welcome

၈၈၈၈ ကို ဘယ်သူတွေ စခဲ့စခဲ့ ပြည်သူတွေရဲ့ စုပေါင်းပါဝင်မှုက အခရာကျသလို ဘယ်သူတွေပေးဆပ်ပေးဆပ် အဖြူအစိမ်းလေးတွေရဲ့ နီရဲတဲ့သွေး တွေ က အမြဲ သက်သေ တည်နေပါတယ် ။

ဘင်လာဒင်ကို ဘယ်လိုသတ်ခဲ့သလဲ ???

Monday, May 2, 2011

တနင်္လာနေ့၊ မေလ ၂၊ ၂၀၁၁
ဘင်လာဒင်ကို ဘယ်လိုသတ်ခဲ့သလဲ ???


ဘင်လာဒင်သေဆုံးသွားတဲ့ နေအိမ်အတွင်းမြင်ကွင်း(Video- Aljazerra)

မှောင်မိုက်နေတဲ့ညမှာ အမေရိကန် ရဟတ်ယာဉ်တွေဟာ နံရံမြင့်ကြီးတွေ ကာရံထားတဲ့နေရာတခုကို ချဉ်းကပ်ခဲ့ပါတယ်။ အကြောင်းကတော့ ကမ္ဘာ.အဆိုးရွားဆုံး အကြမ်းဖက်ခေါင်းဆောင် ဘင်လာဒင်ကို ဖမ်းဖို့ (၀ါ) သတ်ဖို့ပါ။ ထိုသို့ချဉ်းကပ်ပြီး မိနစ် ၄၀ မပြည့်ခင်မှာပဲ ဘင်လာဒင်ဟာ အပေါင်းအပါ ၄ ဦးနဲ့အတူ သေဆုံးခဲ့ရပါတယ်။ 2011 စက်တင်ဘာ 11 အမေရိကန် ကုန်သွယ်ရေးအဆောက်အအုံ အကြမ်းဖက် တိုက်ခိုက်မှုနောက်ပိုင်း လိုက်လံနိမ်နှင်းနေတဲ့ အယ်ကေးဒါးခေါင်းဆောင် ဘင်လာဒင်ကို သယ်ဆောင်လာနိင်ခဲ့ပါတယ်။ သမ္မတ အိုဘားမားက အိမ်ဖြူတော်မှ တနင်္ဂနွေညမှာ အောင်မြင်စွာ ၀င်ဆီးနိုင်ခဲ့ကြောင်း ပြောဆိုလိုက်ပါတယ်။ အစိုးရထိပ်တန်းအရာရှိများကလည်း ဘင်လာဒင်ပုန်းနေတယ်လို့ လွန်ခဲ့တဲ့ ၅ နှစ်ကတည်း ယူဆထားတဲ့နေရာကို ၀င်ရောက်တိုက်ခိုက်ပုံများကို ထပ်မံ ထုတ်ပြန်လိုက်ကြပါတယ်။

နေရာက အဘူဒါဘီ မှာပါ။ ပါကစ္စတန်နိုင်ငံ မြို.တော် အစ္စလမ်မာဘတ် မြို.နဲ့ ၃၁ မိုင်အကွာမှာရှိပါတယ်။ တောင်ကုန်းတွေထူ ထပ်တဲ့နေရာတခုဖြစ်ပြီး လူတွေသိပ်မနေတဲ့နေရာတခုပါ။ နေထိုင်သူအများစုဟာ စစ်မှုထမ်းတွေသာဖြစ်ကြပါတယ်။ အမေရိကန် ရေတပ်မတော်သာ မပါဝင်ခဲ့ရင် ဒီမစ်ရှင်ဟာ အောင်မြင်နိုင်မှာမဟုတ်ဘူးလို့လည်း ကာကွယ်ရေး ၀န်ကြီးဌာန အကြီးတန်းအရာရှိတွေက ဆိုပါတယ်။ နှစ်အတန်ကြာ ထောက်လှမ်းမှုတွေုလုပ်ပြီးနောက် ဘင်လာဒင်ရဲ့ အဘူဒါဘီက နေရာကို နောက်ယောင်ခံနိုင်ခဲ့ကြတယ်။ နေရာက လမ်းကအလွန်ဆိုးပြီး သွားဖို့အလွန်ခက်တဲ့ သီးခြားနေရာတခုဖြစ်နေခဲ့တယ်။ နှစ်အနည်းငယ်အတွင်း နေထိုင်သူတွေ ပိုမိုများပြားလာပေမဲ့လည်း လမ်းကဆိုးနေဆဲပဲ။ လမ်းကရှည်လျှား ပြီး အလုံခြုံဆုံးနေရာလိုဖြစ်နေတယ်လို့ ပြောပြပါတယ်။ လှုပ်ရှားမှုကို သောင်္ကြာနေ့မှာ စတင်ဖို့ သမ္မတအိုဘားမားက အမိန့်ပေးခဲ့ပါတယ်။ ပထမတံတိုင်းက ၁၈ ပေမြင့်ပြီး ထိပ်မှာ သံဆူးကြိုးတွေတပ်ဆင်ထားပြီး လုံခြုံရေးဂိတ် ၂ခုနဲ့အတူ အတွင်းမှာလည်း အခြားတံတိုင်းတွေရှိသေးတယ် လို့ အမေရိကန် အကြီးတန်း အရာရှိတွေကပြောပါတယ်။ ပင်မအဆောက်အဦးက ၃ထပ်အဆောက်အဦး ဖြစ်ပြီး ခြံဝင်းအပြင်ဘက်ကို မျက်နှာမူထားတဲ့ ပြူတင်းပေါက် အနည်းငယ်သာတပ်ဆင်ထားတယ်။ တတိယထပ်ဟာ ၇ ပေရှိ သီးခြားနံရံတခုရှိနေတယ်။ လအနည်းငယ် ထောက်လှမ်းမှုတွေုလုပ်ပြီးနောက် သေခြာဆောက်လုပ်ထားတဲ့ ဒီလိုအဆောက်အဦးဟာ အဆင့်မြင့် အကြမ်းဖက်မှု အတွက်သာ ဖြစ်မယ်၊ သေချာတာကတော့ ဘင်လာဒင်ရဲ့နေရာပဲ ဖြစ်မယ်လို့ ဆုံးဖြတ်ခဲ့ကြပါတယ်။ အရာရှိတွေ သတိထားမိတာက တယ်လီဖုန်းမရှိ အင်တာနက်လည်းမရှိဘူး၊ အခြားနေထိုင်သူတွေလိုပဲ အမှိုက်မီးရှို.တာ ၊ ဈေးဝယ်ထွက် တာလောက်ပဲ ရှိတယ်ဆိုတာပါပဲ။အမေရိကန်ဒေါ်လာ ၁ သန်းမကတန်လိမ့်မယ်လို့ခန့်မှန်းကြပါတယ်။

မစ်ရှင် နာမည်ကို (the U.S. operation a surgical raid) လို့ခေါ်ပြီး အဖွဲ.ငယ်အဖြစ်သာ ဖွဲ.စည်းပြီး ဆုံးရှုံးမှုနည်းပါးရန် စီမံခဲ့ပါတယ်။ စတင်ဝင်ရောက်တိုက်ခိုက်စဉ် ခုခံမှုနဲ့ ရင်ဆိုင်ခဲ့ရပြီး ဘင်လာဒင်ရဲ့လူ၃ဦးရဲ့ ပြစ်ခတ်မှုနဲ့ ရင်ဆိုင်ခဲ့ရတယ်လို့ ဆိုပါတယ်။ အဆုံးမှာတော့ လူသားဒိုင်း အဖြစ်အသုံးပြုခံခဲ့ရတဲ့ အမျိုးသမီးတဦး အပါအ၀င် ခြံဝန်းထဲမှ တိုက်ခိုက်သူလေးဦးကို အသေပြစ်သတ်နိုင်ခဲ့တယ်။ ဘင်လာဒင်ကိုတော့ ဦးခေါင်းကို မှန်အောင်ပြစ်နိုင်ခဲ့တယ်။ ၀င်ရောက်တိုက်ခိုက်စဉ် ရဟတ်ယာဉ်တစီး စက်ချို.ယွင်းလို့ ပျက်စီးခဲ့တာလောက်ပဲရှိပြီး အိုဘားမားနဲ့ အကြီးတန်း အရာရှိတွေကတော့ ၄င်းတို့ဘက်မှ ထိခိုက်ဒဏ်ရာ ရမှုမရှိခဲ့ဘူးလို့ဆိုပါတယ်။ ဘင်လာဒင် ဟုတ်မဟုတ် သေချာအောင် နည်းလမ်းအတော်များများ အသုံးပြုစစ်ဆေးခဲ့ပြီး ထိုအထဲမှ မျက်နှာ အနေအထားကိုလည်း တိုက်ဆိုင် စစ်ဆေးနိုင်ခဲ့တယ်လို့ ဆိုပါတယ်။ လုံခြုံရေးအကြီးတန်း အရာရှိက ခန္ဓာကိုယ်နဲ့ မျက်နှာဟာ တိုက်ဆိုင် စစ်ဆေးနိုင်တဲ့ အနေအထားရရှိခဲ့တာကြောင့်ပါလို့ ဆိုပါတယ်။ ဘင်လာဒင်ရဲ့ ရုပ်အလောင်းကို ပင်လယ်ရေမျက်နှာပြင်အောက်မှာ အစ္စလာမ် ထုံစံအရ သင်္ဂြိလ်ပြီးပြီလို့ ပြောပါတယ်။

ဘင်လာဒင်ရှိနိုင်မည့်နေရာကို စုံစမ်းဖို့ 2011 အစပိုင်းမှာ စတင်ခဲ့ပြီး ဖေဖော်ဝါရီ လလယ်မှာ နေရာအတိအကျ အထောက်အထားတွေကို အတည်ပြုနိုင်ခဲ့ကြပါတယ်။ အစီအစဉ်တွေ တိုးမြှင့် လုပ်ဆောင်နိုင်ဖို့အတွက် အိုဘားမားကိုစောင့်နေခဲ့ရပါတယ်။ ဘာလို့လည်းဆိုတော့ အိုဘားမားက ၅နိုင်ငံ အမျိုးသားလုံခြုံရေးကောင်စီ အစည်းအဝေးကို မတ်လလယ်မှ ဧပြီလကုန်ထိ တက်ရောက်နေခဲ့ရလို့ပါ။ အစည်းအဝေးက 28.04.2011 နေ့မှာပြီးခဲ့လို့ နောက်တနေ့ 29.04.2011 နေ့ကမှ မစ်ရှင်အတွက် အမိန့်ထုတ်နိုင်ခဲ့တယ်။ အဓိကသော့ချက်ကတော့ ဘင်လာဒင်ရဲ့ လူယုံတယောက်နဲ့ပါတ်သက်ခဲ့ပါတယ်။ လွန်ခဲ့တဲ့ ၂နှစ်က ထောက်လှမ်းရေးတွေဟာ ထိုလူယုံနဲ့သူ့ညီ နေရာကိုခြေရာခံနိုင်ခဲ့ပြီး 2010 သြဂုတ်လရောက်မှ အဘူဒါဘီ ဘင်လာဒင်ရဲ့နေရာကို ရှာဖွေနိုင်ခဲ့ပါတယ်။ အမေရိကန် အကြီးတန်းအရာရှိတယောက်က အဲ့ဒီ ညီအကို နေတဲ့ နေရာကိုတွေ.တော့ ကျွန်တော်တို့ တော်တော်ကို အံသြသွားတယ်၊ အရမ်းသီးခြားဖြစ်နေတဲ့ ခြံဝန်းကြီးပဲ။ ခြံဝန်းကြီးက မြေပြင်ကျယ်ကြီးမှာ ဆောက်ထားပြီး အိမ်က ထိုဒေသကအရပ်သားတွေ နေအိမ်ထက် ၈ဆလောက် ကြီးတယ်ဗျာလို့ဆိုပါတယ်။ ထောက်လှမ်းရေးဆန်းစစ်မှုက ဒီလို တမင်ဒီဇိုင်းဆွဲထားဟာ အလွန်ထူဆန်းတဲ့လက်ခဏာရှိသူတဦးဦး နေဖို့ပဲဖြစ်နိုင်တယ်လို့ မှတ်ချက်ချခဲ့တယ်။ ကျွမ်းကျင်သူတွေရဲ့ ဘင်လာဒင်ရဲ့နေရာလို့ပဲ ယူဆမှုတွေနဲ့လည်းတထပ်တည်းဖြစ်နေခဲ့ပါတယ်။ လုံခြုံရေးကြောင့် မစ်ရှင် မစခင် ပါကစ်စတန်အပါအ၀င် ဘယ်နိုင်ငံကိုမှ အသိမပေးခဲ့ဘူး၊ အဖွဲ.ငယ်လေးနဲ့ပဲ လှုပ်ရှားခဲ့ပြီး အမေရိကန် အစိုးရပိုင်း အရာရှိတွေလောက်သာ ကြိုတင်သိရှိခဲ့တယ်လို့ ဆိုပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ပါကစ်စတန် ထောက်လှမ်းရေး အကြီးတန်းအရာရှိကတော့ ပါကစ်စတန်ထောက်လှမ်းရေးတွေလည်း ထိုနေရာ တ၀ိုက်မှာ ရှိနေခဲ့တယ်လို့ ဆိုပါတယ်။ ရုတ်တရက် ဖြေရှင်းဖို့ နည်းလမ်းမရှိ ဖြစ်နေသေးလို့ပါလို.ဆိုပါတယ်။

CNN, How U.S. forces killed Osama bin Laden ကို ပြန်ဆိုပါသည်။

ရဲသူရိန်မင်း GMT 15:22 02.05.2011

မေး(လ်) ပေးပို့ သူအားကျေးဇူးတင်ပါသည်

0 comments: