welcome

၈၈၈၈ ကို ဘယ်သူတွေ စခဲ့စခဲ့ ပြည်သူတွေရဲ့ စုပေါင်းပါဝင်မှုက အခရာကျသလို ဘယ်သူတွေပေးဆပ်ပေးဆပ် အဖြူအစိမ်းလေးတွေရဲ့ နီရဲတဲ့သွေး တွေ က အမြဲ သက်သေ တည်နေပါတယ် ။

သူရဲကောင်းတစ်ဦးမွေးဖွါးပေးခဲ့တဲ့နေ့ (၁၃ - ၂ -၁၉၁၅)

Thursday, February 12, 2009

မြန်မာနိုင်ငံကလေးများနေ့ (ဗိုလ်ချုပ်အောင်ဆန်းမွေးနေ့ )

ကလေးတို့ ရေ လာလာလာ
တလင်းပြင်မှာဆုံစို့ ကွာ
ဒီနေ့ ဟာ ဘာနေ့ လဲ
ဗိုလ်ချုပ်အောင်ဆန်းမွေးနေ့ ပဲ
ဖေဖေါ်ဝါ၇ီ(၁၃)ဟာဗိုလ်ချုပ်မွေးနေ့ ပါ
မွေးနေ့ မှာတို့ ဆင်နွဲ ကလေးတိုင်းရဲ့မင်္ဂလာပွဲ
ကျေးဇူးကြီးတဲ့ တို့ ခေါင်းဆောင်
နိုင်ငံအလင်းရောင်
တို့ ဖခင်ဗိုလ်အောင်ဆန်းပြည်သူအတွက်သာသူကြိုးပမ်း ။။

(၁၉၉၆ မြန်မာနိုင်ငံကလေးများနေ့ တွင် ဒေါ်အောင်ဆန်းစုကြည်နေအိမ်ခြံဝင်း၌ ဒုတိယဗိုလ်မှုးကြီး
ဦးဝင်းထိန် ၏ သမီးငယ် ချစ်စုဝင်းထိန် မှသီဆိုခဲ့သည့် သံစဉ်နှင့်ကဗျာလေးဖြစ်သည် ။ ကဗျာဆရာ
ကြီး ဘဘဦးတင်မိုးေ၇းစပ်ခဲ့သည် ) လိုအပ်ချက်ရှိက မိမိ၏မပြည့်စုံမှုသာဖြစ်သည်)
မှတ်မိသမျှတင်ပြလိုက်ပါသည်။။













ဗိုလ်ချုပ် ဗိုလ်ချုပ် တို့ ဗိုလ်ချုပ်
ဗိုလ်ချုပ်ထွေးလေးဘယ်ကမွေး
နတ်မောက်မြို့ တဲ့လေး
ရိုးသားဖြောင့်မတ် သူ့ အမူအယာ
ငယ်ငယ်ထဲကပါ
မဟုတ်လျှင်မခံတက်
ရဲရင့်သူ့ စိတ်ဓါတ်
သတ္တိသွေးနဲ့ ကြီးလာပြန်
ဆည်းပူးပညာဥာဏ်
သူ့ ကျွန်မခံတော်လှန်ရေးဗမာ့သတ္တိသွေး



0 comments: