အလုပ်သမားများကိုယ်တိုင် အလုပ်သမားသမဂ္ဂဟူသည်ကို ပြန်လည်ရှင်းလင်းတင်ပြ နိုင်ရန် လေ့ကျင့်ပေးခြင်း
Posted by LRDP at 11:12 AM 0 comments
နယ်ထိန်း၊ SB(ထောက်လှန်းရေး) ရပ်ကွက်အုပ်ချုပ်ရေးမှုး တို့ ကိုယ်တိုင် လာတက်ရောက်သည့် သင်တန်း
Wednesday, March 19, 2014
Posted by LRDP at 11:09 AM 0 comments
LRDP နှင့် ပို့ ကုန်သွင်းကုန်စစ်ဆေးရေး သမဂ္ဂ အတွင်းရေးမှုး တို့ ပူးတွဲ သင်တန်းပေး
Posted by LRDP at 11:09 AM 0 comments
ILO ကို တာဝန်ကျခဲ့ဖူးပြီး မြန်မာအလုပ်သမားထုကိုစေတနာကြီးခဲ့တဲ့ မစ္စတာရော(စ်)နှင့် ဇနီး အတူ IUF ဒါရိုက်တာ
လွန်ခဲ့တဲ့ နှစ် က ILO ကို FOA တာဝန်နဲ့ ရောက်လာပြီး မြန်မာပြည်မှာ မနေမနား FOA ကို သင်တန်းပေးလိုက်တာ အလုပ်သမားတင်မက အလုပ်ရှင် အစိုးရ အလုပ်သမားဌါနတွေကိုပါ သင်ပေးခဲ့တာ ။ သူ့တာဝန်ထက် ပိုတဲ့ စေတနာ နဲ့ လွတ်လပ်စွာသင်းပင်းဖွဲ့စည်းခွင့် ပြဌါန်းချက် -၈၇ ကို အင်တိုက်အားတိုက် သူလေ့ကျင့်ပေးခဲ့တယ် ။ ၂၀၁၃ ဂျနီဗာကို ပို့ လွှတ်ရမဲ့ အလုပ်သမားကိုယ်စားလှယ် ရွေးကောက်ပွဲ ဖိုရမ်မှာတော့ သူ့ စေတနာ တွေ ဝေဒနာဖြစ်လို့  -- ILO ကနေ တာဝန် မစေ့ခင် အပြောင်းရွေ့ခံခဲ့ရတယ်။ရင်နာစရာကောင်းတယ် ILO မှာလည်းဒီလို ကိစ္စတွေ ရှိတယ် ။ ဒီနေ့ မြန်မာပြည်ကိုပြန်လာပြီး မြန်မာအလုပ်သမားရေးကို ကူညီနိုင်ဖို့  IUF နဲ့ ပူးပေါင်းဆောင်ရွက်မဲ့ကိစ္စမှာ ကျမ ကို အကြံပေး အဖွဲ့ဝင် တာဝန်ကိုပေးပြီး အလုပ်တွဲလုပ်ခဲ့တယ် ။ ကျမတို့  ဘာ အထောက်အပံ့အကူအညီမှ မရှိပါဘူး ကျမတို့  လိုချင်တာလည်းငွေထက် တန်ဖိုးထားမှုနဲ့  ကျမတို့ မြန်မာအလုပ်သမားထုရဲ့ အခွင့်အရေးကို စောက်ရှောက်ကူညီကြစေ့ချင်တာပါပဲ ။။ ရော့(စ်) ဟာ ကျမတို့ နဲ့ လက်တွဲဆောင်ရွက်ခဲ့တာတွေ ကို မမေ့ပဲ ကျမတို့ ကို အသိအမှတ်ပြုနေဆဲ တကယ့် သမဂ္ဂစိတ်ဓါတ်နဲ့ ရှင်သန်နေတဲ့ မိတ်ဆွေစစ်ကြီးပါ ။။
Posted by LRDP at 11:08 AM 0 comments
ရင်းနှီးမြုတ်နှံလိုသူများ LRDP နှင့် တွေ့ ဆုံ
၁၂-၃-၂၀၁၄
မှာနိုင်ငံခြားရင်းနှီးမြုတ်နှံလိုသူ ကုမ္မဏီ ပိုင်ရှင် ကြီးတွေ က ကျမတို့ 
LRDP နဲ့Trader Hotel မှာ တွေ့ ဆုံဆွေးနွေးပါတယ် ။မြန်မာနိုင်ငံရဲ့
အလုပ်ရှင် အလုပ်သမားအခြေအနေ အလုပ်သမား သမဂ္ဂတွေရဲ့ လက်ရှိ အခြေအနေ တွေ
အလုပ်ရှင် တွေရဲ့ အလုပ်သမားဥပဒေ တွေ
လိုက်နာမှု အစရှိသည်ကို ၂နာရီကျော်ကြာဆွေးနွေးဖြစ်တယ်။ ဂုဏ်သိက္ခါရှိတဲ့
ကုမ္မဏီတွေ ရင်းနှီးမြုတ်နှံသူတွေ လာမယ် ဆိုရင်တော့
သေချာတယ်မြန်မာစီးပွါးရေးလုပ်ငန်းရှင်တွေ မှေးမှိန်လာမှာ --ဒီအခြေအနေတွေ
ကျမတို့ လည်း သိတ်အလိုမရှိပါဘူး သို့ ပေမဲ့  အလုပ်သမားထုအတွက်
အခွင့်အလမ်းနဲ့ နည်းပညာ ပေးမယ် ကိုယ်ကျိုးကြည့်မကြည့်ပဲ အမြတ်အစွန်းကို
အလုပ်သမားထုနဲ့မျှဝေခံစား ကြမယ်ဆိုရင် Welcome ပါပဲ
Posted by LRDP at 11:07 AM 0 comments
LRDP & Asia World & AFFM မှ အလုပ်သမားများအား စုပေါင်းသင်တန်းပေး
Sunday, March 2, 2014
Posted by LRDP at 10:35 PM 0 comments
LRDP နှင့် သမဂ္ဂခေါင်းဆောင်များ စုပေါင်း၍ သင်တန်းပေး
ရွှေပေါက်ကံ
နှင့် ဒဂုံဆိပ်ကမ်း ရှိ စက်ရုံ အလုပ်သမားမျာဒအလုပ်သမားသမဂ`၈
ခေါင်းဆောင်အချို့ အား မေလ (၂) ရက်နေ့ မှာ LRDP မှ
သမ၈`၈ခေါင်းဆောင်များနှင့် ပူးပေါင်း၍ သင်တန်းပေးခဲ့ပါတယ် ။
အလုပ်သမားလေးတွေ သိတ်ရိုးသားပြီးသနားစရာကောင်းတယ် သူတို့  အကြောင်းလေးတွေ
နားထောင်ပြီးမှ ကိုယ်က သင်သင့်တာသင်ပြတာဆိုတော့ သူတို့  ဘာမှ မသိကြောင်းနဲ
့ အလုပ်ပြုတ်မှာ ထမင်းငတ်မှာ ကျောင်းတက်ရင်း အလုပ်လုပ်သူကလည်း တက္ကသိုလ်
လေး တက်ခွင့်မရတော့မှာ ရွာပြန်ပြီးကောက်စိုက်ရမှာ ကြောက်လို့  အလုပ်ရှင်
ဖိနှိပ်သမျှ ပြန်မပြောပါဘူးတဲ့ --- ခု မှ ကြားဖူးသိဖူးလို့  အားတက် ပြီး
နောင် သင်တန်းတွေ ခေါ်ပါဦးတဲ့ --ရင်ထဲ ထိ ပါတယ် အတော်ကို စိတ်ထိခိုက်
ခဲ့ရတဲ့ နေ့ ပါပဲ
Posted by LRDP at 10:33 PM 0 comments