welcome

၈၈၈၈ ကို ဘယ်သူတွေ စခဲ့စခဲ့ ပြည်သူတွေရဲ့ စုပေါင်းပါဝင်မှုက အခရာကျသလို ဘယ်သူတွေပေးဆပ်ပေးဆပ် အဖြူအစိမ်းလေးတွေရဲ့ နီရဲတဲ့သွေး တွေ က အမြဲ သက်သေ တည်နေပါတယ် ။

မပျော်တဲ့မွေးနေ့ 

Thursday, November 4, 2010

မွေးနေ့  ရောက်လာပြန်ပြီ --ထောင်ထဲမှာလို အော်ဟစ်ပြီးသီချင်းတွေ ဆိုလိုက်ချင်တယ် ။အိမ်ပြန်ချင်တယ် --၀ူးးးးးးးး
ဆိုပြီးလေ --တကယ်ပြန်ချင်တာရောက်ပြီး လပိုင်းထဲကပါ ရက်ကြာ လာတော့ ပို ရင့်လာတာပေါ့ ထောင်စကားနဲ့ ပြော
ရရင် လွတ်ကြောင် ခု ကျမစကားနဲ့ ပြောရင်တော့ ပြန်ကြောင် ပေါ့ ဟဟ အသက်ကြီးမှ ပေါတယ် မထင်ကြပါနဲ့ 
စောစောက ဦးဇင်း ကပြောတယ် ဒကာမ ၃၈ နှစ်ပါနော် တဲ့ ၈၃ ဟုတ်ဘူး မို့ လားတဲ့ - ကျမနဲ့ ရင်းနှီးသူတွေက နားမခံ
သာလို့ ကျမ ကို တဗစ်တောက်တောက်အဖွါးကြီးလောက် ကိုပြောချင်ကြပါတယ်။
ကျမကလည်းကျမပဲ ရင်ထဲ မထားတက် ဘယ်အခြေအနေပေါ်မှာမဆို ပြောလိုက်ရ လုပ်လိုက်ရမှ အသက်ရှုဖြောင့်သူ
မဟုတ်လား ဒီတော့ အပြောခံရပြီပဲပေါ့ --
ပြဿနာမရှိပါ ခင်မင်လေးစားသူတွေ ဘယ်လိုပဲ ပြောပြော ကျမ သဘောတော်ကျပါသည် ။သို့ ပေမဲ့ အိမ်ပြန်ချင်သည်။
တော်လှန်ရေးမပြီးမချင်း မပြန်ရနိုင်တာကို သိပေမဲ့ အဖေ သက်ရှိထင်ရှားရှိနေတဲ့ မကျမ်းမာတဲ့ အဖေ မပြေလည့်ပြေလည်
လုပ်ကျွေးနေရရှာ တဲ့ ညီမ လတ် တို့ ကို ခန တော့ ပြန်ကြည့်ချင်ပါတယ် ဒါပေမဲ့ --ယုံကြည်ချက်နဲ့ မာနေတဲ့ ဦးခေါင်းက
တော့ဘယ်တော့မှ မပျော့ပါ။လျော့မည်လည်း မဟုတ်တာကြောင့် ဒီလိုပဲ တဗျစ်တောက် တောက် နဲ့  ၈၃နှစ်ထိအောင်ပဲ
ဒီလမ်းမှာလျောက်နေရရဦးမလား---
ဘလော့ရေးဖို့  မအားပေမဲ့ မွေးနေ့  ကို တော့ အမှတ်တရ ရေးထားဦးမှ ပါလေ လို့ တွေးမိတာ က ဒီနေ့  ကျမ ၃၈ နှစ်
ပြည့်တာ သာမာန် ထက် ကျမ ပို ခံစားရတာ က ကျမ ကို မွေးတဲ့ မိခင် ကို သနားနေမိတာပါပဲ။မေမေ က ကျမ လောက်
သက်တမ်းတောင်လူ့ လောကမှာ မနေသွားရှာဘူး မေမေ ဆုံး က ၃၈ နှစ် ထဲမှာ ဆိုတော့ ၃၈ နှစ်ပြည့်အောင် မနေသွား
ရှာတဲ့ အမေ ရဲ့သမီးကြီးက ခု ၃၈ နှစ်ပြည်ြ့ပီ မို့ ပါ။
ပြီးတော့ ကျမ ကလူလောကကြီးကို ရဲရဲရင့်ရင့် ရင်ဆိုင်ရဲအောင် မွမ်းမံ ပေးခဲ့တဲ့ ဖေဖေ သိတ်ကိုသတိရပါတယ် ဖေဖေ
က အန်တီစု နဲ့  တခုနှစ်ထဲ မွေးတာ ဒါပေမဲ့ ကျမ်းမာေ၇းက မကောင်းလေတော့ ပြန်တွေ့ ကြရပါ့တော့မလားလို့ လေ -
လက်လျော့တဲ့လေသံတော့ မဟုတ်ပါဘူး အဆိုးဆုံးကို ရင်ဆိုင်ဖို့ ပြင်ဆင်ခံစားမှုပါ ။
ပြုစုပျိုးထောင်ပေးခဲ့တဲ့အဖွါး မိခင်ရဲ့ မေမေ နဲ့ ထောင်ထဲဝင်တိုင်းအချုတ်ထဲ ခေါ်ခံသွားရတိုင်းဘယ်နေရာကို ရောက်
ရောက် စားသောက်စရာတွေ နဲ့  ရုံးကနား တွေ ကို လိုက်ပေးခဲ့တဲ့ အဒေါ်တွေ ညီမတွေကလည်း ကျမကို ဘယ်အချိန်
မှပြန်နိုင်မလဲ မျော်လင့်နေကြမှာ နားလည်ပေမဲ့ မပြီးသေးတဲ့တော်လှန်ရေးအတွက် ဒီတစ်သက်ပေးဆပ်ချင်ပေးဆပ်
လိုက်ရပါမယ် လို့ ပေါ့။
မေမေက ကျမ ကို လယ်ဝေးဆေးရုံ မှာ ဗိုက် (ရ)ရက်နာပြီးမွေး တာတဲ့လေ ဘယ်လောက်တောင် အသက်ပြင်းပြီး
အမေ့ ကို နာကျင်စေလဲ ခုလည်း မိသားစုတွေ ရင်ထဲမှာ ဂုဏ်ရှိ လို့ ပီတိတွေ ရနေပေမဲ့ အဖေနဲ့ အဖွါးရဲ့ နှလုံးတွေ
ကျမကို သတိရမိတိုင်း တဆစ်ဆစ် နာနေမှာ -ဒါ့ကြောင့် အိမ်ပြန်ချင်တယ် --- ပြန်မလာနိုင်တဲ့ လမ်း မဟုတ်တာ
တော့ အဖေ တို့ နားလည်ကြမှာပါ - ပြန်လာနိုင်တဲ့ လမ်းကို ပြန်မလာသေးတာကိုက ယုံကြည်ချက် ကို ဘယ်နေရာ
မှာမှ မမြုတ်နှံ နိုင်လို့ ပါ - အာဏာရှင် စနစ် ကို ပြောင်းလဲ လာအောင်လုပ်ပြီးမှ သမီးပြန်ခဲ့မယ် အဖေ --အဖေမျော်
နေတာ သိပေမဲ့  အခြား မိဘတွေ နဲ့ ထပ်တူ စနစ်ဆိုးအောက် က သားဝေးသမီးဝေး ဒဏ်တော့ အဖေခံနိုင်မှာပါ
လို့ ယုံကြည်ပါတယ် --သမီးကို မွေးဖွါးပေးတဲ့ အမေနဲ့ အဖေ ကို ကျေးဇူးအရမ်းတင်ပါတယ် ။

အနန္တငါးပါး ကို ကာယကံဝစီကံမနောကံ နဲ့ ကန်တော့ပါတယ် ။
-----------------------------------------

4 comments:

ကိုအောင် said...

မွေးနေ့မှာ ပျော်ရွှင်ချမ်းမြေ့ပါစေ အမရေ။

Unknown said...

မမေရေ.........
မင်္ဂလာ မွေးနေ့ရက်မြတ်လေးဖြစ်ပါစေဗျာ.. ။
အသက်ကြီး တနှစ်ကြီးသွားပြီဆိုတော့ ..........
အသက်ကြီးသွားပြီပေါ့လေ.. ။

Nyaimngeal said...

အစ်မရေ... မွေးနေ့မှာ ပျော်နိုင်ပါစေနော်..

မေအိခင်(လယ်ဝေး) said...

မွေးနေ့ ညနေစာကို လာရောက်ချီးမြှင့်ကြတဲ့ အဖွါးဒေါ်စန်းစန်း ဒေါက်တာဘသိန်းဝင်း နဲ့  PAC ရဲဘော်များကို အထူးကျေးဇူးတင်ပါတယ် ကွန်မန့် 
မှာဝင်ဆုတောင်းပေးတဲ့ မိတ်ဆွေဟောင်းကြီး နှစ်ယောက်နဲ့  Nyaimngeal ကိုလည်း သိတ်ကျေးဇူးတင်ပါတယ် ။ အီးမေး(လ်) ပို့ ပေးတဲ့
အကိုတွေမောင်တွေ ညီမလေးတွေရဲ့မေတ္တာ ဆုတောင်းကို
လည်းဝမ်းမြောက်ဝမ်းသာခံယူပါတယ် ။ နောက်တနှစ်ပိုကြီးသွားတဲ့အတွက် တာဝန်တွေ ပိုကြီးပြီး
မပြီးသေးတဲ့ တိုက်ပွဲအတွက် တာဝန်မကြေနိုင်သေးလို့  ပိုရှက် စရာကောင်းလာပါတယ် ဒါပေမဲ့ ဒါထက် ပိုပြီး ကြိုးစားမယ် လို့ ဂတိပြု ပါတယ်။
မိတ်ဆွေရဲဘော်အားလုံးကို ချစ်ခင်လေးစားတဲ့
မေအိခင် (လယ်ဝေး)