welcome

၈၈၈၈ ကို ဘယ်သူတွေ စခဲ့စခဲ့ ပြည်သူတွေရဲ့ စုပေါင်းပါဝင်မှုက အခရာကျသလို ဘယ်သူတွေပေးဆပ်ပေးဆပ် အဖြူအစိမ်းလေးတွေရဲ့ နီရဲတဲ့သွေး တွေ က အမြဲ သက်သေ တည်နေပါတယ် ။

အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ် မှ ယနေ့ ပြုလုပ်ကျင်းပသည့် ပညာပေး ဟောပြောပွဲ

Tuesday, February 10, 2009

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ရုံးချုပ်တွင် "စီးပွားရေး ဘာသာရပ်" ဟူသော ခေါင်းစဉ်ဖြင့် လူငယ်ပညာပေး ဟောပြောပွဲတရပ်အား ယနေ့မွန်းလွဲပိုင်း၌ ကျင်းပခဲ့သည်။

ရန်ကုန်မြို့မှ စီးပွားရေးပညာရှင် ဦးမျိုးမြင့်က စီးပွားရေးဘာသာရပ်၊ ငွေကြေးဖောင်းပွမှု၊ အခွန်ပြဿနာ၊ ကမ္ဘာ့စီးပွားရေး အကျပ်အတည်းနှင့် သက်ဆိုင်ရာ နိုင်ငံအစိုးရများ၏ ကူညီထောက်ပံ့ ဖြေရှင်းမှုများ စသည်တို့ကို အကျယ်တဝင့် ရှင်းပြသွားသည်။

ဟောပြောပွဲသို့ ဦးဝင်းတင်၊ ဦးခင်မောင်ဆွေ၊ သခင်စိုးမြင့်၊ ဒေါက်တာ သန်းငြိမ်း၊ဦးအုံးမောင်၊ဖျာပုံနီလုံဦး ဒေါက်တာဒေါ်မေဝင်းမြင့် တို့ အပါအဝင် လူငယ်များ၊ အမျိုးသမီးအဖွဲ့ဝင်များ စုစုပေါင်း (၁၀၀) ဦးကျော် တက်ရောက်ခဲ့သည်။
၎င်းဟောပြောပွဲတွင် ကိုမျိုးသန်းထက် (တိုင်းလူငယ်အကူအညီပေးရေးအဖွဲ့ဝင်)မှ ဦးမျိုးမြင့် 
၏ အထ္ထုပ္ပတ္တိ အားဖတ်ကြားပြပြီး ကိုအေးနှိင်(တိုင်းလုငယ်အကူအညီပေးရေး)မှ အခမ်းနားမှူး အဖြစ်ဆောင်ရွက်ခဲ့ 
ပါသည်။ လူငယ်လူကြီးများမှ တက်ကြွစွာ ပါဝင်နားထောင်ကြပြီး မေးခွန်းများကိုအပြန်အလှန်မေးခဲ့ ပါသည်

ဆွေးနွေးပွဲ၌ မြန်မာနိုင်ငံ၌ စပါးဈေးများ ကျဆင်းနေမှု၊ နာဂစ်နောက်ပိုင်း စပါးအထွက်နှုန်း ကျနေသဖြင့် လယ်သမားများ နစ်နာနေမှုအပေါ် စပါးများကို မြန်မာစစ်အစိုးရ ကိုယ်တိုင် တာဝန်ယူ ဝယ်ယူခြင်းဖြင့် ဖြေရှင်းပေးရန် လိုအပ်ကြောင်း စီးပွားရေးပညာရှင် ဦးမျိုးမြင့်က ဟောပြော ဆွေးနွေးခဲ့သည်။

ထို့အပြင် အခွန်ဆောင် ပြည်သူများသည် မိမိတို့ ပေးဆောင်သည့် အခွန်များအား အစိုးရက မည်သည့်နေရာတွင် သုံးစွဲသည်ကို စိစစ်ပြီးမှ အခွန် ထမ်းဆောင်သင့်ကြောင်း၊ ပြည်သူများသည် ဝင်ငွေတက်လာခြင်း မရှိသော်လည်း မြန်မာစစ်အစိုးရက အခွန်များသာ တိုးကောက်နေသဖြင့် "အခွန်ပိ" နေပြီး မတရားအခွန်ကောက်ခံနေခြင်းမှာ ဆတ်ကြေးကောက်သလိုသာဖြစ်နေကြောင်းနှင့် အကောက်ခံ၇သူများအနေဖြင့် မိမိတို့၏အခွင့်အရေးကို မိမိ တို့ ကာကွယ်ရန်လိုကြောင်းလည်း သူက ဆက်လက် ဆွေးနွေးခဲ့သည်။

ယနေ့ ဟောပြောပွဲသည် ရန်ကုန်တိုင်း လူငယ် အကူအညီပေးရေး အဖွဲ့နှင့် မြို့နယ်လူငယ်များ ပူးပေါင်း ဆောင် ရွက်သည့် လူငယ်ပညာပေးရေး အစီအစဉ်အရ ကျင်းပခြင်း ဖြစ်သည်။




0 comments: