welcome

၈၈၈၈ ကို ဘယ်သူတွေ စခဲ့စခဲ့ ပြည်သူတွေရဲ့ စုပေါင်းပါဝင်မှုက အခရာကျသလို ဘယ်သူတွေပေးဆပ်ပေးဆပ် အဖြူအစိမ်းလေးတွေရဲ့ နီရဲတဲ့သွေး တွေ က အမြဲ သက်သေ တည်နေပါတယ် ။

ကျမချစ်ခင်လေးစားရသူ ဒီမိုကရေစီခေါင်းဆောင်ကြီးရဲ့ နောက်ဆုံးခရီး

Saturday, December 24, 2011

ကွယ်လွန်သူ ချက်သမ္မတဟောင်း ဗားဆလပ်ဟာဗဲလ် (Vaclav Havel) အတွက် ပရာ့ခ်မြို့တော်မှာ ပြုလုပ်တဲ့ နိုင်ငံတော်ဈာပနကို ကမ္ဘာ့ခေါင်းဆောင်တွေနဲ့ ပြည်သူတွေက ဂါရ၀ပြုတက်ရောက်ကြပါတယ်။ အသက် ၇၅ နှစ်အရွယ် ချက်ခေါင်းဆောင်ဟောင်းဟာ အိပ်ပျော်နေချိန် အသက်ရှူလမ်းကြောင်း ယိုယွင်းပြီး တနင်္ဂနွေနေ့က ကွယ်လွန်သွားခဲ့တာဖြစ်ပါတယ်။ ပြဇာတ်ရေးဆရာတစ်ဦးဖြစ်တဲ့ မစ္စတာ ဟာဗဲလ်ဟာ သူ့နိုင်ငံရဲ့ ပထမဆုံးသော ဒီမိုကရေစီနည်းနဲ့ ရွေးကောက်ခံသမ္မတ ဖြစ်ခဲ့သူပါ။ မစ္စတာဟာဗဲလ် အတွက် ပရာ့ခ်ရဲတိုက်မှာ ပြုလုပ်မယ့် ၀တ်ပြုဆုတောင်းပွဲကို တက်ရောက်ကြမယ့်သူတွေထဲမှာ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန် (Hillary Clinton) နဲ့ ခင်ပွန်းသည် သမ္မတဟောင်း ဘေလ် ကလင်တန် (Bill Clinton)၊ ဂျာမဏီဝန်ကြီးချုပ် အဲန်ဂလာ မာခဲလ် (Angela Merkel)၊ အစ္စရေးလ် သမ္မတ ရှီမွန် ပဲရက်(စ်) (Shimon Peres) နဲ့ ပြင်သစ်သမ္မတ နီကိုးလတ်စ် ဆာကိုဇီ (Nicolas Sarkozy) တို့လည်း ပါဝင်ပါလိ့မ်မယ်။ ပြီးခဲ့တဲ့ ၃ ရက်အတွင်း ပရာ့ခ်မြို့တော် ဘုရားကျောင်းတစ်ခုမှာ ခေါင်းသွင်း ပြသထားတဲ့ သမ္မတဟောင်းရဲ့ ရုပ်ကလပ်ကို ချက်ပြည်သူ ထောင်ပေါင်းများစွာတို့ တန်းစီပြီး ဂါရ၀ပြုခဲ့ကြပါတယ်။ ၁၉၈၉ ခုနှစ်မှာ ရာထူးလက်ခံခဲ့တဲ့ မစ္စတာ ဟာဗဲလ်ဟာ ချက်ကိုစလိုဗားကီးယားမှာ ဈေးကွက်စီးပွားရေးနဲ့ ဒီမိုကရေစီကို ကြီးကြပ်ဖော်ဆောင်ပြီး ချက်နဲ့ စလိုဗားကီးယား နှစ်နိုင်ငံ ခွဲခြမ်းမှုကိုလည်း ငြိမ်းချမ်းစွာ ဆောင်ကျဉ်းနိုင်ခဲ့သူ ဖြစ်ပါတယ်။ စလိုဗားကီးယားနိုင်ငံ ကလည်း မစ္စတာဟာဗဲလ်ကို ဂုဏ်ပြုသောအားဖြင့် သောကြာနေ့ကို တနိုင်ငံလုံး ၀မ်းနည်းမှု အထိမ်းအမှတ်နေ့အဖြစ် သတ်မှတ်ထားပါတယ်။

NLD လူငယ်တွေ ရဲ့အမျိုးသားအောင်ပွဲနေ့ 

Saturday, November 19, 2011

NLD ဟာ သမိုင်းကြောင်းအကောင်းတွေရှိတယ် NLD ဟာ လွတ်လပ်ခြင်း ရိုးသားပွင့်လင်းခြင်း တရားမျှတခြင်းနဲ့ အပြန်အလှန်လေးစားလိုက်နာမှု ရှိတဲ့ အဖွဲ့ ဝင်အများစုနဲ့  ရှင်သန်ဆဲပဲ NLD အစစ်တွေဟာ ပါတီအကျိုးထက် တိုင်းပြည်အကျိုးကိုကြည့်ခဲ့ကြတယ် NLD သမိုင်း အထူးသဖြင့် NLD က ရဲရင့်တဲ့ လူငယ်တွေရဲ့ သမိုင်းဟာ ဘယ်သူ အရောင်စိုးလို့ မှ မညှိုးဘူး အတင့်ရဲရဲ နဲ့ ခေါင်းဆောင်ရဲ့ ဦးဆောင်မှုအပေါ် နောက်လိုက်ကောင်းပီသစွာ ခရီးဆက်နှင်နေဦးမှာပဲ -- ဒီလိုသမိုင်းတွေ အကြတ်အတည်းကြားက ကျော်ဖြတ်ခဲ့ကြရ တာမို့  မုချမသွေ NLD တွေက မြန်မာပြည်သူအတွက် ဒီမိုကရေစီလမ်းပေါ်တင်ပေးနိုင်လိမ့်မယ် လို့ ယုံကြည်တယ် ။-။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။ အမျိုးသားအောင်ပွဲနေ့ နဲ့  NLD လူငယ်။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။ ကျောင်းသားသပိတ်ကနေအခြေခံတဲ့အမျိုးသားအောင်ပွဲနေ့ ။အဲဒီနေ့ ကိုကျမတို့ NLD လူငယ်တွေတန်ဖို့း ရှိရှိကျော်ဖြတ်သွားကြမယ်။ကျောင်းသားခေါင်းဆောင်ကြီးတွေရဲ့သွေးနဲ့ ချွေးနဲ့ ပေးဆပ်ခဲ့ရသလို အခုလာ မဲ့ ၁၃၆၆ တန်ဆောင်မုန်းလဆုတ်(၁၀) ရက်နေ့ ဟာ လည်းကျမတို့  NLD လူငယ်တွေ ချွေးနဲ့ သွေးနဲ့  ထောင်ဒဏ်တွေ နဲ့ ပေးဆပ် သင့်ရင်ပေးဆပ်ကြရမယ်လို့ ကျမတို့ ဆွေးနွေးဆုံးဖြတ်ခဲ့ကြတယ် ။အားလုံး ညီတယ် တစ်ခဲ နက် ပဲ သဘောတူညီခဲ့ကြတယ် ။NLD လူငယ်တွေ ညီညွတ်မှုအားတစ်ဖန်ပြန် ကြီးထွား လာတဲ့ အရှိန်ဟာ ဒီပဲယင်း အရှိန် ကြောင့်ပါ ပဲ။ ဒိုင်မရှိ အားမမျှပဲကြိုးဝိုင်းထဲ အထည့်ခံလိုက်ရတယ်။ဥာဏ်အမျှော်အမြင်ကြီးတဲ့ ခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်ဟာကိုယ့်လူငယ်တွေကိုဘယ်တော့မှလက်တုံ့ ပြန်ခိုင်းလေ့ မရှိဘူး။ သားတို့ ပြန်မလုပ် နဲ့  ပြန်မလုပ်ရဘူးနော် အဲဒီ့နေရာမှာသေသွားရင်တောင်ခံသွားရမယ်တဲ့ လေ ဒီလို ဗြဟ္မာစိုရ်တရားကြီးမားတဲ့မိန်းမသားတစ်ယောက်ကိုမညှာမတာရက်ရက်စက်စက်လုပ်ကြံရက်တဲ့အာဏာ ရူးစစ်ဘီလူးတွေ သူတို့ ကိုဆန့် ကျင်ရဲတဲ့သတ္တိငါတို့ ထောင်ထွက်တွေမှာတောင်မရှိရင်အကြောက်တရား အလွှမ်းမိုးခံကြရတဲ့ပြည်သူတွေ ဘယ်လို ရပ်တည်လေမလဲ--ဆိုပြီး -- ထောင်ကထွက်ပြီး စကျမမှာ န - အ-ဖ ကိုနှလုံးရည်နဲ့ ရင်ဆိုင်တိုက်ပွဲ ပြန်စရပါတော့တယ် NLD လူငယ် တွေ ရဲ့ လှုပ်ရှားမှုတော်တော်များများဟာ မီဒီယာ တွေ မှာကြားပြီးကြတဲ့ အတိုင်း အခြေ အနေအရ တပ်ဦးကျွံအောင်ထွက်ခဲ့ကြရပါတယ်။ကျမအဲဒီ့အချိန်မှာRFA နဲ့  အင်တာဗျူး လုပ်ခဲ့သလိုပေါ့ လူငယ်တွေဟာမိုင်းနင်းရမဲ့ေ၇ှ့တန်းကစစ်သားကလေးတွေလိုပါ။ ရဲရဲနီ တဲ့သွေးတွေ နဲ့ လမ်းခင်း ပေး တက်ကြတာပါပဲ။ ဒီပဲယင်းလုပ်ကြံမှုဟာလည်းပြင်းထန်ကြမ်းတမ်းလွန်းလို့ ဆန့် ကျင်ဖို့ လုပ်ငန်းတွေ သွေးတိုး စမ်းဖို့ ဆို တာကလည်း လူငယ်ပဲမဟုတ်လား။ ဒီလို လှုပ်ရှားမှုအ၇ှိန်အဟုန်တွေကြားမှာ အမျိုးသား အောင် ပွဲနေ့ နှစ်ပတ်လည်ကြီးကိုရောက်လာတော့တာပါပဲ ။ ရန်ကုန်တိုင်းအတွင်းမြို့ နယ်ပေါင်း ၂၃ မြို့  နယ်က တာ ၀န်ခံ (၁) (၂) ဆက်သွယ်ရေးလူငယ်တွေက အာလိန်ငါးဆင့် ဘုရား (အင်းစိန်) မှာချိန်းလိုက်ကြတယ် အမျိုးသားနေ့ ကို ဘယ်လိုပုံစံကျင်းပမလဲဟေ့ လို့ သဘောထားယူလိုက်တာတစ်ချို့ က ဗဟန်းခြောက် ထပ်ကြီးဘုန်းကြီးကျောင်းမှာလုပ်တဲ့ဆွမ်းကျွေးပွဲကို အင်အားဖြည့်မယ်တဲ့တစ်ချို့ က သက်ဆိုင်ရာမြို့  နယ်တွေကအခမ်းအနားကိုတာဝန်ယူမယ် တစ်ချို့ ကစာဝေမယ်စသည်ဖြင့် နိုင်ငံရေး အသွင်ဆောင်တဲ့ လှုပ်ရှားမှုပုံစံတွေကိုရွေးချယ်ကြတယ် ဒီအချိန်မှာ လူငယ်တစ်ယောက်က မကြီးရေ သားတို့ ဒီလိုလုပ်ရင်မကောင်းဘူးလား---တဲ့ ပြော ဆိုတော့ ရွေတိဂုံဘုရားရဲ့စနေဒေါင့် မှကျြောင်းသားခေါင်းဆောင်ကြီးတွေရဲ့ နာမည်နဲ့ ကျောက်စာတိုင်တစ်ခုရှိတယ် အဲဒီကို အလေးတက်ပြုကြရင်ကောင်းမယ် တဲ့ -။ ကျမဥနှောက်ထဲ တော်တော်သဘောတွေ့ သွားတယ် ။ချက်ခင်းပဲ ကောင်းတယ်ဟေ့ အဖမ်းတော့ ခံရနိုင် တယ်နော်-- ဖမ်းဖမ်းကွာ --- ဒီကောင်တွေလုပ်ကြစမ်းပါစေ စတဲ့အသံစုံထွက်လာပြီး ဘုရားပေါ်ကကျောက်စာတိုင် ကိုအလေးပြုဖို့ သဘောတူလိုက်ကြတယ် ။ အားရစရာပါပဲရှင် ဒီလောက်အန္တယယ်ကြီးတဲ့ သဘောထား တစ်ခု Movement တစ်ခုကပိုကန့် ကွက်မဲ့သူမရှိပဲ (၃၃) ဦးလုံးကထောက်ခံကြတဲ့အပြင် -- တစ်ယောက်ကဒီလောက်နဲ့ ကျနော်တို့ အားမရဘူး အခမ်းအနားပါဘုရားပေါ်မှာ လုပ် မယ် နောက် တစ်ယောက် က ဘုရားရင်ပြင်ကိုသုံးပတ်လောက်ပတ်ပြီးမှ ကျောက်စာတိုင်ကို အလေးပြုမယ် နောက်တစ်ယောက်က မိန့် ခွန်းပြောပြီးအလေးပြုမယ်။ နောက်တစ်ယောက်နောက်တစ်ယောက် စသဖြင့်အကြံပြုဆွေးနွေးကြနဲ့  အရွှန်းဖောက်သိတ်ပြောတက်ပေမဲ့ အလုပ်လုပ်ရင်စေတနာတအားကြီးတဲ့ကျမကို အမေ အမေလို့ ခေါ် တက်တဲ့ Chemistry နောက်ဆုံးနှစ်တက်နေတဲ့လူငယ်လေးက ။ အမေ အမေ သားက အလေးပြု လို့  အော်ရမဲ့နေရာ ကတာဝန်ယူမယ်နော်ဆိုလို့  လေးလေးနက်နက်ဆွေးနွေးနေတဲ့ကြားက ရီလိုက်ကြသေး တယ် ။ ရီသံတွေ ခန ထိမ်းဆဲ (ဘုရားလူကြီးတွေကလည်း ကွက်ကြည့် ကွက်ကြည့် နဲ့ ) ဆုံးဖြတ်ချက်တွေချပြီး တိုင်ပင်ထားသမျှ ကတော့ (၁) သွေးဆေးကန်မှာစုရပ်လုပ်မယ် (၂) အားလုံးပင်နီဝတ်မယ် (၃) နှစ်ယောက်တစ်တွဲဆီ ဘုရားကိုသုံးပတ်ပတ်မယ် (၄) သုံးပတ်ပတ်ပြီးကျောက်တိုင်မှာမိန့် ခွန်းပြောမယ် (၅) မိန့် ခွန်းပြောပြီးအလေးပြုကာစနစ်တကျပြန်ဆင်းမယ် (၆) ဘုရားပေါ်မှတြင်လူစုခွဲပြီးဘုန်းကြီးကျောင်းသွားမယ်(ခြွင်းချက် ။။ ။ အာဏာပိုင် တွေက မတရားနှောက်ယှက်ခြင်းပြုလျှင် ရွေးချယ်ထားသော Volunteer(၆)ယောက်မှ ဖြေရှင်းမည်။ အနိမ့် ဆုံးအဆင့် အလေးပြုပြီးမှပြန်ဆင်းရန်ဖြစ်သည်။လူငယ်များဟာဒီပဲယင်းလုပ်ကြံမှုကြီး အပေါ် အခဲ ကြေနိုင်စရာအကြောင်းမရှိတာကြောင့် သေသေကြေကြေ ရင်ဆိုင်ရန် ၇ှိသော်လည်း ထောင် ဆို သည့် ခါးသီးလှသည့် နေရာသို့ သူတို့ လေးတွေ မရောက်စေလို သဖြင့်အတွေ့ အကြုံ များသော်ကျမမှ ချော့မော့ရ နားချရ သည်မှာအကြိမ်ကြိမ်ပါ ။ ဒီပွဲဟာ ပထမဦးဆုံး လူငယ်သစ်တွေကို ဦးဆောင်မှုပေး စေ တဲ့ ပွဲလည်း ဖြစ်ပါတယ်။ ကျမကိုယ်တိုင် တန်းစီ လှည့်လည်တဲ့ အထဲ မှာပါဝင်လှုပ်ရှားခဲ့ပါတယ်။ ဒါဟာ မျိုးဆက်သစ်တွေ ကို လက်ဆင့် ကမ်းရမဲ့ ကျမတို့ ရဲ့ တာဝန်လို့ ယုံကြည်မှုကြောင့်ပါ ။ NLD လူငယ်တွေရဲ့ သတ္တိဆက်လက်ကြည့် ကြရအောင်ပါ ။အမျိုးသားအောင်ပွဲနေ့  ရောက်ပြီ --- ချိန်းထား တဲ့ နေရာ ရဲ့ မလှမ်းမကမ်းကိုကျမအရောက် ကျမတောင် လန် သွားပါတယ် ဘာကြောင့်လဲ ဆိုတော့ ရွှေတိဂုံအလယ်ပစ္စယံ မွန်ပရိယတ္တိလမ်းကြားကနေ ကျမ လမ်းလျောက်လာတာ သွေးဆေးကန်ဘေး ရောက်တော့ ရဲရဲ တောက် ပင်နီတွေ နဲ့  လူငယ်၁၀၀ ကျော်က ကြို ရောက်နှင့် နေကြပြီ ပဲခူးကလူငယ် တွေ ဧရာဝတီကလူငယ်တွေ ရန်ကုန် မြို့ စွန် တိုက်ကြီးမှော်ဘီ သုံးခွ ခရမ်း ကွမ်းခြံကုန်း စတဲ့ ရပ်ဝေး က လူငယ်တွေကိုမြင်တော့ကျမထင်ထားတာထက်စည်းရုံးရေးစွမ်းအားပိုကောင်းနေတယ်။ ဦးဆောင်သူခြောက်ယောက်ကအရည်အချင်းပြလိုက်တာလေ သူတို့ တင်ပဲလား ရောက်လာသူ တွေရဲ့ ဗဟိဒ ပုံစံ အမျိုးသားနေ့ ဆိုတဲ့ ဇာတိသွေးကြောင့်ထင်ရဲ့ ပိုတက်ကြွပိုသတ္တိပြနေကြပါလား နယ်ကလူ တွေကိုမေးကြည့်တယ် ။ နင်တို့ --- ပဲ ရှိသေးတယ် မမေးနဲ့ မကြီး ဒီတကွက်နောက်ကျသွားပြီ။ သားတို့  က ည အိမ် တာဗျ တဲ့ တစ်ချို့ က နံနက် ၄း၀၀ လောက်ထလာကြတာတဲ့။ ဆက်သွယ်ရေးက တော့ မြန်ပါတယ် လူငယ်တွေ ရဲ့ စေတနာ ပါတာကိုး။ တဖွဲဖဲါ နဲ့ --ချိန်းထားချိန်နီးတော့သွေးဆေးကန် နဲ့ လွတ်ငါးအရောင်းဆိုင်လေးတွေ ရှေ့ မှာ ရုံးစုရုံးစု နဲ့ ပင်နီမ၇ှိသူတွေ အတွက် လူကြီးတွေ ထံကကြို ငှါးထားတဲ့ ပင်နီတွေ ၀တ်ကြ အချင်းချင်း အဆင်ပြေအောင်စီစဉ်ပေးကြနဲ့  လှုပ်၇ှားမှု တစ်ခု အတွက် ပြင်ဆင်နေကြဆဲ Timingယူထားတဲ့ အချိန်ကကပ်လာပြီလေထောက်လှန်းရေးတွေ ထောက်လှန်းရေး အထောက်အကူပြု ကြံ့ဖွံ့ တွေ မျက်စိမျက်နှာပျက်ပြီးဘုရားပေါ်ဆင်းလိုက်တက်လိုက်နဲ့ ခြေတိုနေပြီ ။ ထောက်လှန်းရေးဗိုလ်မှုးတွေအဆင့်အထိရောက်လာပြီဆိုတာကျမတို့ ရှေ့ ပြေးတွေကလည်းသတင်းပို့  နေပါပြီ။ ဒါတင်ဘယ်ကမလဲ ဘုရားရဲတွေ ကလည်း နှံပါတ်ဒုတ်ကိုယ်စီနဲ့ အပြည့်ဆိုပဲ ။ဒီသတင်းကြားမှ လူငယ်တွေ ပို တက် ကြွလာတယ်။အောက်ခြေကထောက်လှမ်းရေးတွေ နဲ့ ရင်ဆိုင်ရတာရိုးနေပြီ သူတို့ ပြာလေ သူတို့ နာလေ ပဲ ။ လက်နက် ဆိုလို့ သွားကြားထိုးတံ တောင် မကိုင်တဲ့ နှလုံးလှတဲ့လူငယ်တွေ နဲ့ ရင်ဆိုင်ရမှာ သူတို့ အလန့် ဆုံးပဲ မဟုတ်လား ။ ထောက်လှန်းရေးအင်အားစု နဲ့  ဘုရားရဲ အင်အားစု ဘယ်လောက်အင်အား ပြပါစေ NLD လူငယ် ၄၅၂ ယောက်ကတော့ ရည်ရွယ်ချက်ဆုံးဖျက်ချက် အတိုင်း အမျိုးသားအောင်ပွဲနေ့ ကို ရွှေတိဂုံဘုရား အနောက် ဖက် မုခ်သွေးဆေးကန်က နေနှစ်ယောက်တစ်တွဲ ညီညီညာညာ တန်းစီပြီး တက်သွားပါတယ် ။ ဒီလို ဘုရားပေါ်တက်လာတဲ့ လူတန်းကြီးကို ဘုရားဖူးပြည်သူတွေ တအံ့တသြ အားပေး နေကြပါတယ် တစ်ချို့ ဆို ၀င်ပြီး တန်းစီ လိုက်ပါလာတာကြောင့် ကျမတို့ မှာ ထောက်လှန်းရေး ပရောဂ ပါလာမှာစိုးလို့  အစစ သတိထားနေရပါတယ်။ပြင်ဆင်မှုရှိဟန်တူတဲ့ ထောက်လှန်းရေးကင်မရာပေါင်း ငါးဆယ.်မကဗွီဒီရိုကင်မရာဆယ်လုံးမက ထောက်လှန်းရေး နဲ့ ဘုရားရဲပေါင်း ၁၀၀မက ကြို တင် ဖြန့် ကျက်ထားပြီးကျမ တို့ ဘုရားကို သုံးပတ်ပတ်နေတာ ကို ပျာရိပျာယာနဲ့ နောက် က လိုက် နေပါတယ် ဘုရားဖူးပြည်သူတွေ ကလည်း ကျမတို့ ဖက် က ရပ်တည်နေသလို အားပေးနေကြပါတယ်Foreigner နိုင်ငံခြားသား တစ်ချို့  ကလည်း ဟိုမေးသည်မေး နဲ့ ဓါတ်ပုံဝင်ရိုက်လိုက်ကြသေးတယ်။ ဘုရားကိုလက်ယာရစ်သုံးပတ်ကြည်ညိုလို့ ပြီးတာနဲ့ ကျောင်းသားခေါင်းဆောင်ကြီးများကဗျဉ်း ထိုးထား တဲ့ ကျော်က စာတိုင် ကြီးများရှိရာ ချီတက်လာကြပြီး ထောက် လှန်းရေးကာရံ ထားတဲ့ ( ဒီမနက်မှကာ ထားဟန်ရှိ) ၀ါးရာဇမတ် လေးထောင့်ကွက်ဘေးမှာရာဇမတ်နဲ့ ခန္တာကိုယ်တွေ ထိထားရင်းအားလုံ လေး ထောင့်ပတ်လည်ဝန်းရံလိုက်ကြတယ်တစ်ပြိုင်နက် ထဲမှာကျမတို့ လူငယ်ထုရပ်နေတဲ့ အကြားထောက် လှန်းရေးတွေ စကားပြောစက် ကိုယ်စီ နဲ့ ဖြန့် ဝင် လာကြပါတယ်။ဘုရားရဲ တွေ ကဒုတ်တွေ နဲ့ ကျမတို့ ကိုဝိုင်းထားကြပါတယ်။ မလှမ်းမကမ်းမှာတော့ Forenger အယောက် ၂၀ လောက်ကို အခြေအနေအရပ်ရပ်ကို နားလည်ဟန်တူ တဲ့ အခြား Forenger တစ်ယောက် ကိုရှင်းပြနေပြီး ကျမတို့ အင်အားစုကိုစောင့်ကြည့်ပေးနေကြပါတယ် ဖြစ်စဉ်က တစ်ပြိုင်နက်ပါ။ထောက်လှန်းရေးတစ်ဦး က ဒီမှာဘယ်သူခေါင်းဆောင်လဲ ဟုမေးရာ (ကျမတို့ ကြိုတင်စီစဉ်ထားတဲ့ အတိုင်း အားလုံးခေါင်းဆောင်ပဲဟုပြန်ဖြေလိုက်ကြပါတယ်။ ထိုအခါအရာ ၇ှိဟုထင်ရသူတစ်ယောက်က ဒီမှာ အခမ်း အနားလုပ်ခွင့် မပြုဘူး ခု ပြန်ဆင်းပါ ။ဆိုတဲ့ အမိန့်  နဲ့ အတူ ညာသံ များပါလာပါတယ်။ လူငယ်များထံ မှလည်း ကျနော်တို့ အလေးပြုပြီးမှ ပြန်ဆင်းမယ် ခု မဆင်းဘူး ဟု ဖြေလိုက်ရာထောက်လှန်းရေး (၇) မှ လှသက်မောင် ကိုယ်တိုင် ဒေါသသံနှင့် မင်းတို့ ခု ဆင်းသွား မဆင်းရင် ခု ဖမ်း မယ် သူ့ တပည့် တွေ ကိုလည်းငေါက်ငမ်း၍ ဟေ့ကောင်တွေ မင်းတို့ ဘာလုပ် နေလဲ ၀ိုင်းထား ။ဖမ်းတော့ ငါ အမိန့် ပေးနေတယ် ခု ဖမ်း ပြောနေပေမဲ့ ဘုရားရဲ များကသာ နံပါတ် ဒုတ် များ နှင့် ၀ိုင်းလာတယ် ထောက်လှန်းရေးများ ကိုယ်ထိလက်ရောက် မဆွဲ သေးပါ။ဆူဆူညံညံ ကြမ်းကြမ်း တမ်းတမ်း ဖြစ် လာချိန် တွင် အတွေ့ အကြုံ နည်းသောလူငယ်တစ်ချို့ မှပြန်လှည့် ထွက်ရန်စဉ်းစားနေပုံ ရသည်။ ခြေလှမ်းက ကျွံနေပြီ တာဝန်ယူခဲ့သောခြောက်ဦးမှာလည်း မထင်မှတ်ပဲ ထိပ်တိုက်အကျဆုံးဖြစ် သွားရာ အကယ်၍ အဖမ်းခံ ခဲံကြရပါက ကျမ ခေါင်းထားစရာ နေရာမရှိနိုင်တော့ပါ ။အဘယ့်ကြောင့်ဆို သော်တပ်ဦးကျွံခဲ့သည်မှာ ကြာခဲ့ပြီဖြစ်သည်။ ဘာပဲဖြစ်ဖြစ်အာဏာပိုင်တွေ ကိုလည်းအလျော့မပေးချင်ပါ လူငယ်အများစု မှာဖမ်းချင်ဖမ်းပါစေ လုပ်စရာ ရှိတာကို လုပ်မည့်အခြေအနေ အနေအထားကိုကျမ၀င်ထိမ်း မှရတော့မည် ဆိုးဒဏ်ကောင်းဒဏ်ကိုယ်ခံ မည်ဟုဆုံးဖြတ်၍ ကျမတို့ တစ်တွေအားလုံးအလေးပြုပြီးမှပြန်မယ် အခမ်းအနားလုပ်ခွင့် မရရင်မလုပ်ဘူး ဟု အလျော့ အတင်း သံ နဲ့ ကျမ အော်လိုက်ပါတယ် တစ်ပြိုင် နက် ပြန်ဆုတ်ရန် ခြေလှမ်း ထွက်နေ တဲ့ လူငယ်တွေကိုပါ လှမ်းတားလိုက်ပါတယ်။ဒီအခါ မှာစောစောကတပ် မှုးလှသက်မောင်ကျမဆီ တိုက်ရိုက် ရောက်လာပါတယ် ။ ဘာမှလုပ်ခွင့် အပေးဘူး အခုဆင်း မဆင်းရင် ဖမ်းမယ် လို့ ဒေါသတကြီးပြောတယ် ရှင်တို့ ကျမတို့ လူငယ်တွေ ကို ရိုင်းရိုင်းစိုင်းစိုင်းမောင်မထုတ်ပါနဲ့  လို့ ကျမကပြန်ပြောလိုက်ရာ တပ်မှုး လှသက်မောင် က ကျမရဲ့ နာမည်ရင်းကိုခေါ်ပြီး ဒီမှာ----------နင့်ကိုလက်ရှိအခြေအနေအရသီးခံနေတာ ငါတို့ ဘယ်မှာရိုင်းရိုင်းစိုင်းစိုင်းပြောလို့ လဲ ဟု အသားတွေ တဆတ်ဆတ်တုန်ပြီး ကျမကို လက်ညိုးထိုးပြီး ရန်တွေ ပါတော့တယ်။ ဟုတ်ပြီမောင်မထုတ်ရင် ကျမ တို့ အလေးပြုပြီးပြန်ဆင်းမယ် လို့ ပြောမှ လှသက်မောင် လေသံ နည်းနည်း လျော့ သွားပါတယ်။ အဲဒီ လှသက်မောင် နဲ့ ကျမတို့  အပြန်အလှန် ပြသနာကို ကျမတို့ ဖက်မှာ အသံ ဖမ်း ယူနိုင်ခဲ့ပါတယ်။ တပြိုင်နက် လူငယ်တစ်ဦးမှသိတ်စကားများနေတဲ့ထောက်လှန်းရေးတပ်မှူးကိုဂရုမစိုက်တော့ ပဲအလေးပြု ဟု ဦးဆောင်လိုက်ရာ ထောက်လှမ်းရေး ဘုရားရဲ အင်အားစု ဘာလုပ်ရမှန်းမသိပျားပန်းခပ်သွားကြသည်။ အလေးပြုပြီးသည် နှင့် တစ်ပြိုင်နက်ဘုရားရင်ပြင်တွင် သုံးပတ် ပတ်၍ အင်အားပြကာ အခမ်းအနား လုပ် ခွင့်မရသော စိတ် မတရားလာရောက်နှိမ်နှင်းသဖြင့် မခံ ချင်သောစိတ်နှင့် ကျမတို့ နဂို အစီအစဉ် ထက် ပိုကာ ဒီပဲ ယင်းဖြစ်ဖြစ် ခြင်းဖမ်းဆီးခံရပြီး မကြာမှိကမှာလွတ်လာသော CEC ၅ဦး (ဦးအောင်ေ၇ွှနှင့် ဦးလွင် မလွတ်သေးပါ ) မှဦးဆောင်ကာ ဆွမ်းကျွေးနေသော ခြောက်ထပ်ကြီးဘုရား သာသနာ့ဂုဏ်ရည် ကျောင်းတိုက် ရှိ အမျိုးသားအောင်ပွဲနေ့  သို့  ရှေ့ ဆက်ချီတက် သွာဖြစ်ခဲ့ကြသည်.။ လူငယ်တွေကတော့ ညီညွတ်မှု အပြည့်ပါ ခုလိုပင်နီဝတ်စုံတွေနဲ့  တန်းစီချီတက် ခြင်းဟာ NLD ရဲ့ မှတ်တိုင် မှာ ကြုံတောင့်ကြုံခဲ ချီတက်ပွဲဖြစ်ပါတယ်။ ထောက်လှန်းရေးကားများသည်ရှေ့နောက်မှလူးလားခတ်၍ အရူးများနှယ်သွေးလန့် နေကြရာဝယ် ကျမတို့ မြတ်နိုးသောတော်လှန်ရေး ရဲ့ အရိပ် တော်လှန်ရေး ရဲ့ နိမိတ် အစဉ်အလာတွေလက်ဆင့် ကမ်းနိုင်ခဲ့တဲ့ အမျိုးသားနေ့ အောင်ပါကြီးကို အမျိုးသားဝတ်ဆုံအပြည့် နဲ့  ကြီးမာတဲ့ အန္တယယ်ဒါးသွားကြားမှာ ပါးပါး ကလေးလှစ်လှစ်ကလေးချီတက်သွားခဲ့ကြတာတော်လှန်ရေးခေါင်းဆောင်တွေရဲ့ကျောင်းသားခေါင်းဆောင် တွေရဲ့ကျောက်တိုင်ဆီကိုတူညီဝတ်စုံတွေနဲ့ အလေးပြုနိုင်ခဲ့ကြတာစားတော့ဝါးတော့ မဲ့ခွေးဘီလူးတွေကြား ကအကင်းပါးပါး နဲ့ အန္တယယ်ကိုေ၇ှာင်ခွင်းနိုင်ခဲ့ကြတာယနေ့ ဆိုလျှင်တစ်နှစ်ပြည့်မြောက်သွားခဲ့ပါပြီအမျိုး သားအောင်ပွဲနေ့ ကြီးလည်း(၈၄) ကြိမ်မြောက်ခဲ့ပါပြီအခုကျရောက်တော့မဲ့အမျိုးသားနေ့ ကြီးကိုရောပြည် တွင်းမှအနစ်နာခံ လူငယ်များ ဘယ်လိုချီတက်ပြီးသတ္တိပြသွားကြလေမလဲလို့  ရင်ခုန်စွာ မှန်းဆရင်းပြည် တွင်းမှအနစ်နာခဲ့လူငယ်များအားဤဆောင်းပါးဖြင့်ဂုဏ်ပြုလိုက်ပါသည်။ ( ဤဆောင်ပါးသည် ၂၀၀၃ လှုပ်ရှားမှု ပြီး ၂၀၀၄ အမျိုးသားနေ့  တွင် ရေးသားခဲ့ခြင်းဖြစ်သည် ရန်ပုံခွင်း စာပေ တွင် ၂၀၀၄ က ဖေါ်ပြပြီးဖြစ်သည်။) မေအိခင်(လယ်ဝေး) (မှတ်ချက် ။ ။။ ကာယကံရှင်စာရေးသူကိုယ်တိုင် ရင်ဆိုင်ပါဝင်ခဲ့သော လှုပ်၇ှားမှု ဖြစ်သည် ဖြစ်စဉ် အားလုံးကိုတာဝန်ယူရေးသားပါသည်။)

ယနေ့  ဗဟိုကော်မတီ အစည်းအဝေးဆုံးဖြတ်ချက်သည်အရွေ့ တခု အတွက်

Friday, November 18, 2011

ထိုင်းနိုင်ငံေ၇ဘေးသင့် မြန်မာရွှေ့ ပြောင်းအလုပ်သမားများ နေရပ်ပြန်ရ

Thursday, November 3, 2011







ထိုင်းနိုင်ငံ ဘန်ကောက်မြို့ တွင် ရေကြီး နေမှုကြောင့် ရွှေ့ ပြောင်းမြန်မာအလုပ်သမားအများးစု ထိုင်းနိုင်ငံမဲဆောင်မြို့ သို့ ပြန်လည်ေ၇ာက်ရှိလာကြသည် ။
ရောက်ရှိရာတွင် လက်မှတ်ရှိသူရောမရှိသူပါ ( work parmik) အသက်ဘေး အငတ်ဘေးမှ ပြောလာသဖြင့် ထိုင်းရဲမှ ဖမ်းဆီးထိမ်းသိမ်းထားသည်မှာ
အများစုဖြစ်သည် ။ ထိုဖမ်ဆီးထားသူများအား ၃-၁၁-၂၀၁၁ ဗုဒဟူးနေ့ တွင် မဲဆောက်မြန်မာချစ်ကြည်ရေးတံတားတွင်တရားဝင် မြန်မာဖက်သို့ ပြန်လည်
လွဲအပ်ခဲ့သည်။ ထိုင်းဖက် မှ လွဲအပ်သည်ကို လက်ခံသူမှာခရိုင်အုပ်ချုပ်ရေးမှုးဦးဇော်လွင်ဦးဖြစ်ပြီး ၄င်တို့ မှ မြန်မာအလုပ်သမား ပြန်လာသလောက်ကို
တရားဝင် တံတားပေါ်မှ အကုန်ပြန်ပို့ စေလိုပြီး ခိုးလမ်း များမှ မပြန်စေလိုကြောင်း ပြောပါသည်။ ထိုင်းဖက်မှလည်း ပြန်လည်ပို့ ခံရသူများ၏ လက်ဗွေ
ဓါတ်ပုံ အထောက်အထားများကိုယူငင်ပြီးမှ ပြန်ပို့  လို သည်ဟုဆို သည် အကြောင်းမှာ ထိုအလုပ်သမားများ မပျောက်မရှစေ၇န်ဖြစ်သည်ဟု သိရသည်။
မြန်မာဖက် အခြမ်းမှလက်ခံခေါ်ယူသွားသောအရာရှိများမှ မြ၀တီဖက်တွင် ဆွေမျိုးရှိသူများ ကြိုဆိုသူများရှိလျှင် ကိုယ့်အစီအစဉ်ဖြင့်ပြန်နိုင်ပြီး လမ်းစရိတ်
မရှိသူများ လမ်းခရီးတွေ နေရန်စားရန် အစဉ်မပြေသူများအား ၄င်းတို့ ဖက် မှ အပြည့်အစုံ ကူညီသွားမည်ဖြစ်သည်။ နေရပ်သို့ လည်း အရောက်ပို့ ဆောင်
ပေးမည်ဖြစ်ကြောင်း သတင်းထောက်များကို ဖြေကြားသွားပါသည်။



Labour Rights Promoters and Defenders (LRPD)

၂၀၀၇ စက်တင်ဘာ ရဲ့ နှစ်ပတ်လည်

Wednesday, September 7, 2011


ရဟန်းသံဃာတော်တွေကို သေနတ်နဲ့ ပစ်သတ် ခဲ့ တဲ့
စစ်ရာဇ၀တ်ကောင်တွေ ကို ကျမတို့ က ဘယ်လိုမှ ဥဒါန်း
မကြေ သလို ပဉ္စာနန္တိယ ကံ ဆိုတဲ့  သံဃာသတ်သူတွေ
သံဃာ သင်းခွဲ သူတွေ အပေါ်မှာလည်း ငရဲ ကတော့ နေမှာ
မဟုတ်တော့ပါဘူး ။

တက္ကသိုလ်ကျောင်းသူ တစ်ဦးကို ရဲငါးဦးမှ မုဒိန်းကျင့် ၍ အဓမ္မဆွဲချက်တင်

Saturday, September 3, 2011

ဒဂုံတက္ကသိုလ် ကျောင်းသူ ကို ရဲ က လိင်ပိုင်း ဆိုင်ရာ စော်ကား စစ်မေးမှု ပြု

IN16_MYANMAR_104551f
Quantcast

ရန်ကုန် မြို့  ဒဂုံ တက္ကသိုလ် မှာ ပထမ နှစ် ရုက္ခဗေဒ ဘာသာ ရပ် ကို ပညာ သင်ယူ နေတဲ့ အသက်
၂၀ အရွယ် ကျောင်း သူ တစ်ဦး ကို ရဲ က စစ်ဆေး မေး မြန်မှု ပြု ရာ မှာ ကိယိနြေ္ဒ ပျက်လောက်
အောင် ရဲ က စော် ကား စစ်မေး မှု တွေ ပြု ခဲ့ သည် ဟု FNG မှ သတင်း ရရှိ သည်။

ရန်ကုန် တိုင်း မြောက် ဥက္ကလာ ပ မြို့  နယ် အမှတ် (၂) ရပ်ကွက် တွင် နေ ထိုင် သည့် ထို တက္ကသိုလ်
ကျောင်း သူ ကို တစ်လမ်း တည်း နေ ကြံ့ဖွတ် အဖွဲ့  ၀င် အမျိုး သမီး တစ်ဦးက ငွေ ကျပ် ၇ သိန်း ခိုး
ယူတယ်လို့  စွပ်ဆွဲ ပြီး ရဲ ကို တိုင် ကြား ရာ ဇူလိုင် လ ၁၄ ရက်နေ့  တွင် မြောက် ဥက္ကလာ ပ ရဲ စခန်း
မှ ဖမ်းဆီး မှု ပြု ခဲ့ သည်။

အဆိုပါ တက္ကသိုလ် ကျောင်း သူ ကို မြောက် ဥက္ကလာ ပ ရဲ စခန်း နှင့် မြို့ နယ် ကြံ့ဖွတ် ရုံး တို့  တွင် စစ်
မေးမှု ပြု ရာ ရဲ က ခိုးယူကြောင်း အတင်းအကျပ် ၀န် ခံ ခိုင်း ရာ ပထမ နှစ် ကျောင်း သူက ၀န်ခံ မှု
မပြု သဖြင့် ဇူလိုင် လ ၂၀ ရက်နေ့  တွင် ရန်ကုန် တိုင်း ရဲ တပ်ဖွဲ့  မှုး ရုံး ၏ အလုပ်သင် အမှု စစ် အရာ
ရှိ များ ရုံး စိုက် ရာ ရန် ကုန် မြို့  ကုန် သည် လမ်း ရှိ ခြောက် ထပ် ရုံး သို့  ဆက်လက် ပို့ ဆောင် စစ်
ဆေးမေး မြန်း မှု များ ပြု ခဲ့ ကြ သည်။

ခြောက်ထပ် ရုံး တွင် ပထမ နှစ် တက္ကသိုလ် ကျောင်းသူ ကို နေ့  ရော ညပါ စစ်ဆေး မေး မြန်း မှု ပြု
စဉ် တက္ကသိုလ် ကျောင်း သူ ၏ လိင် ပိုင်း ဆိုင်ရာ ကို ဒုရဲ အုပ် ၅ ဦး က စော် ကား စစ်မေး ခဲ့ ရာ မှာ
အိမ်ထောင် ကျတယ် ဆိုတာ ဘယ်လို မျိုး လဲ သိလား ၊ ငါတို့  နဲ့  အိမ်ထောင် တစ် ရက် လောက် ကျ
ကြည့် မလား ၊ နင် က အိပ်ရေး ပျက် လို့  မျက် စေ့ တွေ တောင် ချောင် တာ ၊ ကျန်တာ တွေ တင်းတင်း
လေး ပဲ ရှိ တုန်း ပါလား ” စသည် ဖြင့် နှမ သားချင်း မစာ နာ စစ်ဆေး မေးမြန်း မှု ပြု သည် ဟု သူမ၏
မိသား စု ၀င် တစ်ဦး က FNG သို့  ပြောသည်။

တက္ကသိုလ် ကျောင်း သူ ကို ဇူလိုင် လ ၂၅ ရက်နေ့ တွင် အင်းစိန် ထောင် သို့  လွှဲပြောင်း ပို့ ဆောင် ခဲ့ပြီး
ယခုလ ၈ ရက် နေ့ တွင် မြောက်ဥက္ကလာပ တရား ရုံးသို့  ရုံးထုတ် စစ်ဆေး မည် ဖြစ်သည်။

အဆိုပါ မိန်းကလေး ကို ရဲက သားမယား စကားများ ဖြင့် စော် ကား စစ်မေးခြင်း နှင့် ပတ်သက်၍
The Voice ဂျာနယ် မှ အကြီးတန်း သတင်း ထောက် တစ်ဦး က ” ဒါ လူ အခွင့် အရေး ချိုးဖောက်မှု
ပဲ သက်ဆိုင်ရာဌာန နဲ့  အစိုးရ ကိုယ်တိုင် စုံစမ်းစစ်ဆေးမှု ပြု သင့်တယ် ၊ ‘ဒါ မတရား မှု ပဲ ဟု ဆို
သည်။

အဆိုပါ အမျိုးသမီး ၏ သူငယ်ချင်း နှင့် တက္ကသိုလ် ကျောင်းသူများ က စက်တင်ဘာလ ၈ ရက် ရုံးထုတ်
သည့် နေ့ တွင် သက်သေ လိုက် ပေး မည် ဟု သိရသည်။

------------------------------------------------------------------------------------------------------

အီးမေး(လ်)ပို့ သူအားကျေးဇူးတင်ပါသည်။


အီးမေး(လ်) မှတဆင့်ရရှိသော သတင်းဖြစ်သည်။ နီးစပ်ရာ ကျောင်းသားကျောင်းသူများ စုံစမ်းလေ့လာသင့်
သည် ဤအခြေအနေ ဆိုးအပေါ် ၀ိုင်းဝန်းရပ်တည်ပေးကြဖို့ တိုက်တွန်းနိုးဆော်ပါသည်။

မေအိခင်(လယ်ဝေး)

အဖွဲ့ ချုပ် အလံတော် ကို လွှမ်းခြုံ

Monday, August 29, 2011







အဖွဲ့ ချုပ် လူငယ် (အန်တီစုလုံခြုံ့ရေးလူငယ်) ကိုဘမောင် ကွယ်လွန်

Saturday, August 27, 2011






အဖွဲ့ ချုပ် ဒုဥက္ကဌ ဘဘဦးကြည်မောင် ကွယ်လွန်ခြင်း (၇)နှစ်ပြည့် ဆွမ်းကျွေးအလှူ နှင့် ဘဘအကြောင်း

Wednesday, August 17, 2011


ဘဘဦးကြည်မောင်(ရွေးကောက်ပွဲ အောင်နိုင်ရေးဗိသုကာကြီး--အကြောင်း)


ရွေးကောက်ပွဲအောင်နိုင်ရေးဗိသုကာကြီးးအမျိုးသား
ဒီမိုကရေစီအဖွဲ့ချုပ်၏ဗဟိုအလုပ်အမှုဆောင်ဒုတိယ
ဥက္ကဌအဖြစ်တာဝန်ယူခဲ့သောဗဟန်းမြို့ နယ်အမှတ်
(၂)မဲဆန္ဒနယ်၏ပြည်သူ့ လွှတ် တော်ကိုယ်စားလှယ်
ဗိုလ်မှူးကြီးဟောင်းသီရိပျံချီ ဦးကြည်မောင်၏
နိုင်ငံရေးဖြတ်သန်းမှုအကျဉ်းချုပ်

ဦးကြည်မောင်ကိုအဖဦးဖိုးသိန်းအမိဒေါ်ငွေခင်တို့မှ
၁၉၂၀ဒီဇင်ဘာလ၂၀ရက်တွင်မွေးဖွါးခဲ့သည်၁၉၃၆
တွင်တက္ကသိုလ်ဝင်တန်းအောင်မြင်ခဲ့ပြီး၁၉၃၈
တတိယကျောင်းသားသပိတ်တွင် ကျောင်းသား
ခေါင်းဆောင်ဗိုလ်အောင်ကျော်နှင့်အတူ ဦးခေါင်း
တွင် အရိုက်ခံခဲ့ရှု ဒ%်ရာပြင်းထန်စွာ ရရှိခဲ့သူ တဦး
ဖြစ်ပါသည်။။ ဗိုလ်အောင်ကျော် ဒဏ်ရာ ပြင်းထန်
လွန်းသဖြင့် လဲကျသွားရာအချိန်မှ ကွယ်လွန်သည်
အထိ အနီးကပ် ဖေးမပြုစု ခဲ့သူလည်း ဖြစ်ပါသည်။
၁၉၄၁ တွင် ဘီအေနောက်ဆုံးနှစ်စာမေးပွဲ အား
ကျောခိုင်း ၍မြန်မာလွတ်လပ်ရေးတပ်မတော်
(ဘီအိုင်အေ) သို့ဝင်ရောက်ခဲ့ပါသည်၊

၁၉၄၃ မှ ၁၉၄၅ ထိ ဂျပန်နိုင်ငံစစ်တက့သိုလ်တွင်
အပတ်စဉ် (၅၇) သင်တန်း ပြီးဆုံးသည် အထိစစ်
သင်တန်း တက်ရောက်ခဲ့သည်၊ ၁၉၄၅တွင် ဗမာ့
သေနတ်ကိုင်တပ်ရင်း(သ န က ၅) သို့ ရောက်ရှိ
ပြီး ၁၉၄၈တွင် တပ်ရင်းမှူး တာဝန်ထမ်းဆောင် ခဲ့
သည်၊ ၁၉၅၁တွင် ထိုစဉ်က မေမြို့တွင်အခြေစိုက်
်သော မြောက်ပိုင်းတိုင်း စစ်ဌါနချုပ့်  စစ်ဦးစီး
ပထမတန်း တာဝန် ထမ်းဆောင်ခဲ့သည်၊
၁၉၅၃တွင် တပ်မဟာ(၇) တပ်မဟာမှူး အဖြစ်
တာဝန် ထမ်းဆောင်ခဲ့ပြီး ၁၉၅၅။၅၆တွင်
အမေရိကန် နိုင်ငံ စစ်တက္ကသိုလ်တွင်
သင်တန်းတက်ရောက်ခဲ့သည်။။
၁၉၆၀ တွင် ရန်ကုန်တိုင်းစစ်ဌါနချုပ် တိုင်းမှူး
အဖြစ် တာဝန် ထမ်းဆောင်ခဲ့သည်၊
၁၉၆၂ တွင်တပ်မတော်မှ နိုင်ငံတော်အာဏာ
သိမ်းယူစဉ် တွင် တော်လှန်ရေးကောင်စီဝင်
အဖြစ် တာဝန်ပေးအပ်ခြင်း ခံရသည်၊
၁၉၆၂ = ၆၃ တွင် အနောက်တောင်တိုင်း စစ်ဌါန
ချုပ် တိုင်းမှူးအဖြစ် တာဝန်ယူစဉ် စစ်တပ်နှင့်
နိုင်ငံရေး အခန်းက္ဂအား ကောင်းစွာခွဲခြား သိရှိသူ
တစ်ဦး ဖြစ်သည့် အားလျော်စွာ ၁၉၆၂ စစ်အာဏာ
သိမ်းယူသည့် ကိစ္စအား အပြင်းအထန်ဆန့်ကျင်ခဲ့သည်၊

၁၉၆၃ တွင် တော်လှန်ရေးကောင်စီမှ ကြီးမှူးကျင်းပ
သည့် ဒူးယားနှီးနှောဖလှယ်ပွဲကို မတက်ရောက်ပဲ
အမိန့်အာဏာ ဖီဆန်ခဲ့ သဖြင့်အငြိမ်းစားပေးခြင်း
ခံခဲ့ရပါသည်။။
၁၉၈၈ ဒီမိုကရေစီ အရေးတော်ပုံ ကာလတွင်
အမျိုးသား ဒီမိုကရေစီအဖွဲ့ ချုပ် ဖွဲ့စည်းသောအခါ
ဦးအောင်ကြီး ဦးဆောင်သည့် အဖွဲ့တွင်ပါဝင်လာပြီး
ဗဟိုအလုပ်မှုဆောင် အဖွဲ့ဝင်သုတေသန ဌါနမှုး
အဖြစ် တာဝန်ထမ်းဆောင်ခဲ့ပါ သည်၊ နိုင်ငံရေး
လမ်းစဉ်ချင်း မတူညီကြ၍ အဖွဲ့ချုပ်မှ ဦးအောင်ကြီး
အုပ်စု ခွဲထွက်ရာတွင် ဦးအောင်ကြီး. အဖွဲ့ ချုပ်
အပေါ်စွပ်စွဲချက်များကို လက်မခံပဲ ဒေါ်အောင်ဆန်း
စုကြည် ဖက်မှ ပြတ်ပြတ်သားသား ရပ်တည်ခဲ့ပါသည်။။
ဦးတင်ဦးနှင့် ဒေါ်အောင်ဆန်းစုကြည် အဖမ်း ခံခဲ့ရပြီးနောက် အဖွဲ့ချုပ်. ယာယီဥက္ကဌအဖြစ် တာဝန်ယူ ခဲ့ပါသည်။။
၁၉၉၀ တွင်ကျင်းပခဲ့သည့် ပါတီစုံအထွေထွေ ရွေးကောက်ပွဲ တွင် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်အား မဲအပြတ် အသတ်ဖြင့် အနိုင်ရရှိအောင် ဦးဆောင်ခဲ့သည့် ရွေးကောက်ပွဲ အောင်နိုင်ရေး ဗိသုကာ}ကီး တဦး ဖြစ်ပါသည်၊ ကိုယ်တိုင်လည်း ဗဟန်း မြို့နယ် မဲဆန္ဒနယ် အမှတ်(၂) မှ ၀င်ရောက်ယှဉ်ပြိုင် ခဲ့ရာ မဲရာခိုင်နှန်း (၇၃ . ၁၇)ဖြင့် အရွေး ချယ် ခံခဲ့ရသူ ဖြစ်သည်။။
၁၉၉၀ပြည်ဇူလှိုင်(၂၈။ ၂၉)တွင် ကျင်းပခဲ့သည့် ဂန္ဒီခန်းမ အစည်းအဝေးကို အောင်မြင်အောင်ဦး ဆောင်နိုင်သူလည်း ဖြစ်သည်။။
ဂန္ဒီခန်းမအစည်းအဝေးပြီးနောက် စစ်အုပ်စုမှ ဖမ်းဆီး ခြင်းခံခဲ့ရသည်။။ ပုဒ်မ ၅ည နှင့်အစိုးရလျို့ ဝှက် အက်ဥပဒေ ပုဒ်မ ၆(၂)ခနှင့် ၆(၃) အရပြစ်မှုထင်ရှားသည်ဟု စီရင်ခြင်း ခံရသည့် အပြင် ရွေးကောက်ပွဲ ဥပဒေပုဒ်မ ၁၁ ည နှင့်ငြိစွန်းသဖြင့်ပြည်သူ လွတ်တော် ကိုယ်စားလှယ် အဖြစ်မှပယ်ဖျက် ကြောင်းရွေးကောက်ပွဲကော်မရှင်မှ ၁၉၉၁ ဒီဇင်ဘာ (၁၀)ရက်နေ့တွင်ကြေညာခဲ့သည်၊
ဦးကြည်မောင်သည် ၁၉၉၅ မတ်လ ၁၄ရက်နေ့တွင် အင်းစိန် အကျဉ်းထောင်မှ ပြန်လွတ်လာပြီး ဒေါ်အောင်ဆန်းစုကြည် မှာ ဇူလှိုင်လ ၁၀ရက်နေ့ တွင်ပြန်လည် လွတ်မြောက် လာခဲ့သည်၊
၁၉၉၅ အောက်တိုဘာ ၉ ရက်နေ့တွင် အဖွဲ့ချုပ် အား ပြန်လည်ဖွဲ့စည်းရာ ဦးကြည်မောင်အား ဗဟိုအလုပ် အမှုဆောင်အဖွဲ့တွင် ဒုတိယဥက္ကဌအဖြစ် ရွေးချယ် တင်မြှောက် ခြင်းခံခဲ့ပါသည်၊
အပါတ်စဉ် စနေ တနင်္ဂနွေ ဟောပြောပွဲများတွင် စစ်အုပ်စုအား ပါးနပ်သော စကားလုံးများ။ ထိမိသော သုံးသပ်ချက်တို့ဖြင့်ထောက်ပြဟောပြော ခြင်းကို လာရောက် နားထောင်သော ပြည်သူ လူထုကြီးမှ ကျေနပ် အားရပြီး ဦးကြည်မောင်ရပ်တည်ချက် အပေါ် အားကိုး ယုံကြည်မှု
ကြီးမားအထူး လေးစားခြင်း ခံရသူလည်းဖြစ်သည်၊
မျိုးဆက်သစ် လူငယ်များအား ခေါင်းဆောင်မှု နည်းပညာများကို ကမ္ဘာတ၀ှမ်းလုံး. ခေတ်မှီ တိုးတက် မှုများနှင့်ချိန်ထိုးပြီးမှတ်သားဖွယ်ရာအတု ယူဖွယ်ရာများကို အချိန်နှင့် အမျှဆွေးနွေး သင်ကြားပြပေး နေခဲ့သူ ဖြစ်ပါသည်။။ ထိုကဲ့သို့ မမောမပမ်းစတမ်း ဦးဆောင်လမ်းပြ ပေးသလို သူ ၀ါသနာ ပါသော ဂီတ အနုညာကိုလည်း လူငယ်များအား လေ့လာတတ်ကျွမ်း စေသည်။။
၁၉၉၆ တလျောက်လုံး ကြီးလေးသည့်ပါတီ တာဝန်များအပြင် အမျိုးသားနေ့ အခမ်းအနား။ လွတ်လပ် ရေးနေ့ အခမ်းအနားများကို ကိုယ်တိုင်ကိုယ်ကျ နေ့ရော ညပါ မနားပဲ လူငယ်များနှင့်လက်ပွန်းတတီး အနီးကပ် ဦးဆောင်မှုပြုခဲ့သည်။။
၉။၁၁။၉၆ တွင်ကမ္ဘောဇရိပ်သာအ၀င်ဝနှင့် တက္ကသိုလ် ရိပ်သာလမ်းတို့ တွင် ၂}ကိမ်တိတိ စစ်အုပ်စု. လက်ကိုင်ဒုတ် များမှ ဦးကြည်မောင် ။ ဦးတင်ဦးနှင့် ဒေါ်အောင်ဆန်းစုကြည် တို့အား အသက်အန္တယ်ဖြစ်နိုင်သည့် လုပ်ကြံမှုကြီး နှစ်ကြိမ် ပြုလုပ်ခဲ့ရာတွင် ဦးကြည်မောင်. ဦးခေါင်းနှင့် ပါးတွင် ထိခိုက်ဒါဏ်ရာရခဲ့သည်။။
မြန်မာ့လွတ်လပ်ရေးတိုက်ပွဲ မှစ ဒီမိုကရေစီ တော်လှန်ရေး ကာလ တလျောက်လုံးတွင် ဦးကြည်မောင် သည် စစ်အုပ်စု. မရားလုပ်ကြံမှု အကြိမ်ကြိမ်ခံရသည့် အပြင် ထောင်တွင့်း လေးကြိမ်တိတိ အကျဉ်းချ ထားခြင်း လည်း ခံခဲ့ရသည်၊
အကျဉ်းချခံရမှုများတွင် တပ်မတော်မှ အငြိမ်းစားယူပြီး နောက် ၂၅နှစ်တာကာလအတွင်း ထောင်နှစ်ကြိမ် ကျခံခဲ့ရပြီး ထောင်တွင့်း (၇)နှစ်နေခဲ့ရသည်။။
၁၉၈၈ခုနှစ် ဒီမိုကရေစီအရေးတော်ပုံ ဖြစ်ဖြစ်ချင်း တတိယအကြိမ် တစ်လခန့် ဖမ်းဆီးခံခဲ့ရသည်၊
၁၉၉၀ စက်တင်ဘာလတွင် လေးကြိမ်မြောက် အဖမ်းခံခဲ့ရပြီး ထောင်ဒါဏ်အနှစ် နှစ်ဆယ် ကျခံခဲ့ရသည်၊ ထောင်တွင့်း (၅)နှစ်နီးပါး နေခဲ့ရပြီး ၁၉၉၅တွင် ပြန်လည်လွတ်မြောက် ခဲ့ပါသည်၊ ဦးကြည်မောင်. နီုင်ငံရေး ဘ၀တလျောက်လုံး ထောင်တွင်း ၁၂နှစ်ခန့် နေခဲ့ရသည်၊ သို့သော် ဦးကြည်မောင်သည် ဘ၀နောက်ဆုံး အချိန် ဖိစီးလာသော ရောဂါဝေဒနာများ ဒဏ်ကို ကြံ့ကြံ့ ခံရင်း စစ်အာဏာရှင်စနစ် ချုပ်ငြိမ်းရေးနှင့် ခေတ်မှီ တိုးတက်သော ဒီမိုကရေစီ နိုင်ငံတော်သစ် တည်ဆောက် နိုင်ရေးအတွက် မျိုးဆက်သစ်များအား လေ့ကျင့် ပျိုးထောင် ပေးခဲ့ပါသည်၊ သွေးလည်ပါတ်မှု စံနစ်ပျက်စီး၍သွေးကြော များမှ သွေးများ ဦးနှောက်တွင်းသို့ ၅၀ ရာခိုင်နှုန်း သာ ပေးပို့ အလုပ်လုပ်တော့သည့်အချိန်အထိ စာပေ သင်ကြား ပေးခြင်းနှင့် နိုင်ငံရေးဗဟုသုတများ ပေးခဲ့ပါသည်၊
အဘက်ဘက်မှ ချွတ်ခြုံကျနေသည့် ကြားမှတိုင်းပြည် အတွက် ခံစားချက် စေတနာ တရားကြီးမားစွာ ရုန်းကန် တိုက်ပွဲဝင်ရင်း ၁၉။၈။၂၀၀၄မွန်းလွဲ (၁၂း၁၅) အချိန်တွင် ရွှေတောင်ကြား(၁)ရပ်ကွက် ကမ္ဘေဇရိပ်သာ လမ်းနေအိမ်တွင်ဘဘ ချစ်တဲ့ တိုင်းပြည်နဲ့အဖိနှိပ်ခံပြည်သူ တရပ်လုံး အား ခွဲခွာသွားခဲ့ပါသည်၊
ကတိပြု ခြင်း။
ခုနှစ်(ရ)နှစ်တာ ကာလ ပြည့်ခဲ့ပြီ ဖြစ်ပါသော်လည်း ဘဘ ဦးကြည်မောင်. စေတနာ။ အနစ်နာခံမှု နှင့် စံပြ ဦးဆောင်မှုများ အားလုံး
မျိုးဆက်သစ် လူငယ်များနှင့်လူထု တရပ်လုံးရင်ထဲတွင် လိုက်လိုက်လှဲလှဲ လန်းဆန်း နေမည်သာဖြစ်ပါသည်၊ ဘဘ ကဲ့သို့ ခေါင်းဆောင်မှုပေးနိုင်သည့် ခေါင်းဆောင်တယောက် ဆုံးရှုံးသွားသည့် အတွက် နှမြောတသ ၀မ်းနည်းနေရင်း ဘဘမှာကြား ခဲ့သည့် ‘’လမ်းတခုလျောက်ရင် အဆုံးအထိလျောက်။ စေတနာ အရင်းခံပြီး သတ္တိ ရှိရှိလျောက် ရောက်ကို ရောက်မယ်” ဆိုတဲ့စကားအတိုင်း ဘဘတပည့်များ အားလုံး ဒီမိုကရေစီတည်းဟူသော ပန်းတိုင်သို့ အရောက် လျောက်လှမ်းပါ့မည်ဟု ကတိပြုအပ်ပါသည်၊ မြင့်မြတ်သည့်ဘုံဘ၀မှ ဘဘ သာဓုအနုမောဓနာ ခေါ်နိုင်ပါစေ။
အနန္တဂိုဏ်းဝင်မို့ 
့ထာဝရဦးထိပ်ပန်ဆင်လျက်

တပည့်များ

ဝိညာဉ်များနှင့် အတူ (ရှစ်လေးလုံး နှစ်ပတ်လည်တော့မယ်ဆိုတိုင်း )

Wednesday, August 3, 2011

ရှစ်ဆယ့်ရှစ်ရဲ့ည
ကျမကလေးဘ၀ပါ--
အကျီ င်္အဖြူ စကက်အစိမ်းနဲ့ 
ကျမလည်း စွာရဲခဲ့သူပဲပေါ့
ထ(၁) အင်းစိန် စုရပ် က
ရှစ်ဆယ့်ရှစ် ညအတွက်
ထင်ရှားတဲ့မှတ်တိုင်ပေါ့
အင်းစိန် ဆူးလေထိ လမ်းလျောက်
ကျမအဲဒီည အိမ်ကပျောက်ခဲ့တယ်

ပူလောင်စပ်ဖျင်း မောပမ်းခြင်းနဲ့ အတူ
အာခေါင်ကွဲအက်အသံတွေမထွက်တော့တဲ့ညပေါ့
ဒါပေမဲ့ဘေးဝဲယာက ပြည်သူ့ အသံ
ပင်ပမ်းရဒဏ်ပြေပြီပဲလေ

ဆားသံပရာခွံ့ ကျွေးလာတဲ့ပြည်သူ
ဖြူဖြူမဲမဲ ကျမနုတ်ခမ်း ဟပေးမြဲပေါ့
ဘယ်သူဦးဆောင်ဦးဆောင်
အားလုံးဟာတစ်သံတည်းပါ
အရေးတော်ပုံအောင်ရမည်

တဖြောင်းဖြောင်းလက်ခုတ်သံတွေရဲ့ကြား
မြို့ တော်ခမ်းမရှေ့ကိုရောက်သွားကြပြီ
ကျမကိုချီမရဲဘော်တစ်ဦးက
ငါ့ညီမငယ် ဒါဟောကွယ်တဲ့
ဘယ်သူဘယ်ဝါမသိ
ကျမစာရွက်ကိုင်ပြီးအသံကုန်ဟစ်တော့
လက်ခုတ်သံတွေမဆဲ
ဟုတ်တယ်ဟုတ်တယ်သြဘာပေး
ကျမ နထင်သွေးကြွ
အဲဒါကျမရဲ့တော်လှန်ရေးအစပါ
တက်နိုင်သူကလက်ကိုင်ပ၀ပလေးတွေဝေငှ
မျက်ရည်ယိုဗုံးသတင်းပျံ့လွင့်
အားလုံးဟာကြောက်ရွံ့ခြင်းအလျဉ်းမဲ့ညပေါ့
ခွန် ခွန် (၇၇) လာတယ်ဟေ့
ပစ် ခိုင်းလို့ ပြန်သွားတယ်တဲ့
ဟော -- ခုလာတာ နှစ်နှစ် (၂၂)
ချင်းတပ် အသစ်ဆိုပဲ
ပစ် ပစ် ကွာ ဒို့ ဆန္ဒကမ္ဘာသိစေရမယ်
ကျောင်းသားတစ်ဦးရဲ့အသံ

အဲဒီ့နောက် ဒိုင်း ဒိုင်း ဒိုင်း
ကျမကိုလူတစ်ယောက်ဆွဲပြေး
ဗန္ဓုလပန်းခြံဘေးကလက်မှတ်ရုံလေးကြားမှာ
ကျမတုန်ရီစွာနဲ့

ပစ်တယ်ဟပစ်တယ်ဟအသံကြားရာလှည့်ကြည့်
ကျမမျက်စိမမှားခဲ့ပါဘူး
ဖြူစိမ်း ရင်ဖုန်းနဲ့ကျောင်းဆရာမတစ်ဦး
သူနဲ့အတူကျောင်းသားနှစ်ဦးဝမ်းလျားမှောက်ကျ
သွေးအိုင်ထဲမှာ အဲဒီ့ညပေါ့

ကျမဒူးတုန်လို့ ရှေ့ဦးတည်ရာပြေး
လသာကပြည်သူဖေးမကူလို
အသက်ရှင်သန်ခွင့် ရခဲ့သေးပေမဲ့
ရှစ်ဆယ့်ရှစ်ညရဲ့ဝိညာဉ်များဟာ
ကျမတို့ နဲ့ အတူခုချိန်ထိ
တိုက်ပွဲဝင်နေဦးမှာအသေအချာပါ---
ခုလိုလ ရဲ့ ရှစ်ရှစ်(၈၈)ညတွေဟာ
အသစ်အသစ်သောဝေဒနာကိုရစေတာမို့ 
အာဏာရှင်မကျမချင်းအံကြိတ်အားခဲရင်းနဲ့ 
အမြဲထာဝရ သင်တို့ ဝိညာဉ်များ နဲ့ အတူတကွ--

မေအိခင်(လယ်ဝေး)


မိမိသည်ရှစ်လေးလုံးည တွင်မြို့ တော်ခန်းမရှေ့အထိပါဝင်ခဲ့ပြီး စစ်အာဏာသိမ်းပြီးချိန်ထိ ဆက်လက်
ဆန္ဒပြသည့်အတွက် ၁၉၈၉ မတ်လတွင်(၅)လနီးပါးထောင်သွင်းအကျဉ်းချခံခဲ့ရပြီးနောက် ၁၉၉၆ တွင်
ဒီဇင်ဘာ ကျောင်းသားလှုပ်ရှားမှု နှင့်ပတ်သတ်ပြီး (အမျိုးသားီးမိုကရေစီအဖွဲ့ ချုပ် လူငယ်တာဝန် ယူ
စဉ်) ထောင် (ရ ) နှစ် ကျခံခဲ့ရသည်။။ ဤ ကိုယ်တွေ့ ဖြစ်ပျက် ခဲ့သည့် ကဗျာ အား နှစ်စဉ် မိမိရောက်
ရှိသော နေရာများတွင်ဖြန့် ဝေခဲ့သည်။မျိုးဆက်သစ်များခံစားနားလည်နိုင်ရန် တော်လှန်ရေး သတိ အမြဲ ရှိနေစေဖို့ ရည်ရွယ်ပါသည်။

သိန်းစိန်အစိုးရ ။ KIO -KNU-NMSP-SSA ထံသို့  လူထုခေါင်းဆောင်၏ပေးစာ

Thursday, July 28, 2011


အကြမ်းဖက် ဟူသမျှကို ကန့် ကွက်ရုံ့ ချသည်။

Sunday, July 24, 2011



သေဆုံးသွားတဲ့ နော်ဝေ ပြည်သူတွေ အတွက် စိတ်မကောင်းဖြစ်ရ ပါသည်။ ငြိမ်းချမ်းရေး ကိုဖျက်ဆီးသူဟူသမျှ ကန့် ကွက်ပါသည်။

ထောင်ထဲက နေဘုန်းလတ်ရဲ့ ကဗျာ

Thursday, July 21, 2011

အောင်ဆန်းက ကျွန်တော့်ကို ငုံ့ကြည့်နေတယ်…

by Nay Phone Latt on Wednesday, July 20, 2011 at 10:09am




သူ့မျက်နှာကို မော့ကြည့်တိုင်း
ကျွန်တော့်ရဲ့ မာန်မာနတွေ သိမ်ဖျော့မှေးမှိန်သွား
ကြီးမြတ်သော ပေးဆပ်စွန့်လွှတ်ခြင်းမှာ
လုပ်မြဲအလုပ်တစ်ခုလို သူရိုးရှင်းတည်ငြိမ်ခဲ့ပုံက
အသံကျယ်တဲ့ သင်္ကြန်အမြောက်တွေကို အရှက်ရစေခဲ့
သူ့မျက်နှာက ခက်ထန်မာကြောသယောင်ယောင်
ဒါပေမယ့် … သူ့ရဲ့ အားပြင်းတဲ့ စိတ်အလင်းရောင်မှာ
သူ့ရဲ့ တည်ကြည်လေးနက်ခြင်းက မဲညစ်ပိတ်မှောင်မနေခဲ့
တိုင်းပြည်နဲ့လူမျိုးကို ချစ်ခြင်း
လွတ်လပ်မှုနဲ့ ငြိမ်းချမ်းရေးကို မြတ်နိုးခြင်း
သူ့နှလုံးသားက အဲဒီအားနှစ်ခုတည်းနဲ့ ထိန်ထိန်လင်းတယ်
အဲဒီအလင်းကို ကျွန်တော့်ရင်ဘတ်ဆီ နှလုံးသားချင်း ချိတ်ဆက်စီးကူး
ကျွန်တော့်ရင်ခုန်သံတွေ ပူနွေးပြင်းရှမှုတစ်ခုနဲ့ တက်ကြွတောက်မြူးခဲ့ … ။

သူ့မျက်နှာကို မော့ကြည့်တိုင်း
ကျွန်တော့်ရဲ့ သိမ်ငယ်စိုးထိတ်မှုတွေ အားပျော့ကင်းစင်သွား
သူ့ရုပ်သွင်ရဲ့ သတ္တိရသက
ကျွန်တော့်စိတ်ဓါတ်ကို ဆွဲယူထူမတယ်…
သူ့သွေးတွေရဲ့ လတ်ဆတ်ပူနွေးမှုက
ကျွန်တော့်သွေးကြောတွေထဲ ဖောက်ဝင်စီးဆင်းတယ်…
ကျွန်တော့်အခန်းကျဉ်းလေးရဲ့ တိတ်ဆိတ်မှုထဲမှာ
သူ့စကားသံတွေ အသံမဲ့ပဲ့တင်ထပ်
တစ်သားတည်းကျသွားတဲ့ စိတ်ဓါတ်ခွန်အားနဲ့
သူမက်ခဲ့တဲ့ အိပ်မက် ကျွန်တော် ဆက်မက်တယ်
တစ်ထပ်တည်းကျသွားတဲ့ ရင်ခုန်သံစည်းချက်နဲ့
သူပျိုးခဲ့တဲ့ တစ်ပွင့်ပန်း ကျွန်တော် ဆက် လက်ဆင့်ကမ်းမယ်
သူချစ်ခဲ့သော တိုင်းပြည် သူမျှော်လင့်တဲ့အတိုင်း တည်စေဖို့
နီစွေးပြတ်သားသော ရဲရင့်ခြင်းနဲ့
ကျွန်တော် ရှေ့ဆက်ချီတက် ထမ်းရွက်မယ် …။

ကျွန်တော်တို့လမ်းရဲ့ ခက်ခဲကြမ်းတမ်းမှုတွေ
သူလျှောက်ခဲ့ရတဲ့လမ်းလောက် ဆိုးဝါးပြင်းထန်ခဲ့သလား
ကျွန်တော်တို့ခရီးရဲ့ ရှုပ်ထွေးခဲယဉ်းမှုတွေ
သူနှင်ခဲ့ရတဲ့ခရီးလောက် ပွေလီကျပ်တည်းခဲ့သလား
ဦးနှောက်တွေ ဆူဝေပေါက်ကွဲလုမတတ်
သူတွေးခေါ်တွက်ချက်ခဲ့သလောက်
ကျွန်တော်တို့တွေ ဘယ်နှစ်ယောက်များ အားထုတ်ခဲ့ကြဖူးသလဲ
အိပ်လဲ ဒီစိတ် စားလဲ ဒီစိတ် သွားလဲ ဒီစိတ်နဲ့
သူ စွဲစွဲလမ်းလမ်း တောင့်တရယူပေးခဲ့တဲ့ လွတ်လပ်ရေး
အဲဒီ… လွတ်လပ်ရေးဆိုတာအတွက်
ကျွန်တော်တို့ သူ့လောက် ရူးသွပ်ပေးဆပ်ခဲ့ကြရဲ့လား
မေးခွန်းတွေများစွာက
ကျွန်တော့်ရင်ကို တွန်းထိုးတူးဆွကြ
သူ့မျက်နှာကို မော့ကြည့်တိုင်း
ကျွန်တော့်ကိုယ်ကျွန်တော် အားမလို အားမရ ဖြစ်မိတုန်းပဲ …. ။

နေဘုန်းလတ်

၆၄ နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ် ( ဘားအံ အကျဉ်းထောင် မှ ဂုဏ်ပြုဖွဲ့ဆိုပါသည် )

နေဘုန်းလတ်အား ချစ်ခင်လေးစားသော အားဖြင့် ပေးပို့ လာသော မေး(လ်) မှ ကူးယူတင်ပြပါသည် ။

အာဇာနည်နေ့ ဒို့ မမေ့

Thursday, July 14, 2011



ပုံကို -ကိုနစ်နေမန်းထံမှ ကူးယူပါသည်


ဇူလိုင်လမှာ ၁၉ ရက်
မမေ့နိုင်တဲ့ ဒို့ တသက်
တိုင်းပြည်အတွက် စည်းဝေးစဉ်
အတွင်းဝန်ရုံးတွင်
အတင်းဝင် ဒလစက်
သေနတ်နဲ့ ပစ်ခတ်
ဒို့ များဗိုလ်ချုပ်အပေါင်းမှာ
ကျဆုံးရလေရှာ
မမေ့နိုင်တဲ့ ဒို့ တစ်သက်
ဇူလိုင်လမှာ ဆယ့်ကိုးရက်







ကလေးဘ၀ ကသင်ရိုးကဗျာလေးပါ ဒီကဗျာ ခု စစ်အုပ်စုသင်ရိုးထဲမှာ ပါ မပါ သေချာမသိပေမဲ့ မျိုးဆက်သစ်ကလေး
တွေဟာ အာဇာနည်နေ့  လို့ ပြောရင် အာဇာနည် (အဆိုတော်)လောက်ကိုပဲ သိနေတာတော့ရင်နာစရာပါ ။ ကျမတို့ 
သားသမီးလေးတွေ ကိုတော့ ကျမတို့ က လက်ဆင့်ကမ်းနိုင်ပေမဲ့ ပြောပြနေနိုင်ပေမဲ့ ----- --------

မွေးနေ့ 

ပေးဆပ်ခဲ့တဲ့အသက်တွေဘ၀တွေ အတွက် အကြွေးဆပ်ကြရဦးမဲ့ 7 July

Wednesday, July 6, 2011



မြန်မာပြည်သမိုင်း ဘယ်လိုဘယ်က စရေးရေး ကျောင်းသားအရေးမပါ ရင်မပြီးဘူး ။ တကယ်ဖြူဖြူစင်စင်နဲ့  အာဏာရှင်အဆက်ဆက်ကိုခေတ်အဆက်ဆက်တော်လှန်ခဲ့သလို ခုလည်းတော်လှန်ဆဲ နောင်လည်းတော်လှန်
နေဦးမှာပါပဲ ။ ကျောင်းသားသမိုင်းကိုတော့ မှေးမှိန်အောင် ဘယ်လိုဖျောက်ဖျောက် မပျောက်ပျက်ဘူးဆိုတာ
အာဏာရှင်ဟူသမျှ သိနေကြတာကြောင့် အာဏာရှင်တွေ အကြောက်ဆုံးက ဖြူစင်တဲ့ရဲရဲတောက်ကျောင်း
သားတွေကိုပဲ - ဒါ့ကြောင့် 7July မှာပေးဆပ်ခဲ့ ပါဝင်ခဲ့ တိုက်ပွဲဝင်ခဲ့ အကျဉ်းကျခဲ့ ကျဆုံးခဲ့ရတဲ့ နောင်
တော်ကျောင်းသားများကို အလေးပြူပါတယ် ထာဝရ အလေးပြုလျှက်ပါ --- သမဂ္ဂအဆောက်အအုံကြီး
ပြန်မတည်ဆောင်နိုင်သေးသ၍ ကိုယ်တွေ တာဝန်မကြေသေးဘူးဆိုတာ နားလည်တာကြောင့်အာဏာရှင်အ
ဆက်ဆက်ကို --ဆက်လက် တိုက်ပွဲဝင်သွားမယ် လို့  ဂတိပြုပါတယ် ။

မေအိခင်(လယ်ဝေး)

မြန်မာနိုင်ငံအမျိုးသမီးများနေ့  ဖိတ်ကြားအပ်ပါသည်

Saturday, June 18, 2011

ကိုဘမောင် နဲ့ စိုးမြတ်သူ ထံ သို့

Wednesday, June 15, 2011


အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ် ရဲ့ မရမ်းကုန်းလူငယ် တစ်ဦးဖြစ်တဲ့ ကိုဘမောင် ပါ ။ ကိုဘမောင် ရဲ့ကျမ်းမာရေး
အခြေအနေဟာ နောက်ဆုံးအခြေအနေမှန်း သူ့ ကိုယ်သူလည်း သိပေမဲ့ ကိုဘမောင်ရဲ့ မျက်နှာကို ကြည့်ကြည့်ပါ
သေမှာ မကြောက်ဘူး သူလုပ်ခဲ့တဲ့ သမိုင်း သူရဲ့ရပ်တည်ချက် သူကိုယ်တိုင် က ပြည်သူလူထုကို ကိုယ်စားပြုနေ
တဲ့ ပြည်သူ့ ပါတီ NLD မှာ နှစ်ပေါင်းများစွာရပ်တည်ခဲ့တာ ခု လူထုခေါင်းဆောင်ပြန်လွတ်တဲ့အခါမှာလည်းအန်တီ့
လုံခြုံရေးအတွက် သူ ခိုင်ခိုင်မာမာ လုပ်ဆောင်နေရင်းက ဝေဒနာတရပ် ပေါ်လာလို့ ဆေးရူံ တက်ကုသရာက
ကင်ဆာ တဲ့  --ကျမ သိသိချင်း အတော်ကို ကြေကွဲတယ် ကျမ တို့ လက်တွဲဖေါ် ရဲဘော် အကိုတွေ ဘဝ
ရဲ့ နောက်ဆူံးအချိန်မှာ ကျမ ပြေးတောင်မကြည့်နိုင်ဘူး ။။။ လမ်းခွဲရမှာ ကြိုသိကြရတဲ့ အခါ တွေ့ လိုက်ချင်တာ
ပေါ့နော် --အန်တီစု မှာလည်း အတော်စိတ်မကောင်းဖြစ်နေတဲ့ အခြေအနေပါ ။ သားတွေ ကို ခွဲခွါနေရသလို
သားသမီးလို အားထား၇တဲ့ လူငယ်တွေ ခုလို သောကဝေဒနာ အမျိုးမျိုးနဲ့ ခံစားနေကြရတဲ့ အခါ -ကြုံတွေ့ ရတဲ့
အခါ အန်တီလည်းအတော့ကို ကြေကွဲနေမှာပဲ။။ အော်--ကောင်းဆိုး နှစ်တန် လောကဓံ ပဲကိုးးးးးးးးးးးး

