welcome

၈၈၈၈ ကို ဘယ်သူတွေ စခဲ့စခဲ့ ပြည်သူတွေရဲ့ စုပေါင်းပါဝင်မှုက အခရာကျသလို ဘယ်သူတွေပေးဆပ်ပေးဆပ် အဖြူအစိမ်းလေးတွေရဲ့ နီရဲတဲ့သွေး တွေ က အမြဲ သက်သေ တည်နေပါတယ် ။

အဖွဲ့ ချုပ်မှထုတ်ပြန်သောမေဒေးနေ့ ကြေညာချက်

Friday, April 30, 2010





လွှတ်တော်ကိုယ်စားလှယ် အဖြစ်ရပ်တည်ပိုင်ခွင့်ရှိကြောင်း ကြေငြာပေးဖို့နဲ့ အဲ့ဒီနောက်ပိုင်း လွှတ်တော်ခေါ်ယူ ပေးဖို့

Thursday, April 29, 2010

ဒေါ်အောင်ဆန်းစုကြည်မှ ရက်ပေါင်း ၆၀ အတွင်းမှတ်ပုံမတင်ရင် ပါတီပျက်ပြယ်သည်ဆိုတဲ့ ဥပဒေအား တားဝရမ်းထုတ်ပေးရန် တရားရုံးချုပ်သို့စာတင်...

ယနေ့ တရားရုံးချုပ်သို့ အမျိုးသားဒီမိုကရေစီချုပ် အထွေထွေအတွင်းရေးမှုး ဒေါ်အောင်ဆန်းစုကြည်မှ ရက်ပေါင်း ၆၀ အတွင်းမှတ်ပုံမတင်ရင် အလိုလျှောက် ပျက်ပြယ်မည်ဆိုသည့် ဥပဒေအား တားဝရမ်းထုတ်ပေးဖို့ တရားရုံးချုပ်သို့ တားဝရမ်းတင်ကြောင်း သိရပါတယ်. ...။

ဦးအောင်ရွှေအပါအဝင် လက်ရှိထိတွေ့နေတဲ့ ၁၉၉၀ခုနှစ် ရွေးကောက်ခံ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ၂၆ဦးမှလည်း ဥပဒေအရ လွှတ်တော်ကိုယ်စားလှယ် အဖြစ်ရပ်တည်ပိုင်ခွင့်ရှိကြောင်း ကြေငြာပေးဖို့နဲ့ အဲ့ဒီနောက်ပိုင်း လွှတ်တော်ခေါ်ယူ ပေးဖို့ တရားစွဲဆိုခဲ့ကြောင်း အမျိုးသားဒီမိုကရေစီချုပ် ပြောခွင့်ရပုဂ္ဂိုလ် ဦးဥာဏ်ဝင်းက ပြောဆိုသွားပါတယ်။

" ဒီနေ့အန်ကယ်တို့ တရားရုံးချုပ်မှာ ၂မျိုးတင်ပါတယ်။ တစ်ခုက ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ နောက်တစ်မျိုးက လွှတ်တော်ကိုယ်စားလှယ်တွေ အနေနဲ့တင်တာပါ။ ဒေါ်အောင်ဆန်းစုကြည် အနေနဲ့တင်တဲ့ အချက်က နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ပုဒ်မ ၂၅မှာ ပြဋ္ဌာန်းချက်က ရက်ပေါင်း ၆၀ အတွင်း ထပ်မံ မှတ်ပုံမတင်ရင် အဲ့ဒီပါတီဟာ အလိုလျှောက် ပျက်ပြယ်မယ်ဆိုတဲ့ အချက်ပါတယ် ... ။ ဒေါ်အောင်ဆန်းစုကြည်က ဒါဟာဥပဒေနဲ့ မညီဘူး။ သူကိုယ်တိုင် လက်မှတ်ရေးထိုး မှတ်ပုံတင်ထားတဲ့ NLD ပါတီဟာ ၁၉၈၈ခုနှစ်ဥပဒေအရ တရားဝင်ပါတီ ဖြစ်တယ် ... ဒီတရားဝင်ပါတီဖြစ်တဲ့ ပေါ်မှာမူတည်ပြီးတော့ အဲ့ဒီပုဒ်မ၂၅မှာ ရက်ပေါင်း ၆၀ အတွင်း ထပ်မံ မှတ်ပုံမတင်ရင် အဲ့ဒီပါတီဟာ အလိုလျှောက် ပျက်ပြယ်မယ်ဆိုတဲ့ ဥပဒေဟာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နဲ့ သက်ဆိုင်ခြင်းမရှိကြောင်း.. အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အပေါ်မှာ အကျိုးထိခိုက်မှု မရှိကြောင်း တားဝရမ်းထုတ်ပေးပါဆိုပြီး တားဝရမ်းတင်ပါတယ်။ "

နောက်တစ်ခုက ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်တွေက သူတို့က ၁၉၉၀ ရွေးကောက်ပွဲမှာ အနိုင်ရခဲ့တယ်။ အဲ့ဒီရွေးကောက်ပွဲဟာ တရားမျှတကြောင်း အစိုးရက ကြေငြာခဲ့တယ်။ အဲ့ဒီတော့ သူတို့ဟာ ဥပဒေအရ လွှတ်တော်ကိုယ်စားလှယ် အဖြစ်ရပ်တည် ပိုင်ခွင့်ရှိသူများဖြစ်ကြောင်း ကြေငြာပေးဖို့နဲ့ ကြေငြာပြီးနောက်ပိုင်းမှာ လွှတ်တော် ခေါ်ယူပေးဖို့ အဲ့ဒါက တရားစွဲတာ ခုနဒေါ်အောင်ဆန်းစုကြည်တင်တာက Application လုပ်တာ။ အဲ့တော့ ဒီ၂ခု ဒီနေ့တင်တယ်။ တရားရုံးချုပ်က မနက်ပိုင်း ၁၀နာရီတင်တယ် ၁၂နာရီပြန်လာဖို့ ပြောတယ်။ ၁၂နာရီသွားတော့ မနက်ဖြန် ၁နာရီချိန်းတယ်။ အဲ့ဒီတော့ သူတို့ဘယ်လို သတ်မှတ်အမိန့်ချမယ် ဆိုတာတော့ မသိသေးဘူး.. ဟု အမျိုးသားဒီမိုကရေစီချုပ် ပြောခွင့်ရပုဂ္ဂိုလ် ဦးဥာဏ်ဝင်းက ပြောဆိုသွားပါတယ်။

ဒီမိုးဝေရန် ထံမှ

NLD ဆိုသည်မှာပြည်သူလူထုကရွေးချယ်တင်မြောက်ထားသော အစိုးရ တစ်ရပ်ဖြစ်သည် ။

Tuesday, April 27, 2010

Saturday, April 24, 2010

သမီးငယ်လေး စုယဉ်မွန်ထွေးရဲ့ နားသမင်္ဂလာ ဖိတ်စာ ဖြစ်ပါတယ်။






မြတ်ဆွယ်တော်ကိန်းဝပ်ရာကမ္ဘာအေးဘုရားမှာလည်း ဗုံးခွဲ့ခဲ့တာပါပဲ

Tuesday, April 20, 2010

စစ်အုပ်စု ဟာ မြတ်စွာဘုရားရဲ့ ဆွယ်တော်ကိုတောင်မှ ဗုံးဖေါက်ရမှာဝန်မလေးပဲကမ္ဘာအေး လိုဏ်ဂူ
ထဲမှာ ဒီဇင်ဘာလ၂၅ ရက်၁၉၉၆ ရက်နေည က ဗုံးခွဲပစ် ပါလေရော ။။
သမိုင်းကြောင်းကို ကျမ မရေးပါ သမိုင်းကြောင်း ကို သုတေသီတွေ ကရေးရပါလိမ့်မယ် ဘာ့ကြောင့်လဲ
ဆိုရင် သမိုင်းကြောင်းကို နိုင်ငံရေး လုပ်သူကမရေးသင့်ဘူးမဟုတ်လား ? ခု ကျမရေးမှာ ကျမတို့ ရဲဘော်
တွေ အားလုံး ပြန်အမှတ်ရစေမဲ့ ကမ္ဘာအေး ဗုံးပေါက်ကွဲမှု နဲ့ ဆိုင်တာလေးကို မှတ်မိသလောက်ပြန်လည်
ဖော်ပြမှာပါ ။
စစ်အုပ်စု ဟာသူတို့ ချင်းပဲစားခွက်လုလုနိုင်ငံရေးပြဿနာကိုမဖြေရှင်းနိုင်လို့  ကုလားဗမာ ၊ တရုတ်ဗမာ အထိကရုဏ်းပဲဖန်တီးဖန်တီး ၊ထောင်ထဲကရာဇ၀တ်သားတွေလွှတ်ပြီး ကြံ့ဖွံ့ လူစွမ်းကောင်း စွမ်းအားရှင်
လူစွမ်းကောင်းတွေ ပဲဖေါ်ထုတ်ဖေါ်ထုတ် သူလုပ်သမျှ အ၀၀ ဟာ သူ့ အာဏတည်မြဲရေးကိုပဲရှေးရှုပါတယ်။

အဲ သင်္ကြန် နှစ်ကူးချိန်ပဲ ဗုံးပေါက်ရမလားဆိုပြီး--------သူတွေရေ ကမ္ဘာအေး ဘုရားလိုဏ်ဂူမှာ
ဖေါက်တုန်းက မြတ်စွာဘုရားရှင် ရဲ့ ဆွယ်တော် အစစ် ရှေ့ ကပန်းအိုးထဲမှာနော့



၁၉၉၆ ဒီဇင်ဘာလဟာ မြန်မာပြည်ရဲ့သမိုင်းမှာ မှတ်တိုင်တစ်ခု မဖြစ်မနေ ကျန်နေရမဲ့ကျောင်းသားထု လှုပ်ရှားမှုကြီး နဲ့ စစ်အုပ်စုရဲ့ ကျူးလွန်ခဲ့သမျှတွေထဲက ပဉ္စနန္တိယကံတစ်ပါးတောင်ဖြစ်တယ်လို့  လူကြီး
သူမများသုံးသပ်ခဲ့ကြတဲ့ မြတ်စွာဘုရားရှင်ရဲ့ မွေတော်ဖြစ်တဲ့ စွယ်တော်ရှင်မြတ် ယာယီကိန်းအောင်း
တဲ့နေရာကို ဗုံး ခွဲခဲ့ခြင်းပဲဖြစ်ပါတယ်။။

အားလုံးပြန်မှတ်မိကြည့်ကြပါ။ ဗစ်ဇစ်မြန်မာရီးယားနှစ်ဆိုပြီး နိုင်ငံခြားဝင်ငွေရအောင်ဖန်တီး၊ ဒေါ်စု ခြံရှေ့တရားပွဲတွေ ကိုဖျက်ပေမဲ့  ပြည်သူကလည်း အလျော့မပေးပဲ ဦးချစ်မောင်လမ်းဆုံမှာစုစောင့်
အဲလိုစုစောင့်နေတဲ့ ပါတီဝင်တွေ ကျောင်းသားတွေပြည်သူတွေ ကို လုံထိမ်းတွေက လိုက်ရိုက် ဘဘဦးကြည်မောင်ဦးတင်ဦးကားကိုစစ်ခွေးတွေက၀င်ရိုက်အဲလိုလူထုလှုပ်ရှားမှုကြီးဖြစ်ပေါ်လာမဲ့
အခြေအနေ တရပ်ဟာ တာဆူနေချိန် မှာကျောင်းသားထု က ကျောင်းသားသမဂ္ဂ ဖွဲ့ စည်းရေးကို
တောင်းလိုက်ကြတာ ဒီဇင်ဘာ (၂)ရက် (၆)ရက်နဲ့ ဒဂုန်တက္ကသိုလ်မှာဒီဇင်ဘာ(၉) ရက်ဆန္ဒပြမှု
တွေဟာစစ်အုပ်စုကိုအံ့မခန်းတုန်လှုပ်စေခဲ့တဲ့ နေ့ ရက် တွေ ဖြစ်ခဲ့ပါတယ် ။

ဒီလှုပ်ရှားမှုမှာပါဝင်တဲ့ ကျောင်းသား ပြည်သူ ပါတီဝင်များကို မီးသတ်ပိုက်နဲ့ ထိုး လူစုခွဲ ပြီး ဖမ်းဆီး
လိုက်ပေမဲ့ နောက်ထပ်ထွက်ပေါ်လာမဲ့ကျောင်းသားပြည်သူတွေကိုဟန့်တားနိုင်ဖို့ စစ်အုပ်စုကြိုးစား
တဲ့အခါတရုတ်ပြည်ကကြွလာတဲ့ ဗုဒ္ဓစွယ်တော် ဟာ သူတို့ ရဲ့ တည်ကြတ် ဖြစ်ခဲ့ရပါတယ် ။

ူစစ်အုပ်စု ဟာ မြတ်စွာဘုရားရဲ့ ဆွယ်တော်ကိုတောင်မှ ဗုံးဖေါက်ရမှာဝန်မလေးပဲကမ္ဘာအေး လိုဏ်ဂူ
ထဲမှာ ဒီဇင်ဘာလ၂၅ ရက်၁၉၉၆ ရက်နေည က ဗုံးခွဲပစ် ပါလေရော ။။
အဲတုန်းက သေသူတွေ ကဘယ်သူလဲပြတ်သူတွေကဘယ်သူလဲမေးရင်လုံခြုံရေးတပ်သားတွေဘုရားရဲ တွေထောက်လှန်းရေးတွေ နဲ့ ပြည်သူအချို့ ပါပဲ ။ဒီလောက်လုံခြုံရေးအတင်းအကြပ်ချထားတဲံ့
ကမ္ဘာအေးလိုဏ်ဂူ ၊ ဆွယ်တော်ဖူးသူ လူတိုင်းရဲ့ ကိုယ်လုံးတွေ စမ်းသပ်စစ်ဆေးခဲ့တဲ့ လိုဏ်ဂူ ၊
ဒီမှာ ဘာ့ကြောင့် ဒီလောက်အကျဉ်းတန်ရုပ်ဆိုးတာတွေ များဖြစ်ခဲ့ ပါသလဲ --

စစ်အုပ်စုမှာရည်ရွယ်ချက် အနည်းဆုံး -၃ခု ရှိပါတယ်
(၁)၁၉၉၆ မှာသူမျော်မှန်းထားတဲ့ ခရီးသွာနှစ် အရှုံးပေါ်အရှက်ကွဲ တာကို အတိုက်အခံကိုထိုးချချင်လို့ 
(၂)၁၉၉၆ တနှစ်လုံးမှာဒေါ်အောင်ဆန်းစုကြည်ရဲ့ ပြည်သူလူထု ကို စည်းရုံနိုင်တဲ့ အား ပြည်သူ
တွေ ကုက္ကိုင်းမှာ စုရုံးရောက်ရှိလာတဲ့ စံချိန်မြင့်လာတာကိုဖြိုခွဲချင်လို့ 

(၃)နောက်ဆုံးတစ်ခု ကတော့ ကျောင်းသားသမဂ္ဂဖွဲ့ စည်းရေးတောင်းတဲ့ကျောင်းသားတွေ ကို
နည်းပေါင်းစုံနဲ့ ဖမ်းဆီးဖြိုခွင်းခဲ့ပေမဲ့ မငြိမ်သက်သေးတာကို လန့် နေတဲ့အပြင် ဖမ်းထားသူ
တွေ ကို လုပ်ကြံနေကျ အကြမ်းဖက်ဖောက်ခွဲ ရေးပုဒ်မ တပ်ချင် လို့ ပါ။။


ဒီအမြတ်တွေရဖို့  သူတို့ ဝန်ထမ်းတွေ ရဲတွေ ထောက်လှန်းရေးဗိုလ်တွေရဲ့ အသက်တွေ ကို သူတို့ စတေး
လေ့ရှိတာအစဉ်အလာပါပဲ။(ခင်ဗျားတိုလည်းကြပ်ကြပ်သတိထားအစတေးခံရမယ်)

ဒါ ကျမစစ်ကြောရေး ခံနေရချိန်မှာ မေးသူဗိုလ်မှုးတွေရဲ့ပေါက်ကွဲုပြီးကျမကိုရန်လုပ်မေးမြန်းခဲ့တဲ့ဆီကရတဲ့ အချက်လေးတွေပဲ ရှိပါသေးတယ်။သူတို့  မှာဒီ့ထက် မကောင်းကြံတဲ့ရည်ရွယ်ချက်လည်းရှိနိုင်ပါသေးတယ် ။

အဲဒီ့ ဒီဇင်ဘာ ၂၅ ရက်မိုးလင်း ဒီဇင်ဘာ ၂၆ ရက် နံက် ၄ နာရီ မှာပဲ ကျမ အိမ် ကို မီးသတ်တွေ ရဲတွေ
စစ်သားတွေ ၀ိုင်းပြီးကျမကိုဖမ်းခေါ်သွားတော့ တာပါပဲ ။ နအဖ သောက်သုံးမကျတာ ကိုရီစရာအဖြစ်
်ပြန်ပြောတာပါ ။
အဲဒီဗုံး နဲ့ကျမ ဘာများဆိုင်လို့ တုန်း
စစ်ကြောရေးစခန်းရောက်တော့ ကျမကို စစ်တာ ည ကဘယ်သွားလဲတဲ့ -ဆိုတာကစပြီးကျမကိုသဂြိုလ်
သင်ပေးခဲ့တဲ့ ဦးတိလောက အကြောင်း ဌီကာကျော် ၀ိသုဒ္ဓိမဂ် တွေ ဘာ့ကြောင့်သင်တာလဲ ဆိုတဲ့
မဆီမဆိုင်မေးခွန်းတွေ ကြားက ပရိယတ္တိသင်တာပဲ ဗုံးခွဲဖို့ လားလို့ မေးနေတာနဲ့ တူပါတယ် ။

ဆက်စစ်တာတွေ ကတော့ ပါတီနဲ့ ကျောင်းသား ရေးတွေကိုဗုံးခွဲမှု တွေ နဲ့ အမှုတွဲနိုင်ဖို့ လမ်းကြောင်း
ရှာပါတယ် ။ ဒါပေမဲ့  ပုဒ်မ ၅ည နဲ့ ပဲကျမထောင်ကျခဲ့ပါတယ် ။
ကျမပြောချင်တာကတော့ ဗုံးကို ကိုယ်တိုင်ဖေါက်ခိုင်းတယ် မရေမရာမသေချာတာတွေ ကို စွပ်စွဲတယ် ။
ပြီးရင် တိုင်းပြည်က မငြိမ်သက်ဖူးဆိုပြီး အာဏာဆက်သိမ်းထားမယ် ။
ဒါပါပဲ ဒီအလုပ်တွေ က နအဖ လုပ်ရိုးလုပ်စဉ်တွေ ပါ ခု မှထူးခြားပြီး ထ လုပ်တာမဟုတ်ပါဘူး
ဒီတော့ ကျမတို့  ရည်ရွယ်ထားတဲ့ လမ်းကြောင်းမပျောက်သွားဖို့ အရေးကြီးပါတယ်။ဘယ်သူ့ ကိုမှဖိအား
မပေးဘူး အတင်းအကြပ်မစေခိုင်းပါဘူး ကျမတို့ မှာငွေလည်းမရှိဘူး နေစရာမြေလည်း မရှိဘူးကိုယ်မြေ
ကိုယ်သိတ်ပြန်ချင်တယ် ။ ကျမတို့ ယုံကြည်လို့  ကျမတို့ က မဲပေးခဲ့တဲ့ ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ်
ဆိုတာ တကယ်ပဲ ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ်အစစ်ဖြစ်ဖို့ ကိုယ်ပိုင် လွှတ်တော်ကိုယ်ပိုင်အစိုးရ
ရှိကိုရှိရမယ် ။ဒါဟာ လွှတ်တော်ကိုယ်စားလှယ်သာလုပ်နိုင်တဲ့ ကိုယ်ပိုင်အခွင့်အရေးဖြစ်တာကြောင့်
ဗုံးပဲဖောက်ဖောက် ညောင့်ပဲထောင်ထောင် စစ်အုပ်စုက အာဏာရှင်အလုပ်ပဲ လုပ်မှာဖြစ်သလို နအဖရဲ့
လုပ်ရိုးလုပ်စဉ်အပေါ်မှာ ကျမတို့ ရဲ့ အတွေ့ အကြုံနဲ့ ကျော်ဖြတ်မှုတွေ ကသင်ခန်းစာပေးပြီးပါပြီ ကျမတို့ 
ကိုယ်လုပ်စရာကိုယ်ဆက်လုပ်ဖို့ လိုပါတယ် ။အမတ်များကလည်းပြည်သူ့ အစိုးရ ကိုသာဖွဲ့ စည်းရမှာဖြစ်
ကြောင်းတိုက်တွန်းနိုးဆော်ရင်းဗုံးဖောက်တာနဲ့ အလုပ်မပျောက်ကြစေဖို့ ဆန္ဒပြုတိုက်တွန်းလိုက်ပါတယ် ။


တည်ကြည်လေးစားစွာ
မေအိခင်(လယ်ဝေး)

ဘူး ဘူး ဘူး "လူထုတိုက်ပွဲကော်မတီ"

Saturday, April 17, 2010

say ‘NO’ movement poster+daw san san+u aung tun sein

လူထုတိုက်ပွဲကော်မတီ မှကျင်းပပြုလုပ်သည့် သံချပ် ပြိုင်ပွဲ အောင်မြင်စွာ ကျင်းပ နိုင်ခဲ့ခြင်း

Friday, April 16, 2010

မြန်မာ့သံချပ် မပျောက်ပျက်စေရန် အစဉ်အလာ ကို ထိမ်းသိမ်းနိုင်ကြရန် နှင့် အမှန်တရားကိုပျော်ရွှင်စွာဖေါ်ထုတ်နိုင်ကြစေရန်
ရည်ရွယ်၍ သံချပ် အဖွဲ့ များကို လူထုတိုက်ပွဲကော်မတီ အဖွဲ့ ဝင်များမှ ဤ သို့ ဂုဏ်ပြုဆုများချီးမြှင့်ခဲ့ကြသည်။။




သင်္ကြန်သံချပ် ပြိုင်ပွဲ ဆုရ သတင်း

ပထမ ဆုကို - မင်္ဂလာမောင် ၂၀၁၀ က ရရှိပြီး
ဒုတိယ ဆုကို -မင်းမဟော်ကျောင်းသားများ က ရရှိကြပါတယ်
တတိယ ဆုကို -ဒေါင်းမောင်မောင် က ၂ မှတ်အသာနဲ့ ကပ်ပြီးရရှိသွားပြီး
စတုထ္ထ ဆုကို - ဖွတ်ကျား သံချပ်အဖွဲ့  ကရရှိခဲ့ပါတယ် ။ မြန်မာ့ရိုးရာ သံချပ်ရဲ့အနှစ်သာရကိုဆုရရှိသောအဖွဲ့ 
အားလုံးကပိုင်ပိုင်နိုင်နိုင်ယှဉ်ပြိုင်သွားနိုင်တာတွေ့ ရတာကြောင့် အင်မတန်မှကြေနပ်အားရမိပါတယ်။

သံချပ်သံလေးတွေ ကိုတော့ အမြည်းအဖြစ် လေ့လာကြည့်ကြပါဦး ။

မင်္ဂလာမောင် တို့ က


အဲင်အယ်လ်ဒီ ---- အဲင်အယ်ဒီ (လူထုရှေ့ဆောင် အဲင်အယ်ဒီ)
ဒေါ်စုထောင်တဲ့ အဲင်အယ်ဒီဟာ -------( လူထုရှေ့မှာ မားမားရပ်ဖို့ )
လူထုအကျိုးမလုပ်နိုင်ရင် ------(သမိုင်းရေစုံမျောရချည်ရဲ့)
၉၀ခုနှစ်ရွေးကောက်ပွဲ -------(မြန်မာ့သမိုင်းမှာ အလှည့်အပြောင်းဖြစ်ခဲ့)
ပြည်သူရွေးတဲ့အမတ်တွေ -----(အစိုးရမဖွဲ့ တာဘာ့ကြောင့်ပါလဲ)
အဲင်အယ်လ်ဒီ ကတော်ပါတယ် -------(ပြည်သူတွေကိုတောင်းပန်ဝန်ချ)
မတောင်းပန်နဲ့  အဲင်အယ်ဒီ ---(ပြင်ဆင်ဖို့ ရာအချိန်မနှောင်းသေး)
သတ္တိရှိတြ့လူကြီးတွေ -------(သန်းရွှေကိုတောင် --တရားစွဲခဲ့)
ဒီသတ္တိတွေဆက်မွေးပါ -------(အစိုးရဖွဲ့ ရန် --လက်မနှေးနဲ့ )
ပြည်သူ့ အစိုးရပေါ်ပေါက်ရင် -----(ဒို့ ပြည်သူတွေ ကျွန်ဘ၀ လွှတ်မြောက်)
ကျွန်ဘ၀လွတ်ဖို့ လုပ်ပေးပါ ----- (ဒို့  အမတ်မင်းတွေအစိုးရဖွဲ့ ကြ)
အစိုးရဖွဲ့ ဖို့ အချိန်တန်ပြီ ------အမတ်မင်းတွေ --ဘာလုပ်နေလဲ)
အဲဒီလိုမှမလုပ်ရင်ကွယ် --------(ဒို့ ပြည်သူတွေကျွန် ဘ၀ လုံးလုံး)
အဲင်အယ်(လ်)ဒီအကြောင်းတော့ တော်လောက်ပြီ ------(နောက်တခုကို ဆက်သွားကြစို့ )

ပထမဆု ရရှိသွားတဲ့ သံချပ်အဖွဲ့ ရဲ့ ပြိုင်ဆိုင်အနိုင်ရသွားတဲ့ စာသားတွေ ကို ဆက်လက် တင်ပြပါဦးမယ် ။။

မင်းမဟော်ကျောင်းသား လေးများ --က



သံချပ်မောင်တို့ ထွက်လို့ လာ --------(မမတွေရယ်သိတ်မကြည့်နဲ့ )
မင်းမဟော်ရဲ့စည်းကမ်းမှာ--- (ရည်စားဆိုတာထားလို့ မရဘူး)
အားလုံးကတော့ပြောကြတာ------(သံချပ်မောင်တွေသိတ်ချောဆိုပဲ)
သတိလေးတော့ထားလိုက်ပါ ------(အကိုတို့ ကိုသိတ်မရှိတ်နဲ့ )
မင်းမဟော်ရဲ့စေတနာ ------------(ကျောင်းသားတွေကို ပညာတက်ဖို့ )
မင်းမဟော်ရဲ့သံချပ်ဟာ ----------(အရာရာမှာအကျိုးရှိစေဖို့ )
သံချပ်မောင်တွေ ပြောသမျှမှာ ------(အမှားရှိရင်ခွင့်လွှတ်ပါဗျ)
ဒုတိယဆု ရရှိသွားတဲ့ သံချပ်အဖွဲ့ ရဲ့ ပြိုင်ဆိုင်အနိုင်ရသွားတဲ့ စာသားတွေ ကို ဆက်လက် တင်ပြပါဦးမယ် ။။

ဒေါင်းမောင်မောင် တို့ က

ရွေးကောက်ပွဲ ရွေးကောက်ပွဲ -----(မြန်မာပြည်ရဲ့ရွေးကောက်ပွဲ )
လိမ်ညာဖို့ အတွက်ပြင်ဆင်နေ -----(သူတို့ တတွေသက်ဆိုးရှည်ဖို့ )
သိလျက်သားနဲ့ ငေးနေတာ --------(၀မ်းတစ်ထွာတွက် ခက်နေလို့ ပဲ)
ရွေးကောက်ပွဲကြီးမရောက်ခင် -----(ကန့် ကွက်မဲတွေ ထဲ့ ဖို့ ပြင်ထား)
မဲတစ်ပြားရဲ့အဖြေရဲ့အဖြေဟာ -----(ပြည်သူ့ တွက်တာ ကံကြမ္မာပါပဲ)
ကန့် ကွက်မဲနဲ့  ဘူးခံရင် ----------(သူ့ တို့ ထင်သလိုလုပ်လို့ မရဘူး)
တခါသေဖူးပျဉ်ဖိုးနားလည်---------(ရောင်လည်လည်တော့လုပ်မနေနဲ့ )
တိကျပြတ်သားမှန်ကန်စွာ --------(သတ္တိဆိုတာပြကြပါစို့ )
နိုင်ငံသားတိုင်းတာဝန်ပါ --------(နိုးကြားကြပါပြည်သူပြည်သား )

ဟေ့စိန်လား ဟေ့မြလား ဝေလာမောင်တို့ ဝါးးးးးးးးးးးးးးးးးးး

တတိယဆု ရရှိသွားတဲ့ သံချပ်အဖွဲ့ ရဲ့ ပြိုင်ဆိုင်အနိုင်ရသွားတဲ့ စာသားတွေ ကို ဆက်လက် တင်ပြပါဦးမယ် ။။

ဖွတ်ကျား သံချပ် အဖွဲ့ က

မောင်တို့ မောင်တို့  (လေ့ လေ့ လေ့လေ့)
မယ်တို့  မယ် တို့  (လေ့လေ့လေလေ့ )
၂၀၁၀ ---၂၀၁၀ --- စစ်ကျွန်ပြုမယ် ၂၀၁၀
စစ်ကျွန်ပြုမယ့် ၂၀၁၀ ၂၀၁၀ ၂၀၁၀
၂၀၁၀ ကို ဒို့ မလိုလား -------(စစ်ဘီလူးတွေတန်းလျားသွား)

ရွေးကောက်ပွဲ ဥပဒေထွက်လို့ လာ (မတရားလိုက်တာ စစ်တပ်အတွက်ပဲ)

ရွေးကောက်ပွဲ ဥပဒေထွက်လို့ လာ ( ဒီမိုကရေစီနဲ့  ဆန့် ကျင်ဖက်ပဲ)

ရွေးကောက်ပွဲ ဥပဒေထွက်လို့ လာ (တရားမျှတမှုရှာလို့ မတွေ့ )

တတိယဆု ရရှိသွားတဲ့ သံချပ်အဖွဲ့ ရဲ့ ပြိုင်ဆိုင်အနိုင်ရသွားတဲ့ စာသားတွေ ကို ဆက်လက် တင်ပြပါဦးမယ် ။။

အပြည့်အစုံဆက်လက် တင်ပြပါဦးမည် ။။



ဒါလေးကတော့ ကျမသမီးငယ်လေးရဲ့  ချမ်းလွန်း လို့ တုန် နဲ့  အိုကေ --နားထား သင်္ကြန်သီချင်းတွေ နဲ့ ဖျော်ဖြေနေပုံလေးဖြစ်ပါတယ် ။
အပြာရောင်ဝတ်ထားတဲ့သမီးငယ်လေးကတော့ စာရေးဆရာမ ခင်ငြိမ်းသစ် ရဲ့ သမီးငယ်လေးဖြစ်ပါတယ် ။။

ရဲဘော်မိတ်ဆွေအပေါင်းတို့  နှစ်သစ်မှာမင်္ဂလာ အပေါင်း နဲ့ ပြည့်ဝကြပါစေ -ငြိမ်းချမ်းစွာနဲ့ ကိုယ့်တိုင်းပြည်မှာ အားလုံးအတူတကွပြန်ဆုံ
ကြရပါစို့  လို့ ဆန္ဒပြုရင်း မြန်မာတို့ ရဲ့ နှစ်ဟောင်းကို နုတ်ဆက်လိုက်ပါတယ်။

မေအိခင် (လယ်ဝေး)

လူထုတိုက်ပွဲကော်မတီက ကျင်းပတဲ့ ဘူး သင်္ကြန် နဲ့  သံချပ်ပြိုင်ပွဲ ပထမနေ့ မြင်ကွင်း

Thursday, April 15, 2010








နိုင်ငံတ၀ှမ်း ဒီကနေ့  ပြည်သူတွေရဲ့ လှုပ်ရှားမှု

ပိတောက်မြေမှ ခမောက်ဝေတဲ့ လှုပ်ရှားမှု။

၁။ ၂၀၁၀ ရွေးကောက်ပွဲအလိုမရှိ။ ၂။ လူထုတိုက်ပွဲဖော်ဆောင်ကြ။ ၃။ ပြည်သူ့အစိုးရဖွဲ့စည်းရေးဒို့အရေး။ ၄။...အမျိုးသားလွတ်မြောက်ရေး လှုပ်ရှားမှု အောင်ရမည်ဆိုတဲ့ ဒေါ်အောင်ဆန်းစုကြည်ပုံပါတဲ့ ၂ပေပတ်လည် ပိုစတာတွေပါ။




























ယနေ့ မြန်မာ့နှစ်သစ်ကူး သင်္ကြန်အကျနေ့မှာ မြန်မာနိုင်ငံလုံးဆိုင်ရာသံဃာ့ကိုယ်စားလှယ်အဖွဲ့၊ မြန်မာနိုင်ငံသာသနာတော်ကာကွယ်ရေးတပ်ဦး၊ အမျိုးသားလွတ်မြောက်ရေးလှုပ်ရှားမှုအဖွဲ့ တို့မှ ရန်ကုန်မြို့နှင့် နယ်မြို့များမှာ ဒေါ်အောင်ဆန်းစုကြည် ပိုစတာကပ်ခြင်း၊ ခမောက်ဝေခြင်း၊ စီဒီအခွေများ ဖြန့်ဝေခြင်းများကို ပူပေါင်း လုပ်ဆောင်ခဲ့ကြကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာသံဃာ့ကိုယ်စားလှယ်အဖွဲ့၊ ပြန်ကြားရေးတာဝန်ခံနှင့် မြန်မာနိုင်ငံသာသနာတော်ကာကွယ်ရေးတပ်ဦး တာဝန်ခံဆရာတော် အရှင်ဓမ္မရာဇာမှ ဆက်သွယ် ပြောကြားလာပါတယ်။

ဒီနေ့ဦးဇင်းတို့.. သင်္ကြန်အကျနေ့မှာ မနက်၁၀နာရီခွဲလောက်က မြန်မာနိုင်ငံလုံးဆိုင်ရာ သံဃာ့ကိုယ်စားလှယ်အဖွဲ့၊ မြန်မာနိုင်ငံသာသနာတော် ကာကွယ်ရေးတပ်ဦး၊ အမျိုးသားလွတ်မြောက်ရေး လှုပ်ရှားမှုအဖွဲ့ တို့ပူပေါင်းပြီး ခမောက်ဝေတဲ့လှုပ်ရှားမှုနဲ့ စီဒီအခွေဝေတာတွေကို ပြည်နယ်နဲ့ တိုင်းတွေက မြို့နယ် ၁၅ခုလောက်မှာ တချိန်တည်း တပြိုင်တည်း အောင်မြင်စွာ ပြုလုပ်ခဲ့ပါတယ်။ ပြုလုပ်ခဲ့တဲ့ တိုင်းနဲ့ပြည်နယ်က မြို့နယ်တွေကတော့ -

ရန်ကုန်တိုင်းမှာ ရွှေပြည်သာ၊ မင်္ဂလာဒုံ၊ လသာ၊ ကျောက်တံတား၊ ကြည့်မြင်တိုင်၊

မန္တလေးတိုင်းမှာ မန္တလေးဈေးချိုနဲ့ ချမ်းအေးသာဇံမြို့နယ်၊

မကွေးတိုင်းမှာ မကွေးမြို့ပေါ်၊ ပခုက္ကူ၊ နတ်မောက်၊ ရေနံချောင်း၊ ချောက်၊

ကရင်ပြည်နယ်မှာ ဖားအံ၊ ကော့ကရိတ်၊

ကချင်ပြည်နယ်မှာ မြစ်ကြီးနား၊ ဗန်းမော်၊

ဧရာဝတီတိုင်းကတော့ ဘိုကလေးမြို့နယ်မှာ လုပ်ဖြစ်ပါတယ်။

အင်မတန်မှ အောင်မြင်ပြီး အားတက်စရာပါပဲ။ အဓိကရည်ရွယ်ချက်ကတော့ ပြည်သူတွေအားလုံး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နဲ့ တသွေးတည်းတသားတည်း ဖြစ်တယ်ဆိုတာ ပြချင်လို့ လုပ်ဆောင်တာပါ။ ထူးခြားတာတွေကတော့ ပြည်သူတွေ လှိုက်လှိုက်လှဲလှဲ ယူကြတာပါပဲ။ ကြည့်မြင်တိုင်မှာ ဝေတုန်းကတချို့နိုင်ငံရေးအမြင်နဲ့ မယူရဲတဲ့သူတွေ ရှိပေမယ့် အနားမှာရှိနေတဲ့ ဒကာ၊ဒကာမလေးတွေက လှိုက်လှိုက်လှဲလှဲ လာတောင်းယူကြတော့ ဘေးကသူတွေပါ တောင်းယူကြတယ်။ နောက်အသက်ကြီးကြီး လူကြီးတစ်ယောက်က နွေမှာပိတောက် ရင်မှာခမောက်ဆိုပြီး အော်ပြောသွားပါတယ်။ အားလုံးနိုင်ငံရေး စိတ်ဓာတ်နိုးကြားကုန်တယ်လေ။

မြို့ထဲမှာဝေတုန်းက ခမောက်ဝေနေတဲ့ အချိန်မှာ ရဲကားတစ်စီး ရောက်လာပြီးရပ်ကြည့်သေးတယ်၊ နောက်ပြန်သွားတယ်။ ဦးဇင်းတို့က သူတို့တွေကြားအောင် ဝေတဲ့အချိန်မှာ ပြည်သူတွေ အရိပ်ရအောင် ဝေနေတာပါဆိုပြီး ခမောက်ကို ပေါ်ပေါ်တင်တင် ပြောပြီးဝေတယ်လေ။ ခမောက်နဲ့အတူ စီဒီအခွေလည်း ဖြန့်ပါတယ်။ စီဒီက အမျိုးသားလွတ်မြောက်ရေးလှုပ်ရှားမှုအဖွဲ့က ဒကာတွေ လုပ်တာပါ။ ဘယ်ဟာမှန်တယ် မှားတယ်ဆိုတာ သိရအောင်ရယ်၊ နောက်အားလုံးလက်ခံနိုင်တဲ့ အချက်အလက်တွေ စီဒီထဲမှာ အကုန်ပါတယ်လေ။ နောက်မကွေးတိုင်း နတ်မောက်မှာ ခမောက်ဝေတာ ဗိုလ်ချုပ်အောင်ဆန်းအိမ်နားမှာပါ။ အခုပြတိုက်လုပ်ထားတဲ့ နေရာမှာပါ။ အာဏာပိုင်တွေ တအံ့တသြနဲ့ လာကြည့်ပြီး နောက်ဓာတ်ပုံရိုက်သွားတယ်လို့ သိရတယ်။ တခြားဘာမှတော့ နှောင့်ယှက်တယ်လို့ မကြားရပါဘူး။

ပိုစတာတွေကတော့ ၁။ ၂၀၁၀ ရွေးကောက်ပွဲအလိုမရှိ။ ၂။ လူထုတိုက်ပွဲဖော်ဆောင်ကြ။ ၃။ ပြည်သူ့အစိုးရဖွဲ့စည်းရေးဒို့အရေး။ ၄။...အမျိုးသားလွတ်မြောက်ရေး လှုပ်ရှားမှု အောင်ရမည်ဆိုတဲ့ ဒေါ်အောင်ဆန်းစုကြည်ပုံပါတဲ့ ၂ပေပတ်လည် ပိုစတာတွေပါ။

အခုတစ်ရာကျော်ကို မနက် လေးနာရီလောက်ထဲက စပြီး ဦးဇင်းတို့ မဏ္ဍပ်ပေါင်း(၄၀)ကျော်မှာ လိုက်ကပ်ပါတယ်။ ဦးဇင်းတို့ ပြည်နယ်နဲ့တိုင်း တစ်ချိန်တည်း တပြိုင်တည်းလုပ်တာပါ။ ဦးဇင်းတို့ ခမောက်လှုတာ တစ်ကြိမ်တစ်ခါမှ မလုပ်ဘူးပါဘူး အခုမှ စလုပ်တာပါ။ ဦးဇင်းတို့လုပ်နေတာ ခုနှစ်ရက်သားသမီးတွေ အတွက်လုပ်နေတာပါ။ အဓိကက ခမောက်ကို လှုဒါန်းရတာကတော့ ပြည်သူတွေ အားလုံးက အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နဲ့ အတူရှိနေပြီး တသွေးတည်းတသားတည်း ဖြစ်တယ်ဆိုတာကို ပြပြီး စိန်ခေါ်လိုက်ခြင်းဖြစ်ပါတယ်။ ဦးဇင်းတို့ နအဖကိုဆက်ပြီး တောင်းဆိုတိုက်ပွဲဝင်နေမှာပါ။ ၂၀၀၈ခုနှစ် နောက်ပိုင်းကစပြီး ဆန့်ကျင်လာတာပါ။ ၂၀၀၈ အခြေခံဥပါဒေကို မပြင်သရွေ့ စစ်အာဏာရှင်တွေကို စိန်ခေါ်ပြီး ပြည်သူတွေဘက်က ဆက်လက်ရပ်တည်ပြီး တိုက်ပွဲဝင်မှာ ဖြစ်ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာသံဃာ့ကိုယ်စားလှယ်အဖွဲ့၊ ပြန်ကြားရေးတာဝန်ခံနှင့် မြန်မာနိုင်ငံသာသနာတော် ကာကွယ်ရေးတပ်ဦး တာဝန်ခံဆရာတော် အရှင်ဓမ္မရာဇာမှ ပြောကြားသွားပါတယ်။ ယနေ့ခမောက် အလုံးရေ ၁၅၀၀ကျော် ဝေနိုင်ခဲ့တဲ့ အကြောင်း ဆက်လက်ပြောပြသွားပါတယ်။



































