welcome

၈၈၈၈ ကို ဘယ်သူတွေ စခဲ့စခဲ့ ပြည်သူတွေရဲ့ စုပေါင်းပါဝင်မှုက အခရာကျသလို ဘယ်သူတွေပေးဆပ်ပေးဆပ် အဖြူအစိမ်းလေးတွေရဲ့ နီရဲတဲ့သွေး တွေ က အမြဲ သက်သေ တည်နေပါတယ် ။

ကိုယ်ပြန်ပေးရမှာဘာလဲ

Tuesday, February 17, 2009

ကျမတို့ တိုက်ပွဲ တစ်ခုက အောင်မြင်ခါနီးမှာလည်း ပိုမိုရှုပ်ထွေးတဲ့အယူအဆအားပြိုင်မှုအထင်
အမြင်လွဲမှာမှုတွေ ဖြစ်တက်ပါတယ်ဒါလည်အောင်ပွဲနီးလို့ အခက်အခဲပိုတွေ့တယ် ဒီအခက်အခဲ
ထဲကနေ ထွက်ပေါ်လာတဲ့ အားတွေကြောင့်အရည်အသွေးပိုတက်လာမှာပါ ။။ ခြွင်းချက်တော့
၇ှိပါတယ် သိတ်ပြဿနာကိုကြီးထွားအောင်လိုက်ဖန်တီးနေသူတွေဟာကိုယ်တွေရဲ့မဟာမိတ်အင်
အားစစ် မစစ် ဆိုတာ တော့စဉ်းစားချင့်ချိန်ရမှာပေါ့ တစ်ချို့ ခံနိုင်ရည်အားနည်းသူအတွေ့
အကြုံအရ ကျော်ဖြတ်မှု နည်းသေးသူတွေမှာတော့ စိတ်ပျက်တာ အားလျော့တာမျိုးဖြစ်
တက်ပါတယ်။ကိုယ်တွေရဲ့ပြဿနာကြားမှာအဓိကဇစ်မြှစ်ဟာဘာလဲဆိုတာတော့ရှာဖို့ လို တယ်
ဒီဇစ်မြှစ်ဟာမသုံးမဖြစ်ဆိုရင်တော့ဆင်ခြင်ထုံတရားတွေနဲ့ ချင့်ချိန်ရမှာဖြစ်ပါတယ်။။

စေတနာတွေ နဲ့  နည်းဗျူဟာတွေယူဆတာတွေ လွဲချော်သွားတာမျိုးကိုတော့ပြင်လို့ ရနိုင်ပေမဲ့
ကိုယ့်တော်လှန်ရေးတစ်ခုလုံး NGO တွေရဲ့ အ၀ါးမျိုမခံရဖို့ တော့ သတိချပ်ကြဖို့ ဒီအချိန်
သိတ်အရေးကြီးပါတယ် အဆုံးစွန်ပြောရရင် ပြည်သူတွေ လွတ်မြောက်ဖို့ ကျနော်ကျမ
တို့ တိုက်ပွဲဝင်နေကြတာပါတော်လှန်ရေးလုပ်နေကြတာပါ လို့ ပြောနေတဲ့အားလုံးအားလုံး ကျမ
အပါအ၀င် ဒီသူတွေဟာ ပြည်ပမှာစားသမျှထမင်းပြည်သူနဲ့မကင်းပါဘူး ဒုက္ခသည်လျောက်ပြီး
နိုင်ငံခြား မှာ လုပ်ကိုင်စားသောက် နေရသူတွေတောင် ကိုယ့်လုပ်စာဟေ့ လို့ ပြောနိုင်ပေမဲ့
မြန်မာပြည်သူတွေအပေါ်စာနာမှု နဲ့  နိုင်ငံရေးလုပ်ခဲ့တယ်ဆိုတဲ့ ဂုဏ်ဒပ် တွေနဲ့ နိုင်ငံခြားမှာ
ခိုလုံခွင့်ရကြတာပါ ။(တော်လှန်ရေးနိုင်ငံရေးအင်အားစုလို့ အမည်ခံထား သူတွေကိုဆိုလိုတာပါ
နိုင်ငံရပ်ခြား အလုပ်ထွက်လုပ်ရင်းမှ စိတ်ပါဝင်စားလာတဲ့ ဘလော့ကာများ စေတနာရှင်အလှူ
ရှင်များကိုမဆိုလိုပါ)

လက်ရှိတိုင်းပြည်အခြေအနေပြန်ကြည့်မယ်ဆိုရင် ချောက် ထဲကနေ နွံထဲကျတော့မဲ့ဆဲဆဲပါ
ဒီအချိန်မှာ ကိုယ် ယုံကြည်ချက်ဟာနအဖ ကိုတိုက်ဖို့ ဆို ဘယ်သူဘယ်နည်းနဲ့ တိုက်တိုက်
နောက်ထပ် မဲခွဲခြင်းတွေတော့ပြုလုပ်ဖို့ မထိုက်ဖူး ဆိုတာကျမတင်ပြချင်ပါတယ် ။

သိတ်အရေးကြီးတဲ့အခြေအနေမှာနိုင်ငံတစ်ချို့ ဟာ မိမိတို့ ရဲ့ တော်လှန်ရေးနည်းနာတွေကိုသူ
တို့ အယူအဆတွေနဲ့ စွပ်ဖက်လာတာသိတ်ဆိုးပါတယ် ပြုသူတွေဟာအပြစ်မရှိပေမဲ့လက်ခံ
ဆောင်ရွက်သူတွေဟာ သိတ် ကို ရှက်စရာကောင်းပါတယ် ။


ပွင့်ပွင့်လင်းလင်းပြောရရင် ကျမတို့ ကိုယ်၌ ဒီလိုပြည်ပ နိုင်ငံတွေရဲ့အထောက်အပံ့နဲ့ မကင်း
နိုင်ခဲ့ပေမဲ့ကျမတို့ တော်လှန်ရေး ဟာ NGO ရဲ့လက်အောက်မှာတော့ဘယ်နည်းနဲ့မှမဖြစ်သင့်ပါ
ဘူးကျမကြားရပါတယ် သိလည်းသိရပါတယ် ပြီးခဲ့တဲ့ စစ်အုပ်စုကိုကုလသမဂ္ဂမှာ မြန်မာနိုင်ငံ
ရဲ့ကိုယ်စားလှယ်အဖြစ်တရားမ၀င်ကြောင်အရေးယူတင်သွင်းတဲ့ C C ကိစ္စမျိုးမှာဆိုဥရောပ
နိုင်ငံတစ်ချို့ ကဒီကိစ္စ ကိုမကြိုက် ဘူး ။ဥရောပနိုင်ငံတစ်ချို့ကမကြိုက်လို့ လိုက်မလုပ်ရဲခဲ့တဲ့
အဖြစ်မျိုးရှိခဲ့တယ် ။။ ဒီကိစ္စမှာ သူတို့  မကြိုက်တာဘာဖြစ်လဲ သူတို့ နိုင်ငံအရေး သူတို
့လူမျိုးအရေးမှမဟုတ်ပဲ ကျမတို့ နိုင်ငံနဲ့ ကျမတို့ လူမျိုးအရေးမှာသူတို့ ကူညီချင်ကူညီမကူညီ
ချင်နေပေါ့ ဒီအကူအညီတွေမရတော့မှာဆိုးလို့  NGO သဘောအတိုင်း လိုက်လျောညီထွေ
လုပ်မိတဲ့ ဒေါက်တာစိန်ဝင်းခမျာ လည်းမျက်နှာမဖေါ်သာတော့ပါဘူး။။