ဒီပုံကတော့ မောင်လေးစိုးမြတ်သူဆီအန်တီသွားရောက် အားပေးတာလေးပါ ပြီးခဲ့တဲ့ လဆန်းက စစ်ဗိုလ် နဲ့ အပေါင်းပါက
ဓါးနဲ့ ထိုးတာခံခဲ့ရတဲ့ အဖွဲ့ ချုပ်လူငယ်ပေါ့ --

စစ်အုပ်စု ရဲ့ ရာဇ၀တ်မှု ကို မမေ့နဲ့  တုန့် ကို တုန့် ပြန်ရမဲ့ ကိစ္စ သေချာနားထောင်ကြည့်ကြပါ

Tuesday, June 14, 2011

မတ်ကိန်း ခရီးစဉ် အပေါ် ၈၈ ခေါင်းဆောင် ကိုမိုးသီး နှင့်ရဲဘော်များသုံးသပ်ချက်

Thursday, June 9, 2011

သတိ -NLD အားလုပ်ကြံရန် ရှိ

Tuesday, June 7, 2011


စစ်ဗိုလ်အုပ်စုက ဓါးနဲ့အထိုးခံရတဲ့NLD လူငယ်စိုးမြတ်သူ(ခ)ကိုမြတ်

အဖွဲ့ ချုပ်အားထားရတဲ့ လူငယ်တွေ



သတင်း က ရင်ကို နင့်စေပါတယ် ရင်းနှီးခဲ့ကြတဲ့တော်လှန်ရေးမောင်နှမ ထဲက မောင်ငယ်လေး
ကို စစ်ဗိုလ် အုပ်စုက ဓါးနဲ့ ထိုးလို့ တဲ့ အဆုတ် ထိတဲ့အတွက် စိုးရိမ်ရတယ် ရန်ကုန်ဆေးရုံ
ကြီးအရေးပေါ်ခန်း ခုပဲတင်လိုက်ရတယ်တဲ့ ။ဘုရားတ ပြီး ကျမ မျက်ရည်တွေစီးကျခဲ့ပါတယ်။

တစ်ပြိုင်နက်ကျမ ခေါင်းထဲကို ၀င်လာတာတခုက သက်နိုင်ဦး ကိစ္စ။။ လွန်ခဲ့တဲ့ဆယ်စုဝက်
က ဖြစ်ပျက်ခဲ့တဲ့ ရဲဘော်သက်နိုင်ဦးကိစ္စ မေ့မရခဲ့ပါဘူး စစ်တပ် စစ်သား စစ်ဗိုလ်များ နဲ့  ဒီမိုကရေစီလိုလားတဲ့ အတွေးအခေါ်မြင့်မားတဲ့ တိုင်းပြည်ကို ချစ်တဲ့ လူငယ်လေးများ က
ရန်သူများလားရယ်လို့ ရင့်နင့်စွာခံစားရပါတယ် ။

စစ်တပ်နဲ့  NLD ဟာ ဘက် နှစ်ဖက် လုံးဝမဟုတ်ပါဘူး ဒါကို တပ်မတော်သားတွေ အထူး
သတိထားကြဖို့ လိုပါတယ်။ မြှောက်စားတိုင်းလည်းမရမ်းကားမိဖို့  တပ်မတော်သားတွေကို
သတိပေးချင်ပါတယ်။ NLD လူငယ်အများစုဟာ ပွင့်လင်းရိုးသားပြီး မိမိယုံကြည်ချက်ပေါ်မှာ
သစ္စာရှိရှိ နဲ့ အပွန်းအပဲ့ အထိအရှများစွာနဲ့  အန္တယယ်ကြားကဒီခရီးကိုလျောက်နေကြရတာပါ။

ဓါးထိုးခံရတဲ့ NLD လူငယ် စိုးမြတ်သူ ဆိုရင် တကယ့် ပျော်တက် တဲ့လူငယ်ပွင့်လင်းမှုရှိ
တယ်။ မိခင်ကြီးကို လုပ်ကျွေးနေတယ် သူတက်တဲ့ပညာရပ်လေးကစလောင်းတွေလိုက်
တပ်ဆင်တယ်ရတဲ့ ငွေလေးနဲ့  မိခင်သူနာပြုဆရာမ ကို စောင့်ရှောက်နေတာဖြစ်ပါတယ် ။
အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်ကို နှစ်ထောင်ခုနှစ်နောက်ပိုင်းမှာ တာမွေ မြို့ နယ်လူငယ်
အဖြစ်ဝင်ရောက်လုပ်ကိုင်ပြီး သူနိုင်တဲ့ဝန်နဲ့ ဒီမိုကရေစီ တော်လှန်ရေးထဲပါဝင်နေတဲ့ကလေးပါ
လက်ရှိ ဗဟိုလူငယ်အထောက်အကူပြု လုပ်ငန်းတွေလုပ်နေပြီး အဖွဲ့ ချုပ်မှာ အားကိုးအားထား
ရတဲ့လူငယ်တစ်ယောက်လည်းဖြစ်ပါတယ်။

ခေတ်လူငယ်တွေ သူတို့ ခေတ် ပဲ ဆိုပြီး အနောက်တိုင်းပုံစံလေးတွေနဲ့ လေလွင့်နေတဲ့ မြန်မာ
လူငယ်အများစုကြားက ခေတ်ကိုလည်းမြင် မြန်မာပြည်ရဲ့စစ်အုပ်ချုပ်ရေး စနစ်ကိုလည်းချဉ် ပြီး
ကိုယ်ယုံကြည်တဲ့ဒီမိုလမ်းကို ရဲရဲရင့်ရင့်လျောက်နေတဲ့လူငယ်တွေထဲက စိုးမြတ်သူ(ခ) ကိုမြတ်
ဟာလည်းတိုင်းပြည်အနာဂတ်ကောင်းဖို့ အတွက်ဘ၀ရဲ့ အချိန်တွေပေးဆပ်နေရတဲ့လူငယ်
တစ်ယောက်ပါ ။

စစ်အုပ်စုရဲ့ အာဏာစက် အောက်က ဥပဒေ ဆိုတာကို ကျမမယုံကြည်ပါဘူး ။ လူငယ်တွေ
ရန်ဖြစ်တယ် စကားများတယ် နောက်ဆုံး သောက်စား တယ်ပဲ ထားပါဦး တဖက်က စစ်ဗိုလ်
နှစ်ယောက် နဲ့ ကြေးစားလူမိုက် ရာဇ၀တ်ကောင် တဖက်က NLD မှာ တာဝန်ရှိတဲ့ လူငယ်
ပါတဲ့ လူငယ်သုံးယောက် -- ဒီရန်ပွဲ ဟာ တိုက်ဆိုင်မှုလို့ ကျမ လုံးဝ လက်မခံပါဘူး ။

တဖက်သတ် အစီစဉ်တကျ ရန်စပြီး လူတစ်ယောက်ကို သေလောက်အောင် လုပ်ကြံတာ
အသေအချာပါပဲ ။ စစ်တပ်ကြီးစိုးနေတဲ့ မြန်မာပြည်မှာ စစ်ဗိုလ် စစ်သား အနိုင်ကျင့်သမျှ
NLD လူငယ်ကတော့ ဘယ်နည်းနဲ့ မှ ခေါင်းငုံ့ ခံမှာ မဟုတ်ပါဘူး ဒီလို ငုံ့ မခံတဲ့အတွက်လည်း
ရက်ရက်စက်စက် အသေထိုးသတ်လိုက်တာပဲလို့ ကျမနားလည်ပါတယ် ။

ကံကောင်းလို့  စိုးမြတ်သူ အခြေအနေ မသေဆုံးနိုင်ဘူးလို့ ကြားနေရပေမဲ့ ဒီကိစ္စကို ကျမတို့ 

ဒီမိုကရေစီအင်အားစု တွေက လက်ပိုက်ကြည့်လို့ မရပါဘူး ။ လက်၇ှိတာဝန်ထမ်းဆောင်ဆဲ
ဖြစ်တဲ့ စစ်ဗိုလ် ကော ကျန် နှစ်ဦးကို ပါ ထိရောက်တဲ့အရေးယူမှု လုပ်ဖို့ တောင်းဆိုကြရပါမယ်
မြန်မာပြည်ရဲ့ ဥပဒေက အစိုးရအောက်မှာရှိနေတဲ့အတွက် နိုင်ငံတကာဥပဒေ ခုံရုံးတွေအထိ
ဒီကိစ္စကို လိုအပ်ရင် တင်သွင်းကြရပါမယ် ။ ကျမအနေနဲ့ ဒီလိုတိုက်တွန်းတာ နောင် ဒီလို လုပ်
ကြံမှုမျိုး ထပ် မပြုမူနိုင်အောင်ပညာပေးဖို့ ရယ် နဲ့  လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်
မကြာခင် ထွက်မဲ့ ခရီးစဉ် အတွက်လည်း ကာကွယ်ပြီးသားဖြစ်အောင်လို့ ပါ။

ကျမ အထူးပဲ စိုးရိမ်ပူပန်မိပါတယ် စိုးမြတ်သူလို လူငယ်တစ်ယောက် သူမှာ နဂိုဗီဇ စိတ်ကိုက
ရန်လိုတဲ့အကျင့်မရှိ သူများကိုအတော်သီးခံတက်တဲ့ လူငယ်တစ်ယောက်ရဲ့အသက်ကိုတောင် နုတ်ယူဖို့ ကြိုးစားခဲ့တဲ့ စစ်အုပ်စုအသိုင်းအ၀န်းရဲ့ရမ်းကားမှုဟာ နောက် လူငယ်တွေ အတွက်
သက်နိုင်ဦး လို အလုပ်ကြံခံရနိုင်မှုများရှိလာဦးမလား ဒါသတိထားရတော့မဲ့ အချက်ပါ ။
NLD များ အထူး သတိရှိကြပါ ။။။။။။။။

ဒါ့အပြင် စစ်အုပ်စု အထူးသဖြင့် သန်းရွှေ သိန်းစိန် တို့ လူတစ်စု အင်မတန် ကြောက်ရွံ နေတဲ့
ဒေါ်အောင်ဆန်းစုကြည် အတွက်လည်း လုံခြုံရေး ပိုလို့ စိုးရိမ်မိပါတယ် ။ ဒီဖြစ်ရပ်တွေကို
ကျမတို့  လေ့လာပြီး အစစအရာရာ လျော့မတွက်ကြဖို့  အဖွဲ့ ချုပ်အဖွဲ့ ဝင်တွေကိုလည်း
အကြံပြုချင်ပါတယ် ။ ဒေါ်အောင်ဆန်းစုကြည် နယ်ခရီးစဉ် ထွက်မယ်ဆိုတာ တရားဝင်ကြေ
ညာထားတဲ့အခြေအနေမှာ အဖွဲ့ ချုပ်အဖွဲ့ ဝင် လူငယ် တစ်ယောက်ကို ခုလိုရန်ရှာပြီး လူသတ်
မှုကျူးလွန်တာဟာ ရိုးသားတဲ့ ပြဿနာ မတော်တဆဖြစ်တဲ့ အခြေအနေတစ်ရပ် မဟုတ်ဘူး
ဆိုတာ တင်ပြလိုက်ပါတယ် ။

ရဲဘော်အချင်းချင်း ရိုင်းပင်းစောင့်ရှောက်နိုင်ကြပါစေ

မင်းထက်မြတ် (မျိုးချစ်တပ်ဦးလူငယ်-၈၈)

တကယ်လိုအပ်နေတဲ့ကလေးပညာသင်ကျောင်း သို့  ကိုမိုးသီး သွားရောက် လေ့လာ

Sunday, May 15, 2011

မတူရင်မတုနဲ့  (၁၀)နှစ်

Tuesday, May 10, 2011

မရေးဘူးလို့ စိတ်ကိုထိမ်းချုပ်ထားပါတယ် ။ ကိုယ်ယုံကြည်တဲ့ခေါင်းဆောင် ကိုစော်ကားနေတဲ့ကိစ္စ သူ့ ရာဇ၀င်နဲ့
သူပဲလေ လို့  ဘာအစဉ်အလာမှ မရှိတဲ့သူရဲ့ တစ်ကျပ် တစ်မတ် တိုက်ကွက်ပဲ ဆိုတာ ကျမ တို့ ကြား သတ်
မှတ်ပြီးသားမို့  နေပါစေ လို့ ထားလိုက်တော့မလို့ ပါ ။ ဒါပေမဲ့ ကျမ ပါဝင်တဲ့ အများစု မေး(လ်) ဂရုထဲ ကို
ဒီည ကိုလွဏ်းဆွေကိုယ်တိုင်ထပ်ပို့ လာတာတော့သူရဲ့အဲဒီအမြင်တွေကြောင့်ဆူညံပေါက်ကွဲသံတွေနဲ့ အက်ကြောင်း
ဖြစ်ခဲ့ရတဲ့ အင်အားတရပ် အဲဒီအင်အားထဲ က သူကိုလက်ခံနိုင်သူလက်ခံ ဒါပေမဲ့ လုံးလုံး လက်မခံနိုင်တဲ့
ကျမ ကိုစော်ကားလိုက်သလို ခံစားရပါတယ်။ ခြေလက်အေးစက်ပြီး လူသတ်ချင်စိတ်တောင်ကျမဖြစ်မိ
တယ် ဒါလည်း မောင်လွဏ်းဆွေ ရဲ့ တိုက်ကွက် တခု ဆိုတာ သိကိုသိပါတယ် ဒီတော့လည်း ရဲဘော်တွေကြား
ပြောနေကြ စကားလို --- အမုန်းမခံဘူးဟေ့ --ယုန်သူငယ်နှာစေးလိုက်ဦးမယ် - ကွယ်ရာမှာဆဲပြီး တွေ့ ရင်
မင်းအဖေ နေကောင်းလား ဆိုတာ အိရွှေစင်ညွန့် တော့ တသက်လုံးမကျင့်သုံးဖူးလို့  ရန်သူအကြိုက်လိုက်တဲ့
သူတွေ မုန်းချင်မုန်းပါစေ သူတို့ ချစ်တာခင်တာခံနေရရင် ကိုယ်တောင် သိက္ခါ မဲ့သေး လို့ တွေးပြီး ကိုလွဏ်းဆွေ
ရေ မတူရင် မတုပါနဲ့ လို့  ပြောပါရစေ --
ကျော်ဖြတ်တာခြင်း ယုံကြည်ချက်ခြင်း ရင်ဆိုင်ကျော်ဖြတ်ခဲ့ရမှုခြင်းတူတဲ့သူတွေသာ ကိုယ်ချင်းစာနားလည်ပေးနိုင်
မဲ့အခြေအနေအရပ်ရပ် မို့  လက်ရှိ ဒေါ်အောင်ဆန်းစုကြည် ရင်ဆိုင်နေရ ကျော်ဖြတ်နေရ လှုတ်ရှားနေရတာကို
ကိုယ့်စိတ် ကိုယ့် ခန္တာ ကိုယ့်အသက် နဲ့ ကိုယ်ချင်းစာပြီး ကျမတို့ နားလည်ခံစားနိုင်တယ် ။ဒေါက်တာလွဏ်းဆွေ
ရေးထားတဲ့ အားလုံးပဲဟောင်းနွမ်းလို့  အသစ်က ပြန်စဖို့ ဆိုတဲ့ ရမ်းကားမှုဟာ ဒေါ်အောင်ဆန်းစုကြည်ကိုသာမက
ရှစ်လေးလုံးအရေးတော်ပုံ ကစတဲ့ တော်လှန်ရေးအင်အားစုကို စော်ကားတာ စမ်းသပ်ကြည့်တာ -သူများ ၀င်ဆန့် 
နိုင်မလားဆိုပြီး တိုးကြည့်တာ အသေအချာပါ။ ဒါ့ကြောင့်အယဉ်ကျေးဆုံး စကားလုံး နဲ့ ကျမ တုန့် ပြန်ရမယ်ဆို
ရင် ဒူးနေရာဒူး တော်နေရာတော် --တန်ရာတန်ရာ ဝေဖန်ပါလို့ ပြောချင်ပါတယ် ။
ဘာကြောင့် ပြောရလဲ ဆိုရင် ၁၉၈၈ မှာ မောင်လွဏ်းဆွေ ၁၈နှစ် အရွယ်ပါ - ဖြူစင်တဲ့လူငယ်အရွယ်မဟုတ်
မခံ တဲ့လူငယ်အရွယ် အဲဒီအရွယ်မှာ - ရှစ်လေးလုံးအရေးတော်ပုံကြီး ဖြစ်တာ -သူ ဘယ်နေရာ မှာ မှမပါခဲ့ပါဘူး
၈၉မှာ ကျမထောင်ထဲရောက်ပြီးပါပြီ မောင်လွဏ်းဆွေ ထက် ကျမ ၂နှစ်ငယ်ပါတယ် ။
၁၉၉၆ မှာ ကျောင်းသားတွေက ကျောင်းသားသမဂ တောင်းဆိုလို့  မီးသတ်ပိုက်နဲ့ ထိုး အမှောင်ချ ရိုက်နှက်ပြီး
ထောင်ထဲထဲ့တဲ့အချိန်မှာ မောင်လွဏ်းဆွေ ဆေးတက္ကသိုလ်မှာပါ --သူဘယ်နေရာမှာ မှမပါ ---ခဲ့ပြန်ပါဘူး။
ကျမထောင်ထပ်ကျပါတယ် ။ ကျမ ၁၀တန်းနဲ့ကျောင်းကရာသက်ပန်ထုပ်လို့  ၁၀တန်းစာမေးပွဲ ကိုအပြင်ကဖြေခဲ့
ရပါတယ် ။
ပြည်ပ ထွက်လာတော့လည်း တော်လှန်ရေးနဲ့ ဘာမှ မစက်ဆက်တဲ့ကိစ္စ နဲ့ ထွက်အလာ မဲဆောက်ဒေသရဲ့ ထုံးစံ
အရ ပြည်တွင်းမှာ ကဗျာလေးတစ်ပုဒ်လောက်ပေါက်လည်း တကယ့်စာပေသမားကြီးပမာ ကြိုဆိုနေရာပေးတက်တဲ့
အသိုင်းအ၀န်းတစ်ခု ရှိနေလေတော့ ထမင်းမငတ်ဘူးပေါ့ ထမင်းမငတ်ရာ က ထမင်းဝလာတော့ လူပါးလေးပါဝ
ချင်လာတော့တာပါပဲ -
အဲလိုပြောတော့ တော်လှန်ရေးမှာ မပေးဆပ်သူ မပါဝင်သူ က စာပေမဝေဖန်ရဖူးလား လို့ စောဒကတက်စရာရှိပါ
တယ် ဝေဖန်ရေးဟာ စော်ကားရေး မဟုတ်ပါဘူး သူ့ အရေးအသားတွေ ဘယ်လိုဖတ်ဖတ် တချို့ ဟာ ဘာသမိုင်း
မှမသိ ဘာမှ လက်တွေ့ မကြုံဖူးမတွေ့ ဖူးတာတွေ ဒေါ်အောင်ဆန်းစုကြည်နဲ့ တကွ NLD ရဲ့ ဘယ်လို အကြတ်အ
တည်းမျိုးနဲ့ ရင်ဆိုင်လုပ်နေရတာတွေ ဗဟုသုတ (အသိတရား) ဘာမှမရှိပဲရေးထားတော့ လက်တွေ့ ကျော်ဖြတ်ခဲ့
ရတဲ့ ကျမတို့  က ဟားမိတာတွေ ဟာ ဒီကောင် မိုက်ရိုင်းလှချည်လားလို့ သြချရတာတွေ တွေ့ လာရပါတယ်။
တလောကပဲ စာပေနယ်ထဲ က ဆရာစိုးနေလင်း က သူ့ ကို နာမည်မထဲ့ပဲ ဆုံးမခဲ့ပါသေးတယ်။ဘယ်သူ့ ကိုရေးတယ်
ဆိုတာ လူမှန်ရင် သူသိပါလိမ့်မယ်။အဲဒီတော့ ကျမမေးချင်တယ် သူ့ ရဲ့ ဒေ၀ဒတ် ဥာဏ် တိုက်ကွက်ကိုထား---
(၁)ထောက်လှန်းရေး နဲ့ လက်နက်ကိုင်တွေ ရှိနေတဲ့ နေရာကို နေ့ စဉ် မျက်နှာချင်းဆိုင် ရင်ဆိုင်ပြီး နိုင်ငံရေးစကား
တွေ ပြောဖူးလား --ပြောရဲလား ( ကျမတို့ နှစ်ပေါင်းများစွာ ထောက်လှန်ရေးနဲ့ စိန်ပြေးလိုက်တမ်းကစားသလို
ကျင်လည်ခဲ့ရတယ်)
(၂)ရိုက်သတ်မယ် ပစ်သတ်မယ် သိသိ နဲ့ အာဏာပိုင်ရှေ့မှာ စစ်တပ်နားမှာ တရားဟောဖူးသလား
ကျမတို့ ဂွတ်တလိပ်လမ်းဆူံမှာ နှံပါတ်ဒုတ်နဲ့ အရိုက်ခံခဲ့ရတယ်။ စစ်ကားနဲ့ လိုက်တိုက်တာခံခဲ့ရတယ်။
(၃)အသက်သေမယ် ထောင်ထဲ ခုနာရီပိုင်းအတွင်းရောက်မယ်ဆိုတာ သိသိကြီးနဲ့ ဆန္ဒပြဖူးသလား
(၄)ယုတ်စွအဆုံး ကိုယ်လုပ်နေတဲ့ စာပေ့ ရေးရာနဲ့ တောင် စစ်အုပ်စုကို ဝေဖန်စာ ရေးဖူးသလား
အဲဒီလို မကျော်ဖြတ်ခဲ့စေဦး မတော်တဆ ခလုပ်တိုက်လို့ တောင် ထောင်ထဲရောက်ဖူးရင် ကျမ အော် မတော် တဆလည်း
တော်ပါသေးတယ် လို့ ယူဆပေးလို့ ရပါတယ် ။ အဲဒီလို ပေးဆပ်မှုကလည်းမရှိ ကျော်ဖြတ်ခဲ့တဲ့သမိုင်းကြောင်းကလည်းမရှိ
ပေါ်ပျူလာဖြစ်နိုး နဲ့ ရေးချင်တာကိုရေး ပြောချင်တာကိုပြောနေတာကို အောက်ပိုင်း ပျက်လုံးပျက်တဲ့ လူရွင်တော် ကို ညံ့တဲ့
ပရိတ်သတ်က အူတက်အောင်ရီပြီး အားပေးနေပေမဲ့ အကြားမတော်အမြင်မတော်တာ ကိုဆုံးမဖို့ ကျမတို့ မှာ တာဝန်ရှိပါတယ်။

ကျမတို့ ထောင်ထဲမှာတချို့ ဝါဒါမ တွေ က ကျမတို့ ပုဒ်မနဲ့ လုပ်ရပ်ကြောင့် ရာဇ၀တ်သားတွေနဲ့ ကျမတို့ ကိုသီးခြား
ထားပြီး လေးစားမှုတွေ နဲ့ ဆက်ဆံတဲ့အခါ တာတီးဒီ ပုဒ်မနဲ့ ထောင်ကျတဲ့ အကျင့်ပျက်မိန်းကလေးတဦး က ကျမ
တို့ ကို ပုခုန်းချင်းယှဉ်ချင်လာပါတယ်။ကျမတို့ သီးသန့် တိုက်မှာနေ နေရတာကိုက သူတို့ က မိလ္လာချပေးနေရတယ် ဆိုပြီးကျမတို့ ၅ည တွေကြားထဲရန်တိုက် ၅ညတွေစကားကို ၀ါဒါမ တွေကို အ၈င်္လိပ်
ခေတ် ပုလိပ်ခွေး လို ဖား--ချွန် အဲလိုတွေလုပ်တော့ ကျမ အဲဒီ့ တာတီးဒီ ကောင်မလေးကို မတူရင်မတုနဲ့  (၁၀)
နှစ်
ကြိုးစားလိုက်ဦးလို့  ပြောလိုက်ပါတယ် -- ဒါ ခုချိန်မှာပြန်တွေးမိတော့ ကိုလွဏ်းဆွေ က ၁၀နှစ်လောက်ကြိုး
စားပြရင်တောင် ခုလို စိတ်စေတနာညံ့ပုံမျိုးနဲ့  ဒေါ်အောင်ဆန်းစုကြည်မပြောနဲ့ ကျမကိုတောင်ပုခုန်းချင်းယှဉ်လို့ မရဘူး
လို့  အတိအလင်းပြောချင်ပါတယ်။

အဲဒီလိုပြောလို့  နောက်မှနိုင်ငံရေးလုပ်တဲ့ သူတွေ ခုမှပါဝင်လာချင်တဲ့သူတွေ ကို အရင့်အရင်လုပ်ခဲ့သူတွေက နှိမ်တယ်
ချိုးတယ် သူတို့ လေးတွေ ဘယ်လိုတက်တက်ကြွကြွပါလာနိုင်ပါ့မလဲ မပြောသင့်ဘူး ဘာညာ --ပြောလာပါမယ် --
စုစုနွေး နဲ့ ဖြူဖြူသင်း က မြန်မာ့ဒီမိုကရေစီအင်အားစုရဲ့ ပြယုတ်တခုဖြစ်လာတာ သူတို့ စိတ်စေတနာနဲ့ ကြိုးစားလုပ်
လို့ ပါ ၈၈မျိုးဆက် ပါလို့ သူတို့ မပြောဘူး ၈၈အရေးတော်ပုံမှာ ဘယ်နေရာဘယ်ဒေါင့်ကရယ်လို့ သူတို့ မပြောဘူး
သူတို့ စတင်ဝင်ရောက်လုပ်ကိုင်ကတည်းကိုကာ စေတနာဇော ရှိခဲ့လို့  သူရဲကောင်းမလေးတွေဖြစ်ခဲ့တာပါ ။ ဒါကိုကြည့်
ရင် အချိန်ကာလနဲ့ ကျော်ဖြတ်မှု ကရှိဖို့ လိုအပ်ပေမဲ့ စိတ်ရင်းစေတနာ ကလည်းအခရာပါပဲ ။ အကယ်၍သာသူဟာ
ဒေါ်အောင်ဆန်းစုကြည် နဲ့  NLD ကို စေတနာ၇ှိတယ် ပြည်သူ အပေါ်လည်းစေတနာမှန်တယ်ဆို ရင် NLD E-mail
တွေ ဒေါ်အောင်ဆန်းစုကြည်တိုက်ရိုက်ဖတ်နိုင်မဲ့ NLD- သတင်းပြန်ကြားရေးဌွာနတွေ ရှိပြီးသားပဲ - ထောက်ပြ ဝေဖန်
သုံးသပ်ပြီး အားနည်းချက် အားသာချက်ကို ပေးပို့ လို့ ရပါတယ် - တော်လှန်ရေးရှည်ကြာနေလို့ တပ်ဦးပါတီကို
အားမလို အားမရ ဖြစ်နေကြချိန်မှာ - အချွန်နဲ့ လိုက်မပေးလိုက်တာကို က ညစ်နွန်းတဲ့ ပြယုတ်ပါပဲ ။ နောက်ဆုံးပိုဒ်
(ရ) မှာ အဖျားရှုးသွားတာကိုကြည့်ရင် ကိုလွဏ်းဆွေကိုယ်တိုင် ဘာ အိုင်ဒီယာမှ မရှိတာအသေအချာပါ ။ ကိုလွဏ်းဆွေ
ကို ဆရာမကြီးဆိပ်ကမ်းဒေါ်စန်းစန်း ပင့်ဖိတ်မှု ဆော်သြခေါ်ဆောင်မှုကြောင့်ကျမတို့ နဲ့ ကာလတခု မျက်နှာချင်းဆိုင် ထိုင်ပြီး
နိုင်ငံရေးတွေ တိုင်းပြည်နဲ့ ခေါင်းဆောင်တွေရဲ့လိုအပ်ချက်တွေအားနည်းအာသာချက်တွေ ဆွေးနွေးနေကြတာ ကျမတို့ 
ထက် အစဉ်အလာကြီးတဲ့ နောင်တော်တွေရဲ့ အယူအဆရေးရာဆွေးနွေးနေမှုတွေ ကို သံယောက်လိုက်အတုခိုးပြီး အဆိုး
မြင်ဝါဒနဲ့ ဒီလို ရန်သူ့ အကြိုက် လောဘီ လုပ်နေနိုင်တာကိုက ကျမတို့  ဘက်ရွေးမှားခဲ့တာပါပဲ ။

တရက်မှာ ကျမတို့ ထက်အစဉ်အလာကြီးတဲ့ လက်တွေ့ တိုက်ပွဲဝင်နေတဲ့နောင်တော်တချို့ နဲ့ ကျမစကားပြောဖြစ်ပါတယ်။
တစ်ယောက်က ပြောတယ် ဒီလိုရေးနေတာတို့ တတွေ မှာတာဝန်ရှိတယ်တဲံ့  ကျမ ကလည်းဝင်ပြောလိုက်တယ် ကျမ
နဲ့ တွဲပြီး အင်တာဗျူးတခုတက်ဖူးတော့ မြန်မာပြည်ထဲက လူတွေက ကျမနဲ့ တစုတည်းလား ဆိုလို့ ကျမအတော်ရှင်းယူ
နေရတယ် အကိုတို့ ပြောကြပါဦး လို့ ပြောမိတဲ့အခါ နောက်ထပ်အကိုတစ်ယောက် က ကိုလွဏ်းဆွေကို ပြောလို့ ရမယ်
လို့ တွေးတာကို က ခင်ဗျားတို့ အမှားဗျတဲ့ ---ဟာ ဟုတ်တာပေါ့ ဒီလူ က အက်စစ် ဆောင်းပါးမှာထဲ က ကျမ နဲ့ 
အတော် အတိုက်အခံဖြစ်ခဲ့ရတာပဲ သူက စာပေမူဝါဒလို့ ပြောတယ်ဗျဆိုတော့ ---

စာပေမူဝါဒ ဆိုလို့ အဲဒီ့တုန်း က ကျမအက်စစ်ကိုဖြုတ်ခိုင်းခဲ့တာ ကိုလွဏ်းဆွေ က ဖြုတ်မပေးနိုင်ဘူး ဒါစာပေးအခွင့်အရေး
လို့ ဆိုခဲ့ပေ မဲ့  အဲဒီတုန်း က အက်စစ်ဟာ သူမဟုတ်ဘူးငြင်းခဲ့လို့ ကျမမပြောဖြစ်ခဲ့တာတခုပြောပြပါမယ် ။
နိုက်တင်ဂေး မှာလည်း သူအယ်ဒီတာပဲ -- အဖွဲ့ ဝင်လား အချုပ်လား ကျမသေချာမသိဘူး အဲဒီ့ ဂျာနယ် ကို ၂၀၀၆-၇
လောက်မှာ ကျမ စာမူတွေပို့ ပါတယ် ကျမ စာမူကို ကိုလွဏ်းဆွေ ဆီကျမပို့ ပေးပါတယ် --အရွေးခံရပါတယ် -ထဲ့သွင်း
ဖေါ်ပြတာတွေရှိပါတယ် - တနေ့ မှာ ကျမပို့ ထားတဲ့ နိုင်ငံမဲ့ရဲ့မီးဖွါးခြင်း ဆိုတဲ့ ကျမကိုယ်တိုင် မဲဆောက်ဆေးရုံပေါ်မှာ ဗိုက်နာ
နေစဉ် ထိုင်း နာ(စ်) တွေရဲ့ပြုမှုဆက်ဆံပုံတွေ ကျမ ဘေးက ဗိုက်နာလို့ အော်နေသူ ကို ထိုင်းဆေးရုံတာဝန်ကျ နာ(စ်)
က ပါးစပ်ကို ပေတံနဲ့ ရိုက်တာတွေ ကို ကျမက မီးဖွါးနိုင်ဖို့ သေမင်းနဲ့ စစ်ခင်းနေချိန်မှာ နိုင်ငံမဲ့ဖြစ်နေတဲ့ကျမတို့ ဘ၀ကို
သရုပ်ဖေါ်ထားတဲ့ဆောင်းပါးကို ကိုလွဏ်းဆွေ ဆီ ပို့ ပါတယ် ။ တလလောက်ကြာတော့ ကျမဆောင်းပါးကို သူရွေးချယ်
လိုက်တယ် အပြီးသတ်နေပြီမို့ -ပါလာတော့ စာမူခ လာယူပေါ့- စာမူခ က ၃၀၀ ဘတ်ပါ ။။ အဲဒီ့ လို နဲ့ အဲဒီအပတ်ရဲ့
နိုင်တင်ဂေး ဂျာနယ် ထွက်လာပါတယ် ။ အယ်ဒီတာ ကိုလွဏ်းဆွေ ရွေးချယ်ပြီးပြီ ဖြစ်တဲ့ ကျမရဲ့ နိုင်ငံမဲ့ရဲ့မီးဖွါးခြင်း စါမူ
ပါမလာပါဘူး ။ ကိုလွဏ်းဆွေ ကို ကျမမေးလိုက်ပါတယ် အဲဒီ့အခါ စာပေရဲ့မူဝါဒ ကို အသက်နဲ့ ကာကွယ်မယ် ဆိုတဲ့
အယ်ဒီတာ ကိုလွဏ်းဆွေ က မရွှေစင်ရဲ့ဆောင်းပါး ကို ဒေါက်တာ စီသီတာမောင် ကဖြုတ်ခိုင်းပါတယ် တဲ့ြ
ဖုတ်ခိုင်းရ
တဲ့အကြောင်းရင်း က ဆေးခန်း ကိုထိခိုက်မှာစိုးလို့ တဲ့ ဘာကြောင့်လဲ ဆိုရင် မဲဆောက်ဆေးရုံပေါ်က မတရားမှု ကို
ကျမက ရေးထားလို့ တဲ့လေ --- ကဲ စာဖတ်ပရိတ်သတ် ဒီလောက်ဆိုစဉ်းစားနိုင်ပါပြီ ဒေါက်တာစင်သီတာမောင် က ဖြုတ်
ခိုင်းလို့  အယ်ဒီတာ လွဏ်းဆွေ က ကျမစာမူကို ဖြူတ်ပေးရတယ် ဆိုရင် ဘယ်မှာလဲ စာပေမူဝါဒ -
မဲဆောက်လိုဒေသမှာတောင် ဆင်ဆာ ကိုတောင် မကျော်လွားရဲတဲ့ ဒေါက်တာအယ်ဒီတာ တစ်ယောက် က ကျမတို့ တတွေအသက်နဲ့ ဘ၀ နဲ့ အချိန်တွေမြောက်များစွာနဲ့ ပေးဆပ်တိုက်ပွဲ ၀င်နေရတဲ့ တော်လှန်ရေးမှာ ဘာတွေများ ညွန်ကြားချင်ရတာလဲ -ကိုယ်နေရာကိုယ်နေပါလို့ ပဲ အဆုံးသတ်ပြောပါရစေ - စာဖတ်ပရိတ်သတ်
သတိအထူးထားစေ့ချင်တာက သူ့ ဘလော့ကို လူတွေ ၀ိုင်းကြည့်ဝင်ဆဲ ပွက်လောရိုက်နေတာ ကို သူက တကယ့်ကိုနိုင်ငံရေး
လို့ ထင်နေတာမို့  အကုသိုလ်ကင်းဝေးလိုရင် ကိုယ့်အလုပ်တွေ အချိန်မဖင့်စေလိုရင် ကိုလွဏ်းဆွေ ဘလော့ကို မကြည့်ဖြစ်တဲ့
နည်းနဲ့ ရှောင် ဖို့ ကျဉ်ဖို့ ဆန္ဒတူသူတွေ ကိုသာတိုက်တွန်းလိုက်ပါတယ် ။

မည်သူမဆို နာမည်ရင်းနဲ့ ဝေဖန်သုံးသပ်နိုင်ပါတယ် -

အိရွှေစင်ညွန့် 

ဘင်လာဒင်ကို ဘယ်လိုသတ်ခဲ့သလဲ ???

Monday, May 2, 2011

တနင်္လာနေ့၊ မေလ ၂၊ ၂၀၁၁
ဘင်လာဒင်ကို ဘယ်လိုသတ်ခဲ့သလဲ ???


ဘင်လာဒင်သေဆုံးသွားတဲ့ နေအိမ်အတွင်းမြင်ကွင်း(Video- Aljazerra)

မှောင်မိုက်နေတဲ့ညမှာ အမေရိကန် ရဟတ်ယာဉ်တွေဟာ နံရံမြင့်ကြီးတွေ ကာရံထားတဲ့နေရာတခုကို ချဉ်းကပ်ခဲ့ပါတယ်။ အကြောင်းကတော့ ကမ္ဘာ.အဆိုးရွားဆုံး အကြမ်းဖက်ခေါင်းဆောင် ဘင်လာဒင်ကို ဖမ်းဖို့ (၀ါ) သတ်ဖို့ပါ။ ထိုသို့ချဉ်းကပ်ပြီး မိနစ် ၄၀ မပြည့်ခင်မှာပဲ ဘင်လာဒင်ဟာ အပေါင်းအပါ ၄ ဦးနဲ့အတူ သေဆုံးခဲ့ရပါတယ်။ 2011 စက်တင်ဘာ 11 အမေရိကန် ကုန်သွယ်ရေးအဆောက်အအုံ အကြမ်းဖက် တိုက်ခိုက်မှုနောက်ပိုင်း လိုက်လံနိမ်နှင်းနေတဲ့ အယ်ကေးဒါးခေါင်းဆောင် ဘင်လာဒင်ကို သယ်ဆောင်လာနိင်ခဲ့ပါတယ်။ သမ္မတ အိုဘားမားက အိမ်ဖြူတော်မှ တနင်္ဂနွေညမှာ အောင်မြင်စွာ ၀င်ဆီးနိုင်ခဲ့ကြောင်း ပြောဆိုလိုက်ပါတယ်။ အစိုးရထိပ်တန်းအရာရှိများကလည်း ဘင်လာဒင်ပုန်းနေတယ်လို့ လွန်ခဲ့တဲ့ ၅ နှစ်ကတည်း ယူဆထားတဲ့နေရာကို ၀င်ရောက်တိုက်ခိုက်ပုံများကို ထပ်မံ ထုတ်ပြန်လိုက်ကြပါတယ်။

နေရာက အဘူဒါဘီ မှာပါ။ ပါကစ္စတန်နိုင်ငံ မြို.တော် အစ္စလမ်မာဘတ် မြို.နဲ့ ၃၁ မိုင်အကွာမှာရှိပါတယ်။ တောင်ကုန်းတွေထူ ထပ်တဲ့နေရာတခုဖြစ်ပြီး လူတွေသိပ်မနေတဲ့နေရာတခုပါ။ နေထိုင်သူအများစုဟာ စစ်မှုထမ်းတွေသာဖြစ်ကြပါတယ်။ အမေရိကန် ရေတပ်မတော်သာ မပါဝင်ခဲ့ရင် ဒီမစ်ရှင်ဟာ အောင်မြင်နိုင်မှာမဟုတ်ဘူးလို့လည်း ကာကွယ်ရေး ၀န်ကြီးဌာန အကြီးတန်းအရာရှိတွေက ဆိုပါတယ်။ နှစ်အတန်ကြာ ထောက်လှမ်းမှုတွေုလုပ်ပြီးနောက် ဘင်လာဒင်ရဲ့ အဘူဒါဘီက နေရာကို နောက်ယောင်ခံနိုင်ခဲ့ကြတယ်။ နေရာက လမ်းကအလွန်ဆိုးပြီး သွားဖို့အလွန်ခက်တဲ့ သီးခြားနေရာတခုဖြစ်နေခဲ့တယ်။ နှစ်အနည်းငယ်အတွင်း နေထိုင်သူတွေ ပိုမိုများပြားလာပေမဲ့လည်း လမ်းကဆိုးနေဆဲပဲ။ လမ်းကရှည်လျှား ပြီး အလုံခြုံဆုံးနေရာလိုဖြစ်နေတယ်လို့ ပြောပြပါတယ်။ လှုပ်ရှားမှုကို သောင်္ကြာနေ့မှာ စတင်ဖို့ သမ္မတအိုဘားမားက အမိန့်ပေးခဲ့ပါတယ်။ ပထမတံတိုင်းက ၁၈ ပေမြင့်ပြီး ထိပ်မှာ သံဆူးကြိုးတွေတပ်ဆင်ထားပြီး လုံခြုံရေးဂိတ် ၂ခုနဲ့အတူ အတွင်းမှာလည်း အခြားတံတိုင်းတွေရှိသေးတယ် လို့ အမေရိကန် အကြီးတန်း အရာရှိတွေကပြောပါတယ်။ ပင်မအဆောက်အဦးက ၃ထပ်အဆောက်အဦး ဖြစ်ပြီး ခြံဝင်းအပြင်ဘက်ကို မျက်နှာမူထားတဲ့ ပြူတင်းပေါက် အနည်းငယ်သာတပ်ဆင်ထားတယ်။ တတိယထပ်ဟာ ၇ ပေရှိ သီးခြားနံရံတခုရှိနေတယ်။ လအနည်းငယ် ထောက်လှမ်းမှုတွေုလုပ်ပြီးနောက် သေခြာဆောက်လုပ်ထားတဲ့ ဒီလိုအဆောက်အဦးဟာ အဆင့်မြင့် အကြမ်းဖက်မှု အတွက်သာ ဖြစ်မယ်၊ သေချာတာကတော့ ဘင်လာဒင်ရဲ့နေရာပဲ ဖြစ်မယ်လို့ ဆုံးဖြတ်ခဲ့ကြပါတယ်။ အရာရှိတွေ သတိထားမိတာက တယ်လီဖုန်းမရှိ အင်တာနက်လည်းမရှိဘူး၊ အခြားနေထိုင်သူတွေလိုပဲ အမှိုက်မီးရှို.တာ ၊ ဈေးဝယ်ထွက် တာလောက်ပဲ ရှိတယ်ဆိုတာပါပဲ။အမေရိကန်ဒေါ်လာ ၁ သန်းမကတန်လိမ့်မယ်လို့ခန့်မှန်းကြပါတယ်။

မစ်ရှင် နာမည်ကို (the U.S. operation a surgical raid) လို့ခေါ်ပြီး အဖွဲ.ငယ်အဖြစ်သာ ဖွဲ.စည်းပြီး ဆုံးရှုံးမှုနည်းပါးရန် စီမံခဲ့ပါတယ်။ စတင်ဝင်ရောက်တိုက်ခိုက်စဉ် ခုခံမှုနဲ့ ရင်ဆိုင်ခဲ့ရပြီး ဘင်လာဒင်ရဲ့လူ၃ဦးရဲ့ ပြစ်ခတ်မှုနဲ့ ရင်ဆိုင်ခဲ့ရတယ်လို့ ဆိုပါတယ်။ အဆုံးမှာတော့ လူသားဒိုင်း အဖြစ်အသုံးပြုခံခဲ့ရတဲ့ အမျိုးသမီးတဦး အပါအ၀င် ခြံဝန်းထဲမှ တိုက်ခိုက်သူလေးဦးကို အသေပြစ်သတ်နိုင်ခဲ့တယ်။ ဘင်လာဒင်ကိုတော့ ဦးခေါင်းကို မှန်အောင်ပြစ်နိုင်ခဲ့တယ်။ ၀င်ရောက်တိုက်ခိုက်စဉ် ရဟတ်ယာဉ်တစီး စက်ချို.ယွင်းလို့ ပျက်စီးခဲ့တာလောက်ပဲရှိပြီး အိုဘားမားနဲ့ အကြီးတန်း အရာရှိတွေကတော့ ၄င်းတို့ဘက်မှ ထိခိုက်ဒဏ်ရာ ရမှုမရှိခဲ့ဘူးလို့ဆိုပါတယ်။ ဘင်လာဒင် ဟုတ်မဟုတ် သေချာအောင် နည်းလမ်းအတော်များများ အသုံးပြုစစ်ဆေးခဲ့ပြီး ထိုအထဲမှ မျက်နှာ အနေအထားကိုလည်း တိုက်ဆိုင် စစ်ဆေးနိုင်ခဲ့တယ်လို့ ဆိုပါတယ်။ လုံခြုံရေးအကြီးတန်း အရာရှိက ခန္ဓာကိုယ်နဲ့ မျက်နှာဟာ တိုက်ဆိုင် စစ်ဆေးနိုင်တဲ့ အနေအထားရရှိခဲ့တာကြောင့်ပါလို့ ဆိုပါတယ်။ ဘင်လာဒင်ရဲ့ ရုပ်အလောင်းကို ပင်လယ်ရေမျက်နှာပြင်အောက်မှာ အစ္စလာမ် ထုံစံအရ သင်္ဂြိလ်ပြီးပြီလို့ ပြောပါတယ်။

ဘင်လာဒင်ရှိနိုင်မည့်နေရာကို စုံစမ်းဖို့ 2011 အစပိုင်းမှာ စတင်ခဲ့ပြီး ဖေဖော်ဝါရီ လလယ်မှာ နေရာအတိအကျ အထောက်အထားတွေကို အတည်ပြုနိုင်ခဲ့ကြပါတယ်။ အစီအစဉ်တွေ တိုးမြှင့် လုပ်ဆောင်နိုင်ဖို့အတွက် အိုဘားမားကိုစောင့်နေခဲ့ရပါတယ်။ ဘာလို့လည်းဆိုတော့ အိုဘားမားက ၅နိုင်ငံ အမျိုးသားလုံခြုံရေးကောင်စီ အစည်းအဝေးကို မတ်လလယ်မှ ဧပြီလကုန်ထိ တက်ရောက်နေခဲ့ရလို့ပါ။ အစည်းအဝေးက 28.04.2011 နေ့မှာပြီးခဲ့လို့ နောက်တနေ့ 29.04.2011 နေ့ကမှ မစ်ရှင်အတွက် အမိန့်ထုတ်နိုင်ခဲ့တယ်။ အဓိကသော့ချက်ကတော့ ဘင်လာဒင်ရဲ့ လူယုံတယောက်နဲ့ပါတ်သက်ခဲ့ပါတယ်။ လွန်ခဲ့တဲ့ ၂နှစ်က ထောက်လှမ်းရေးတွေဟာ ထိုလူယုံနဲ့သူ့ညီ နေရာကိုခြေရာခံနိုင်ခဲ့ပြီး 2010 သြဂုတ်လရောက်မှ အဘူဒါဘီ ဘင်လာဒင်ရဲ့နေရာကို ရှာဖွေနိုင်ခဲ့ပါတယ်။ အမေရိကန် အကြီးတန်းအရာရှိတယောက်က အဲ့ဒီ ညီအကို နေတဲ့ နေရာကိုတွေ.တော့ ကျွန်တော်တို့ တော်တော်ကို အံသြသွားတယ်၊ အရမ်းသီးခြားဖြစ်နေတဲ့ ခြံဝန်းကြီးပဲ။ ခြံဝန်းကြီးက မြေပြင်ကျယ်ကြီးမှာ ဆောက်ထားပြီး အိမ်က ထိုဒေသကအရပ်သားတွေ နေအိမ်ထက် ၈ဆလောက် ကြီးတယ်ဗျာလို့ဆိုပါတယ်။ ထောက်လှမ်းရေးဆန်းစစ်မှုက ဒီလို တမင်ဒီဇိုင်းဆွဲထားဟာ အလွန်ထူဆန်းတဲ့လက်ခဏာရှိသူတဦးဦး နေဖို့ပဲဖြစ်နိုင်တယ်လို့ မှတ်ချက်ချခဲ့တယ်။ ကျွမ်းကျင်သူတွေရဲ့ ဘင်လာဒင်ရဲ့နေရာလို့ပဲ ယူဆမှုတွေနဲ့လည်းတထပ်တည်းဖြစ်နေခဲ့ပါတယ်။ လုံခြုံရေးကြောင့် မစ်ရှင် မစခင် ပါကစ်စတန်အပါအ၀င် ဘယ်နိုင်ငံကိုမှ အသိမပေးခဲ့ဘူး၊ အဖွဲ.ငယ်လေးနဲ့ပဲ လှုပ်ရှားခဲ့ပြီး အမေရိကန် အစိုးရပိုင်း အရာရှိတွေလောက်သာ ကြိုတင်သိရှိခဲ့တယ်လို့ ဆိုပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ပါကစ်စတန် ထောက်လှမ်းရေး အကြီးတန်းအရာရှိကတော့ ပါကစ်စတန်ထောက်လှမ်းရေးတွေလည်း ထိုနေရာ တ၀ိုက်မှာ ရှိနေခဲ့တယ်လို့ ဆိုပါတယ်။ ရုတ်တရက် ဖြေရှင်းဖို့ နည်းလမ်းမရှိ ဖြစ်နေသေးလို့ပါလို.ဆိုပါတယ်။

CNN, How U.S. forces killed Osama bin Laden ကို ပြန်ဆိုပါသည်။

ရဲသူရိန်မင်း GMT 15:22 02.05.2011

မေး(လ်) ပေးပို့ သူအားကျေးဇူးတင်ပါသည်