welcome

၈၈၈၈ ကို ဘယ်သူတွေ စခဲ့စခဲ့ ပြည်သူတွေရဲ့ စုပေါင်းပါဝင်မှုက အခရာကျသလို ဘယ်သူတွေပေးဆပ်ပေးဆပ် အဖြူအစိမ်းလေးတွေရဲ့ နီရဲတဲ့သွေး တွေ က အမြဲ သက်သေ တည်နေပါတယ် ။

သူတို့ ကထမိန်ဝတ်ရမဲ့အဆင့်ကိုး

Wednesday, June 23, 2010

လူရွင်တော်တွေတောင် အဲလောက်မျက်နှာပြောင်မတိုက် ဖူးဘူး ။ တောင်ရှည်ဝတ် တဲ့အခါ တောင် ဒီလိုထမိန် အဆင်တွေကို
ဝေးဝေးကရှောင် ကြပါတယ် ။ဘယ်လိုပဲ ကြည့်ကြည့် ပုဆိုး လို့ ကို မြင်လို့ မရတဲ့ ချိတ်ထမိန်ရောင်စုံတွေ နဲ့  ဒီစစ်အုပ်စုဟာ
ယတြာ ပဲခြေခြေ ဓါတ်ပဲဆင်ဆင် မဆင်မခြင် အမျော်အမြင်တွေ နဲ့ ထမိန်ဝတ် မင်းယောင်္ကျားတွေ ပါလား လို့ 


လာအိုဝန်ကြီး ကို ကြိုဆိုနေတဲ့ သိန်းစိန် တို့  လူအုပ်(သို့ ) ထမိန်ဝတ် မင်းယောင်္ကျားများ

3 comments:

မိတေဖိုး said...

သူတို့က ထမိန်ဝတ်ရမဲ့အဆင့်ကိုးလို့ခေါင်းစဉ်တပ်တာကို သဘောမကျပါ။ ထမိန်ဝတ်ဝတ် ပုဆိုးဝတ်ဝတ် အဆင့်အတန်း အတူတူပင်ဖြစ်ပါသည်။ ဒါပေမဲ့ ယောက်ျား ဖြစ်ပြီး မိန်းမ၀တ်သည့် ထမိန်ဝတ်ပြီး ရတြာချေကြသော ထိုသူတို့အား ဟား ချင်မိပါသည်။

မေအိခင်(လယ်ဝေး) said...

ဒီလိုပါ ကျမတို့ က ဘုရားဆုပန်မင်းယောင်္ကျား ဆိုတာ ကို
ကျမတို့ ယုံတယ်လေ ယောင်္ကျား ဆိုတာ ထမိန်ဝတ်ရင်
နှိမ့်ကျသွားတယ်ပေါ့ - တော်လှန်ရေးမှာလည်းဒီလိုပဲ
ယောင်္ကျားတွေ ကိုငကြောက်လို့ မြင်ရင် ထမိန်တွေပို့ တယ်
ကျောက်ပြင် သနပ်ခါးအစရှိသည်ပို့ ပါတယ် ။ဒါကြောင့် ထမိန်ဝတ်ထားတဲ့ ၀န်ကြီးရှုပ် တွေကိုမြင်တော့ - ဒီခေါင်းစဉ်တပ်တာပါ။။ ဝေဖန်တာကျေးဇူးပဲ
မေအိခင်(လယ်ဝေး)

Nge Naing said...

မမေအိခင်ရေ ရီလိုက်ရတာ အူကို နာနေတာပဲ။ ကျွန်မ ရုတ်တရက်တွေ့လိုက်တော့ လူရွှင်တော်တွေ ရီစရာလုပ်နေတယ်ထင်နေတာ။ တကယ်ပဲနော့် ကြံကြံဖန်ဖန် ၀တ်တတ်တယ်။ ကချင်ပုဆိုး၊ ရခိုင်ပုဆိုး၊ အင်းလေး၊ ယောပုဆိုးတွေ ဒီလောက်ကောင်းတာကို ချိတ်ထမိန်ဝတ်ရတယ်လို့ တခါမှ မတွေ့ဖူးဘူး။ ဟိုးအရင်တုန်းကတော့ မင်းသားတွေ ၀တ်တဲ့ ကြိုးကြီးချိတ်တွေတော့ တွေ့ဖူးတယ်။ ဒီလိုချိတ်အကွက်စိတ်ကို အမျိုးသားတွေ ၀တ်တာ တခါပဲ တွေ့ဖူးသေးတယ်။