welcome

၈၈၈၈ ကို ဘယ်သူတွေ စခဲ့စခဲ့ ပြည်သူတွေရဲ့ စုပေါင်းပါဝင်မှုက အခရာကျသလို ဘယ်သူတွေပေးဆပ်ပေးဆပ် အဖြူအစိမ်းလေးတွေရဲ့ နီရဲတဲ့သွေး တွေ က အမြဲ သက်သေ တည်နေပါတယ် ။

သတိ -- ပါတီကိုစောင့်ရှောက်ကြရန် ဖောက်ပြန်သူများရန်မှ (ဒုတိယပိုင်း)

Sunday, April 26, 2009

ပါတီက လူကြီးတွေ ဗဟိုအလုပ်အမှုဆောင်တွေအပေါ်တကယ်ပဲ စေတနာနဲ့ အားမလိုအားမရ
ဖြစ်ခဲ့တဲ့လူငယ်တွေ ပါတီမှအမှန်တကယ်ရှိခဲ့ပါတယ်။လူကြီးဆိုတော့နှေးတယ် ဆင်ခြင်ထုံတရား
လည်း ကြီးတယ် လူငယ်ဆိုတာ ခြေမြန်လက်မြန်နဲ့  တုံးတိုက်တိုက်ကြားကိုက်ကိုက် တိုက်ရဲခိုက်
ရဲကြတယ် ။ ပါတီမှာ ဒီလိုရှိခဲ့တဲ့အခြေခံတွေကိုကြည့်ပြီး တက်ကြွတဲ့လူငယ်ဟန်ဆောင်ခဲ့တဲ့ ပုဂ္ဂိုလ်
တွေ ကတော့ ခံနိုင်ရည်ရောနဂိုကမှရည်ရွယ်ချက် အမှားအယွင်းတွေနဲ့ ဆိုတော့ စောစောရှင်းတာ
အေးပါတယ် လေ လို့ ပဲ ကြေနပ်ရပေမပေါ့ ။။။။
ကျမတို့ ကျော်ဖြတ်ခဲ့ရတဲ့ နှစ်နှစ်ဆယ်သက်တန်းမှာ လမ်း တ၀က်မှာကျန်သူတွေ သက်လုံမကောင်း
သူတွေ ခိုင်ကြည်တဲ့  စိတ်ကင်းသူတွေ ပြတ် -ပြတ် ပြီးကျန်ခဲ့ကြပါပြီ ၁၉၈၈ ရဲ့ ရိုက်ခတ်မှု ဟာပြည်
သူတွေရဲ့ရင်မှာ မေ့ဖျောက်လို့ ခုထိမရသေးပါဘူး ။ တော်လှန်ရေး နိုင်ငံရေး ထဲ ကိုပါမလာပဲ သာမာန်
ပြည်သူအဖြစ် သူ့ လူမှုတာဝန် သူထမ်းဆောင်နေသူအဖို့ ကတော့ သူတို့ လုပ်နေတာလည်း နိုင်ငံ့အရေး
ပါပဲ ဒါပေမဲ့  ကင်းလွှတ်တယ် - ပေါ့ တော်လှန်ရေး တို့  ယုံကြည်ချက် နဲ့ တိုက်ပွဲ ၀င်တယ်တို့ ဆိုပြီး
တိုက်ပွဲ စာရင်းထဲ ကိုယ့်နာမည်သွင်းချင်သူများကတော့ ကိုယ့်စိတ်ကယိုင်လာတာဖောက်ပြန်ချင်လာ
တာ ပင်ပမ်းလာလို့  ငြိမ်းငြိမ်း ပဲ နေချင်တော့တာတွေ ကိုဝန်မခံပဲ အယူအဆ အမြင် သဘောထား
မတူကြတာပါလို့  ဥပါယ်တံမျဉ် နဲ့  တော်လှန်ရေးတရပ် လုံးကို အသုံးချနေတဲ့စကား ခုနေခါ တော်
တော်များများကြားနေရပါတယ် ။ သတိတော့ရှိဖို့ လိုတယ် ဒါဟာ ဖောက်ပြန်တာနဲ့ တထပ်ထဲ ဆိုတာ
နားလည်ကြည့်မိကြရဲ့လားလို့  အဲဒီ့လူတွေကို ကျမ မေးချင်ပါတယ်။
သူများယောင်လို့ အမောင်တောင်မှန်းမြောက်မှန်းမသိတာမျိုး တော့ မဟုတ်ကြတော့ပါဘူး ။ ယောင်
တယ်ဆိုတဲ့သူတွေကလည်း သူတို့  ဖာသာ လွှတ်လပ်စွာပျံသန်းဖို့  အတောင်တပ်ချင်ကြတာပါ။ပြည်
သူတွေ ပါတစ်ပါတည်းသယ်ဆောင်နိုင်မဲ့  အတွေးတွေ လက်လျော့ လိုက် ကြတာပဲ ဖြစ်မယ်လို့ ကျမ
သုံးသပ်ချင်ပါတယ် ။
ကျမတို့  စစ်အုပ်စု အပေါ်ဘယ်အချိန်မှာမှယုံကြည်မှု ပေးရမလဲ ဆိုရင် ပြည့်သူလက်ထဲအမှန်တကယ်
အာဏာရပြီ ပြည်သူ့ အစိုးရအစစ်ဖြစ် ပြီဆို မှ လက်ဆွဲ နုတ်ဆတ်သင့်ရင် နုတ်ဆတ်ရမှာပါ ။ဒါတောင်
ကြီးမားတဲ့ အခြေခံဥပဒေကန့် သတ်ချက်တွေ နဲ့ စစ်အာဏာသိမ်းမှု မျိုး ဘယ်လိုအကြောင်းပြချက် နဲ့ 
မှတိုင်းပြည်မှာနောင် မဖြစ်ပေါ်ရအောင် ကြပ်မတ် ရမှာပါ ။
ကျမ တို့ ထဲ က ဒီလိုပဲပြောရမှာပေါ့ လေ -- ဦးတင်ထွန်းအောင်တို့ ဦးကြည်ဝင်း တို့ လည်း ဒီ ထဲ က
အခွင့်အလမ်းတွေရပြီး အမတ်ရယ် လို့ ဖြစ်ပြီးမှ အဲဒီ အဆင်တန်ဆာတွေ ၀တ်ဆင်ပြီးဖောက်ပြန်သွား
ခဲ့ကြတာကိုး -- အဲဒီ လို့  D -7 လို လူစားမျိုးတွေ ထပ်ထွက် နေပြီ ဆိုတာ ပါတီ ထဲ က လူငယ်အချင်း
ချင်းသတိထားမိဖို့ ပါပဲ ။။ ငါနေရာရရင် ရ မရရင် ( မင်းသားကြီးမလုပ်ရရင်ပတ်မကြီးထိုးဖောက်တဲ့)
ခင်ထွန်း လို လူစားမျိုးက လူငယ်တွေ ကို ယုံကြည်ချက်သူ့ မှာ တစ်ခုခုရှိနေသယောင် နဲ့ စည်းရုံး
သိမ်းသွင်းနေတာ သတိထားပါ ။ တုန့် ပြန်ပါ ခြေပ ပါ -- ကိုယ့် ကို လာဆွေးနွေးရင် မောင်းကိုထုတ်
ပစ်လိုက်ပါ ။ NLD ပါတီမှာ မျိုးဆက် မပြတ် တိုက်ရဲတဲ့ လူငယ်တွေ ဆက်တိုက်ထွက် ပါတယ် ။။
ကျမ တို့ ထောင်က ထွက် လာတဲ့ ၂၀၀၂ --၂၀၀၃ မှာတော့ ဒီ လူလိမ်တွေဟာ လူငယ်ထိပ်ဆုံးနေရာ
အရယူထားပြီး တိုက်ရဲတဲ့လူငယ်တွေ ကို ထုတ်ပစ်အောင် ဘေးရောက်အောင် စနစ်တကျ ပါတီလူငယ်
တွေ ကိုဖျက်ဆီးခဲ့ပါတယ် ။ အမျော်အမြင်ကြီးတဲ့  တစ်ချို့ သော လူငယ်တွေ က ထိမ်းသိမ်းထားတဲ့အ
တွက် ခု ချိန်ထိ ပါတီရဲ့ လူငယ်ဂဏ္ဍ ဟာ မြဲမြန့် ခိုင်မာဆဲပါ ။ကျမ တို့  အဆိုးဆုံးတွေ နဲ့ ရင်ဆိုင်ရဦးမယ်
အကောင်းဆုံးတွေ လည်း ရကိုရ ရဦးမယ် ဆိုတာ အားလုံးသိနေပြီးသားပါ ။ ကိုယ့်အချင်းချင်းကြားမှာ
အထူးသတိထားနိုင်ဖို့  ရဲရင့်တက်ကြွပြတ်သားထက်မြတ်တဲ့  လူငယ်တွေ အတွက် တင်ပြလိုက်ပါတယ်။

0 comments: