welcome

၈၈၈၈ ကို ဘယ်သူတွေ စခဲ့စခဲ့ ပြည်သူတွေရဲ့ စုပေါင်းပါဝင်မှုက အခရာကျသလို ဘယ်သူတွေပေးဆပ်ပေးဆပ် အဖြူအစိမ်းလေးတွေရဲ့ နီရဲတဲ့သွေး တွေ က အမြဲ သက်သေ တည်နေပါတယ် ။

သတိ -- ပါတီကိုစောင့်ရှောက်ကြရန် ဖောက်ပြန်သူများရန်မှ

Saturday, April 25, 2009

ဒီလိုပါ ဒီလ ဒီရက်တွေ ကျမ အလုပ်တာဝန်တွေနဲ့  ပို့ (စ်)အသစ်မတင်နိုင်ဘူး သူငယ်ချင်းတွေ
လည်းမေး(လ်) နဲ့ ပို့ တယ် ကျမကိုယ်တိုင်ရေးတဲ့စာတင်ပေးပါဆိုတော့ ရေးချင်တာမှအရမ်းပါ ။
စိတ်ထဲမှာမတင်မကျ နဲ့ မခြေပလိုက်ရတာလေး ကျမ ရေးပါရစေ ။

ပြီးခဲ့တဲ့နှစ်ပါတ်လောက်ကပေါ့ - ကျမ ကို ဘီဘီစီက အမတစ်ယောက်က စကားဝိုင်းတစ်ခု ကို
ဖိတ်ခေါ်ပါတယ် ။ဘာကိစ္စ ဖြစ်လဲ လို့  ကြိုမေးတဲ့အခါ (၆) နိုင်ငံ တွေ့ ဆုံဆွေးနွေးရေးတဲ့  ---
ကျမ သိုးသိုးသန့် သန့် ကြားနေတာတော့ကြာပါပြီ ဒါ ဟာ မဖြစ်နိုင်တဲ့ကိစ္စကြီး ကိုမီဒီယာမှာ ငါ
ဘယ်လိုပြောရပါ့ ပေါ့ -- ကဲ -ဒါမဖြစ်သင့်ဘူးမဖြစ်နိုင်ဘူး တကယ်လုပ်သင့်လုပ်ထိုက်တဲ့သုံးပွင့်
ဆိုင်တွေ့ ဆုံဆွေးနွေးရေးကို တောင်မလုပ်တဲ့ ဒီစစ်အုပ်စု အနေနဲ့  ၆ နိုင်ငံ ဆွေးနွေးတော့ကော
ဘာထူးလာမလဲ မြောက်ကိုရီးယားရဲ့  နူးကလီးယား ကိုထိမ်းချုပ်ဖို့ ကြိုးစားတာမျိုးနဲ့  ကိုယ့်တိုင်း
ပြည်အခြေအနေနဲ့တော့တထပ်တည်းတွက်မရဘူး ပေါ့ အဲဒီ့လောက်ပဲ ပြောမယ် လို့ စဉ်းစား
ထားပါတယ် ။ ဘီဘီစီနဲ့ ပြောရတာက စကားဝိုင်း ကိုး အချိန်ကသိတ်တိုတယ် ကျမ အရင်
စင်္ကပူကစီးပွါးရေး လုပ်သူ ဘာညာပေါ့ သူတို့ ဖြေတာတွေ တည့်သည်ဖြစ်စေ မတည့်သည်ဖြစ်
စေသာမာန်ပြည်သူတစ်ဦးအနေနဲ့ ကျမ ဘယ်လိုမှ မရှိပါဘူး ။ ကျမကတော့စောစောကတွေး
ထားတဲ့စကားရပ်တွေအပြင် ဒေါ်အောင်ဆန်းစုကြည်နဲ့  ကျောင်းသားခေါင်းဆောင်တွေကိုမလွှတ်
မချင်း ဘယ်လိုတွေ့ ဆုံဆွေးနွေးမှုမျိုး မှ မအောင်မြင်နိုင် မဖြစ် နိုင် ဘူး လို့ ပြောခဲ့ပါတယ် ။

တချို့ တချို့ က တော့ တိုင်းပြည်အပြောင်းအလဲ ကို ကိုယ့်အယူအဆ နဲ့ ကိုယ် ပြောနေတဲ့ ထဲ မှာ
အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ် မှ လူငယ်ဟောင်း ခင်ထွန်း ဆို တဲ့ အသံကြားတော့ အင်းဒီလူ
ဘာများပြောပေ လိမ့်မလဲ မှတ်တာ ကျနော် တို့ အစိုးရ ဆိုတာတွေထပ် ပြီး ဖားယားနေလိုက်တာ
ပါတီဝင် တွေ ကြားရင် ငါတို့ ပါတီကို တုံးလုပ် ပြီး လူငယ်တာဝန်ယူသွားတဲ့ကောင် ဆိုပြီး ဆဲ မှာ
အမှန်ပါပဲ ကျမဒီလူပြောတာတွေ မှတ်ပြီးပြန်ခြေပ ဖို့  စဉ်းစားထားပေမဲ့ ဘီဘီစီက အချိန်မပေး
နိုင်တော့တဲ့အတွက် စကားဝိုင်း ထဲ စကားမပြတ်ပဲပြီးခဲ့ရတာပါ ။သဘောထားပဲပေးခဲ့ရတယ်ပေါ့။

အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ် မှာရပ်တည်ခဲ့တဲ့ လူငယ်အပေါင်းတို့  ဒီသတင်းကိုနားထောင်ပြီး
ဒေါသဖြစ်ခဲ့ကြပေ မဲ့ ကျမ တို့ ဒေါသဖြစ် ရုံနဲ့ မပြီးဘူးဆိုတာတော့ သတင်းပါချင်ပါတယ်။
ဘယ်အဖွဲ့ အစည်း ဘယ် ပါတီ ဘယ်သမဂ္ဂ မှာမဆို အလာမကောင်းသူ ရပ်တည်နေတဲ့ကာလ
မှာလည်းရပ်တည်ချက်ခံယူချက် ခိုင်ခိုင်မာမာမရှိသူ အဖွဲ့ အစည်းတွင်းမှာသွေးခွဲ တက်သူ တက်လူ
လူငယ်တွေကိုနင်းနှိမ်ထားပြီး ခေါင်းဆောင်နားမှာ အနီးကပ်နေခွင့်ရအောင်ချဉ်းကပ်လာသူ အဲဒီ့လို
ပဲခူးတိုင်းက ခင်ထွန်းဆိုတဲ့လူ မျိုးကို ကျမတို့ ပါတီမှာ နောက်ထပ် ပုံစံတူ ထပ်မပေါ်ပေါက်လာဖို့ 
ကာကွယ်ရမှာ အားလုံးတာဝန်ပါပဲ ။ကျမမြန်မာပြည်မှာရှိနေစဉ်ကတည်းက လူငယ်လှုပ်ရှားမှုမှန်
သမျှကို မဖြစ်ပေါ်အောင်စနစ်တကျချိုးနှိမ်ထားခဲ့တာ ဒီလူတွေပါပဲ ခု တော့ မီဒီယာမှာပေါ်ပေါ်
ထင်ထင်ကြီးကို ကျနော်တို့ အစိုးရ ကျနော်တို့ အစိုးရ နဲ့  ပေါရဲ ပြောရဲလိုက်ပုံများဖြစ် ဟာသ
တဖြစ် ဒေါသလည်းဖြစ်ချင်စရာမို့  ရည်ရွယ်ချက်ကြီးတဲ့ လူငယ်တစ်ချို့ ဟာ ဒီလူတွေရဲ့ ရပ်တည်
ချက်ကို အမှန်တွေထင်ပြီ လိုက်ပါဆောင်ရွက်မှုတွေ ရပ်တန်းကရပ်သင့်ပါပြီ။ ဒီလူတွေဟာနဂိုထဲ
ကရည်ရွယ်ချက်အမှန်နဲ့ ပါတီမှာလာရပ်သူတွေ မဖြစ်နိုင်တာကိုသဘောပေါက်နားလည်သင့်ပါ
တယ်။
(ဒုတိယပိုင်းကိုဆက်လက်တင်ပြပါဦးမယ်)

0 comments: