welcome

၈၈၈၈ ကို ဘယ်သူတွေ စခဲ့စခဲ့ ပြည်သူတွေရဲ့ စုပေါင်းပါဝင်မှုက အခရာကျသလို ဘယ်သူတွေပေးဆပ်ပေးဆပ် အဖြူအစိမ်းလေးတွေရဲ့ နီရဲတဲ့သွေး တွေ က အမြဲ သက်သေ တည်နေပါတယ် ။

ဒေါက်တာစိန်ဝင်း အန်အဲလ်ဒီခေါင်းဆောင်တွေကို ရွေးကောက်ပွဲ ၀င်ခိုင်းနေ

Sunday, February 15, 2009

ဒေါက်တာစိန်ဝင်း အန်အဲလ်ဒီခေါင်းဆောင်တွေကို ရွေးကောက်ပွဲ ၀င်ခိုင်းနေ (ကိုမိုးသီး ဘလော့မှကူးယူတင်ပြသည်)



ပြည်တွင်းမှာလာတဲ့သတင်းရပ်ကွက်တွေအဆိုရ ဒေါက်တာစိန်ဝင်း အဖွဲ့ က ပြည်တွင်းရှိ အန်အဲလ်ဒီ ခေါင်းဆောင်တွေကို ရွေးကောက်ပွဲဝင်ဖို့  ဖိအားပေးတိုက်တွန်းမှုတွေရှိနေတယ်လို့ သိရပါတယ်။ အန်စီဂျီရဲ့ပေါ်လစီ လို့ ဆိုပါတယ်။ ဒီသတင်းကို ကိုယ်တိုင်သယ်သွားရတဲ့ အမည်မဖေါ်လိုတဲ့ ပြည်တွင်းယူဂျီကစိတ်ပျက်စွာနဲ့  We Fight We Win ကို ရင်ဖွင့်သွားပါတယ်။ ကျနော်တို့ ကွန်ရက် သတင်း များအရ အရလည်းဒေါက်တာစိန်ဝင်းက ဒေါက်တာသောင်းထွန်းကိုစေခိုင်းလိုက်ခြင်းဖြစ်ကြောင်း သိရပါတယ်။ နအဖ ကိုပြတ်ပြတ်သားသား ဆန်ကျင့်နေတဲ့ဒေါ်အောင်ဆန်းစုကြည် အတွက် ဒေါက်တာစိန်ဝင်းရပ်တည်ချက်များ ကြောင့် ဒေါ်စု နဲ့  ဦးတင်ဦး ကို ချကြွေးနေသလိုဖြစ်နေတယ်။ သတ်နေသလို့ ဖြစ်နေတယ်လို ဖြစ်နေပါတယ်။


၁- ဒေါ်စုနဲ့ ဦးတင်ဦးက က မြန်မာ အရေးကို လုံခြုံရေးကောင်စီအထိ တင်ဆွေးနွေးဖို့ တောင်းဆို နေချိန်မှာဒေါက်တာစိန်ဝင်း က Credential Challenge ကို ဆန်ကျင့် နေတယ်။


၂- ဒေါ်စု၊ဦးတင်ဦး၊ ဦးဝင်းတင် တို့ က ၂၀၁၀ ရွေးကောက်ပွဲဆန်ကျင်နေချိန်မှာ ဒေါက်တာစိန်ဝင်း က အန်စီဂျီအဖွဲ့  က ရွေးကောက်ပွဲကို ၀င်ဖို့ ဖိအားပေးနေမှု စတဲ့လုပ်ရပ်များဟာ သံသယရှိစရာဖြစ်နေ ပါကြောင်း။


၃-နာဂစ်မုန်တိုင်းဖြစ်စဉ်က အမေရိကန် နဲ့ ပြင်သစ်ရေတပ်က စစ်သဘောင်္တွေမြန်မာ့ပင်လယ် အနီးမှာရပ်ထားစဉ် အမေရိကန်ရှိမြန်မာ လူမျိုးများက အမေရိကန် ရေတပ်ကိုဝင်ရောက်လှုပ်ရှားဖို့ တောင်းဆိုစဉ်က လည်း ဒေါက်တာစိန်ဝင်းက ရေတပ်ဝင်စရာမလိုကြောင်း ပြောခဲ့တဲ့အတွက် အမေရိကန်ရှိ မြန်မာ လူမျိုးများက ဒေါက်တာစိန်ဝင်းကို စိတ်ကုန် သွားကြကြောင်းတင်ပြလိုက်ရပါတယ်။

0 comments: