welcome

၈၈၈၈ ကို ဘယ်သူတွေ စခဲ့စခဲ့ ပြည်သူတွေရဲ့ စုပေါင်းပါဝင်မှုက အခရာကျသလို ဘယ်သူတွေပေးဆပ်ပေးဆပ် အဖြူအစိမ်းလေးတွေရဲ့ နီရဲတဲ့သွေး တွေ က အမြဲ သက်သေ တည်နေပါတယ် ။

ဘဘဦးကြည်မောင် ဆုံး တာ (၆) နှစ်ရှိပြီ -လူငယ်တွေ ရင်ထဲသူ့ကို မမေ့  နိုင်တာတွေကတော့ သူ့ ရဲ့ ပေးဆပ်မှု မှန်ကန်တဲ့ရပ်တည် ခဲ့မှုတွေကြောင့်ပါ။

Wednesday, August 18, 2010



ဘဘ ကို ကျမ ခုလို အကြတ်အတည်း ကာလမျိုးမှာပိုတမ်းတမိတယ်။
ဘဘက ပြုံးပြုံးကြီး နဲ့  လေးနက်တဲ့ စကားတွေကိုပြောတက်သလို
ကျမတို့ ကိုလည်း အထွေထွေ အမြင်ကျယ်စေဖို့  သူ့ ကျော်ဖြတ်ခဲ့တဲ့
နည်းနာတွေကို နမူနာပြပြီး အမြဲ လေ့ကျင့်ပေးခဲ့တယ်။
အကြတ်အတည်းကာလ လို့ ကျမပြောတဲ့အခါ တိုင်းပြည်ကအမြဲကြတ်
တည်းနေတာပဲ လို့  တချို့  ပြောပါလိမ့်မယ် ကျမပြောတဲ့အကြတ်
အတည်း ဆိုတာ ပြဿနာ တခုကို အဆုံးအဖြတ် ပေးရမဲ့ ကာလကို
ပြောတာပါ။
ကျမ ထောင်က ထွက်ပြီး တပတ် မှာ ဘဘဆီသွားတော့ ဘဘက
ပိန်လှီနေတဲ့ကျမ ကိုကြည့်ပြီး ထောင်ထဲကလူတွေ ဘ၀ ကို
သိတ်ကိုယ်ချင်းစာတာဆိုပြီး သူ့ ဘောင်းဘီအိပ်လေးထဲက ကျပ်၅၀၀၀
ကိုထုတ်ပေးတယ်။ အော်--ကျမလိုအညတြရဲဘော်တစ်ဦး ကိုမပြောနဲ့ တိုင်းပြည်က မြို့ စွန် ဆင်ခြင်ဖုန်းဒေသတွေ က လူတွေရဲ့ ဘ၀ ကိုဘဘနဲ့  ကျမတို့ ဆွေးနွေးပြောကြရင် ဖြင့် ဘဘ က စုတ် တသပ်သပ် နဲ့ သူသိတ်သနားတာပဲတဲ့- ဘဘ ရဲ့စေတနာ မေတ္တာတွေ ကပြည်သူအပေါ်သိတ်ကြီးမားတာပဲ - ဘလော့မိတ်ဆွေတွေ အချိန်ရရင် ဘဘအထ္ထုပတ္တိလေးကို ဖတ်စေ့ချင်တယ် -ဖတ်ကြပါနော့

မေအိခင်(လယ်ဝေး)


0 comments: