welcome

၈၈၈၈ ကို ဘယ်သူတွေ စခဲ့စခဲ့ ပြည်သူတွေရဲ့ စုပေါင်းပါဝင်မှုက အခရာကျသလို ဘယ်သူတွေပေးဆပ်ပေးဆပ် အဖြူအစိမ်းလေးတွေရဲ့ နီရဲတဲ့သွေး တွေ က အမြဲ သက်သေ တည်နေပါတယ် ။

အာဏာရှင်တွေဟာ သည်လိုချမ်းသာနေကြပါတယ်

Wednesday, February 25, 2009

စီးပွားရေး ဒဏ်ခတ်ခံရထားသည့် ဇင်ဘာဘွေ ဒုသမ္မတကိုယ်ပိုင် ရွှေတန်ချိန် ၄ တန်ကို ဒေါ်လာ သန်း ၉၀ နဲ့ ရောင်းဖို့ကြိုးစား NEJ /၂၅ ဖေဖော်ဝါရီ ၂၀၀၉
နိုင်ငံတကာ ဒဏ်ခတ်ခံထားရသည့် ဇင်ဘာဘွေနိုင်ငံ၏ အမျိုးသမီး ဒု-သမ္မတတဦးက သူပိုင်သည့် ရွှေတန်ချိန် (၄) တန်နှင့် စိန်များ ချရောင်းဖို့အတွက် ဥရောပ ရတနာကုမ္ပဏီတခုသို့ ပွဲစားဖြင့် လျှို့ဝှက် ဈေးဆိုင်ခဲ့သော်လည်း ရောင်းသူအမည် ပေါက်ကြားသွားသည့်အတွက် အရောင်းအ၀ယ် ပျက်သွားခဲ့သည်။ အဆိုပါသတင်းကို လန်ဒန်မြို့ထုတ် တိုင်းသတင်းစာကြီးနှင့် ဘီဘီစီ အင်္ဂလိပ်ပိုင်းတို့မှ ဖော်ထုတ်ခဲ့သည်။
Firstar Europe Ltd ၏ ပြောကြားချက်အရ ဇင်ဘာဘွေ ဒု-သမ္မတ မစ္စဂျွိုက်စ်မူဂျုးရူးက သူပိုင် ရွှေ (၄) တန်ကို ဒေါ်လာ သန်း (၉၀) နှင့် ရောင်းမည့်အကြောင်း သမီးနှင့် သားမက်ကို ပွဲစားလုပ်ပြီး ကမ်းလှမ်းခဲ့သည်။ လက်ရှိရွှေဈေးမှာ ရွှေတကီလိုကို ကန်ဒေါ်လာ (၃၀,၇၀၀) ပေါက်သည်။
မစ္စဂျွိုက်စ်မူဂျုးရူးကို ဒု-သမ္မတအဖြစ် ဇင်ဘာဘွေ သမ္မတ အာဏာရှင်ရော ဘတ်မူဂါဘေးက လွန်ခဲ့သည့် (၅) နှစ်ကထဲက ခန့်အပ်ခဲ့ခြင်း ဖြစ်သည်။ ဒု-သမ္မတ မစ္စဂျွိုက်စ်မူဂျုးရူးသည် ဒီမိုကရေစီနှင့် လူ့အခွင့်အရေးကို သေးသိမ်အောင်လုပ်သည့် ဇင်ဘာဘွေ ထိပ်တန်းအရာရှိ (၂၀၀)ကျော် ထဲတွင် အပါအ၀င်ဖြစ်ပြီး အဆိုပါ နာမည်ပျက်စာရင်းဝင် ပုဂ္ဂိုလ်များအား အမေရိကန်နှင့် အီးယူမှ (၂၀၀၂) ခုကထဲက ဒဏ်ခတ်ပိတ်ဆို့ထားသည်။
အမေရိကန်က ဒဏ်ခတ်ထားခြင်းသည် တိုင်းပြည်ကြုံနေရသည့် ပြဿနာများ၏ အဓိက လက်သည်ဖြစ်သည်ဟု ဇင်ဘာဘွေ အာဏာရှင် မူဂါဘေးက စွပ်စွဲလေ့ရှိသည်။ “ခုလို တိုင်းပြည်ထဲမှာ ဖြစ်နေတဲ့ ပြဿနာတွေဟာ ကျနော်တို့ ပြည်တွင်းရေးကို ၀င်စွက်ချင်တဲ့ ကိုလိုနီအင်အားကြီး နိုင်ငံက ဖန်တီးထားတာ ဖြစ်တယ်” ဟု အာဏာရှင် မူဂါဘေးက ပြောခဲ့သည်။
စီးပွားရေး ဒဏ်ခတ်ခံထားရသည့် နိုင်ငံ၏ အကြီးအကဲတဦးက ယခုကဲသို့ ရွှေတွေချရောင်းဖို့ ကမ်းလှမ်းခြင်းသည် ဒဏ်ခတ်မှု ဥပဒေကို ချိုးဖောက်သည်ဟု သိလာပြီးသည့်နောက် ရွှေဝယ်ဖို့ ကမ်းလှမ်းခံရသည့် Firstar ကုမ္ပဏီက လက်မခံဘဲ နောက်ဆုတ်သွားသည်။
Firstar ကုမ္ပဏီ ဥက္ကဋ္ဌ ဘန်းဟာဂါမန်းက လန်ဒန်မြို့ထုတ် တိုင်းသတင်းစာကြီးနှင့် တွေ့ဆုံရာတွင်“ဘယ်လို အရောင်းအ၀ယ်ကဖြစ်ဖြစ် ရလာတဲ့ ငွေတွေနဲ့ လက်နက်တွေဝယ်ပြီး လူတွေပိုသတ်မယ့် နိုင်ငံမျိုး ပြည်သူတွေ ကာလ၀မ်းရောဂါဖြစ်နေတဲ့ တိုင်းပြည်မျိုးကို အုပ်ချုပ်နေတဲ့ သူတွေဆီက ရွှေဝယ်ဖို့ ကျနော်တို့ စိတ်မ၀င်စားပါဘူး။ ဒီရွှေတွေဟာ သွေးစွန်းနေတဲ့ရွှေတွေပါ။ ဒီရွှေရောင်းသူတွေဟာ ရာဇ၀တ်ကောင်တွေပါ” ဟု ပြောသည်။
ဇင်ဘာဘွေ ဒု-သမ္မတ မူဂျူရူး၏ သမီးနှင့် သားမက်တို့၏ ရွှေရောင်းမည့် ကမ်းလှမ်းချက်နှင့် ပတ်သက်သည့် အီးမေးများနှင့် အခြားအထောက်အထားများကို Firstar ကုမ္ပဏီက ၄င်း၏ ၀ဂ်ဆိုက်တွင် တင်ထားသည်။ ဒု-သမ္မတ မစဂျွိုက်စ်မူဂျုးရူးနှင့် ခင်ပွန်းဖြစ်သူ (ဇင်ဘာဘွေ စစ်တပ်အကြီးအကဲဟောင်း) တို့သည် ဇင်ဘာဘွေနိုင်ငံ၏ အချမ်းသာဆုံး အာဏာအရှိဆုံး လူတန်းစားတွင် ပါဝင်သည်။ River Ranch Diamond စိန်တွင်းအပါအ၀င် ရတနာသတ္တုတွင်းများစွာ ပိုင်သည်။ မူဂျုးရူးပိုင် River Ranch Diamond စိန်တွင်းကုမ္ပဏီသည် သွေးစွန်းသည့် မှောင်ခိုစိန်များကို ဇင်ဘာဘွေ ရတနာများနှင့်ရောပြီး တောင်အာဖရိကသို့ ခိုးထုတ်နေသည့် ကုမ္ပဏီဖြစ်သည်ဟု ကမ္ဘာ့စိန်ကောင်စီက စွပ်စွဲထားသည်။ ယခင် ကွန်ဂိုခေါင်းဆောင်ဟောင်း လောရင့်ကာဘီလာ၏ ခွင့်ပြုချက်ဖြင့် ရထားသည့် ကွန်ဂို ရတနာသတ္တူတွင်းများမှ ဇင်ဘာဘွေ အာဏာရှင် မူဂါဘေး၏ အစိုးရအဖွဲ့ဝင်တွေ မည်မျှ အကျိုးအမြတ်ရနေကြောင်း ကုလသမဂ္ဂအဖွဲ့ကြီးမှ အထောက်အထား ပြုစုထားပြီး ဖြစ်သည်။ ၁၉၉၈-၂၀၀၂ စစ်ပွဲတွင် ဇင်ဘာဘွေ တပ်တွေ လာရောက်ကူသည့်အတွက် ကာဘီလာက ကွန်ဂို ရတနာသတ္တုတွင်းတွေ လုပ်ခွင့်ပေးပြီး ပြန်ကျေးဇူးဆပ်ခဲ့ခြင်း ဖြစ်သည်။

0 comments: