welcome

၈၈၈၈ ကို ဘယ်သူတွေ စခဲ့စခဲ့ ပြည်သူတွေရဲ့ စုပေါင်းပါဝင်မှုက အခရာကျသလို ဘယ်သူတွေပေးဆပ်ပေးဆပ် အဖြူအစိမ်းလေးတွေရဲ့ နီရဲတဲ့သွေး တွေ က အမြဲ သက်သေ တည်နေပါတယ် ။

မြန်မာနိုင်ငံအလံ အပြောင်းအလဲ ကြောင့် မုန်တိုင်း တိုက်ခိုက်

Friday, October 22, 2010

စစ်အုပ်စု က ၂၀၀၈ အခြေခံဥပဒေပါ အလံ ကို မနေ့ က တင်လိုက်တယ် လို့ သတင်းကြားတော့ စိတ်ထဲ မှာသောက်ပေါတွေပဲ
ဆိုပြီးအာရုံသိတ်မရှိပါဘူး ဒါပေမဲ့ သုံးရောင်ခြယ် ကို အခြေခံ တာကို တော့ မတန်မရာ လို့ တွေးမိတယ် အ၀ါရောင်ဆိုတာ က ဘာသာရယ် သာသနာရယ် ပညာရယ် အစိမ်းရောင်ဆိုတာ ကစပါးဆန်ရေ ရွေငွေ အနီရောင် ဆိုတာကတော့ ရဲစိတ်ရဲမာန် တွေရဲ့
သင်္ကေတ ဆိုတာ နဲ့  စစ်အုပ်စု လက်ရှိ သွားနေတဲ့ မူနဲ့  လားလားမှမအပ်စပ်ပါဘူး ဒါ့ပြင် ပြည်ပ မှာ ဖွဲ့ စည်းထားတဲ့ အဝေး
ရောက်ညွန့် ပေါင်းအစိုးရ ၁၉၉၄ ထဲ က သတ်မှတ် ခဲ့ တဲ့ အလံ လည်းဖြစ် ပြန်ရော ဒီတော့ စစ်အုပ်စု ဘာကို ဘယ်လို ရည်
ရွယ်ပြီးလုပ် သလဲ လို့  မမေးချင်ပေမဲ့  သိနေတာ ကတော့ ယတြာ တွေ နဲ့  တိုင်းပြည် ကို ကမောက်ကမ ဖြစ်အောင်လုပ်နေ
တော့တာပါပဲ အနီရောင် အခံ ကို ဖက်ဆစ်ဂျပန်တော်လှန်ရေး ကာလထဲ က ကြယ်ငါးပွင့် နဲ့  တော်လှန်ရေး အလံ (ဗမာ့အလံ)
ဖြစ်ခဲ့တယ် တိုင်းနဲ့ ပြည်နယ် ၁၄ ခုနဲ့ တောင်သူလယ်သမားအလုပ်သမားကို ရည်ညွန်းပြီး အနီ ခံ ပေါ်က မြန်မာ အလံဟာလည်း
ဘယ်သူလုပ်ခဲ့ လုပ်ခဲ့ မြန်မာတွေ ရင် ထဲ ဆွဲ မြဲနေဆဲပါ ဒါကို ရုရှား တရုတ် တို့ ကို အတုခိုးပြီး နိုင်ငံအလံ ကအစ ကမောက်
ကမ လုပ်နေတာ ကတော့ဒီရာဇ၀တ်ကောင်တွေ စစ်ရာဇ၀တ်ခုံရုံ တင်တဲ့အခါ အလံတော်ကို ဆော်ကားမှု ပါထဲ့ သွင်းရပါလိမ့်မယ်
ဒီမှာ မြန်ာမာပြည်သူတွေရဲ့ အသိဥာဏ်လေး မြင့်မားပုံတွေ တာကို လက်ဆင့်ကမ်းချင်ပါတယ် ကျမဆိုင်မှာ ဈေးဝယ်နေကျအမျိုး
သမီးတစ်ဦးက အမရေ နိုင်ငံတော်အလံ ကို စစ်တပ်က မီးပုံရှို့ တာ အမ သိလားတဲ့ ပြောပါဦးအမ ဘယ်လိုလဲ လို့ ကျမ သူ့ 
အမြင် ကို သိလိုတာနဲ့ ဆက်မေးလိုက်တော့ အစိုးရက အလံ ပြောင်း လိုက်ပြီတဲ့ အမ ရေ ပြောင်းချင်ပြောင်းပေါ့သူတို့ လုပ်ချင်
သလို လုပ်နေတာ ပဲ ဒါပေမဲ့ အရင် အလံ ကိုမီးပုံရှို့ လိုက်တာတော့ အတော် မိုက်ရိုင်းတာပဲ လို့  ပြောပါတယ် အဲလို ကျမကို
လာပြောပြတဲ့ အမျိုးသမီး က မုန့် ဟင်းခါးရောင်းတဲ့ သာမာန် ကျေးရွာ က တစ်ယောက်ပါ ။ကျမကသူ့ စကားကိုထောက်လိုက်
ပါတယ်။ အခြားလူတွေ ကောအိုက်သတင်းကို သိလား အမ ဆိုတော့ သူများတွေ ပြောလို့  အမ သတင်းကြည့်တာ အံမယ်လေး
ညီမရေ အမ တို့ တင်မက အားလုံး က အစိုးရ မကောင်းတာ သိတယ် မပြောရဲတာ ပြောလိုက်ရင် သူတို့ မတရားလုပ်လို့ ကိုယ်
လည်း တော်ကြိုအုန်ကြားမှာ လူဖြစ်ခဲ့လို့ ညီမတို့ လို သာ မြို့ မှာ နေခဲ့ ရရင် ထောင်ထဲ ခန ခန ရောက်မှာပဲ တဲ့ ---
ဒါ့ကြောင့် မြန်မာပြည်သူတွေ ဟာ အချဉ် မဟုတ်ပါ ခု ပြောပြသွားတဲ့ အမျိုးသမီး ကို ကျမ နိုင်ငံရေးစကား တခွန်း မှမပြောဖြစ်
ပါ သူတို့  အသိတွေ မနည်းတာကို သိရခြင်းအားဖြင့် ဒီစစ်အုပ်စု တနေ့  ခွေးကျ ကျမှာ အသေအချာပါ ။ ခု လည်း ကျမ
နေတဲ့ ပတ်ဝန်းကျင် က လူတွေ က တီးတိုးပြောနေကြတယ် မင်းအစိုးရ မတရားလုပ်သမျှ ပြည်သူတွေ ပဲ ခံ နေရပြီ တိုင်းပြည်
အုပ်ချုပ် တဲ့ သူတွေ တရားသဖြင့် မအုပ် ဘူးဆိုရင် ရာသီဥတုဖောက်ပြန်တယ် တဲ့ ခုပဲ ကြည့်လေ မနေ့  နိုင်ငံတော်အလံ ကို
မီးပုံရှို့ တာ စစ်အစိုးရဆိုတော့ ဒီနေ့  မြန်မာပြည်ကို မုန်တိုင်းဝင်တော့တာပဲ တဲ့ - မြန်မာ့နိုင်ငံအလံ အပြောင်းအလဲကြောင့် မုန်း
တိုင်းဝင်နေပါတယ် ဆိုတာ နိုင်ငံရေး တော်လှန်ရေး အင်အားစု ကမပြောပါ အခြေခံ ပြည်သူလူထုက ဝေဖန် ပြောဆိုနေကြပါပြီ
ဖြစ်ကြောင်းတင်ပြ လိုက်ပါတယ်။

မေအိခင် (လယ်ဝေး)

2 comments:

Anonymous said...

အရေးထဲ ခင်ဗျာတို့ကလည်း ဗေဒင်ယတြာအကြောင်းတွေကလည်း ဘယ်ကနေပါလာတာလဲ...မြန်မာနိုင်ငံတစ်ခုတည်းမဟုတ်ဘူး ကမ္ဘာ့နိုင်ငံတွေ မှာ သဘာဝဘေးတွေ ခံနေရတာပဲ အဲဒါတွေက အစိုးရမကောင်းလို့လား သဘာဝဒဏ်က အစိုးရနဲ့သက်ဆို င်လား?ဗီယက်နမ်မှာ ရေကြီးလို့ လူတွေသေနေတယ် ထိုင်းမှာ ရေလွှမ်းနေလို့ လူတွေဒုက္ခရောက်နေတယ် အဲဒါတွေက အဲဒီနိုင်ငံကအစိုးရမကောင်းလို့ဖြစ်နေတာလား?ချီးပါသေးပေါက်တာကအစ အစိုးရမကောင်းလို့ဆိုပြီးပြောနေ တာကတော့ တော်တော်အသုံးမကျတဲ့ ဦးနှောက် အတွေးခေါ်တွေပဲ...

မေအိခင်(လယ်ဝေး) said...

နာမည်ရင်း နဲ့  ဝေဖန် ပါလား ပြန်ပြောရတာ ကောင်းတာပေါ့ -- ကျမ ရေးတဲ့ စာကို သေချာဖတ် ကျမ က သာမာန်ကျေးတောသူ တစ်ယောက် အရပ် သားတွေ ရဲ့အမြင် ကို တင်ပြ ထားတာ စာသေချာမဖတ် ပဲ စစ်ကျွန် စိတ်နဲ့ ဝင်မဝေဖန် နဲ့  နိုင်ငံတကာ သဘာဝ ဘေး နဲ့ မြန်မာ ပြည် သဘာဝဘေး နဲ့  မတူတာတွေ တစ်ပုံ ကြီး သစ်တော တွေ မတရားဖြုန်း တဲ့ ခင်ဗျားတို နားမလည်ဘူးလား ဗေဒင်ယတြာ က စစ်အုပ်စုပဲ လုပ်တယ် ကျမတို့ စိတ်ကို မ၀င်စားတာ ကိုယ့်ကိုယ်ကိုယ် သာ ယုံတဲ့ သူတွေ ဗျ ။ခင်ဗျားမကြားလိုက်ဘူးထင်ရဲ့ အဂါင်္သမီး ကအလံဟောင်းကို ဖြုတ်ချရပြီးဗုဒ္ဓဟူးသမီးက အလံ သစ်တင်ပေးနေရတဲ့ ယတြာရူး ခင်ဗျား အဖေ တွေ ကို သွားပြော နော သတ္တိရှိရင် နာမည်ရင်းနဲ့ ဝင်ပြော နာမည် ရင်းနဲ့ ပြောနော