ဟိုး ပြီးခဲ့တဲ့ စစ်အုပ်စုလုပ်တဲ့ အချက်(၄) (အခြေခံဥပဒေမဲထဲ့ရေး) မှာလည်းဒီလိုပဲ
ဘာတွေများ တွေးပြီးဆုံးဖြတ်လိုက်ကြလဲမသိဘူး ကန့် ကွက်မဲသွားထဲ့ရေးလျို့ ဆော်လိုက်
တာဖြင့်NGO တွေကနေတဆင့်ရတဲ့ပြည်တွင်းဖုန်းဆက်ခ ဖုန်းဖိုးတင်အတော်သုံးလိုက်တယ်
ဆိုပဲ။ ဖြစ်သင့်သလားဆိုတာ ကျမလိုနိုင်ငံရေးမသိတဲ့ ပါမွှားတောင်ချင့်ချိန်မိလို့ သတင်းစာ
တစ်ချို့ မှာအမုန်းခံပြီး ဆောင်းပါးတွေရေးတင်ခဲ့ပါတယ်။ကျမအင်အားကဘာမို့ တုန်းအများ
ညီတော့ ဤတောင်ကျွဲဖြစ်ဆိုသလိုပဲ နအဖ လုပ်တဲ့လမ်းစဉ်ခုနှစ်ရပ် ထဲကအချက်(၄)ကို
သွားဝင်ပတ်သတ်လိုက်ပြန်ရော --ဒါလည်း NGO အကြိုက်ပဲဖြစ်ခဲ့တာကိုး ။။

ကျမတို့ တိုင်းပြည်ဒုက္ခရောက်နေတယ် ပြည်သူတွေ စစ်အုပ်စုဘေးသဘာဝဘေးအငတ်ဘေး
တွေနဲ့ ကြုံနေတယ် ဒါတွေကိုဖွံ့ ဖြိုးပြီးနိုင်ငံတွေက ကူညီတယ်သူတို့ အကျိုးကြည့်ကြည့်
မကြည့်ကြည့်ကျမတို ကတော့ဒီလိုထောက်ပံ့လာတာတွေကိုချင့်ချိန်ပြီးယူရမယ်
ကိုယ်ပြန်ပေးရမှာဘာလဲ ကိုယ်ယုံကြည်ချက်နဲ့ ကိုယ်လမ်းစဉ်နဲ့  ဒီငွေတွေနဲ့ လဲရမယ်ဆို
ရဲရဲသာ ခါထုတ်လိုက်ပါ။ ရပ်တည်ရေးအတွက် မပူပါနဲ့  စေတနာမှန်ရင်
လာပါလိမ့်မယ် ကမ္ဘာမှာတစ်နိုင်ငံနဲ့ တစ်နိုင်ငံအယူအဆ မူဝါဒခြင်းမတူတဲ့အတွက် တူတဲ့သူ
ခြင်းရပ်တည်လာပါလိမ့်မယ်။
ကျမဒီဆောင်းပါးကိုတင်ပြရတာတော့ ကျမတို့ တစ်တွေ၂၀၁၀ကိုအပြတ်ကန့် ကွက်ဆန့် ကျင်
်မယ်လက်မခံဘူး ဘက်ပေါင်းစုံကနေ နည်းပေါင်းဆုံနဲ့ ဆန့် ကျင်သွားမယ်ဆိုတဲ့အခါ အသံ
ထွက်လာပါတယ်။ တစ်ချို့ သော နိုင်ငံများက ဒေါ်လာထုတ်လေးပြပြီး ၂၀၁၀ ရွေးကောက်ပွဲ
ဝင်ရင် ဒါ ---ရမယ်ဆိုတာမျိုး ကူညီမယ်ဆိုတာမျိုး -- အဲဒီအခါ အညှာ မခိုင်သူများဟာ
ယိုင်လာကြပြီး ကိုယ်ကိုယ်တိုင်တော့ပြန်မ၀င်ရဲ ၀င်ရဲ နဲ့ မို့ နီးစပ်ရာ ပုဂ္ဂိုလ်တွေကိုတိုက်တွန်း
ပြီးမြန်မာပြည်ကို နွံထဲနစ်မဲ့အဖြစ်တော့ မလုပ်မိကြပါစေနဲ့ လို့ သတိပေး တိုက်တွန်းလိုက်ပါ
တယ်။။

အောင်ပွဲနီးလေ အခက်အခဲကြီးလေ
အခက်အခဲကြီးလေ အရည်အသွေးတက်လေ

မေအိခင်(လယ်ဝေး)

0 comments: