တဲ့ ဥပဒေကျောင်းတက်နေတဲ့ သူရိန်အောင် နဲ့ ရှေ့နေ ကျော်ကျော် တို့ ဦးဆောင်တဲ့
အမေရိကန်စင်တာမှာပြုလုပ်မဲ့ မေဒေးပွဲကိုစစ်အုပ်စုက အကြမ်းဖက်ဖမ်းဆီးထောင်ချ ခံခဲ့ရပါတယ်။။

အဲဒီလိုအလုပ်သမားရေးဆောင်ရွက်သူတွေကိုမတရားထောင်ဒဏ်နှစ်နှစ်ဆယ်ကျော်ထောင်ချမှုအပေါ်
အပြည်ပြည်ဆိုင်ရာအလုပ်သမားအဖွဲ့ ချုပ်ကြီးကပြင်းထန်စွာချုံ့ ချ ပြီး ပြန်လွှတ်ပေးဖို့ တောင်းဆိုနေပေမဲ့
ကိုယ်လက်အဂါင်္အားနည်းနေသူတစ်ယောက်က လွှဲ ရင် ကျန် (၅)ယောက် ကို မိသားစုနဲ့ ဝေးတဲ့ဝေးလံတဲ့
ထောင်တွေဆီပို့ ထားပါတယ်။မစ္စတာကာရီတာပီရိုလာကိုယ်တိုင်၎င်းတို့ မိသားစုနဲ့ တွေ့ ဆုံမှာဖြစ်ပါတယ် ။
စစ်အုပ်စုအနေနဲ့ ဘယ်လို ဘယ်ပုံစံတွေ့ ဆုံပေးမယ် မသိပေမဲ့  ဒီတစ်ခေါက် အိုင်အယ်အို အထူးကိုယ်စား
လှယ်ရဲ့ ကြိုးပမ်းမှု ကတော့ အလုပ်သမားတွေ အပေါ် ပိုမိုအားတက်စေပြီး အဓမ္မစေခိုင်းမှုတွေ လျော့ပါး
ပျောက်ပျက်စေဖို့ ၊ အလုပ်သမားအခွင့်အရေးနဲ့ ပတ်သတ်ပြီးဖမ်းဆီးထောင်ချထားသူတွေ ကို အမြန်ဆုံး
လွတ်နိုင်စေဖို့ အကျိုးရလဒ်တွေ ၇ှိလာမယ် လို့ မျော်လင့်ရပါတယ်။။
ဒါပေမဲ့ စစ်အုပ်စုအဓမ္မရေးဆွဲ အဓမ္မအတည်ပြုထားတဲ့ ၂၀၀၈ အခြေခံဥပဒေမှာ အဓမ္မလုပ်အားပေးခိုင်စေမှု
ကို ပိုမို ခိုင်မာတဲ့ ဥပဒေတစ်ရပ်အဖြစ် (အားပေးအားမြောက်ဖြစ်စေတဲ့) ရေးဆွဲထားတယ် ဆို တာမြန်မာ
အလုပ်သမားထုအားလုံးသတိချပ် ဖို့ လိုပါတယ်။။
အကယ်၍သာ ဒီ အခြေခံဥပဒေ အတည်ဖြစ်သွားခဲ့ရင် အလုပ်သမားထုတစ်ရပ်လုံး အခုကျွန်လိုခိုင်းခံနေ
ရာက နောင်ဆို နွါးလို အခိုင်းခံရမယ်ဆိုတာ သေချာနေတာမို့  ကိုယ့်အခွင့်အရေးအတွက် အိုင်အယ်အို
နဲ့ပူးပေါင်းပြီးတောင်းဆို တိုက်ပွဲဝင်ကြပါလို့ မြန်မာအလုပ်သမားထုတစ်ရပ်လုံးနဲ့ အတူ အပြည်ပြည်ဆိုင်
ရာအလုပ်သမားအဖွဲ့ ချုပ်( ILO) ၇ှိနေတယ်ဆို ခုရောက်ရှိနေတဲ့ ကိုယ်စားလှယ်တွေရဲ့ ရပ်တည်မှုကိုကြည့်
ခြင်းဖြင့် သိနိုင်ပါတယ် ဆိုတဲ့အကြောင်း တင်ပြလိုက်ရပါတယ် ။။

ဗမာ့တပ်မတော်သားများ မိဘပြည်သူများဘက် ရပ်တည်ရန် အမျိုးသားဒီမိုကရေစီတပ်ပေါင်းစု (မဒတ) ၏ ပန်ကြားချက်

Sunday, January 17, 2010



ကျနော်တို့ရဲ့အနေအထားတွေဟာ ပိုပြီးတော့ တင်းမာတဲ့ အနေအထားမျိုး သို့မဟုတ်လည်း ပိုပြီးတော့ ပြတ်သားတဲ့ အနေအထားမျိုးကို ရောက်လာမယ်

Thursday, January 14, 2010


ပါတီတခုလုံးကို ထောင်ကျတဲ့ အနေအထားမျိုး ရောက်လာမယ်ဆိုရင်
ကျနော်တို့ရဲ့တုံ့ပြန်မှုတွေဟာ ပိုပြီးတော့ ပြင်းထန်တင်းမာလာမယ်
NEJ / ၁၄ ဇန်န၀ါရီ၂၀၁၀

နအဖစစ်အစိုးရ ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေက ယခုနှစ်တွင် ရွေးကောက်ပွဲ ပြုလုပ်မည်ဟု လွတ်လပ်ရေးနေ့ သ၀ဏ်လွှာတွင် အတည်ပြုပြောကြားခဲ့သည်။ ထို့ကြောင့် ၁၉၉၀ ပြည့်နှစ် ရွေးကောက်ပွဲ အနိုင်ရ အန်အယ်လ်ဒီပါတီအနေဖြင့် ယခုနှစ် ကျင်းပမည့် ရွေးကောက်ပွဲနှင့် ပတ်သက်၍ မည်ကဲ့သို့ စဉ်းစားဆုံးဖြတ်မည်ဆိုသည်ကို အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (အန်အယ်လ်ဒီ) ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်တဦး ဖြစ်သူ ဦးဝင်းတင်နှင့် ခေတ်ပြိုင် ဆက်သွယ်မေးမြန်းချက်။

မေး။ ။ အန်အယ်လ်ဒီအနေနဲ့ ရွှေဂုံတိုင်ကြေညာစာတမ်းပါ အဓိကတောင်းဆိုချက်တွေ မရရင် ရွေးကောက်ပွဲနဲ့ပတ်သက်ပြီး ဘယ်လိုစဉ်းစားမယ်ဆိုတာ သိပါရစေ။

ဖြေ။ ။ ဒါကတော့ ဖြစ်မလာခင်အခြေအနေပေါ်မှာ ကျနော်တို့ ဘယ်လို လုပ်မယ်ကိုင်မယ်ဆိုတာ ပြောရဆိုရ နည်းနည်းတော့ ခက်ပါတယ်။ ကျနော်တို့က အဖွဲ့အစည်းဖြစ်တော့ အဖွဲ့အစည်းထဲမှာရှိတဲ့ ခေါင်းဆောင်ပိုင်းပုဂ္ဂိုလ်များ ညှိရုံနဲ့တင်မကဘူး အောက်ခြေပိုင်း အနေအထားတွေပါ ရှိလာတယ်။ ဘာလို့လဲဆိုတော့ ဒါက အသစ်ဖြစ်မယ့်သဘောကိုး။ သာမန်အားဖြင့်ဆိုရင် ကျနော်တို့ ရပ်တည်နေတဲ့ အနေအထားက တရားဝင်နိုင်ငံရေးအဖွဲ့အစည်းတရပ်အနေနဲ့၊ တရားဝင် တောင်းဆိုချက်တွေနဲ့ ရပ်တည်နေတာကိုး။ အဲဒါတွေ မဖြစ်တော့ဘူးဆိုရင် အခြေအနေသစ်တခု ဖြစ်သွားမယ်၊ အဲဒီအခြေအနေသစ်ကို ကျနော်တို့ ကျော်ဖြတ်ရမယ့် အနေအထားသစ်တွေကလည်း ပေါ်လာတော့မယ်ပေါ့။ အခုဟာက အခြေအနေသစ်ကလည်း မပေါ်သေးတဲ့ အခါကျတော့ ကျနော်တို့ကျော်ဖြတ်ရမယ့် ပုံသဏ္ဌာန်ဆိုတာ သာမန်အားဖြင့်တော့ ပြောရခက်ပါတယ်။ ဒါမျိုးဆိုတာ ညှိနှိုင်းပြီးမှ ပေါ်ထွက်လာမယ့် ကိစ္စဖြစ်တာကိုး။

မေး။ ။ ဆရာပြောတဲ့ ပေါ်ပေါက်လာမယ့်အခြေအနေသစ်ဆိုတာ ဘာကိုဆိုလိုတာပါလဲ။

ဖြေ။ ။ ပေါ်ပေါက်လာမယ့်အခြေအနေကို ကျနော်တို့ မှန်းကြည့်တဲ့အခါကြတော့ သာမန်အားဖြင့် အခု ကမ္ဘာကလည်း ပြောနေတယ်၊ အမေရိကန်အစိုးရတို့၊ ဂျပန်အစိုးရတို့၊ ကုလသမဂ္ဂတို့၊ အီးယူတို့ဆိုတာတွေက ပြောနေတဲ့အနေအထားက ဘာလဲဆိုတော့ ကျနော်တို့ရွေးကောက်ပွဲဟာ အန်အယ်လ်ဒီတို့ တိုင်းရင်းသားအဖွဲ့အစည်းတို့ဆိုတဲ့ ဗမာပြည်နိုင်ငံရေးမှာ အထင်ကရဖြစ်တဲ့ သို့မဟုတ်လည်း အင်အားကြီးမားတဲ့ ပါတီအဖွဲ့အစည်းတွေ မပါဘဲနဲ့ ရွေးကောက်ပွဲကို ကျင်းပပေးမယ်ဆိုရင် အားလုံးပါဝင်ပတ်သက်မှုအခြေအနေ (all inclusive) ဟာ ဘယ်လိုမှ ဖြစ်ထွန်းလာမယ့် အနေအထားမရှိဘူး။ ဘယ်လိုမှလည်း ပေါ်ပေါက်လာနိုင်မယ့် အနေအထားမရှိဘူးဆိုရင် ဒီရွေးကောက်ပွဲဟာ ကျနော်တို့ရဲ့ဆန္ဒသဘောထား၊ တကမ္ဘာလုံးရဲ့ ဆန္ဒသဘောထား၊ ဒါတင်မက စစ်အစိုးရကိုယ်တိုင်က လက်ခံပါတယ်ဆိုတဲ့ သဘောထားနဲ့လည်း အကုန်လုံးဆန့်ကျင် သွားတော့မယ်။ ပျက်ပြားသွားတော့မယ်။ နောက်တခုက ဘာလဲဆိုတော့ ဒီရွေးကောက်ပွဲ ကျင်းပတဲ့အခါမှာလည်း အခုလုပ်နေတဲ့ပုံသဏ္ဌာန်အရ ပါတီမှတ်ပုံတင်ဥပဒေတို့၊ ရွေးကောက်ပွဲဥပဒေတို့ဆိုတာ ဘာမှကို ထွက်လာခြင်းမရှိတာ အပါအ၀င် နောက်ပိုင်း ရွေးကောက်ပွဲကျင်းပတဲ့အခါမှာလည်း ပြည်သူများ ပါဝင်ပတ်သက်မှု၊ မဲပေးမှု၊ မဲလိမ်မဲခိုးမှုတွေ စတဲ့ကိစ္စတွေ ပေါ်လာလို့ရှိရင် ကမ္ဘာက တောင်းဆိုနေတဲ့ မြင်သာထင်သာရှိခြင်း၊ အများယုံကြည် စိတ်ချရခြင်း ဆိုတဲ့ အနေအထားမျိုးကလည်း ဘယ်လိုမှ ပေါ်လာမှာမဟုတ်ဘူး။ အဲဒါကြောင့် ဒီအနေအထားနှစ်ခု မရှိဘူးဆိုရင် ဒီရွေးကောက်ပွဲကို ကမ္ဘာကလည်း ဆန့်ကျင်ရှုတ်ချ ပြစ်တင်လာမယ်၊ ကမ္ဘာက အသိအမှတ်မပြုခြင်းအပါအ၀င် အများကြီးတုံ့ပြန်မှုတွေ ပေါ်လာမယ်။
အဲလိုအခြေအနေမျိုးမှာ အားလုံးပါဝင်မှုကို ပစ်ပယ်ထားတဲ့အတွက် ကျနော်တို့ကလည်း ဘေးရောက်နေမယ်။ နောက်တခါ ယုံကြည်စိတ်ချရမှု အနေအထားကလည်း လုံးဝမရှိဘူးဆိုတဲ့အခါကျတော့ ကျနော်တို့အနေနဲ့ကလည်း ရွေးကောက်ပွဲမှာ အနည်းဆုံး ကိုယ်တိုင်မပါဝင်တောင်မှ ဒီမိုကရေစီအင်အားစုတွေကို ပါဝင်နိုင်အောင်၊ ပါဝင်နေတဲ့ ဒီမိုကရေစီအင်အားစုလို့ ယူဆရတဲ့ အဖွဲ့အစည်းတွေကိုတောင်မှ ကျနော်တို့ ၀ိုင်းဝန်းပံ့ပိုးနိုင်တဲ့အနေအထားမျိုး မရှိဘူးဆိုရင် အန်အယ်လ်ဒီရဲ့ အနေအထားက လုံးဝကို ပါတီတခုလုံး ထောင်သွင်းအကျဉ်းခံရတဲ့ အနေအထားမျိုးကို ရောက်သွားမယ့် အခြေအနေမျိုးကို ဆိုက်ရောက်သွားမယ်လို့ ကျနော်တို့ ပြောလို့ရတယ်ပေါ့ဗျာ။

အဲလိုအခါမျိုးဆိုရင်တော့ အန်အယ်လ်ဒီဟာ တနည်းတဖုံအားဖြင့်တော့ လှုပ်ရှားမှုတွေ၊ စီမံဆောင်ရွက်မှုတွေ၊ ရုန်းကန်မှုတွေ၊ သဘောထားဖော်ထုတ်မှုတွေဟာ ဒီနေ့လိုကာလမျိုးနဲ့တော့ အများကြီးကွဲလွဲသွားမယ်လို့တော့ ကျနော်တို့ ပြောလို့ရပါတယ်။ ကျနော်တို့ရဲ့အနေအထားတွေဟာ ပိုပြီးတော့ တင်းမာတဲ့ အနေအထားမျိုး သို့မဟုတ်လည်း ပိုပြီးတော့ ပြတ်သားတဲ့ အနေအထားမျိုးကို ရောက်လာမယ်လို့ အဲလောက်တော့ ပြောလို့ရမယ်။ ဘာပဲပြောပြော အန်အယ်လ်ဒီဟာ တရားဝင်ပါတီတော့ ဖြစ်နေမယ်လို့ မှန်းဆတယ်။ တရားဝင်ပါတီတခုဟာ ပါတီတခုလုံးကို ထောင်ကျတဲ့ အနေအထားမျိုး ရောက်လာမယ်ဆိုရင် ကျနော်တို့ရဲ့တုံ့ပြန်မှုတွေဟာ ပိုပြီးတော့ ပြင်းထန်တင်းမာလာမယ်လို့ ကျနော်တို့ အဲလိုယူဆပါတယ်။

မေး။ ။ ဒါဆို အခုပြုလုပ်မယ့် ရွေးကောက်ပွဲဟာ နိုင်ငံရေးပြဿနာတွေကို ပြေလည်စေမယ့် ရွေးကောက်ပွဲမဟုတ်ဘူးလို့ ဆရာ ဆိုလိုချင်တာပါလား။

ဖြေ။ ။ ဟုတ်ပါတယ်။ မယူဆတဲ့အကြောင်းကလည်း ခုဏပြောသလိုပေါ့။ အဓိကအချက်ကတော့ ဒီရွေးကောက်ပွဲဟာ ၂၀၀၈ အခြေခံဥပဒေအရ ကျင်းပမယ့်ရွေးကောက်ပွဲ။ တခါ အဲဒီရွေးကောက်ပွဲက ပေါ်ပေါက်လာမယ့် ရလဒ်တွေဖြစ်တဲ့ လွှတ်တော်တို့၊ အစိုးရအဖွဲ့တို့ဆိုတာလည်း ၂၀၀၈ အခြေခံဥပဒေကို အကောင်အထည်ဖော်မယ့် ယန္တရားတွေဖြစ်တယ်လို့ ကျနော်တို့က သတ်မှတ်တယ်။

ဒီအခြေခံဥပဒေဟာ လက်ရှိရှိနေတဲ့ စစ်အစိုးရရဲ့ အာဏာရှင်ပုံစံနဲ့ အုပ်စိုးခြင်းပေါ့ဗျာ။ ပြည်သူကို ဖိနှိပ်ခြင်းတို့ ချုပ်ချယ်ခြင်းတို့ နိုင်ထက်စီးနင်းပြုခြင်းတို့၊ နောက် တိုင်းပြည်မှာ ဆင်းရဲမွဲတေ ငတ်ပြတ်မှုတွေကို လျစ်လျူရှုပြီးတော့ သူတို့ရဲ့စစ်အာဏာ တည်မြဲရေးကိုသာ လုပ်နေတဲ့လုပ်ငန်းများကိုသာ သက်ဆိုးရှည်စေမယ့် အခြေခံဥပဒေဖြစ်တယ်။ ဒီအခြေခံဥပဒေကိုတော့ ကျနော်တို့က လက်မခံနိုင်ဘူး။ ဒါကြောင့် ဒီအခြေခံဥပဒေနဲ့ကျင်းပမယ့် ရွေးကောက်ပွဲကိုလည်း ဒီအခြေခံဥပဒေကိုသာ မပြင်ဘူး ဆိုရင်တော့ လက်မခံနိုင်ဘူးလို့ ပြောနေခြင်းဖြစ်ပါတယ်။

မေး။ ။ ဒီ ၂၀၀၈ ခုနှစ် ဖွဲစည်းပုံအခြေခံဥပဒေကို ပြင်နိုင်မယ့် အလားအလာရော ဆရာမြင်ပါသလား။

ဖြေ။ ။ ဒီလိုရှိပါတယ်။ ပြင်တယ်ဆိုတာမျိုးက နှစ်မျိုးရှိတယ်။ စစ်အစိုးရကနေပြီးတော့ ဒါဟာ အများပြည်သူကလည်း လက်မခံဘူး၊ အတိုက်အခံ နိုင်ငံရေးအင်အားစုတွေကလည်း လက်မခံဘူး၊ ကမ္ဘာကလည်း လက်မခံတဲ့သဘောတွေ ပြလာပြီဆိုရင် သူတို့က လိုအပ်တဲ့အနေအထားမျိုးကို ပြင်မယ်ဆိုလို့ရှိရင် သူတို့ပြင်နိုင်တာပေါ့။ သူတို့က စစ်အာဏာပိုင် အဖွဲ့အစည်းပဲ၊ နောက်ပြည်သူများက ဆန္ဒပေးထားတယ်ဆိုတာကလည်း ရှင်းရှင်းပြောရရင် သူတို့ရဲ့ဖန်တီးလုပ်ဆောင်ချက်တွေ ဖြစ်တဲ့အခါကျတော့ သူတို့ပြင်မယ်ဆိုလည်း ပြင်လို့ရတာပေါ့။ သို့သော် အကောင်းဆုံးပုံသဏ္ဌာန်ကတော့ အဲဒီအခြေခံဥပဒေကို လိုအပ်သလို ပိုပြီးတော့ ကောင်းမွန်အောင် အများပြည်သူဆန္ဒနဲ့လည်း ကိုက်ညီအောင်၊ သို့မဟုတ်လည်း အခြေအနေနဲ့ ကိုက်ညီအောင်ပေါ့ဗျာ။ သူတို့အဆိုအရတော့ အများပြည်သူက (၉၂) ရာခိုင်နှုန်း ဆန္ဒမဲပေးထားတယ်ဆိုတော့ အများပြည်သူဆန္ဒနဲ့ ကိုက်ညီပြီးသားဖြစ်တယ်လို့ သူတို့ကတော့ ပြောတော့မှာပေါ့ဗျာ။ ဒါပေမယ့် အဲဒီလို အများပြည်သူဆန္ဒနဲ့ ကိုက်ညီတယ်ဆိုသော်လည်း အဲဒါက ၂၀၀၈ ခုနှစ် သို့မဟုတ် ၂၀၀၈ အကြိုကာလတွေက ကိုက်ညီခြင်းဖြစ်သော်လည်း လက်ရှိ ပြောင်းလဲလာတဲ့ အခြေအနေတွေအရ သိပ်မကောင်းဘူးဆိုရင် သူတို့ပြင်ဖို့လမ်းက ဘာလဲဆိုတော့ တွေ့ဆုံဆွေးနွေးပွဲ စားပွဲပေါ်မှာ နှစ်ဘက်စလုံးကနေ အဆုံးအဖြတ်ပေးနိုင်သော ပုဂ္ဂိုလ်များ သို့မဟုတ် ဒိုင်ယာလော့စားပွဲပေါ်မှာ ဒီကိစ္စကို ကျနော်တို့ စဉ်းစားလို့ရပါတယ်။ တိုင်းပြည်ရဲ့အဆုံးအဖြတ်ပေးနိုင်တဲ့ ခေါင်းဆောင်ပုဂ္ဂိုလ်များကနေပြီးတော့ ဆုံးဖြတ်လိုက်ရင် အဲဒီအစည်းအဝေးလိုနေရာမျိုးကနေ စီးဆင်းလာတဲ့ နိုင်ငံရေးသဘောထားဟာ အကုန်လုံးကို ပြောင်းလဲလို့ရပါတယ်။ ဥပမာ ပင်လုံတွေ့ဆုံဆွေးနွေးပွဲကနေ စီးဆင်းလာတဲ့ အာဏာသဘောဟာ ပြည်ထောင်စုဖွဲ့စည်းရေးလိုဟာမျိုးကို ဖြစ်ပေါ်စေနိုင်ပါတယ်။ ဒါကြောင့် တိုင်းပြည်မှာ အဆုံးအဖြတ်ပေးနိုင်တဲ့ ထိပ်သီးပုဂ္ဂိုလ်များ ဆွေးနွေးကြမယ်ဆိုရင် အဲဒီက စီးဆင်းလာတဲ့အာဏာ၊ သဘောထားဟာ အကုန်လုံးကို ပြုပြင်ပြောင်းလဲလို့ ရပါတယ်လို့ ကျနော်တို့ယူဆတယ်။

မေး။ ။ ဘယ်လို ပြုပြင်ပြောင်းလဲလို့ ရမှာလဲဆိုတာ သိပါရစေ။

ဖြေ။ ။ အခုရွေးကောက်ပွဲက ဒီအခြေခံဥပဒေအတိုင်းသွားမှာဖြစ်တဲ့အတွက် နိုင်ငံရေးအဖြေမဟုတ်ဘူး၊ နိုင်ငံရေးပြဿနာ တွေကို ရှင်းလည်းရှင်းနိုင်မှာမဟုတ်ဘူး။ နိုင်ငံရေးပြဿနာတွေကို ဒီနေ့ရွေးကောက်ပွဲအကြိုကာလမှာ ရှင်းချင်လို့ပဲဖြစ်ဖြစ်၊ ရွေးကောက်ပွဲ ကာလမှာ ရှင်းချင်လို့ပဲဖြစ်ဖြစ်၊ ရွေးကောက်ပွဲအလွန်ကာလမှာ ရှင်းချင်လို့ပဲဖြစ်ဖြစ် အဲလိုသဘောထားမျိုး ကျနော်တို့မှာ ရှိတယ်ဆိုရင် အမျိုးသားပြန်လည်သင့်မြတ်ရေးဆွေးနွေးပွဲကနေပြီး ၂၀၀၈ အခြေခံဥပဒေထဲကနေပြီး ပြင်ဖို့လိုအပ်တဲ့အချက် များကို ပြုပြင်ပြောင်းလဲနိုင်မယ်ဆိုရင် အဲဒီက ပေါ်ထွက်လာမယ့်ဆုံးဖြတ်ချက် သဘောထား အာဏာများဟာ ဒီအခြေခံဥပဒေကို ပြင်နိုင်ပါတယ်။ ဒီအခြေခံဥပဒေကိုသာ ပြင်လိုက်ရင် ပြဿနာပေါင်းစုံ ရှင်းသွားမှာ ဖြစ်ပါတယ်။ ပြဿနာပေါင်းစုံဆိုတာ တိုင်းရင်းသားတွေမှာရှိတဲ့ သဘောထားတွေကို ပြောင်းလဲသွားစေနိုင်မယ်၊ တိုင်းရင်းသားတွေနဲ့ စစ်အစိုးရဆက်ဆံရေးဟာလည်း ပြောင်းလဲသွားနိုင်တယ်။ အလားတူပဲ အန်အယ်လ်ဒီလို ဒီမိုကရေစီ အင်အားစုတွေနဲ့ အစိုးရဆက်ဆံရေးဖြစ်တဲ့ ရွေးကောက်ပွဲမှာ ပါဝင်ရေးဆိုတဲ့ အချက်တွေကိုလည်း ကျနော်တို့ ပြောင်းလဲသွားစေနိုင်မယ်။ အလားတူပဲ ကမ္ဘာနဲ့ဆက်ဆံရေးပါ ပြောင်းလဲသွားမယ်လို့ ကျနော်က ယူဆတယ်။ ဒါကြောင့် ကျနော်က ဒီနေ့ကာလဟာ ရွေးကောက်ပွဲဟာ အဖြေမဟုတ်ပါဘူး၊ အဖြေဟာ တွေ့ဆုံဆွေးနွေးပွဲသာ ဖြစ်ပါတယ်လို့ ပြောနေတာပါ။ ကျနော်တို့အဖို့ကတော့ သို့မဟုတ်လည်း ကျနော်တို့နဲ့အတူ လက်တွဲပြီးဆောင်ရွက်နေတဲ့ တိုင်းရင်းသား အဖွဲ့အစည်းများအဖို့၊ ကျနော်တို့ကို ထောက်ခံအားပေးနေတဲ့ ကမ္ဘာနဲ့တကွ ကုလသမဂ္ဂတို့အဖို့ကတော့ ဒီတွေ့ဆုံဆွေးနွေးပွဲ ဖြစ်လိုက်ရင် အကောင်းဆုံးအခြေအနေများ ပေါ်ထွန်းလာဖို့အတွက် အလားအလာတွေ အများကြီးရှိတယ်လို့ ကျနော်က အဲလိုပဲ ယူဆတယ်။

မေး။ ။ အမျိုးသားစည်းလုံးညီညွတ်ရေး ကိစ္စရော ပြေလည်နိုင်ပါ့မလားဆရာ။

ဖြေ။ ။ ပြေလည်နိုင်တာပေါ့ခင်ဗျာ။ ဘာလို့လဲဆိုတော့ ဒီတွေ့ဆုံဆွေးနွေးပွဲဟာ နိုင်ငံရေးအားဖြင့် အဓိကကျတယ်လို့ တဖက်က ပြောနေပေမယ့်လို့ တိုင်းပြည်ကြီးတခုလုံး သို့မဟုတ် ပြည်ထောင်စုကြီးတခုလုံးရဲ့ အနာဂတ်အနေနဲ့ဆိုရင်လည်း အမျိုးသားပြည်လည်သင့်မြတ်ရေးလို့ ကျနော်တို့ပြောနေတာကနေတဆင့် အမျိုးသားညီညွတ်ရေးဆိုတာ ပေါ်ထွက်လာနိုင်တဲ့ အနေအထားရှိပါတယ်။ ဒီတွေ့ဆုံဆွေးနွေးပွဲကသာလျှင် ချက်ချင်းလက်ငင်း အဖြေမပေါ်ထွက်လာသော်ငြားလည်း အခြေခံသဘောထားတွေ ပေါ်လို့ရှိရင် ကျနော်တို့ဆက်လက် ညှိနှိုင်းသွားဖို့ပဲ ရှိပါတယ်။ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဗိုလ်ချုပ်မှူးကြီးသန်းရွှေတို့ တွေ့လိုက်ရင် အဲဒီကနေချမှတ်တဲ့ သဘောထားတွေအပေါ် ဆက်လက်ပြီး အဆင့်ဆင့်သော ဆွေးနွေးပွဲများ ကျင်းပသွားခြင်းအားဖြင့် ရွေးကောက်ပွဲအခြေခံဥပဒေ ပြင်ဆင်ရေးကိစ္စကနေ အမျိုးသားညီညွတ်ရေးကိစ္စအထိ အကျိုးဆက်များ ဆက်တိုက်ပေါ်သွားနိုင်ပါတယ်။ ဒီဆွေးနွေးပွဲကနေ အစွန်းတဖက်မှာ အခြေခံဥပဒေပြင်ဆင်ရေး ကိစ္စတွေရှိသလို နောက်အစွန်းတဖက်မှာလည်း အမျိုးသားညီညွတ်ရေးအထိ ရည်မှန်းချက်တွေ ရှိတဲ့အတွက် ဒီလိုကျင်းပခြင်းဟာ ဒီနေ့ကာလတိုင်းပြည်ရဲ့ ထွက်ပေါက် အဖြေပဲဖြစ်ပါတယ်။

မေး။ ။ တကယ်လို့ အန်အယ်လ်ဒီဟာ ၂၀၁၀ ရွေးကောက်ပွဲဝင်လိုက်မယ်ဆိုရင် ၁၉၉၀ ရွေးကောက်ပွဲရလဒ်ဟာ အတိတ်မှာကျန်ခဲ့မယ်လို့ ပြောဆိုသံတွေ ထွက်ပေါ်နေပါတယ်။ အဲဒါနဲ့ ပတ်သက်ပြီး ဆရာဘယ်လို ပြောချင်ပါသလဲ။

ဖြေ။ ။ ရွေးကောက်ပွဲလိုဟာမျိုးကို ကျနော်တို့က ခေါင်းလျှိုပြီးတော့ဝင်သွားရင် ၁၉၉၀ ရွေးကောက်ပွဲဟာ အတိတ်မှာ ကျန်ခဲ့တယ် ဆိုတဲ့ဟာမျိုးထက် အဖြစ်မှန်က ဘာလဲဆိုတော့ ကျနော်တို့ဟာ ပြည်သူလူထုကနေ အပ်နှင်းထားတဲ့ မန်းဒိတ်ကို အစိုးရကိုယ်တိုင် ကလည်း မဖျက်သေးဘူးဗျ။ ရွေးကောက်ပွဲကော်မရှင်ကနေ ဒါကို တရားမ၀င်တော့ဘူးလို့ ပြောဆိုခြင်းမရှိဘဲနဲ့ စစ်အစိုးရ လုပ်နေတဲ့ပုံသဏ္ဌာန်ဟာ ရွေးကောက်ပွဲတခုကို နောက်ရွေးကောက်ပွဲတခုနဲ့ ကျော်လွှားဖို့လုပ်နေတာ။ အဲဒါကို ကျနော်တို့ လက်မခံနိုင်ဘူး။ ကျနော်ကတော့ အတိတ်မှာကျန်ခဲ့တယ်လို့ မပြောချင်ဘူး။ ကျနော်တို့ဟာ ရွေးကောက်ပွဲအသစ်ကို ၀င်လိုက်တယ်ဆိုရင် ရွေးကောက်ပွဲ အဟောင်းတုန်းက အကောင်အထည်လည်း ရလဒ်တစုံတရာမပေါ်ခဲ့ဘူး၊ ပြည်သူလူထုက အပ်နှင်းတဲ့အာဏာကိုလည်း ကျနော်တို့က ဘာမှအကောင်အထည်ဖော်ပေးနိုင်ခြင်း မရှိဘူး၊ နောက်တခါ အဲဒီရွေးကောက်ပွဲရဲ့ ရလဒ်ကြီးတခုလုံးကိုလည်း တာဝန်ရှိတဲ့ စစ်အစိုးရကနေပြီးတော့ ဖျက်သိမ်းခြင်းတို့ ဘာတို့လည်း ကြေညာခြင်းမရှိဘဲနဲ့ ဒီတိုင်းချန်ခဲ့လို့မရဘူး။ အဲဒါနဲ့ပတ်သက်လို့ ကျနော်တို့ရဲ့သဘောထားက ၁၉၉၀ ပြည့်နှစ် ရွေးကောက်ပွဲရလဒ်ကို တနည်းနည်းနဲ့ အသိအမှတ်ပြုမယ်ဆိုရင် ဒေါ်အောင်ဆန်းစုကြည်က ပြောတဲ့စကားဗျ။ တနည်းနည်းနဲ့ဆိုတာ ကျနော်တို့ အနိမ့်ဆုံးပုံစံနဲ့လည်း ဖြစ်နိုင်ပါတယ်။ အမြင့်ဆုံးပုံသဏ္ဌာန်နဲ့လည်း ဖြစ်နိုင်ပါတယ်။

အမြင့်ဆုံးပုံသဏ္ဌာန်ဆိုတာက အာဏာလွှဲပြောင်းပေးဖို့ပေါ့။ အနိမ့်ဆုံး ပုံသဏ္ဌာန်ဆိုတာကလည်း တွေ့ဆုံဆွေးနွေးပွဲကနေ သဘောတူညီချက်ရရင် အဲဒါတွေကို အခြေခံပြီးတော့ လွှတ်တော်ခေါ်လိုက်။ တနေ့တည်းပဲခေါ်ခေါ် ဒီလွှတ်တော်ကနေ သဘောတူညီချက်များကို အတည်ပြုလိုက်ပြီဆိုတဲ့ဟာမျိုးနဲ့ ပြီးရင် ဒီလွှတ်တော်ကို ဖျက်သိမ်းပြီးတော့ နောက်ထပ်ရွေးကောက်ပွဲ အသစ် လုပ်မယ်ဆိုတာမျိုးပါ။ အဲလိုလုပ်လို့ရပါတယ်။ ဒါက ကျနော်ရဲ့ ကိုယ်ပိုင်အတွေးအခေါ်ပါ။ တနည်းနည်းနဲ့ဆိုတဲ့ ဒေါ်အောင်ဆန်းစုကြည်စကားဟာ အနိမ့်ဆုံးလည်းလုပ်လို့ရပါတယ်။ အမြင့်ဆုံးလည်းလုပ်လို့ရပါတယ်။ ဒါပေမယ့်လို့ ဒီလိုတနည်းနည်းနဲ့ အသိအမှတ်ပြုခြင်းကတော့ လုပ်ဖို့ကောင်းတယ်။ အဲလိုလုပ်တာမဟုတ်ဘဲနဲ့ ရွေးကောက်ပွဲတခုကို နောက်ရွေးကောက်ပွဲတခုနဲ့ နင်းကြိတ်ချေသလိုလုပ်ရင်တော့ ဒါတွေဟာ သမိုင်းမှာလည်း မလှမပဖြစ်မယ်။ ရှေ့ဆက်ပြီး အငြင်းပွားစရာတွေကလည်း ရှိမယ်။ အကြောင်းကြောင်းကြောင့် ဒီရွေးကောက်ပွဲကိုပဲ ဆုပ်ကိုင်ပြီးထားပြီးတော့ နောက်ရွေးကောက်ပွဲကို ကျောခိုင်းတဲ့ပုံသဏ္ဌာန်မျိုးလုပ်ရင်လည်း ဗမာပြည်ရဲ့ နိုင်ငံရေးပြဿနာတွေဟာ ရှင်းစရာ ပြေလည်စရာ ဘာမှ ရှိမှာမဟုတ်ဘူးလို့ ကျနော်က ယူဆပါတယ်

လင့်များ ပြန်လည် ပေးပို့ ကြပါရန် မေတ္တာရပ်ခံ ချက်

Monday, January 11, 2010

ဘလော့ မိတ်ဆွေများအား လုံးနဲ့  ကျမ ဘလော့မှာလင့် ထားတဲ့ ရဲဘော် မိတ်ဆွေများ
အားမေတ္တာရပ်ခံပါတယ် ။။ လင့်အသစ်ချိတ်ရင်း ချိတ်ထားပြီးလင့်များ အားလုံးပျောက်
သွားတဲ့အတွက် လင့်များကို ဖြစ်နိုင်ရင် ပြန်လည်ပေးစေလိုပါတယ် .. အီးမေး(လ်)ဒါမှ
မဟုတ် ကွန်မန့် ကနေ မိတ်ဆွေများရဲ့လင့်များပြန်လည်ပေးပို့ ကြပါရန်
လေးစားစွာ
မေအိခင်

ဗေဒင်ဆရာ ရဲ့ယတြာအရ ဆယ်ရက် ဆယ်လ နှစ်ထောင့်တစ်ဆယ်

Friday, January 8, 2010

လုပ်ချလိုက်ပြန်ပြီ ကြိုင်ကြိုင် ရဲ့ယတြာအတိုင်းပဲ ရွေးကောက်ပွဲ ကို ဆယ်ရက် ဆယ်လ နှစ်ထောင့်တစ်ဆယ်
(၁၀-၁၀-၁၀) ကယ်ဆယ်ပါ ပေါ့ -





မြန်မာစစ်အစိုးရ တဖက်သတ်ရေးဆွဲ ပြဌာန်းပြီး အရပ်သားအစိုးရသို့  အာဏာလွဲပြောင်းရေးအတွက် အထွေထွေရွေး ကောက်ပွဲကို ယခုနှစ် အောက်တိုဘာ ၁၀ရက်နေ့ မှာ ပြုလုပ်ပေးမယ်လို့  ယနေ့ ( ၆.၁.၂၀၁၀)ရက်နေ့ မှာ ပြောကြား လိုက်ပါတယ်။ ရွေးကောက်ပွဲမှာ ၀င်ရောက်ယှဉ်ပြိုင်ဖို့ အတွက် စစ်တပ်အရာရှိ အတော်များများဟာ ဧပြီလအထိ နောက် ဆုံးထားပြီး စစ်တပ်မှအနားယူ နှုတ်ထွက်မှာဖြစ်ပြီး ရွေးကောက်ပွဲအတွက် ပြင်ဆင်မယ်လို့  သိရပါတယ်။ မဲဆွယ်ဖို့ အတွက် အချိန် ၆လ ဆိုရင် လုံလောက်တယ်လို့ ယူဆပုံရပါတယ်။
စစ်အစိုးရ အရာရှိများအဆိုအရ ပြည်သူ့ လွတ်တော်ကိုယ်စားလှယ်အမတ် (အောက်လွတ်တော် ၄၄၀နေရာ)နှင့် တိုင်းရင်း သားကိုယ်စားလှယ်အမတ် (အထက်လွတ်တော် ၂၄၂နေရာ) ကိုတပြိုင်နက်တည်း လုပ်ဆောင်ပြီး ဧပြီလ မတိုင်မီနှင့် နောက် ပိုင်းမှာ ရွေးကောက်ပွဲဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် ပါတီစည်းမျဉ်းစည်းကမ်းများကို သတ်မှတ်မယ်လို့  ယူဆရပါတယ်။ စစ်တပ်မှ အနားယူတဲ့ စစ်တပ်အကြီးပိုင်းမှသူများနှင့်အတူ ကြံ့ဖွံ့ အသင်းမှ နံပါတ် ၂ နှင့် ၃တို့ ဟာ ပါတီဖွဲ့ စည်းမယ်လို့ လဲ ယူဆရပါတယ်။
၀၀၈ခုနှစ် မေလမှာ ရွေးဆွဲထားတဲ့ အခြေခံဥပဒေအသစ်အရ အထက်နှင့်အောက်လွတ်တော်အမတ် နေရာရဲ့  ၄ပုံ ၁ပုံမှာ စစ်တပ်က ပါဝင်နေရာယူထားမှာဖြစ်ပြီး ကျန်တဲ့နေရာ တွေကတော့ ရွေးကောက်ပွဲအရ အသိအမှတ်ပြုခံရတဲ့ အမတ်များအ တွက်ဖြစ်ပါတယ်။ စစ်တပ်ရဲ့  လက်အောက်မှာ ကိုင်တွယ်ထားနိုင်မဲ့ အမတ်အများစုကို ထဲ့သွင်းပြီး ရွေးကောက်ပွဲပြီးနောက် ပိုင်းမှာလည်း ဆက်လက်ကိုင်တွယ်ထားနိုင်ဖို့  စီစဉ်ထားတာကတော့ အသေအချာပါပဲ။
ရွေးကောက်ပွဲမှာ အနိုင်ရမယ်ဖို့ အတွက် အစီအစဉ်တွေ စတင်ပြုလုပ်နေပါတယ်။ စစ်အစိုးရဟာ အမြောက်အများရှိတဲ့ အစိုးရ၀န်ထမ်းတွေရဲ့  လစာကို ရှိရင်းစွဲလစာကနေ ကျပ် ၂သောင်းတိုးမြှုင့်ပေးဖို့  ဆုံးဖြတ်ထားတာဟာ အဲဒီဝန်ထမ်းတွေဆီ က မဲရရှိဖို့  လို့  ယူဆရပါတယ်။
အန်အယ်လ်ဒီနှင့် အခြားစစ်အစိုးရ ဆန့် ကျင်ရေးအဖွဲ့ တွေလဲ ရွေးကောက်ပွဲကို ၀င်ရောက်ယှဉ်ပြိုင်ဖို့  များနေကြောင်း နိုင်ငံ ခြားအဖွဲ့ အစည်းများက ဆိုပါတယ်။ တရားမျှတတဲ့ ရွေးကောက်ပွဲကို ပြုလုပ်ပြီး အစိုးရသစ်ကို နိုင်ငံတကာဆီ ကို ဆွဲထုတ်သွားဖို့  ရည်ရွယ်ပုံရပါတယ်။

စစ်အစိုးရရဲ့  နှိပ်ကွပ်မှုကြောင့် အန်အယ်လ်ဒီပါတီ အင်အားကျဆင်းသွားပေမဲ့ ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ်အကျယ် ချုပ်က လွတ်ပေးဖို့ မရှိဘူးလို့  ယူဆရပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ကို လွတ်လပ်စွာ လှုပ်ရှားခွင့်မပေးပဲ ရွေးကောက်ပွဲ ၀င်မယ်ဆိုရင်တောင်မှ အလွယ်တကူ အနိုင်ရဖို့ မလွယ်ကူပါဘူး။ ရွေးကောက်ပွဲဝင်သင့် မ၀င်သင့် အမှားအမှန်ကို သေသေ ချာချာ ဝေဖန်စဉ်းစား နေပုံရပါတယ်။ အဆာဟိသတင်းစာ

မြန်မာနိုင်ငံအလုပ်သမားသမဂ္ဂများအဖွဲ့ ချုပ် ၏ ထုတ်ပြန်ကြေညာချက်

Thursday, January 7, 2010

လစာငွေရုတ်တရက်တိုးမြင့်လိုက်ခြင်းသည် တိုင်းပြည်အတွက်မှန်ကန်သောနည်းလမ်းဖြင့်ဖြေရှင်းခြင်းမဟုတ်ပဲနောက်ဆက်တွဲ
ဆိုးကျိုးများကိုဖြစ်ပေါ်စေမည်ဖြစ်သဖြင့်ဤကဲ့သို့ သောစနစ်ဆိုးကို မိမိတို့ မြန်မာနိုင်ငံအလုပ်သမားသမဂ္ဂများအဖွဲ့ ချုပ်
(FTUB)နှင့် အတူပူးပေါင်းတိုက်ပွဲဝင်သွားရန်

(၆၂) နစ်မြောက်လွှတ်လပ်ရေးနေ့ တွင် ပြောကြားသော သခင်သိန်းဖေ ၏ မိန့် ခွန့် 

Monday, January 4, 2010




အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ် ၏ လွတ်လပ်ရေးနေ့ ကြေညာချက်






မြန်မာ့လွှတ်လပ်ေ၇း နေ့ အားဂုဏ်ပြုပါသည်

Sunday, January 3, 2010

လွတ်လပ်ရေးဆိုတာတိုက်ယူမှရတယ်
ငါတို့နိုင်ငံတော်ကြီးသည် မည်သူ တစ်ဦးတစ်ယောက် တစ်ဖွဲ့တစ်သင်း၏ အမွေအနှစ်မဟုတ်၊ မည်သူတစ်ဦးတစ် ယောက်တစ်ဖွဲ့တစ်သင်း၏ ပုဂ္ဂလိကအပိုင် ပစ္စည်းမဟုတ်၊ မည်သူတစ်ဦးတစ် ယောက် တစ်ဖွဲ့တစ်သင်းက ချုပ်ကိုင်အနိုင်သိမ်းယူ အကျိုးခံစားအပ်သော နိုင်ငံမဟုတ်၊ (လွတ်လပ်ရေးမော်ကွန်းမှ)

ခွေးဖြစ်ပေါ့ဗျိုး ထက် ဆိုးမဲ့သူတွေ

Saturday, January 2, 2010

ကျမတို့ တိုင်းပြည်လွှတ်လပ်ေ၇းဆုံးရှုံးခဲ့ပြီးနောက် အင်္ဂလိပ်ကျွန်ဘ၀ကိုနှစ်ပေါင်းရာကျော်ရောက်ခဲ့ပေမဲ့လွှတ်လပ်ရေးဆိုတာ ပါးစပ်နဲ့တောင်းမရရင် တိုက်ယူရမယ်ဆိုတဲ့ နည်းလမ်းကို လွှတ်လပ်ရေးဖခင် ဗိုလ်ချုပ်အောင်ဆန်းက ဦးဆောင် ပြပေးခဲ့တယ် တိုက်ယူတဲ့နေရာမှာ တိုင်းတစ်ပါးအားကို လိုအပ်ရင်ချဉ်းကပ်ရမှာမို့  ဂျပန်ပေါင်းပြီးအင်္ဂလိပ်ကိုတိုက်ခဲ့တယ်။ ဂျပန် ကလည်းမြန်မာ့ဘ၀တန်ဖိုးတွေကိုလောဘတက်ပြီးဖက်စစ်စနစ်ဆိုးနဲ့ချယ်လှယ်လာပြန်တယ် ။ဒါတွေကိုလေ့လာသုံးသပ်ခြင်းအားဖြင့် ဗိုလ်ချုပ်အောင်ဆန်းကတော့ ဘယ် တိုင်းတစ်ပါးသားကိုမှယုံကြည်စိတ်ချပြီး တိုင်းပြည်လွတ်လပ်ရေးကို စွပ်ဖက်စေခဲ့တာမဟုတ်ပဲလိုအပ်ရင် အသုံးချပြီး ကိုယ့်တိုင်းပြည်မျက်နှာသာ ကြည့် ခဲ့တာပါ ။ဘယ်တိုင်းပြည်ရဲ့ပေါ်လစီမျိုးကိုမှ သူသယ်ဆောင်လာတာမရှိလို့  ခုထိမြန့်မာယဉ်ကျေးမှုကအစ မပျောက်ပျယ်သေးတာပါ ။ ဒါပေမဲ့ ခုတလောမြန်မာ့အရေးဆောင်ရွက်နေတဲ့ အန်ဂျီအို ဆန်ဆန် အဖွဲ့အစည်းတွေရဲ့ ပေါ်လစီလေးတွေက ပိုက်ဆံပေးတဲ့(ကူညီတဲ့နိုင်ငံ) တွေရဲ့အယူအဆ အစွဲအလန်းလေးတွေ ကိုယ့်အခွင့်အရေးထဲရောထွေးလာတာတွေ့ တော့ပြန်သတိထားစေ့ချင်ပါတယ် ။ လွှတ်လပ်ချင်ရင် ကိုယ့်ယဉ်ကျေးမှု ဒေသ ကိုယ့်လူမျိုးတွေရဲ့စရိုက် နဲ့ကိုက်ညီတာလေးတွေကိုတော့ သယ်ဆောင်သင့်ပါတယ် ။ လင်္ကာတစ်ပုဒ်သတိရတာနဲ့ 