ရန်ကုန်မှာကပ်တဲ့ ပိုစတာပုံကို ဖော်ပြလိုက်ပါတယ်။ အခြားလက်ခံရရှိထားတဲ ဓာတ်ပုံများကိုတော့ ခွင့်ပြုချက်ရယူပြီး ဖော်ပြပါမည်။

ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ်များမှမဲဆန္ဒရှင်ပြည်သူများထံပန်ကြားချက်များ

Tuesday, April 13, 2010

ဆိပ်ကမ်းမြို့ နယ်ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဒေါ်စန်းစန်းနှင့် ပုဏ္ဏားကျွန်းမြို့ နယ် ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ်ဦးအောင်ထွန်းစိန် တို့ မှ ၄င်းတို့ ကိုမဲဆန္ဒပေးထားသောပြည်သူများထံသို့ 
ဤသို့ ပန်ကြားထားသည်




လူထုခေါင်းဆောင်ကအဖွဲ့ချုပ်အနေနဲ့ မိမိရဲ့ ဆုံးဖြတ်ချက်တွေကို ခိုင်ခိုင်မာမာ ရပ်တည်ဖို့

Wednesday, April 7, 2010

အဖွဲ့ ချုပ်ရဲ့ဆုံးဖြတ်ချက်ဟာဘာလဲ

ဒီမိုကရေစီရဖို့ 

ပြည်သူ့ အာဏာပြည်သူ့ လက်ထဲ ရှိဖို့ 

ဒါဆို ပြည်သူ့ အစိုးရ မှတပါး အခြားမရှိ

ဒေါ်စုရဲ့ပြောဆိုချက် အတိုင်းဆို ကိုယ်ဘာလုပ်ရမယ်ဆိုတာ သိကို သိရပါလိမ့်မယ် ဥပါယ်တံမျဉ်တွေ ဖယ်ခွါပြီး
ရဲရဲသာတိုက် ကျမတို့ တကယ်လိုက်ခဲ့မှာပါ ။ ပြည်ပ က မို့ လို့ အော်နေတာမဟုတ်ဘူးလက်တွေ့ ကျော်ဖြတ်ခဲ့ရ
တဲ့ အတွေ့ အကြုံတွေ အရ ဖြစ်သင့်တာကို တိုက်တွန်းနေတာပါ ။ထောင်ဆိုတာကျမတို့ အတွက်ပါးပါးလေးပါပဲ -
ကြောက်တက်ရင် လွဲ မယ် ဒီတစ်ခါလွှဲရင် ဘာနဲ့ မှ အစားထိုးမရတဲ့ ဆုံးရှုံးမှုကြီးမို့  ပြည်သူတွေပေးထားတဲ့
့ မန်းဒိတ် ကိုရဲရဲကိုင်ဆုတ်ပြီး ၁၉၉၀ ရလဒ် ကို လက်မလွှတ်စတမ်းပြည်သူ့ လွတ်လပ်ရေးပန်းတိုင်သို့ သွားကြပါစို့ 

မေအိခင်(လယ်ဝေး)

အဖွဲ့ချုပ်ဟာ မိမိရဲ့ ဆုံးဖြတ်ချက်တွေကို ခိုင်ခိုင်မာမာ ရပ်တည်ရမယ်ဟု လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ပြောဆို

လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်မှ အဖွဲ့ချုပ်၏ ၂၉ရက်နေ့က တညီတညွတ်တည်း ဆုံးဖြတ်လိုက်သည့် ပါတီမှတ်ပုံမတင်ရေး ဆုံးဖြတ်ချက်အား ကျေနပ်ကြောင်းနှင့် အဖွဲ့ချုပ်အနေနဲ့ မိမိရဲ့ ဆုံးဖြတ်ချက်တွေကို ခိုင်ခိုင်မာမာ ရပ်တည်ဖို့ ယနေ့ အကျိုးဆောင်ရှေ့နေကြီးများ ဖြစ်ကြသည့် ဦးကြည်ဝင်း၊ ဦးဥာဏ်ဝင်းတို့နှင့် ၂နာရီခန့် တွေ့ဆုံခွင့်ရစဉ် ပြောဆိုလိုက်ပါတယ်။

ဒီကနေ့နေ့လည် ၁နာရီကနေ ၃နာရီအအထထိ ဒေါ်အောင်ဆန်းစုကြည်နဲ့ ၂နာရီလောက် တွေ့ခွင့်ရပါတယ်။ အထူးအယူခံကိစ္စအတွက် ဥပဒေအကြောင်းအရာ အချက်(၇)ချက်ထဲက (၅)ချက်တော့ ညှိနှိုင်းပြီးစီးသွားပြီး.. ကျန်တဲ့ (၂)ချက်ကတော့ နောက်တခါသွားမှ ဥပဒေတွေမှာ ရှာဖွေပြီး ပြန်ညှိရမယ်။ ဒီနေ့ဒေါ်အောင်ဆန်းစုကြည်နဲ့ အဖွဲ့ချုပ်ကိစ္စစကားပြောဖြစ်ပါတယ်။ ပြီးခဲ့တဲ့လ (၂၉)ရက်နေ့က ဆုံးဖြတ်လိုက်တဲ့ နိုင်ငံရေးပါတီများ မှတ်ပုံတင်မတင်ကိစ္စကို အဖွဲ့ချုပ်ဝင်တွေ တညီတညွတ်တည်း ဆုံးဖြတ်နိုင်တာ ဝမ်းသာ.. ကျေနပ်တယ်... နောက်မနေ့က အဖွဲ့ချုပ်က ထုတ်ပြန်တဲ့ ပြည်သူသို့ ပန်ကြားချက်ကို သဘောတူတယ်။ ... နောက်အဖွဲ့ချုပ်ဟာ မိမိရဲ့ ဆုံးဖြတ်ချက်တွေကို ခိုင်ခိုင်မာမာ ရပ်တည်ဖို့ မှာကြားလိုက်ပါတယ်။ နောက်ဒေါ်အောင်ဆန်းစုကြည် မှာလိုက်တဲ့ အဖွဲ့ချုပ်ရဲ့ ဥပဒေကြောင်းအရ လုပ်ဆောင်ရမယ့် အချက်တွေကို.. အန်ကယ်တို့ သင်္ကြန်ပိတ်ရက်တွေ ပြီးရင်လုပ်ဆောင်ပါမယ်။ နောက် အဖွဲ့ချုပ်နဲ့ ပတ်သတ်တာတွေ မှာလိုက်တယ်... နောက်ပုဂ္ဂိုလ် တစ်ဦးချင်းအလိုက် မှာလိုက်တာတွေလည်း ရှိပါတယ်။ လုပ်ဆောင်စရာတွေ လုပ်ဆောင်ပြီးရင် အန်ကယ် ပြောပြနိုင်ပါမယ်။ ဟု အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပြောခွင့်ရပုဂ္ဂိုလ် ရှေ့နေကြီးဦးဥာဏ်ဝင်းက ပြောဆိုသွားပါတယ်။

နောက်တခုကတော့ တနေ့က ဦးအောင်ဆန်းဦး တားဝရမ်း ကိုတရားရုံးက ပယ်တဲ့ဟာကို ယူပြီး စည်ပင်ကို နေအိမ်ပြန်လည် ပြင်ဆင်ခွင့်ရဖို့ အန်ကယ်တို့ လုပ်ပေးရပါမယ်။ နေအိမ်က ပြင်လက်စတန်းလန်း နောက်ပြီးခြံထဲမှာရှိတဲ့ အပင်တွေက နာဂစ်တုန်းက ပါသွားတော့ အခုနွေရာသီဆိုတော့ တော်တော်ပူတယ်လေ။ ကျန်းမာရေး အနေနဲ့ကတော့ ကောင်းတယ်လို့မြင်ပါတယ်။ မိသားစုဆရာဝန် ဒေါက်တာတင်မျိုးဝင်းနဲ့ Medical Check Up လုပ်ဖို့ရှိတယ်လို့တော့ ပြောပါတယ်။
ဒီမိုးဝေရန် ထံမှ

ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဒေါ်စန်းစန်း မှ မဲဆန္ဒ၇ှင်များထံသို့ 

Tuesday, April 6, 2010

လူထုတိုက်ပွဲကော်မတီ ၂၀၁၀

Decision of Meeting (April 3 - 2010)

တော်လှန်ရေးအဓွန့် မရှည်စေဖို့  ဗိုလ်ချုပ်တို့ ခေတ် ကလို

Saturday, April 3, 2010

တိုင်းပြည်အပြောင်းအလဲကိုတကယ်လိုချင်ပြီး တော်လှန်ရေးအဓွန့် မရှည်စေဖို့  ဗိုလ်ချုပ်တို့ ခေတ် ကလို
ရဲရင့်သူတွေလိုအပ်သလို လူထုဦးစိန်ဝင်းလို အမုန်းခံ ပြီး စေတနာမှန်တဲ့တိုက်တွန်းရဲသူတွေ ဒီလိုရှိရမယ်


ဒီကနေ့  တော်လှန်ရေးမှာ ဘ၀တွေ အမျိုးမျိုး ပေးဆပ် အနစ်နာခံခဲ့သူအများစုဖြစ်တဲ့ကိုမိုးသီး ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ်
ဒေါ်စန်းစန်း ၊ ၇၄ ကစတော်လှန်ရေး ထဲ စုံနစ်ခဲ့ရတဲ့ ကိုဂါမဏိအပါအ၀င် RIT ကျောင်းသားဟောင်းကြီးများနဲ့ က စုပေါင်းပြီး လူထုလှုပ်ရှားမှုဖေါ်ထုတ်ရေး တိုက်ပွဲ ပြင်ဆင်ဖို့ အတွက် ထိုင်း-မြန်မာနယ်စပ် တစ်နေရာမှာ အစည်းအဝေးတစ်ခု ကျင်းပနိုင်
ခဲ့ပါတယ်တကယ်ကိုလွတ်လပ်ပွင့်လင်းပြီး ကိုယ့်အတွေးအခေါ် ကို ကိုယ်လွှတ်လပ်စွာဖေါ်ထုတ်ပြောဆိုခွင့်ရတဲ့ ထူးခြားတဲ့စည်းဝေး
ပွဲပဲဖြစ်ပါတယ် ။ကန့် သတ်မှု လုံးဝမရှိတာကြောင့် ဒီမိုကရေစီရဲ့အနှစ်သာရကို လက်တွေ့ ဖေါ်ဆောင်နေတဲ့သဏ္ဍန် သိတ်ကိုပီပြင်
လှပါတယ် ။ သတင်းထောက်များ လည်း အပြည့်အစုံ မလစ်မဟင်းတက်ရောက် သတင်းယူတာ ၀င်ရောက်ဆွေးနွေးတာတွေကို
ပါတွေ့ ရတဲ့အတွက် ပို လို့ ကို ထူးခြားပါတယ် ။အစည်းအဝေးရဲ့ ဆုံးဖြတ်ချက် နဲ့  ရလဒ်ကို မနက်ဖန်မှာ ထုတ်ပြန်သွားမှာဖြစ်
ကြောင်းသတင်းရရှိပါတယ် ။ ထူးခြားတဲ့ မတ်ဆိတ်နောက်တစ်ခု ကတော့ နအဖထောက်လှန်းရေးမဟုတ်ပဲ အုပ်စုဖွဲ့ ထောက်လှန်း
ရေး တစ်ချို့ လည်း တက်ရောက်လာပါတယ် ။ ကျမတို့ ကလည်း နှစ်အတော်ကြာ ထောက်လှန်းရေးနဲ့ စိန်ပြေးလိုက်တိုင်းကစား
လာသူတွေဆိုတော့ သိနေတာပေါ့ ဒီတစ်ယောက်နှစ်ယောက်နဲ့ သွားနားထောင်ခြေ လို့ သူတို့ ကိုခိုင်းစေသူတွေသတိရှိဖို့ ရာက တော်လှန်ရေးတစ်ခုလုံးအားကိုယ်ပိုင်ပစ္စည်းလို့  ထင်နေရင် ဒီစကားတွေကြောင့် စိတ်ထားတွေပြင်ဆင်စေ့ချင်ပါတယ်။
၃။ အဖွဲ့ချုပ်သည် ကျမ၏ ကိုယ်ပိုင်ပစ္စည်းမဟုတ်၊ မည်သူတဦးတယောက်၏ ကိုယ်ပိုင်ပစ္စည်းလည်းမဟုတ်။
၎။ အဖွဲ့ချုပ်အတွင်း လူမွေးသည့်အလုပ်၊ လူမွေးသည်ဟု ယူဆနိုင်သည့်အလုပ်များ လုံးဝမကြိုက် လက်မခံ။
တော်လှန်ရေးသည် သင်တို့ ၏ကိုယ်ပိုင်ပစ္စည်းမဟုတ် ဟု သာ သိသာစေအပ်ပါသည် ။







မြန်မာအလုပ်သမားများဘဝ

Friday, April 2, 2010

KKF w