welcome

၈၈၈၈ ကို ဘယ်သူတွေ စခဲ့စခဲ့ ပြည်သူတွေရဲ့ စုပေါင်းပါဝင်မှုက အခရာကျသလို ဘယ်သူတွေပေးဆပ်ပေးဆပ် အဖြူအစိမ်းလေးတွေရဲ့ နီရဲတဲ့သွေး တွေ က အမြဲ သက်သေ တည်နေပါတယ် ။

ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာမောင်မောင်လတ်(ဒေါက်တာလှိုင်နီ)ကွယ်လွန်ခြင်း

Tuesday, February 24, 2009

အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ်ဒေါက်တာမောင်မောင်လတ်(သာကေတ)
ကွယ်လွန်သွားသည့်အတွက် ၀မ်းနည်းကြေကွဲခြင်း

ဒေါက်တာလှိုင်နီ သည် ၂၂-ဖေဖေါ်ဝါ၇ီလ ၂၀၀၉ တွင် ကွယ်လွန်ခဲ့ပါသည် ။

ဦးမောင်မောင်လတ် သည် အဖ ရဲဘော်သုံးကျိတ်ဝင် ဗိုလ်ရန်အောင် နှင့် အမိဒေါ်လှိုင်လှိုင် တို့ ၏သား
ဖြစ်ပြီး ၁၉၉၀ ပါတီစုံဒီမိုကရေစီရွေးကောက်ပွဲတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ် ၏ပြည်သူ့ လွတ်တော်
ကိုယ်စားလှယ်အဖြစ် သာကေတ အမှတ်(၂) မဲဆန္ဒနယ် မှအနိုင်ရခဲ့သည်။။
ဒေါက်တာမောင်မောင်လတ် မှာ အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ် မှပေးအပ်သောတာဝန်များ ကိုကျေပြွန်
စွာထမ်းဆောင်နိုင်ခဲ့ပေသည်။။ ယခု ကဲ့သို့  တိုင်းပြည် ဒီမိုကရေစီ မရသေးခင် ကွယ်လွန်သွားသည့်
အတွက် မိမိ မှ အလွန်အမင်နှမျောကြေကွဲရပါသည်။။ ဒေါက်တာမောင်မောင်လတ်၏ ပြည်သူလူထု
အပေါ်ပြတ်သားစွာ ရပ်တည်ခဲ့သည့် အတွက် ဂုဏ်ယူပါကြောင်း နှင့် ကျန်ရစ်သောမိသားစုများနှင့်
ထပ်တူကြေကွဲရပါသည်။။

မေအိခင်

0 comments: