Thursday, September 23, 2010
မမာမာဦး ဆို နိုင်ငံရေးအသိုင်းအ၀န်း က ရဲရဲတောက် ကျောင်းသားတိုင်း သိမည် ထင်သည် ။ ကျောင်းသူတွေထဲ မှာ
ဘ၀ကြတ်ကြတ်တည်းတည်းနှင့် ယုံကြည်ချက် ခိုင်မာသူ ထောင်ထဲမှာ ရိက္ခါ ငတ်နေလည်း ယုံကြည်ရာကို ကိုင်စွဲသူ
ထောင် ထဲ ကို အကြိမ်ကြိမ်ဝင် ခဲ့ရသူ ပထမ အကြိမ် ( နှစ် မမှတ်မိပါ) ဒုတိယ အကြိမ် ကျမတို့ နဲ့ တူတူ (၁၉၉၆) မှာ
၁၄ နှစ် တတိယအကြိမ် စက်တင်ဘာ ၂၀၀၇ မှာ နှစ် ၇၀ - ထောင်ဝင်စာ ကျမတို့ နဲ့ နေတည်းက ပုံမှန် မရှိခဲ့သူ ဒါပေ
မဲ့ အမြဲ ရယ်မောစရာတွေ တစ်ဖက်ခန်း ကနေပြောပြီး ကျမတို့ ကို ညီမငယ်တွေ မို့  နစ်သိမ့်ပေးတက်သူပါ။
ခု ကွယ်လွန်သွားတဲ့ သူ့ ဖခင် ဦးအုန်းမောင်အကြောင်းဆို သူ ပိုပြောတာပေါ့ အဖေတစ်ခု သမီးတစ်ခု အပြင် အပျို
ကြီး ဘ၀နဲ့  တော်လှန်ရေးမှာ အချိန်တွေကုန်ခဲ့ရတဲ့ သူပါ။ မမာမာဦး အဖေဆုံးတယ်ကြားတော့ ကျမဖြင့် ရင်ထဲ နင့်
သွားတာ - အသုဘကိုလည်းချက်ချင်းချလိုက်ကြတယ်တဲ့  ပုံထဲမှာတော့ NLD က လူငယ်ဟောင်းတွေ တွေ့ ရပါ
တယ် ။
ကွယ်လွတ်သူ ဦးအုန်းမောင်
၂၂.၉.၁၀ နေ့ည ၁၁း၄၅ ကွယ်လွန်ခဲ့ပါတယ်
၂၃.၉.၁၀ နေ့လည်၁နာရီမှာ သဂြိုလ်ပြီးစီးခဲ့ပါတယ်
၂၈.၉.၂၀၁၀ နေ့မှာရက်လည်ဆွမ်းသွတ် ပါလိမ့်မယ် ရပ်ဝေးရပ်နီး က ရဲဘော်များ နိုင်ငံရေးအကျဉ်းသူဟောင်းများ ၈၈ ညီအကိုမောင်နှမ
များ အရပ်ရပ်မှ သိရှိနိုင်ရန် သတင်းပို့ ပေးခြင်းဖြစ်ပါတယ် ။
ယခုနေရပ် ကတော့
လှိုင်မြို့နယ်၊(၁၃ရပ်ကွက်) သီရိမြိုင်(၃)လမ်း၊အိမ်အမှတ် (၁၉) ဖြစ်ပါတယ် ။
နိုင်ငံရေးအသိရှိသူတွေ စွန့် လွှတ်ပေးဆပ်နေရသူ နဲ့ ထပ်တူခံစားချက်ရှိသူတွေ မမာမာဦးထပ်တူ ခံစားကြရလိမ့်မယ်လို့ ကြေကွဲ
စွာနဲ့  တင်ပြလိုက်ပါတယ် ။












