welcome

၈၈၈၈ ကို ဘယ်သူတွေ စခဲ့စခဲ့ ပြည်သူတွေရဲ့ စုပေါင်းပါဝင်မှုက အခရာကျသလို ဘယ်သူတွေပေးဆပ်ပေးဆပ် အဖြူအစိမ်းလေးတွေရဲ့ နီရဲတဲ့သွေး တွေ က အမြဲ သက်သေ တည်နေပါတယ် ။

စစ်အုပ်စုမှ မုန်းတိုင်းသတိပေးခြင်းထက် ပိုတဲ့ ကယ်ဆယ်နေရာချထားရေးတွေ ပို လုပ်သင့်ကြောင့် (ရခိုင် ကမ်းရိုးတမ်းတစ်လျောက်၇ှိပြည်သူများအတွက်)

Thursday, April 16, 2009

မြန်မာပြည်သူပြည်သားအပေါင်းတို့ 
ကျမ တို့  မြန်မာ့နှစ်သစ်မင်္ဂလာမှာအားလုံးကိုပြုံးပျော်ရွင်မြူးတာမြင်ချင်
ကြားချင်ပေမဲ့ဝမ်းနည်းစရာ မုန်းတိုင်း တစ်ခု သတင်းကြောင့် ကျမရင်ထဲ အင်မတန် မှ ကိုပဲ
စိုးရိမ်နေမိပါတယ် ။အဓိကအားဖြင့် ရခိုင်ပြည်နယ်က သွေးချင်းတွေပို သတိထားနိုင်ဖို့ အချင်း
ချင်း ဆက်သွယ် အသိပေးကြဖို့  လိုနေပါပြီ။

ဘင်္ဂလားပင်လယ်အော် အနောက်အလယ်ပိုင်းတွင်ဖြစ်ပေါ်နေသော် (ဘစ်ဂ်ျလီိ)ဟုခေါ်သော်
ဆိုင်ကလုန်း မုန်တိုင်းသည် ၁၈-၄-၂၀၀၉ တွင် မြန်မာနိုင်ငံ ကမ်း၇ိုးတမ်းဒေသသို့  ဖြတ်၍
တိုက်ခိုက် နိုင်သည်ဟု သိရသည်။

မုန်တိုင်း သည် စိုးရိမ်ရသော် အခြေအနေ ရှိသည့်အပြင် မြန်မာနိုင်ငံ ရခိုင်ကမ်းရိုးတန်း
ကုန်းတွင်းပိုင်း ကိုလောလေဆယ်ဦးတည်နေသဖြင့် ဒေသခံပြည်သူများအား ပြည်သူ့ဘဏ္ဍာ
ပိုင် စိုးထားသော စစ်အုပ်စု အနေနှင့် ပြည်သူများအား အသက်ဘေးလွှတ်ရာသို့  လိုရမယ်ရ
ကြိုတင်ရွှေ့ ပြောင်းထားပေးသင့်သည်။ ရွှေ့ ပြောင်းစရိတ်နှင့် နေစရာ စားစရာများကိုလည်း
စီစဉ်ပေးသင့်သည်ဟု သတိပေးနိုးဆော်လိုက်ပါသည်။

ယနေ့ အထိ မြန်မာပြည်သူများ နာဂစ် ဒုက္ခ ဘေးမှ ဒုက္ခတွေ မငြိမ်းအေး နိုင်သေးပါ နောက်
ထပ်တစ်ခါ ဤသို့ သောအခြေအနေဆိုးများမဖြစ်ပေါ်စေရန် န-အ-ဖ တွင် တာဝန်ရှိ သည်။
အမြန်ဆုံး ပြည်သူ့  အသက်အိုးအိမ် စည်းစိမ်များကို ကာကွယ်စောင့်ရှောက် ပေးရန် အထူး
တိုက်တွန်း ပါသည်။ ပြည်သူလူထု မှလည်း ရှေ့ကဖြစ်ခဲ့သော ဒုက္ခ ကို သင်္ခန်းစား ယူပြီး
မုန်တိုင်းလွတ်နိုင်ရာဒေသများသို့  ပြောင်းရွေ့နေထိုင်ကြပါရန် လေးစားစွာတိုက်တွန်းအပ်ပါ
သည်။

ပြည်သူလူထုကိုချစ်သော စေနာနာဖြင့် စိုး၇ိမ်ကြီးစွာ

မေအိခင်(လယ်ဝေး)

0 comments: