welcome

၈၈၈၈ ကို ဘယ်သူတွေ စခဲ့စခဲ့ ပြည်သူတွေရဲ့ စုပေါင်းပါဝင်မှုက အခရာကျသလို ဘယ်သူတွေပေးဆပ်ပေးဆပ် အဖြူအစိမ်းလေးတွေရဲ့ နီရဲတဲ့သွေး တွေ က အမြဲ သက်သေ တည်နေပါတယ် ။

စုထိတာ လေးရဲ့ ဘ၀အောင်မြင်မှု အစ မှ -- ကလေးများရဲ့နောင်အနာဂတ် ကောင်းမွန်ပါစေ

Thursday, August 12, 2010

ဒီကနေ့  ကျမရင်ထဲ ပီတိတွေ တလှေကြီး နဲ့  ကြည်နူးရတဲ့နေ့  မို့  ရှားရှားပါးပါး ရေးဖြစ်တဲ့ ကိုယ်ရေးကိုယ်တာ ပို့ (စ်) တင်လိုက်ပါတယ်
ပုံထဲကပြောတဲ့အတိုင်းပဲ ကျမသမီးငယ်လေး ပန်းချီထူးချွန် ဆုရတယ်ပေါ့ ။ဒီမှာကျမရင်ထဲကစကားတွေ တလှေကြီး ဖိတ်လျံလာတော့
တာပါပဲ။ သမီးလေး ပန်းချီဆွဲနေတာ ကျမ မနှစ်မြို့ ပါဘူး ပုံကောင်းလေးတွေတွေ ရရင် အင်း--ဒီကလေး ငါတို့  ၅တန်းလောက်က ဆွဲတဲ့
ပုံ လောက်ကို ဆွဲနေပါလားပဲ သုံးသပ်မိတယ်- အယ် သူ့ ကို ပညာမကြိုးစားပဲ ဒီလို ပန်းချီလို အဆိုတော် လို ပညာရပ်တခုခု ကို ထူးချွန်
သွားနိုင်တယ် ဆိုပြီးမြေတောင်မြှောက်ပေးချင်တဲ့သူတစ်ယောက်တော့ရှိခဲ့ဖူးတယ် ။

နိုင်ငံခြားက ပန်းချီရောင်စုံဗူးတွေ ပထမဆုံးစသယ်လာပြီး သမီးလေးကိုအရောင်ချယ်စေတဲ့ပေါ့ ။ ဒီလိုပဲ နိုင်ငံခြားသား မိတ်ဆွေတွေက
ပါ သမီးငယ်ရဲ့ ပန်းချီမှာနှစ်နေတဲ့ သတင်းကို လက်ဆင့်ကမ်း သိကြရပြီး ပန်းချီဆိုင်ရာလေးတွေ လက်ဆောင်ပါးကြတယ်။

အဲဒီတုန်း ကတော့ ဒီလူကြီးတွေ ကလေးကိုချစ်လို့ ကလေးအကြိုက် လိုက်တယ်ပဲ လို့ ကျမယူဆပေမဲ့  ဒီကနေ့  ထိုင်းမိခင်များနေ့ မှာ
သမီးလေးဆုယူနေတာ တွေ့ တဲ့ အခါ သူတို့ တွေ ရဲ့စေတနာကို ပြန်သတိရမိပါတယ် ။ ကျေးဇူးလည်းတင်တယ်ပေါ့။

ရင်ထဲတခု ၀င်လာတာ မြန်မာနိုင်ငံကလေးတွေ ဆို ဆရာမနဲ့  ရင်နှီးမှ ကျောင်းအုပ်သားသမီး စစ်ဗိုလ်သမီး မှ ပြိုင်ဆိုင်ခွင့် နိုင်ခွင်တွေ
သာခဲ့ပေမဲ့  ခု ဗမာတွေကို ရာဇ၀င် ကြွေး ရှိနေပါတယ် ဆိုတဲ့ ထိုင်း နိုင်ငံက ဗမာကလေး တစ်ယောက် ကို ဘာမှအဆီးအတား မရှိပဲ
အခွင့်အလမ်းတွေ ဖွင့်ပေး တာမြင်တော့ မြန်မာပြည်ထဲက ကလေးငယ်တွေ ကို ကျမသမီးလေးလို အခွင့်အလမ်းမျိုး ရစေ့ချင်လိုက်တာ။

ကျမ ဆို ကိုယ့် အလုပ်တာဝန်တွေ နဲ့  သမီးလေးကိုကျောင်း ပို့ ရုံကလွဲပြီး ဘာကိုမှ ယနေ့ ထိ လမ်းကြောင်း မချပေး ဂိုက် မလုပ်ပေး
နိုင်ခဲ့ဖူး သမီးကြီး လည်းဒီလို ပဲ သူ့ ဖာသာထိုးဖောက်ပြီး သူ့ တက်လမ်းကို ကြိုးစား နေရတယ်။ ဒါပေမဲ့ ကျမသမီးလေးတွေ ကို ကျမ
အမြဲကြေနပ်နေတာ က အမေ ရဲ့ ရပ်တည်ချက် ကို သူ တို့ လိုချင်တဲ့ အတ္တက ဘယ်တော့ မှ မစိုးမိုး ခဲ့ကြဖူး။ ဒါနဲ့ တင်ပဲ ကျမ သမီးလေး
တွေ ကို ကြေနပ်နေပါပြီ။

ဒါ့ကြောင့် ၀ိုင်းဝန်းပြီးစိတ်စေတနာအရကော ကိုယ်ထိလက်ရောက် ပါကျမသမီးလေးတွေ ကို စေတနာထားကြတဲ့သူ၊တွေ နဲ့ 
ရောင်စုံလေးတွေ ပန်းချီကားလေးတွေ စာရွက်လှလှလေးတွေ လက်ဆောင်ပို့ လေ့ရှိတဲ့ ဂျပန်က က ကျမ အမျိုးသားရဲ့မိတ်ဆွေတွေ
ပြီးတော့ သမီးလေးပန်းချီဆွဲတာကို ကျမကို မတားမြစ်စေ့ ချင်တဲ့သူတွေ အားလုံး အားလုံးကိုပေါ့  ကျေးဇူးတင်ပါတယ် ။အထူးသဖြင့်
ကိုမိုးသီး က လည်း စုထိတာ ကို နင်မရိုက် နဲ့  လို့  တဖွဖွ ပြောနေတာတွေကိုရောပေါ့ -- ကျမ ကို ရဲဘော် တစ်ယောက်မို့  ကျမ ရပ်
တည်နေတဲ့ ယုံကြည်ချက်ပေါ်မှာ ကျမ ကံကြမ္မာ နဲ့  အတူ ရောထွေးပြီး တော်လှန်ရေး ထဲပါလာရတဲ့ ကျမသမီးလေးတွေကို စေတနာ
ကြီးမား ကြတဲ့ သူ မှန်သမျှကို ကျမ နောက်ထပ် ကျေးဇူး အရမ်း နဲ့ တင်တယ် ဆိုတာ ကို ထိုင်း မိခင်များနေ့ မှာ သမီးလေး ကို ဂုဏ်ပြု
ပို့ (စ်) တင်ရင်း - အားလုံးပဲ - မုဒိတာပွါးနိုင်ကြဖို့  တင်ပြလိုက်ပါတယ် ။

စုထိတာ မေမေ




သမီးလေး ရေးဆွဲ ထားတဲ့ ပန်းချီကား နဲ့  လူ့ ဘ၀ရဲ့ ပထမဆုံးအောင်မြင် မှု ကို ကြေနပ် ပီတိဖြစ်နေတဲ့ သမီးငယ်ရဲ့ ပုံပါ။










ယိုးဒယား ကလေး ရှစ်ယောက် နဲ့ အတူ သမီးငယ်လေး စုထိတာ(ခ)နုန်းချယ်ရီ့

သမီးလေး ခုတက်နေတာ က ထိုင်း ပုဂ္ဂလိက ကျောင်းပေါ့။ တရုတ်ကျောင်း လို့ လူသိများတယ် တရုတ်စာ ရောထိုင်းအခြေခံပညာတွေပါသင်ကြားပေးပါတယ် အင်္ဂလိပ်စာ ကတော့ အသင့် ပဲရတယ် လို့  အများပြောကြတယ်။ သမီးလေးတက်နေတဲ့ အတန်း က အနုဘန်း
ဆောင် တဲ့  ။ ဒီအသံထွက် မှန် မမှန် သေချာတာကတော့ မူကြို ဒုတိယနှစ် ပေါ့- မူကြိုသုံးနှစ် တက်ပြီးတာနဲ့  ဘွဲ့ ဝတ်စုံ နဲ့  ဘွဲ့ ယူ
ရတဲ့ ပြည်ပ က ပညာရေး ပေါ့ -ဒီကျောင်းတွေ က အတန်းအရည်အတွက်ထက် ကလေးတွေအတွက်ဥာဏ်ရည်ဖွံ့ ဖြိုးတိုးတက်မှု ကို ပို အားဖြည့်စေပါတယ်။ သမီးလေး က သူ့ အတန်း အခန်း အရည်အတွက် (ရ)ခန်းလောက်ရှိမဲ့  အနာဘန်းဆောင် မှာပန်းချီ ပထမ ဆုရ
တယ်ဆိုတော့ -ကျမမျော်လင့်မထားတဲ့ အောင်မြင်မှုလေးမို့  ဂုဏ်ယူစွာတင်ပြတာပါ။



















သမီးလေးကို သိတ်တော်တယ်အမြဲ ချီးမွမ်း တက်တဲ့ သမီးလေးဆရာမ ပါ ။ မြန်မာပြည်လို ပန်းပေးစရာ လက်ဆောင်ပေးစရာ မလိုပဲ
ဖားမှ မျက်နှာသာပေးတဲ့ အခြေအနေတွေ မတွေ့ ရဘူး။ အာစရိယ ဂုဏ် တကယ်မြောက်တဲ့  ဆရာမလေးတွေပါ ။







အမေ နဲ့ သမီး တိုင်းပြည်အနာဂတ် ကိုယ့်တွေရဲ့အနာဂတ် လှဖို့  ကြိုးစားကြရဦးမှာပေါ့။ လူဖြစ် နေပြီ လူဘ၀ရပြီဆိုတော့ လူဆန် တဲ့
အကျင့်ကောင်းတွေနဲ့  အမြဲတမ်း အမှားမဲ့ ဖို့  ကြိုးစားရှင်သန်သွားမှာဖြစ်တဲ့အကြောင်း ဘလော့မိတ်ဆွေကောင်းများကို ပီတိတွေ ဝေမျှ
လိုက်ပါတယ် ။

တည်ကြည်လေးစားစွာဖြင့်

မေအိခင်(လယ်ဝေး)

1 comments:

Nge Naing said...

သမီးလေးရဲ့ အောင်မြင်မှုအတွက် Congratulations ပါ မမေအိခင်။ သမီးလေး ဒီထက်မက ထွန်းပေါက်အောင်မြင်ပြီး မိသားစုအတွက်ရော တိုင်းပြည်အတွက်ပါ ဂုဏ်ရောင်ပြောင်တဲ့ အနာဂတ် သမီးကောင်းရတနာလေး ဖြစ်ပါစေ။