welcome

၈၈၈၈ ကို ဘယ်သူတွေ စခဲ့စခဲ့ ပြည်သူတွေရဲ့ စုပေါင်းပါဝင်မှုက အခရာကျသလို ဘယ်သူတွေပေးဆပ်ပေးဆပ် အဖြူအစိမ်းလေးတွေရဲ့ နီရဲတဲ့သွေး တွေ က အမြဲ သက်သေ တည်နေပါတယ် ။

မမေ့စေသူ

Saturday, February 11, 2012



မျိုးဗမာ ထက်သန်ဇာတိမာန်နှင့်
သောင်းဇမ္ဗူ သူ့လိုရှားပါဘိကယ်
ဖေဖော်ဝါရီ ၁၃ တွင်မှ ဖွားခဲ့သောသူ။

ဟန်မူယာ ထူးပါလျက်ကယ်ထင့်
တည်ကြည်ကာ လေးနက်တတ်သူပ
ကျွန်ခေတ်မှာ သခင်ခေတ်ဆီသို့ လှမ်းခဲ့လေသူ။

ကိုလိုနီ သဘောက်ဆိုးရယ်ဖြင့်
ငြူငြင်ကာ ကောက်ကျစ်ပုံရယ်ကြောင့်
ကျည်သင့်ကာ ခန္ဓာချုပ် ဘဝပြောင်းရရှာသူ။

အဖန်ဖန်စစ်ကာ ကြည့်မယ်ချင့်
နှိုင်းဆရန် စကားစုရန်လို့ ဘယ်လိုပင် မယှဉ်နိုင်ပါတဲ့
မျိုးဆက်တို့ရဲ့ စံပြလုလင် အမျိုးဖခင် ကျေးဇူးရှင်
တမ်းတကာ မမေ့စမြဲ ရင်တွင်းမှတ်တမ်း ကဗ္ဗည်းတင်
မြန်မာတည်သရွေ့ ရှိလေမည်။



ရည်မွန်ထိပ်ထား

2 comments:

Anonymous said...

ကဗျာတွေမရေးတာတောင်ကြာပြီညီမလေးရေ
အစစ အရာရာ အဆင်ပြေရဲ့ လား (ကိုအောင်)

သားကြီး said...

"နှိုင်းဆရန် စကားစုရန်လို့ ဘယ်လိုပင် မယှဉ်နိုင်ပါတဲ့"
ဘယ်လိုစကားလုံးမျိုးနှင့်မှ မနှိုင်းယှဉ်နိုင်တဲ့ ကျွန်တော်တို့ ရဲ့အမျိုးသားဖခင်ကြီးဘ၀အကြောင်းကို ထိထိမိမိ ကဗျာတိုလေး တစ်ပုဒ်အဖြစ် ရေးဖွဲ့နိုင်တဲ့ ကဗျာကောင်းလေးပါ..။
သတိတရ ရှိလို့လာလည်သွားတယ် မောင်လေး(ရင်ခတ်နွယ်)