မြန်မာတွေစည်းကမ်းဖောက်လို

့ထီးနန်းပျောက်ဖြစ်ပြီ

မှီးငြမ်းထောက် အသစ်မှီသည်

ညစ်ပလီလူမျိုး

မိပြစ်လို့ ဖရှောင်သွေသည်

ဂွ ကောင်တွေ ခွေးဖြစ်ပေါ့ ဗျိုး --တဲ့ရှေးစာဆိုတစ်ပုဒ်ပါ စာသား အမှားပါရင်ခွင့်လွှတ်ပါကျမနားထဲတော့
ငယ်ငယ် ထဲက ဒီလိုပဲစွဲမြဲခဲ့ပါတယ် ။။ခုသတိတရ ရွတ်လိုက်မိပေမဲ့သိတက်နားလည်တဲ့အ၇ွယ်မှာပဒေသရာဇ်စနစ်ကို မနှစ်သက်တော့ပါဘူး ကလေးဘ၀ကနားမလည်သေးတဲ့အခါ ကိုယ်နိုင်ငံကျတော့ ဘုရင် မရှိလို့ ဆိုပြီးဝမ်းနည်းသလိုလိုပါပဲ ။ကျမရေးချခဲ့တဲ့ကဗျာ ကိုရံခါတော့ သိတ်ကိုနှစ်သက်ပါတယ် ဘယ်လိုအချိန်မျိုးလည်းဆိုရင်ကျမတို့ ပြည်သူတွေစည်းကမ်းမဲ့တာ အနောက်တိုင်း ပုံစံလွန်ကဲတာ ဥပမာ -ကြံ့ဖွံ့  လို စွမ်းအားရှင် ဆိုတဲ့ လက်ကိုင်ဒုတ်လိုက ပြည်သူအရေးကြွေးကျော်နေတဲ့ သူတွေကို စစ်ခွေးအကြိုက်ရိုက်ပုတ်နေတာမျိုးမြင်ရင် ခွေး ဖြစ်ချင်တဲ့ကောင်တွေလို့ အတွေးဝင်ပြီး ဒီကဗျာနဲ့တန်တယ်ရယ် လို့ ပေါ့ ဒါပေမဲ့ လွှတ်လပ်ခြင်း ကိုပြောကြမယ်ဆိုရင် ပဒေသရာဇ်စနစ်ဟာလည်း တိုင်းတစ်ပါးက မအုပ်စိုး တာသာတာရှိပြီး ကန့်သတ်ထားမှုတွေ ထိမ်းချုပ်ခံထားရမှုတွေအများကြီးပါပဲဒီတော့ပဒေသရာဇ်စနစ်မှာလွှတ်လပ်သလားမေးရင် မလွှတ်လပ်ဖူးပေါ့ ။ဒါပေမဲ့ခေတ်မမှီတဲ့ကမ္ဘာကြီးမှာ မလွှတ်လပ်တာသိတ်မသိသာပေမဲ့ခေတ်မှီလာရင်တော့မလွှတ်လပ်ရတဲ့ ဆုံးရှုံးမှုဟာလူဖြစ်ရှုံးတယ်လို့ တောင်ပြောနိုင်ပါတယ် ။ ခုချိန်ထိ မြန်မာတွေစိတ်ထဲကိန်းဝပ်နေတဲ့ အကြောက်တရားဟာ ပဒေသရာဇ် အမွေဆိုး လို့ ကျမ က
ယိုးစွတ်ချင်ပါတယ်။ကိုယ်ကသစ္စာမခံချင်ပေမဲ့ ဓါးမိုးပြီးသစ္စာရည်တိုက်တာမျိုးကိုလည်း မကြေမနပ် နေတက်ခဲ့ကြရတာ ရှေးကတည်းက မြန်မာတွေဘ၀ပါ မင်းဧကရာဇ်တွေက သူတို့ ကိုမော်ဖူးစေ ဆိုမှမော်ဖူးခွင့်ရခဲ့တာမျိုးဟာလည်း အာဏာရှင် လက်ဟောင်းတွေပဲပေါ့ ။ဒါကိုအသက်သွင်းလိုသည်ဖြစ်စေ ရူးလို့  ကြောင်လို့ ဖြစ်စေ ဗိုလ်သန်းရွှေတို့ လုပ်နေပုံကတော့ အာဏာပါးကွက်သား အတွေးအခေါ်သာသာပါပဲ ။ဒါပေမဲ့ မြင်ယောင်မိသားတာက စစ်အုပ်စု လုပ်နေတာ ကော ပြည်သူ့ အတွက်အမည်ခံ စစ်ကျွန်တစ်ဖန်
ဖြစ်ချင်သေးတဲ့ သူတွေလုပ်နေတာရော လဒ်မျော်ကိုးတဲ့ တိုင်းတစ်ပါးအကြိုက် ခွေးဖြစ်ပေါ့ဗျိုး ဆိုတာထက်
ပိုဆိုးဦးမှာ မို့ ရင်လေးမိပါတယ် ။။

သွယ်ဝိုက်ရေးရတဲ့အတွက် နားမလည်သူများခွင့်လွှတ်ပါ ကာယကံရှင်များ ဖတ်မိလျှင်သိကြပါလိမ့်မည်။။

လွှတ်လပ်ေ၇း အထိမ်းအမှတ် ပန်းချီ ပြပွဲ

Friday, January 1, 2010


လွတ်လပ်ရေးနေ့ အထိမ်းအမှတ် ပန်းချီ ပြပွဲ ရှိတယ် ။ ၀ါသနာရှင်
တွေ မနက်ဖန် ၂-၁-၂၀၁၀ ကစ ၈-၁-၂၀၁၀ အထိသွားရောက်
ကြည့်ရှု အားပေး နိုင်ပါတယ်။ အမျိုးသားရေး နိုင်ငံအရေး
ဘာသာရေး စတဲ့အရေးပါတဲ့ လှုပ်ရှားဆောင်ရွက်မှုတွေမှာ
ပန်းချီဆိုတဲ့အနုပညာ ဖန်တီးစွမ်းအားဟာလည်း လက်နက်
ကောင်းတစ်ခုဖြစ်ပါတယ် ။ ခု လူကြီး လူငယ် လူလတ် တွေ
ရဲ့ ပန်ချီပညာစွမ်းအားတွေကို အားပေးရအောင်လို့ အမျိုးသား
ဒီမိုကရေစီအဖွဲ့ ချုပ် သို့  ချီတက်ကြရအောင်လို့ 